← Chapters

တစ်ယောက် လေးယောက်

Vol. 6 Ch. 542

တစ်ယောက် လေးယောက်

Vol. 6 Ch. 542

ယောင်တောက်ရီသည် တာအိုဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။

သူသည် လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ တန်ခိုးရှင် အလယ်ဆင့်တွင်သာ ရှိခဲ့သော်လည်း ယခုတွင်မူ တန်ခိုးရှင် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။  မိုးကြိုး တံဆိပ်တုံး၏ အကူအညီဖြင့် ဆိုပါက သူသည် သေမျိုး နတ်ဘုရားကိုပင် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။

အိုမင်းသော အဇူရာ မိုးကြိုး တံဆိပ်တုံးက ကောင်းကင်၌ လည်ပတ်ကာ အစီအရင်ကို ခင်းကျင်း၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် တိမ်များကို ဖြတ်သန်း၍ ခရမ်းနုရောင် မိုးကြိုး တစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်ဆီသို့ တိုးဝင်လာ၏။

“ဝိညာဉ် လက်နက် …”

ချန်းဖန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။

ထိုအရာက ဝိညာဉ် လက်နက် တစ်ခုကို ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် အဖြစ် သူ တွေ့မြင်ရခြင်း ဖြစ်သည်။ ဓားလျှို့ဝှက်ချက်၏ ဓားပျံ ကိုးချောင်းပင်လျှင် ဝိညာဉ် လက်နက် အဆင့်သို့ မရောက်သေးချေ။

ကျင့်ကြံခြင်း လောကတွက် လက်နက်များကို ဓမ္မလက်နက်၊ ဝိညာဉ် လက်နက်၊ ဝိညာဉ် ရတနာ၊ ကောင်းကင် ရတနာ၊ နတ်ဘုရား ရတနာ၊ တန်ခိုးရှင် ရတနာ ... စသည်ဖြင့် ခွဲခြားထားသည်။

မိုးကြိုး တံဆိပ်တုံးသည် ဝိညာဉ် လက်နက် ဖြစ်သည်။ ဝိညာဉ် လက်နက်ကို ပြုလုပ်ရန် ကျင့်ကြံသူသည် မြေကမ္ဘာ အဆင့်သို့ ရောက်ရှိနေရန် လိုသည်။ ဤသို့ ဆိုလျှင် ကောင်းကင်သခင်ဂိုဏ်း၌ မြေကမ္ဘာ အဆင့် ပေါ်ထွက်ခဲ့မည်က သေချာသည်။

“ငါ့မှာလည်း တစ်ခု ရှိပါသေးတယ် …”

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ခါးကို ပုတ်လိုက်သည်။

“ဟူး …”

ရွှေရောင် ဓားပျံက သခင့်အလို အတိုင်းပင် ကောင်းကင်သို့ ပျံတက်ကာ ခရမ်းနုရောင် မိုးကြိုးဆီသို့ တိုးဝင်၏။

“ဘုန်း …”

ခရမ်းရောင် မိုးကြိုးနှင့် ရွှေရောက် ဓားအလင်းတို့ ထိပ်တိုက်တွေ့ရာ မရေမတွက်နိုင်သော မိုးကြိုးပစ်သံများ ပေါ်ထွက် လာခဲ့သည်။ ထိုအသံများကြောင့် တောင်ခြေ အိမ်ယာများ၌ နေထိုင်ကြသူများသည် စတင်ကာ ကြောက်လန့် နေကြပြီ ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ ... မိုးလည်း မရွာဘဲနဲ့ မိုးကြိုးတွေက ဘာလို့ ပစ်နေတာလဲ …”

လူအချို့က အိမ်ထဲမှ ထွက်၍ ယွင်ဝူတောင် ရှိရာဆီသို့ မျှော်ကြည့် လိုက်ကြသည်။ သို့သော်လည်း တိမ်များက တောင်ထိပ် တစ်ခုလုံးကို ဖုံးလွှမ်းနေရာ မည်သည်ကိုမျှ သေသေချာချာ မမြင်ရချေ။

“ဖြစ်နိုင်တာက ... ဂန္တဝင် ဆရာချန်း ပြန်ရောက်လာတာလား …”

အချို့က တွေးမိကြ၏။

“ပျက်စီးစမ်း …”

ချန်းဖန်ကမူ တောင်ခြေရှိ လူများအား ဂရုစိုက်ခြင်း မရှိချေ။ သူက “အမတေ ဖြည့်တင်းခြင်း ဓား” ကိုသာ အာရုံစိုက်ကာ ထိန်းချုပ်ရင်း ယောင်တောက်ရီနှင့် တိုက်ခိုက် နေခဲ့သည်။

မိုးကြိုး တံဆိပ်တုံးသည် အစွမ်းထက်သော်လည်း လူသား နတ်ဘုရား အဆင့်ကိုမူ ယှဉ်နိုင်သေးခြင်း မရှိချေ။ လင်းရှု့မင်ပင်လျှင် ယောင်တောက်ရီကို အနိုင်ယူနိုင်ရန် ဖြစ်နိုင်သည်။

“နိုးထ …”

ယောင်တောက်ရီက သူ၏ ဝိညာဉ် လက်နက်ကို ကြည့်ရင်း လေးနက်စွာ အမိန့်ပေးလိုက်၏။

အိုမင်းသော မိုးကြိုး တံဆိပ်တုံးက လေထဲတွင် လည်ပတ်ကာ လျှပ်စီး အလင်းများကို ထုတ်လွှတ်၏။ ထိုအလင်းများက အလင်း၏ အလျင်ဖြင့် လှုပ်ရှားကာ “အမတေ ဖြည့်တင်းခြင်း ဓား” အား ထက်ဝက် ပိုင်းဖြတ်ရန် ကြိုးစားသည်။

သို့သော်လည်း အမတေ ဖြည့်တင်းခြင်း ဓားသည် ချန်းဖန် သုံးနှစ်လုံးလုံး သန့်စင်ထားခဲ့သော ဓားဖြစ်သည်။ သူ တန်ခိုးရှင် အဆင့်သို့ တက်လှမ်းပြီး နောက်၌ ဓားသည်လည်း ဝိညာဉ် လက်နက် အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ဝိညာဉ် လက်နက်များ၏ တိုက်ခိုက်နိုင်စွမ်းက အသုံးပြုသူ၏ အပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်။

“ဟမ့် …”

ယောင်တောက်ရီ၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားပြီး အနည်းငယ် မည်းမှောင်သွား၏။ သူ ပိုင်ဆိုင်ထားသော စွမ်းအားက ချန်းဖန်ထက် သိသိသာသာ လျော့နည်းလွန်းလှသည်။

“သွားစမ်း …”

ချန်းဖန်က ရွှေရောင် ဓားအလင်းကို နောက်တစ်ကြိမ် ဆင့်ခေါ်ကာ ယောင်တောက်ရီ ဆီသို့ စေလွှတ်လိုက်ပြန်၏။

ယောင်တောက်ရီ၏ မျက်နှာကား ဖြူရော်နေပြီ ဖြစ်သည်။ သူသည် ပထမ တိုက်ခိုက်မှု အပြီး၌ စွမ်းအား အလုံးစုံကို ပြန်လည် မစုစည်း နိုင်သေးချေ။ ထို့ကြောင့် သူ့ အနေဖြင့် ချန်းဖန်၏ တိုက်ခိုက်မှုကို တားရန်မှာ မဖြစ်နိုင်ချေ။

“ယောင်တောက်ရီ မနိုင်တော့ဘူး ... သူ့ကို ကူညီကြရအောင် …”

ကျန်းတိုင်ချင်းရွှမ်က ပြောရင်း သူမ၏ လက်ဝါးနှစ်ဖက်ကို ကြာပန်းငုံ သကဲ့သို့ စုစည်းလိုက်၏။ ရုတ်ခြည်းပင် သူမ၏ လက်၌ ထူးဆန်းသော ဓမ္မချိပ်တံဆိပ် တစ်ခု ပေါ်လာကာ ကြီးမြတ်သော အလင်းကို ထုတ်လွှတ်သည်။ ထိုအလင်းများသည် တဖြည်းဖြည်း ပမာဏ များလာသည်နှင့် မီတာ အနည်းငယ် ကြီးမားသော ကြာပန်း သဏ္ဌာန်သို့ ဖွဲ့စည်းလာ၏။

“ဘုန်း …”

အဖြူရောင် ကြာပန်းက ကောင်းကင်သို့ ပျံတက်ကာ အမတေ ဖြည့်တင်းခြင်း ဓားကို တားဆီးသည်။ သို့သော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ဓားက ကြာပန်းကို နှစ်ပိုင်းဖြတ်ကာ ရှေ့သို့ ဆက်လက် တိုးဝင်၏။

“ငါတို့ ဂိုဏ်းရဲ့ အဖြူရောင် ကြာပန်း အကာအကွယ် လျှို့ဝှက် ကျင့်စဉ်တောင် ချန်းပေ့ရွှမ်းရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်ဘူး ... သူက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ ... လူတွေက သူ့ကို ပြိုင်ဘက်ကင်း လို့ ခေါ်တာ အံ့အားသင့်စရာ မရှိဘူးပဲ …”

ကျန်းတိုင်ချင်းရွှမ်သည် တန်ခိုးရှင် ထိပ်ဆုံး အဆင့် ဖြစ်သည်။ သူမ ခင်းကျင်းသော အကာအကွယ် အစီအရင်ကို ရဲ့ချင်စန်းပင် မဖျက်ဆီးနိုင်ပေ။

သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို တိုက်ခိုက်မှု တစ်ကွက် အတွင်း ချိုးဖျက် ပြခဲ့သည်။ ထိုအရာက ကြောက်မက်ဖွယ် ကောင်းလွန်းသော စွမ်းအားကို ညွှန်းဆိုနေ၏။

“သွား …”

ဓမ္မရာဂျာစက္ကက သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ပုတီးတစ်ခု ပေါ်လာ၏။ ထိုပုတီးက ကြယ်တံခွန် အလား လှုပ်ရှားကာ အမတေ ဖြည့်တင်းခြင်း ဓားဆီသို့ တိုးဝင်၏။ တစ်ချိန်တည်းတွင်ပင် ဝါတနာဘေကလည်း ဓားကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကိုင်၍ လွှဲခုတ်လိုင်၏။

“ကလန့် …”

ရုတ်တရက် အလင်းတစ်ခု လင်းလက် သွား၏။ ထိုအရာ၏ လျင်မြန်မှုကို ဖော်ပြရန် စကားလုံး မရှိချေ။

ဓားအလင်းက မီတာ ရာချီအောင် ရှည်လျားကာ စကြဝဠာ ပြိုသည့် အလား ဆင်းသက်လာ၏။ ထိုအရာ၏ လမ်းကြောင်း၌ ရှိသော တိမ်များသည် ဘေးသို့ မယိမ်းမယိုင်ဘဲ နှစ်ပိုင်းသာ တိတိကျကျ ပြတ်သည်။

“ကောင်းကင် ဖျက်ဆီးခြင်းဓား …”

လွန်ခဲ့သည့် နှစ်ခြောက်ဆယ် အကျော်က ဝါတနာဘေသည် ထိုဓားဖြင့် ထင်ရှားခဲ့၏။ သူသည် ထိုဓားကို အားပြု၍ လင်းရှု့မင်နှင့် သုံးရက် သုံးညတိုင်တိုင် ယှဉ်ပြိုင် နိုင်ခဲ့သည်။ ယခု နှစ်ပေါင်းတစ်ရာခန့် ကြာပြီ ဖြစ်ရာ သူသည်လည်း ယခင်ကထက် များစွာ ပိုမို၍ အစွမ်းထက် နေပြီ ဖြစ်သည်။

“ဟမ့် …”

ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်သီးကို တစ်ချက် ထိုးလိုက်သည်။

“ဘုန်း …”

အဇူရာ လက်သီးက လေထုတွင် ဖြစ်ပေါ်လာကာ နဂါး တစ်ကောင် အသွင်သို့ ပြောင်းလဲ၍  ဝါတနာဘေ၏ ဓားအလင်းဆီသို့ တိုးဝင်သွား၏။

“အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက် ... နာဂ အသွင် ပြောင်းလဲခြင်း …”

“ဘုန်း …”

လက်သီးနှင့် ဓားအလင်းတို့ ထိပ်တိုက် တွေ့ဆုံရာ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာ၏။ ပေါက်ကွဲမှု၏ အရှိန်တွင် လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ သစ်ပင် တောင်တန်းများကို ရိုက်ခတ်သည်။

“ဘုန်း …”

ထိုအရှိန်၌ ဝါတနာဘေပင်လျှင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သို့သော်လည်း ချန်းဖန်၏ ခန္ဓာကိုယ်မှာမူ အနည်းငယ်သာ လှုပ်ခါသွားသည်။ ထိုအချက်က သူတို့ နှစ်ယောက် အကြား၏  စွမ်းအား ကွာခြားမှုကို ထင်ရှားစေ၏။

သို့သော်လည်း ထိုအနည်းငယ်မျှ နှောင့်နှေးသွားသော အချိန်အတွင်း၌ ယောင်တောက်ရီသည် သူ၏ စွမ်းအားများကို အပြည့်အဝ ပြန်လည် စုစည်း မိနေပြီ ဖြစ်သည်။ သူက မိုးကြိုး တံဆိပ်တုံးကို နောက်တစ်ကြိမ် ပြန်လည် အသက်သွင်းကာ အမတေ ဖြည့်တင်းခြင်းဓားကို တားဆီးလိုက်၏။

“ဘုန်း …”

“ဘုန်း …”

“ဘုန်း …”

ဝိညာဉ် လက်နက် နှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံကာ အကြိမ်ကြိမ် တိုက်ခိုက်ကြသည်။ ထိပ်တိုက်တွေ့မှု တစ်ခုချင်းစီတိုင်း၌ ယောင်တောက်ရီကား ဒဏ်ရာများစွာ ရနေခဲ့ပြီ ဖြစ်သည်။

“ငါတို့ နှစ်ယောက် စလုံးက တန်ခိုးရှင် ထိပ်ဆုံး အဆင့်တွေပါ ... ဒါတောင် ချန်းပေ့ရွှမ်းက ငါ့ထက် အများကြီး ပိုပြီး အစွမ်းထက် နေရတာလဲ …”

ယောက်တောက်ရီ၏ မျက်နှာသည်ကား ဖြူရော်နေခဲ့ပြီ ဖြစ်သည်။

“ဟူး …”

ထိုအချိန်မှာပင် ဝါတနာဘေက အသက်ကို ပြင်းပြင်းရှူကာ အခြား တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် သူ၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှု ဖြစ်သည့်တိုင် လင်းရှု့မင်၏ သာမန် တိုက်ခိုက်မှုလောက်သာ အစွမ်းထက်၏။

တစ်ချိန်တည်းတွင်ပင် ဓမ္မရာဂျာစက္ကကလည်း ပုတီးစေ့များကို ဆင့်ခေါ်လိုက်သည်။ ထိုပုတီးစေ့များက သက်တံ့ အလင်းလုံးများ အလား ကောင်းကင်သို့ ပျံတက်ကာ ချန်းဖန်ဆီသို့ တိုးဝင်၏။

ကျန်းတိုင်ချင်းရွှမ်ကလည်း လေကို လက်ညှိုး ညွှန်ကာ အဖြူရောင် ကြာပန်းကို ဖန်တီးလိုက်သည်။ ကြားပန်းက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုပ်ယူ၍ လျှင်မြန်စွာ ကြီးထွားလာသည်။

“ပြည့်စုံသွားပြီ …”

ချန်းဖန်က ရယ်မောလိုက်၏။

ဆန်းကျယ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်မှ သွေးများအလား စီးဆင်း ထွက်လာကာ အဇူရာ သွေးရောင်သို့ ပြောင်းလဲသည်။

“သွားစမ်း …”

ချန်းဖန်က လက်တစ်ဖက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်၏။

“ဘုန်း …”

ကြီးမားသော အဇူရာ အလင်းက မြေကြီးမှ ကောင်းကင်သို့ တက်သည်။ ထိုအရာက အဖြူရောင် ကြာပန်း၊ သက်တံပုတီးလုံးများနှင့် ဓားအလင်းတို့ထံ မြစ်တစ်စင်း အလား တိုးဝင်၏။

“ဘုန်း …”

ပထမဆုံး ကြာပန်းများ ပေါက်ကွဲကာ ကျန်းတိုင်ချင်းရွှမ် နောက်သို့ ဆုတ်ရသည်။

သူမ၏ ခြေလှမ်းတိုင်း၌ ကြာပန်းများ ပေါ်ပေါက်လာကာ မယိမ်းမယိုင်အောင် ဖေးမ၏။ စုစုပေါင်း ခြေလှမ်း ဆယ့်ရှစ်လှမ်း ဆုတ်ပြီးနောက်မှ ကျန်းတိုင်ချင်းရွှမ်သည် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းနိုင်တော့သည်။

ထို့နောက် သက်တံအလင်း ပုတီးများ ပေါက်ကွဲ၏။ ထိုပေါက်ကွဲမှုတွင် ဓမ္မရာဂျာ စက္က၏ ခန္ဓာကိုယ် တစ်ချက် တုန်ခါကာ သွေးအန်ရသည်။

အဇူရာ အလင်းက အကာအကွယ် နှစ်ခုကို ဖျက်ဆီးပြီးနောက် ရပ်တန့် မသွားဘဲ ဝါတနာဘေ၏ ဓားအလင်းဆီ တိုးဝင်၏။

“ဘုန်း …”

ပိုမို ကျယ်လောင်သော ပေါက်ကွဲမှုတွင် ဝါတနာဘေ၏ ဓားအလင်း အပိုင်းပိုင်း ပြတ်ကာ ပေါက်ကွဲသည်။ ဓားအလင်း ပျက်စီးသွားသည်နှင့် ဝါတနာဘေ၏ လက်သည် တဆတ်ဆတ် တုန်ရီလာကာ ဓားကိုပင် အနိုင်နိုင် ကိုင်နေရတော့သည်။

“လှုပ်ရှားမှု တစ်ခုတည်းနှင့် တိုက်ကွက် သုံးခုကို ဖျက်ဆီးပစ်ခြင်း …”

လူတိုင်း၏ မျက်နှာများကား ဖြူရော် သွားတော့၏။

သို့သော်လည်း အဇူရာ စွမ်အား၏ ဖျက်ဆီးမှုက ထိုမျှနှင့် မရပ်တန့်သေးဘဲ ယောင်တောင်ရီ၏ မိုးကြိုး တံဆိပ်တုံးကို ဆက်လက် ဖျက်ဆီးသည်။

“ခရင် …”

မိုးကြိုး တံဆိပ်တုံး၏ မျက်နှာပြင်၌ အက်ကွဲရာ တစ်ခု ပေါ်လာကာ ယောင်တောက်ရီ၏ ခန္ဓာကိုယ်သည်လည်း အောက်သို့ ကျ၏။

ထိုမြင်ကွင်းကို ကြည့်၍ အခြား တန်ခိုးရှင် အဆင့်များ၏ မျက်နှာများကား မည်းမှောင် နေချေပြီ ဖြစ်သည်။

ယောက်တောက်ရီ၊ ဝါတနာဘေ၊ ဓမ္မရာဂျာ စက္က သူတို့ အားလုံးကား ဟောင်ဂိုဏ်း ဘိုးဘေးသခင်ထက် များစွာ ပိုမို၍ အစွမ်းသူများ ဖြစ်ကြသည်။ အားအနည်းဆုံးဟု ဆိုနိုင်သည့် ကျန်းတိုင်ချင်းရွှမ်ပင်လျှင် နဂါးသခင်ကြီးထက် ပိုမို အစွမ်းထက်သည်။

ထိုလေးယောက်ပေါင်း၏ တိုက်ခိုက်မှုက သာမန် တန်ခိုးရှင် ရှစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းသည် ထိုအင်အားစုကို ရင်ဆိုင်နိုင်သည့် အပြင် အထက်စီးမှပင် နေနိုင်ခဲ့သည်။

“အားလုံးပဲ အတူတူ တိုက်ခိုက်ရအောင် ... သူက အရမ်း အစွမ်းထက်တယ် …”

လီချန်းရှန့်က အော်ဟစ်လိုက်၏။

ဂုရုကြီး ရာမနှင့် သွေးမိစ္ဆာတို့ကလည်း တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ် ပြလိုက်ကြသည်။

မျက်စိ တစ်မှိတ်အတွင်းမှာပင် တန်ခိုးရှင် ခုနစ်ယောက်သည် ချန်းဖန်ကို တိုက်ခိုက်ရန် စတင် ပူးပေါင်း လိုက်ကြပြီ ဖြစ်သည်။ ရာစုနှစ်၏ အကြမ်းတမ်းဆုံး တိုက်ပွဲကား စတင် ချေတော့မည် ဖြစ်၏။

***

All Chapters