← Chapters

မှားယွင်သွားသော အစီအစဉ်

Vol. 9 Ch. 115

မှားယွင်သွားသော အစီအစဉ်

Vol. 9 Ch. 115

အိုင်ဇင်သည် ရေမျက်နှာပြင်ဆီသို့ အရူးအမူး ကူးခတ်ရန် သူ့လက်နှစ်ဖက်လုံးကို အသုံးပြုခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ရေငုပ်ကိရိယာ အမျိုးအစားအသစ်ကို ၀တ်ဆင်ထားခဲ့၏။ အကယ်၍ ၎င်းသာ ခေတ်မီရေငုပ်ကိရိယာများကဲ့သို့ ရှုတ်ထွေးပါလျှင် သူ၏ ထိတ်လန့်တကြား ရေကူးမှုအောက်တွင် သူ့မျက်နှာပေါ်ရှိ အောက်ဆီဂျင်မျက်နှာဖုံးသည် ပြုတ်ကျကာ ပါးစပ်ထဲသို့ ရေများ စီးဝင်၍ မွန်ကျပ် သေဆုံးသွားနိုင်ပေသည်။

ဖိအားမြင့်သောနေရာမှ ဖိအားနည်းသောနေရာသို့ အလျင်အမြန် ကူးခတ်ခြင်းသည် သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ပင်ပန်းစေသော်လည်း ယင်းကို သူဂရုမစိုက်နိုင်ပေ။

သူသည် အလွန်လျင်မြန်စွာ ကူးခတ်ပြီး ရေမျက်နှာပြင်နှင့် နီးကပ်လာသည်။ အလင်းရောင်ကို ပိုမြင်လာသည်နှင့် အမျှ သဲန္တာရထဲမှ အိုင်အိုစစ်တစ်ခုကို တွေ့မြင်လိုက်ရသည့် လူတစ်ယောက်ထက် သူ့စိတ်ထဲ ဝမ်းသာမိနေသည်။

တစ်ချိန်တည်းမှာပင် ဧရာမစပါးအုံးမြွေကြီးက သူ့နောက်သို့ မလိုက်လာကြောင်း တွေ့ရှိခဲ့သည်။

သို့သော် သူ မရပ်တန့်ဝံ့သေးဘဲ အစွမ်းရှိသမျှ ရေပေါ် ကူးသွား၏။

“......”

အိုင်ဇင်သည် ရေအောက်မှ ရုတ်တရက် ထွက်လာပြီး သူ့ခန္ဓာကိုယ်က ကိုက်ခဲနာကျင်မှုကို တောင့်ခံကာ ကမ်းစပ်ဆီသို့ အလျင်အမြန် ကူးခတ်သွားသည်။

ကမ်းစပ်၌...

လူတိုင်းက ရေမျက်နှာပြင်ကို ထိတ်လန့်တကြား စိုက်ကြည့် နေခဲ့ကြလေသည်။ နီကယ်ယန်သည်လည်း အလွန် စိုးရိမ်ဟန်ဆောင်ကာ ရေကန်ကို စိတ်ပူသော အကြည့်ဖြင့် ကြည့်နေပေ၏။

"....." ရေကန်၏ နေရာတစ်ခုမှ အသံကို ရုတ်တရက်ကြားလိုက်ရသဖြင့် အသံ၏ အရင်းအမြစ်ကို လူတိုင်း အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။

မစ္စတာ အိုင်ဇင်!၊ မစ္စတာ အိုင်ဇင်"

အိုင်ဇင် ရေအောက်မှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံးက သူ့ကို စိုးရိမ်တကြီး ခေါ်လိုက်ကြသည်။

ကင်မရာသမားများက ကင်မရာကို အိုင်ဇင်ဘက် လှည့်လိုက်ကြ၏။ ကျန်လူများက အိုင်ဇင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

အိုင်ဇင်၏ မျက်နှာက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေသည်။

"ကယ်ကြပါ! ကယ်ကြပါ!!"

အိုင်ဇင်က ကမ်းစပ်ဆီသို့ ကူးခတ်လာစဉ် အော်ဟစ်အကူအညီ တောင်းသည်။ ကမ်းပေါ်ရှိ လူများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း သူ့ကို ကူညီရန် မည်သူမျှ မသွားခဲ့ကြပေ။

"မင်းတို့ မစ္စတာ အိုင်ဇင်ကို ကူညီဖို့ သွားလိုက်"

နီကယ်ယန်က ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ သူက အိုင်ဇင်ကို ကယ်တင်ဖို့ရန် သူ့ဘေးနားရှိ လုံခြုံရေး အစောင့်နှစ်ယောက်ကို ချက်ချင်း အမိန့်ပေးခဲ့သည်။

အစောင့်တွေက အိုင်ဇင်ဆီ ပြေးပြီး သူ့ကို အမြန်ကူညီ ဆွဲတင် ပေးလိုက်ကြသည်။

“ဟော....ဟဲ..၊ ဟော....ဟဲ.." (မောဟိုက်သံ)

အိုင်ဇင်သည် သူ၏ အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်ကာ အမောတကောနှင့် မြေကြီးပေါ်တွင် လဲလျောင်းနေခဲ့သည်။

"မစ္စတာ အိုင်ဇင်"

ရုတ်တရက် သတင်းထောက် တစ်ယောက်က အိုင်ဇင်ဆီကို ပြေးလာပြီး....

" မစ္စတာ အိုင်ဇင်၊ မင်း ရေအောက်မှာ တစ်ခုခုတွေ့ လာတာလား?"

အခြားသူများကလည်း အိုင်ဇင်ကို ဝိုင်းလာပြီး စပ်စုသည့် အကြည့်ဖြင့် ကြည့်လာကြသည်။

သူတို့သည် အိုင်ဇင်၏ ရေငုပ်ကိရိယာများ ချို့ယွမ်နေလားဟု တွေးခဲ့ဖူး၏။ ဒါမှမဟုတ် ရေကူးခြင်းကို တားဆီးနိုင်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိလို့လားဟု ထင်မှတ်ခဲ့ဖူးသည်။

သို့ပေမယ့် သူ့ခန္ဓာကိုယ်မှာ ပြဿနာရှိပုံ မပေါ်သလို သူ့ပစ္စည်းကိရိယာတွေက ကောင်းနေခြင်းကြောင့် ပြဿနာ မဖြစ်သင့်ပေ။

ဒါဆို သူ့မျက်နှာက အကြောက်တရားက ဘာကြောင့် ဖြစ်ရသနည်း။

လူတိုင်း၏ စူးစမ်းလိုသော အကြည့်အောက်တွင် အိုင်ဇင်က နောက်ဆုံးတွင် သူ့ပါးစပ်ကို ဖွင့်ဟလိုက်၏။

"ကျုပ်၊ ကျုပ် မကောင်းဆိုးဝါး တစ်ကောင်နဲ့ တွေ့ခဲ့တယ်!"

အိုင်ဇင်က ကြောက်လန့်မှုများ မပြယ်လွင့်သေးသော အသံဖြင့် တုန်တုန်ရင်ရင်နှင့် ပြောသည်။

"အဲ့တာက အင်မတန် ကြီးမားတဲ့ မကောင်းဆိုးဝါး!"

သူ၏ ကြောက်လန့်သော အသွင်အပြင်သည် မိုက်ကယ်၊ နီကယ်ယန်နှင့် လူအားလုံးကို အံ့သြသွားစေခဲ့သည်။

ခဏလောက်ကြာတော့ အိုင်ဇင်က အမှန်အတိုင်းပြောနေတယ်လို့ အားလုံးက ယုံကြည် လိုက်ကြသည်။ သူသည် ရေကန်အောက်ခြေတွင် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကို မြင်ခဲ့ရခြင်း ဖြစ်ရမည်။

ငြိမ်သက်နေသော ရေကန် မျက်နှာပြင်ကို ကြည့်ရင်း လူတိုင်း၏ မျက်နှာက ပို၍ သက်တောင့်သက်သာ ရှိလာသည်။

သတင်းထောက်များတွင် ထိုအရာနှင့် ပတ်သက်ပြီးတော့ သံသယတွေ ပြည့်နှက်နေသည်။

"မစ္စတာ အိုင်ဇင် မင်းဘာပြော လိုက်တာလဲ"

သတင်းထောက် တစ်ယောက်က ရှေ့ကို တိုးလာပြီး အိုင်ဇင်ကို မယုံနိုင်ဟန်နှင့် ထပ်မေးသည်။

"ကျုပ်၊ တကယ့် မကောင်းဆိုးဝါး တစ်ကောင်နဲ့ တွေ့ခဲ့တယ်!...... ငါလိမ်နေတာ မဟုတ်ဘူး၊ ဒီကန်ထဲမှာ မကောင်းဆိုးဝါး တစ်ကောင်ရှိတယ်"

"အသက်ရှင်နေတဲ့ မကောင်းဆိုးဝါး!"

သူ့ကိုမေးလိုက်သည့် သတင်းထောက်က သူ့လုပ်ဖော်ကိုင်ဖက်တွေကို တစ်ချက်ကြည့်လိုက်ကာ ဆက်မေးသည်။

"ဘယ်လို မကောင်းဆိုးဝါးလဲ? ပြောပြပါလား"

"ဟုတ်ပြီ"

လူအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ မိုက်ကယ်က သူ့အသက်ရှုသံအောက်မှာ တိုးတိုးလေး ရေရွတ်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေသည်။

"အဲ့ဒါက.... အဲ့ဒါက.... "

"အရှည် မီတာသုံးဆယ်လောက် ရှိတယ်"

အိုင်ဇင်က ခဏမျှ အသက်ပြင်းပြင်း ရှုကာ ဆက်ပြောသည်။

"အဲ့တာက စပါးအုံးမြွေကြီးနဲ့ တူတယ်!"

"အိုး?"

မိုက်ကယ်က အိုင်ဇင်ကို တအံ့တသြနှင့် ကြည့်လိုက်၏။ နီကယ်ယန်သည်လည်း အံ့သြနေသည်။ သူတို့နှစ်ယောက်စလုံး အိုင်ဇင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြ၏။

'အိုင်ဇင် ဘာတွေ ပြောနေတာလဲ?'

အိုင်ဇင်ကို ကြည့်နေသည့် မိုက်ကယ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။

သူပြောပြနေသည့် မကောင်းဆိုးဝါး အကြောင်းက မှားနေသည်ဟု သူပြောပြလို သော်လည်း ယခုအချိန်က မသင့်တော်ကြောင်း သူသိပေသည်။

"မစ္စတာ အိုင်ဇင် ဆိုလိုတာက ရေအောက်မှာ ဧရာမစပါးအုံးမြွေကြီး ရှိနေတယ်လို့ ပြောချင်တာလား!"

ထိုသတင်းထောက်သည် တည်ငြိမ်နေသော ရေကန်မျက်နှာပြင်ကို မကြည့်မီ အိုင်ဇင်ကို သံသယဖြင့် ကြည့်လိုက်သည်။

"ဟုတ်တယ် အမှန်ပဲ!"

အိုင်ဇင်က အခိုင်အမာ ပြောလိုက်သည်။

"ယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ ပေါ်လာတဲ့ ဧရာမစပါးအုံးမြွေကြီးနဲ့ တူသလား"

ထိုသတင်းထောက်က မေးသည်။

ခဏကြာရပ်ပြီး အိုင်ဇင်က ခေါင်းညိတ်လိုက် သော်လည်း ချက်ချင်းပင် ခေါင်းယမ်းလိုက်၏။

“မဟုတ်ဘူး၊ ဒီကောင်က ပိုကြီးတယ်။ ယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ ပေါ်လာတဲ့ ဧရာမစပါးအုံးမြွေကြီးကိုတောင် မျိုချနိုင်လောက်တယ်"

"သူ့မှာ အလွန်ကြီးတဲ့ ဦးခေါင်းရှိတယ်။ အထူးက တစ်မီတာလောက် ရှိတယ်!"

“ပထမဆုံး မြင်လိုက်ရတော့ ငါ တုန်လှုပ်သွားတယ်။ ငါထင်ခဲ့တာ…”

သူက ရုတ်တရက် ရပ်လိုက်ပြီး နီကယ်ယန်ကို စိုက်ကြည့်ရင်း....

“ဒါပေမယ့် အဲ့ဒါက အမှန်တကယ် အသက်ရှိနေတဲ့ ဧရာမ စပါးအုံးမြွေကြီး ဖြစ်နေတယ်”

“မစ္စတာ အိုင်ဇင်၊ မင်းပြောတာက အောက်မှာ ဧရာမစပါးအုံးမြွေကြီး ရှိနေတယ်ပေါ့။ မင်းမျက်လုံးများ အမြင်မှားလား သေချာစဥ်းစား ကြည့်ပါအုံး"

ထိုသတင်းထောက်သည် အိုင်ဇင်၏ “အလိမ်အညာ စကား” ကို မယုံကြည်ချေ။

"ဒါနဲ့ သူက ဘာလို့ မင်းနောက်ကို လိုက်မလာတာလဲ"

"မစ္စတာ အိုင်ဇင်၊ မီတာ ၃ဝ အရှည်ဆိုတာ ဘာလဲ မင်းသိလား။ ဒီလို သတ္တဝါမျိုးက သမုဒ္ဒရာထဲမှာတောင် မသေးငယ်ဘူးလို့ ဆိုနိုင်တယ်။ ဒီမစ္စစ္စပီ ရေကန်က ကြီးမားကျယ်ပြန့် ပေမယ့် အဲ့လောက်ကြီးမားတဲ့ ဧရာမစပါးအုံးမြွေကြီး အတွက် သေးငယ်လွန်းတယ်"

“တကယ်လို့ ဒီလို ဧရာမစပါးအုံးမြွေကြီး ဒီမစ္စစ္စပီ ရေကန်မှာ နေထိုင်နေတယ်ဆိုရင် အခုအချိန်အထိ ဘာကြောင့် ဘယ်သူ့မှ မတွေ့ဖူးတာလဲ?.. သူက မျက်နှာပြင်ပေါ်ကို တစ်ခါမှ မကူးလာဖူးဘူးလား"

ထိုသတင်းထောက်၏ ဆီလိုအပေါက်ရှာသည့် မေးမြန်မှုအောင်တွင် အိုင်ဇင်၏ အနီးနားမှာ စူးစမ်းကာ သတင်းယူလိုကြသည့် သတင်းထောက်တွေကြား ဆူညံပွက်လော ရိုက်သွား၏။

သူတို့အားလုံးက အိုင်ဇင်ထံ ပိုမို ချဉ်းကပ်သွားပြီ သူ့ကို စူးစမ်းချင်စိတ်နှင့် သံသယ အကြည့်များဖြင့် ကြည့်နေကြသည်။

"မစ္စတာ အိုင်ဇင် ဘာတွေ ဖြစ်နေတာလဲ"

နီကယ်ယန်သည် အိုင်ဇင်ဆီသို့ လျှောက်သွား၏။ သူ့မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်နေပြီး သူ့ကို မေးလိုက်သည်။

အစီအစဉ်အတိုင်းဆို ဤအချိန်မှာ သူသည် သတင်းထောက်တွေကို တောင်းပန်၍ ၎င်းသည် သူတို့လုပ်ထားသော ဟာသလေးဖြစ်ကြောင်း ဟာသနှော၍ ပြောပြနေသင့်ပေသည်။

သို့သော် အိုင်ဇင်သည် အစီအစဉ်ကို မလိုက်နာခဲ့ပေ။ သူသည် လုံးဝခြားနားသော အမူအရာဖြင့် တိုင်ပင်ထားသည့် အတိုင်း ပြောမနေခဲ့ချေ။

အခြားတစ်ဖက်က မိုက်ကယ်လည်း အံ့အားသင့်နေခဲ့၏။

'ရေအောက်မှာ ရေပိုးကောင်အကြီး ရှိနေသင့်တာလေ။ ဘယ်စပါးအုံးမြွေကြီးလဲ။ ရေအောက်မှာ ထဲထည့်ထားတာ ငါမမှတ်မိပါလား...'

မူလက သူသည် အိုင်ဇင်ကို မေးရန် အပြေးအလွှား သွားရောက်ချင်သော်လည်း နီကယ်ယန်က လုပ်ဆောင်ပြီးပြီ ဖြစ်၍ သူလည်း ငြိမ်သက်စွာဖြင့် အိုင်ဇင်၏ အဖြေကို စောင့်နေခဲ့သည်။

ကျန်လူများကလည်း အိုင်ဇင်၏ အဖြေကို စောင့်မျှော်နေကြသည်။

..........

All Chapters