← Chapters

တကယ်လား

Vol. 9 Ch. 116

တကယ်လား

Vol. 9 Ch. 116

"မစ္စတာ နီကယ်ယန် ... ရေအောက်မှာ နဂါးတစ်ကောင်၊ မဟုတ်ဘူး! တကယ့် ဧရာမမြွေကြီး တစ်ကောင်ကို ငါတွေ့ခဲ့တယ်!"

အိုင်ဇင်က ထိန်လန့် တုန်လှုပ်နေသော လေသံဖြင့် ပြောသည်။

"သေချာတယ် အဲ့ဒါက မင်းအဲဒီမှာထားခဲ့တဲ့ ရုပ်ထုကြီး မဟုတ်ဘူး!"

ဒါကိုကြားတော့ နီကယ်ယန် မျက်မှောင်ကြုတ်သွားသည်။

အိုင်ဇင်သည် ဤကန်ထဲတွင် မကောင်းဆိုးဝါး တစ်ကောင်ရှိကြောင်း ပြောနေခဲ့၏။

ဤနေရာသည် လူသူအရောက်အပေါက် နည်းပါးသော်လည်း ပုံမှန်စစ်ဆေးရန် အတွက် ဝန်ထမ်းများကို စေလွှတ်ဆဲ ဖြစ်သည်။

သူတို့သည် အိုင်ဇင် ပြောသည့် ဧရာမစပါးအုံးမြွေ၏ လှုပ်ရှားမှု ခြေရာများကို တစ်ခါမှ မတွေ့ခဲ့ရချေ။

ရေကန်တစ်ခုလုံးကို စစ်ဆေးရန် အတွက် ဆိုနာများကို အသုံးပြုခဲ့သည် အချက်ကိုလည်း ဖယ်ထားလို့ မရပေ။ ၎င်းသည် ရေတိမ်ပိုင်းများတွင် ချွန်ထက်သောကျောက်များ ရှိ၊ မရှိ စစ်ဆေးရန် အဓိကထားကာ ဤကန်တွင် လူ့အသက်ကို အန္တရာယ် ဖြစ်စေနိုင်သော ငါးကြီးများ ရှိ၊ မရှိ စစ်ဆေးရန် ဖြစ်သည်။

ထို့အပြင် ဤနေရာတွင် ရေငုပ်ခြင်းဝန်ဆောင်မှုကို စတင်တော့မည် ဖြစ်သည်။

ဆိုနာ၏ ထောက်လှမ်းမှုအောက်တွင် သုံးဆယ် မီတာရှည်သော ဧရာမစပါးအုံးမြွေမပြောနှင့်၊ ရေမြွေတစ်ကောင်ကိုပင် ရှာတွေ့ခဲ့ခြင်း မရှိပေ။

"မစ္စတာ အိုင်ဇင် မင်းအနားယူသင့်နေပြီ ..."

နီကယ်ယန်က ခေါင်းယမ်းကာ ဆိုသည်။ ဤခရီးသွားများနှင့် သတင်းထောက်တွေကို ဆက်ပြောနေမည်ဆို နာကြည်းဖွယ် အမှတ်တရအချို့ ရှိလာနိုင်ပေသည်။

သူ့ဘေးနားက ရှုပ်ယှက်ခတ်နေတဲ့ သတင်းထောက်အုပ်စုကို နီကယ်ယန်က လှည့်ကြည့်ရင်း ရယ်မောကာ မုသားများနှင့် တောင်းပန်လိုက်သည်။

"အို!.. စိတ်အနှောက်ယှက် ဖြစ်သွားရင် တောင်းပန်တယ်ဗျာ၊ ဒါက ကျုပ်တို့ စျေးကွက်ချဲ့ထွင်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ..."

"မဟုတ်ဘူး! သူပြောတာ အမှန် မဟုတ်ဘူး"

နီကယ်ယန်၏ စကားကို အိုင်ဇင်က ကြားဖြတ် အော်ပြောသည်။

“မစ္စတာ နီကယ်ယန် ရေအောက်မှာ ဧရာမစပါးအုံးမြွေကြီး ရှိနေတယ်။ မင်းအဲဒီမှာ ဘယ်လို ကျားကွက်တွေ ချထားလဲ ငါမသိဘူး၊ ဒါပေမယ့် အဲဒါက ကျားကွက်ဖြစ်ဖို့ မဖြစ်နိုင်ဘူး!"

"မင်း ဒီရေငုပ်ဝန်ဆောင်မှုကို ဖျက်သိမ်းပြီး ဧရာမစပါးအုံးမြွေကြီးကို အရင်ဆုံး ကိုင်တွယ်တာ ပိုကောင်းပါတယ်။"

နီကယ်ယန်၏ မျက်နှာက အလွန်မှိုင်းညို့သွားပြီး တစ်ခုခုပြောခါနီးတွင် အိုင်ဇင်က ကမန်းကတန်း အော်လိုက်သည်။

"ကျုပ် ဓာတ်ပုံရိုက်ထားတယ်!"

"ဒီစပါးအုံးမြွေကြီးရဲ့ ဓာတ်ပုံ။"

ယင်းကိုကြားလိုက်သည့် နီကယ်ယန်၏ မျက်နှာက ပြောင်းလဲသွားသည်။ ဤတစ်ခါတွင်တော့ လူအုပ်ထဲမှ မိုက်ကယ်က သီးမခံနိုင်တော့ချေ။ သူက ချက်ချင်းပင် အိုင်ဇင်ဆီကို ပြေးသွားသည်။

"မစ္စတာ အိုင်ဇင် မင်းရိုက်ထားတဲ့ ဓာတ်ပုံကို တစ်ချက်လောက် ငါတို့ကို ပြပေးပါ"

အိုင်ဇင်က သူ့လည်ပင်းမှာ ချိတ်ဆွဲထားသည့် ကင်မရာကို ဖြုတ်ယူလိုက်ပြီး ဧရာမစပါးအုံးမြွေကြီးပုံကို ရှာတွေ့တဲ့အထိ သူရိုက်ထားသည့် ဓာတ်ပုံတွေအား လှန်ကြည့်လိုက်သည်။

လူတစ်စုက အိုင်ဇင်၏ အနီးတစ်ဝိုက်တွင် စုရုံးကာ သူ့လက်ထဲမှ ကင်မရာပေါ်ရှိ ဓာတ်ပုံကို စိုက်ကြည့်နေကြသည်။

ဧရာမစပါးအုံးမြွေကြီး တစ်ကောင်သည် ရေကန် ကြမ်းပြင်တွင် ရုပ်ထု ပမာဏ ရပ်တည်နေ၏။ ၎င်းတွင် တစ်မီတာမျှ ထူသော ကြီးမားသော ကိုယ်ထည်ရှိ၏။

အိုင်ဇင်၏ ထိုစပါးအုံးမြွေကြီးက အထူ တစ်မီတာ ရှိသည်ဟု ပြောခြင်းမှာ နောက်ပြောင်ခြင်း မဟုတ်ချေ။

“ဒါ… ရေကန်ထဲမှာ ဧရာမစပါးအုံးမြွေကြီး တကယ် ရှိနေတာလား”

နီကယ်ယန်နှင့် မိုက်ကယ်တို့သည် ထိုစပါးအုံးမြွေကြီး၏ ရုပ်သွင်ကို မြင်ပြီးနောက် လုံးလုံး ကြက်သေသေသွားခဲ့သည်။

ဒီရေကန် အောက်ခြေမှာ ဧရာမစပါးအုံးမြွေကြီး တစ်ကောင် တကယ်ရှိနေတာလား!...

လူတိုင်းက အိုင်ဇင်ကို ထိတ်လန့် တုန်လှုပ်နေသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဤကြော်ငြာအစီအစဥ်ကို ဖန်တီးသူများနှင့် စီမံဆောင်ရွက်သူတို့၏ အစီအစဥ် အစိတ်အပိုင်းတိုင်းသည် အလွန်အသေးစိတ် ကျလှပေ၏။ လူတိုင်း၏ စိတ်ထဲ၌ တွေးနေမိခဲ့ကြသည်။

ရေကန်ထဲမှာ သူတို့ထည့်ထားသည့် အရာသည် မီတာ သုံးဆယ် အရှည်ရှိသော ဧရာမပိုးကောင်းကြီးသာ ဖြစ်သည်။ ထိုမှတပါး ဧရာမစပါးအုံးမြွေကြီးနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ မထည့်ထားခဲ့ပေ။

ထိုကြောင့် ထိုအရာသည် ၎င်းတို့ ဖန်တီးထားသည့် ဧရာမ မကောင်းဆိုးဝါး မဟုတ်သည်မှာ ထင်ရှားပေသည်။

မိုက်ကယ်နဲ့ နီကယ်ယန် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြ၏။ နှစ်ယောက်စလုံးရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ရှိနေပေသည်။

ဒါကို အိုင်ဇင်က လူအများ၏ အာရုံကို ဆွဲဆောင်ဖို့ ဖန်တီးထားတဲ့ အလိမ်အညာလို့ သူတို့ မထင်ခဲ့ကြချေ။

အိုင်ဇင်ကို သူတို့ ကိုယ်တိုင် ထိုကင်မရာကို ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုကင်မရာသည် လုံးဝကို အလွတ်ဖြစ်၏။ ဤအချိန်တစ်လျှောက်လုံးတွင် ၎င်းက ရေအောက်ရောက်နေခြင်း ဖြစ်သည်။ ထိုကြောင့် လုပ်ကြံဖန်တီးရန် မဖြစ်နိုင်ပေ။

ဒါကိုတွေးပြီး နီကယ်ယန်နဲ့ မိုက်ကယ်တို့ နှစ်ယောက်ဟာ ငြိမ်သက်နေသော ရေကန်အား ကြည့်ရင်း နှစ်ယောက်သား၏ စိတ်ထဲ၌ ကြောက်ရွံ့မှု အနည်းငယ်ပေါ်လာသည်။

ဒီရေကန်အောက်ခြေမှာ မီတာ သုံးဆယ် အရှည်ရှိတဲ့ ဧရာမစပါးအုံးမြွေကြီး တကယ် ရှိနေတာလား!!...

သို့သော်လည်း သူတို့မှလွဲ၍ အခြားသူများသည် ၎င်းတို့က အစီအစဉ်ကို မသိကြသောချေ။ သူတို့က ရေကန်မျက်နှာပြင်ကို ကြောက်ရွံ့မှုအနည်းငယ်ဖြင့် ကြည့်နေချိန်တွင် ကျန်လူများက သူတို့ကို သံသယဖြင့် ကြည့်နေကြသည်။

အိုင်ဇင်က ဧရာမစပါးအုံးမြွေကြီး၏ ဓာတ်ပုံကို ၎င်းတို့အား ပြသခဲ့သော်လည်း ၎င်းတို့သည် ၎င်းအား မယုံခဲ့ကြပေ။

... ခံရပေါင်း များနေပြီ....

ဒါတွေအားလုံးဟာ ဤလူတို့တွေ၏ ခရီးသွားများကို ဆွဲဆောင်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း မည်သူက သိမည်နည်။

သတင်းထောက်တွေနဲ့ ခရီးသွားတွေသာ ထိုသို့ ထင်မြင်ယုံမကဘဲ ယင်းသတင်းစာ ရှင်းလင်းပွဲကို တိုက်ရိုက်ကြည့်ရှုနေကြသည့် လူအများစုကလည်း ထိုအတိုင်းပဲ တွေးနေကြသည်။

ဟန်ချို ...

"တူညီတဲ့ လုပ်ရိုးလုပ်စဉ်ကြီးကို မင်းတို့က ဘယ်နှစ်ခါသုံးချင်နေတာလဲ"

ဟန်ချိုက သူ့ခေါင်းကို ခါယမ်းလိုက်၏။ ထိုပူဂါဒါသစ်တောပန်းခြံ၏ ကြောငြာက ညံ့ဖျင်းသည်ဟု သူ ထင်ပေသည်။

"အင်းလေ.....အနည်းဆုံးတော့ သူတို့ရဲ့ သရုပ်ဆောင် စွမ်းရည်က သိပ်ကောင်းလွန်နေတယ် .... လူတချို့က တော့ အလိမ်ခံရမှာ သေချာပေါက်ပဲ"

အိုင်ဇင်၊ မိုက်ကယ်နှင့် နီကယ်ယန် တို့၏ အမူအယာများကို ကြည့်ရင်း ဟန်ချိုက ခေါင်းညိတ်မိလေသည်။ အမှန်တကယ်ပင် ၎င်းတို့က ဟောလီးဝုဒ်ကို တကယ်သွားသင့်၏။

ယခုအချိန်တွင်တော့ အိုင်ဇင်၏ မျက်နှာပေါ်ရှိ အကြောက်တရားများ တဖြည်းဖြည်း လျော့ပါးလာသော်လည်း သူသည် အကြောက်မှုများဖြင့် ရေကန်ကို ကြည့်မနေဆဲ ဖြစ်သည်။

မိုက်ကယ်နှင့် နီကယ်ယန် တို့၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှု အနည်းငယ်က ရောထွေးနေခဲ့၏။ သူတို့က တစ်ခုခုကို မယုံကြည်နိုင်ပုံ ပေါက်နေသည်။

"မစ္စတာ နီကယ်ယန်၊ ဒီမှာ ဘာဖြစ်နေတာလဲ မေးလို့ရမလား!"

သတင်းထောက် တစ်ယောက်က နီကယ်ဆီ လျှောက်လာပြီး လက်ရှိ အခြေအနေအကြောင်း မေးလေသည်။ ထိုအချိန်မှာ အားလုံးက နီကယ်ယန်၏ အဖြေကို ခန့်မှန်းနေကြသည်။

ဘယ်လို လှည့်စားမလဲဆိုတာကို သူတို့တွေ မြင်တွေ့ သိချင်နေကြသည်။

"လူကြီးမင်းတို့၊ ငါတို့ နည်းနည်းတော့ ဒုက္ခရောက်နေပြီ!!!.."

နီကယ်ယန်က အသက်ပြင်းပြင်းရှူလိုက်၏။ သူ့မျက်နှာက တည်ကြည်လာပေသည်။ သူ့မျက်နှာက အလွန် လေးနက်နေ၏။

"အားလုံး ကျေးဇူးပြုပြီး!! ဖွင့်ပွဲကို အချိန်ရွေ့ဆိုင်း လိုက်ပါတယ်..... အားလုံးပဲ... ပြန်လို့ရပါပြီ"

မယုံကြည်နိုင်လောက်အောင် ငြိမ်သက်နေသော ရေကန်ကို သူ ပြန်ကြည့်မိသည်။

ဒီမစ္စစ္စပီ ရေကန်ထဲမှာ မီတာ သုံးဆယ် အရှည်တဲ့ ဧရာမစပါးအုံးမြွေကြီး တကယ်ရှိနေတာလား!!

သို့ပေမယ့် ၎င်းသည် မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ အရေးကြီးဆုံးက ကမ်းပေါ်ရှိ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ပင်။ အကယ်၍များ ရေကန်အောက်ခြေမှာ ဧရာမစပါးအုံးမြွေကြီး တကယ်ရှိနေခဲ့လျှင် လက်ရှိ အခြေအနေက အန္တရာယ်များလွန်၏။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စတင်လှုပ်ရှားခဲ့ပြီး သတင်းထောက်များနှင့် ခရီးသွားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်း နှိုးဆော်သော်လည်း ကမ်းပေါ်ရှိလူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ထိုလူများပြောသည်ကို မည်သူမျှ ဂရုမစိုက်ပေ။

သူတို့အထင်တော့ ... နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့က ဖျော်ဖြေရေး လုပ်နေခြင်း ဖြစ်ရချေမည်။ အထူးသဖြင့် ထိုမြွေကြီး၏ ဓာတ်ပုံကို ကြည့်ခြင်းဖြင့် ၎င်းက အမှန်ဟု ထင်မှားလောက်အောင် မတုံးအပေ။

သူတို့ကို ယုံဖို့ ခတ်သည်မှာ သေချာသည်။ ၎င်းတို့သည် ဤသည်မှာ ခရီးသွားများကို ဆွဲဆောင်ရန် နီကယ်ယန်၏ လှည့်ကွက်ဟု ထင်နေကြသည်။

"မစ္စတာ အိုင်ဇင် မင်း ဧရာမမြွေကြီးနဲ့တွေ့ စဥ်က အကြောင်းလေး အသေးစိတ် ပြောပြနိုင်မလား"

နီကယ်ယန်က အိုင်ဇင်၏ နံဘေးသို့ လျင်မြန်စွာ လျှောက်သွားပြီး သူ့ကို မေးသည်။

အိုင်ဇင်၏ စိတ်အခြေအနေသည် နောက်ဆုံးတွင် တည်ငြိမ်လာပြီ ဖြစ်သည်။ သူက အသက်ပြင်းပြင်းရှူပြီးနောက် ဖြစ်ပျက်ခဲ့သမျှအားလုံးကို နီကယ်ယန်အား ပြောပြသည်။

“အဲဒီတုန်းက ကျုပ်အရှေ့မှာ အရိပ်မည်းကြီးတစ်ခု တွေ့တယ်။ အဲ့ဒါက မင်းအောက်မှာ ထားခဲ့တဲ့ မကောင်းဆိုးဝါးအတုလို့ ငါထင်ခဲ့ပေမဲ့......"

ဧရာမစပါးအုံးမြွေကြီး၏ အသွင်အပြင်အကြောင်းကို အသေးစိတ်ပြောပြခဲ့သည်။ စပါးအုံးမြွေကြီးက ရုတ်တရက် ခေါင်းလှည့်လာပြီး သူ့ကို စိုက်ကြည့်နေတဲ့ အပိုင်းကို ရောက်တဲ့အခါမှာတော့ သူပြန်၍ တုန်လှုပ်မိပြန်သည်။

အခုချိန်ထိတိုင် ထိုမျက်လုံးကြီးတွေကို တွေးရင်း တုန်လှုပ်နေဆဲပင်။

"မစ္စတာ နီကယ်ယန်.... သူ ... ဆိုလိုတာက မင်းအရင်က မကောင်းဆိုးဝါးအတုကို ဖန်တီးပြီ ငါတို့ကို ဖျော်ဖြေဖို့ပေါ့..။ ဒါပေမယ့် မစ္စတာ အိုင်ဇင်က တကယ့် မကောင်းဆိုးဝါး အစစ်နဲ့တွေ့ခဲ့တာလား"

ဆံပင်ရွှေရောင်နှင့် သတင်းထောက်မလေးတစ်ဦးက နီကယ်ယန်အား သိလိုစွာဖြင့်မေးလေသည်။ သူမ မျက်လုံးများက တောက်ပနေသည်။

သူမ ဘေးနားက လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ ထိုမေးခွန်းက အားလုံးသိလိုနေသည့် မေးခွန်း ဖြစ်ပေသည်။

သတင်းထောက်များနှင့် ခရီးသွားများ အားလုံး၏ မျက်လုံးအကြည့်များက နီကယ်ယန်ထံ ရောက်သွားကြသည်။

"အခု၊ ငါ မင်းတို့ကို ဟာသလုပ်ဖို့ စိတ်ကူးမရှိတော့ဘူး!!"

နီကယ်ယန်သည် သူ့ဘေးနားရှိ လုံခြုံရေးအစောင့်များအား.....

“မင်းတို့ သတင်းထောက်တွေနဲ့ ခရီးသွားတွေကို လုံလုံခြုံခြုံနဲ့ အနားယူနိုင်မယ့် နေရာကို လမ်းပြလိုက်ကြပါ”

"ကျန်တဲ့သူတွေက မစ္စစ္စပီရေကန် တစ်ခုလုံးကို ချက်ချင်း ပိတ်ဆို့မယ်"

သူ့အမိန့်ကိုကြားပြီးနောက် လုံခြုံရေးအစောင့်အားလုံးက စတင် လုပ်ဆောင်လာကြသည်။ ၎င်းတို့က ခရီးသွားများနှင့် သတင်းထောက် အများအပြားကို အဝေးသို့ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။

သတင်းထောက်တွေနှင့် နီကယ်ယန်သည် သတင်းစာ ရှင်းလင်းပွဲ ဆက်လုပ်ချင်နေဆဲ ဖြစ်၏။ သို့သော် ထိုအတိုင်း လုပ်လို့လည်း မဖြစ်ချေ။

ဤရေကန်တွင် ဧရာမစပါးအုံးမြွေကြီး ရှိနေနိုင်ချေရှိ နည်းလမ်း ရှာရမည်!!...

နီကယ်ယန်၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေသော အမူအရာသည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ပြီး ထိုအစား သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"တကယ်လို့ ဒီမစ္စစ္စပီ ရေကန်ရဲ့ အောက်ခြေမှာ ဧရာမစပါးအုံးမြွေကြီး ရှိခဲ့မယ်ဆိုရင်၊ အဲဒါက ငါ့ဟာပဲ ဖြစ်ရမယ်"

သူတို့၏ မိုဂါဒါသစ်တော ပန်းခြံတွင် အရှည် မီတာ သုံးဆယ် ရှိသည့် ဧရာမမြွေကြီး ရှိမှန်း ကမ္ဘာက သိသွားလျှင် ခရီးသွားတွေ ထိန်းထားလို့ မရတော့တဲ့ အထိ များလာနိုင်၏။

ထိုသို့တွေးမိသည်နှင့် နီကယ်ယန်၏ နှလုံးသားက ပူလောင်လာခဲ့၏။ သူ့မျက်နှာပေါ်မှာ လောဘဇောတွေ ပေါ်လာသည်။

ဤသတင်းထောက်တွေ၏ အတွေးအမြင်နဲ့ ပတ်သက်ပြီးတော့ သူက သိပ်ဂရုမစိုက်ပေ။ ယုံသည်ဖြစ်စေ မယုံသည် ဖြစ်စေ ထိုစပါးအုံးမြွေကြီးကို ဖမ်မိသည်နှင့် အရာအားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်သွားပေလိမ့်မည်။

.....

All Chapters