← Chapters

အကျိုးမဲ့ ဆွဲဆောင်မှု

Vol. 9 Ch. 117

အကျိုးမဲ့ ဆွဲဆောင်မှု

Vol. 9 Ch. 117

လုံခြုံရေး အစောင့်များသည် မစ္စစ္စပီ ရေကန်ကို ပိတ်ချပြီးနောက် နီကယ်ယန်သည် သူ၏ လူများကို စုစည်းကာ ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေရန် ရေကန်ကို စူးစမ်းခြင်အား စတင်ခဲ့၏။

ရေကန်အောက်ခြေမှ ဧရာမစပါးအုံးမြွေကြီးကို သူ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ချင်သည်။

အထူးသဖြင့် မီတာ သုံးဆယ် အရှည်ဆိုသည်မှာ မယုံနိုင်လောက်အောင် ဖြစ်၏။ ထို့အပြင် ဧရာမစပါးအုံးမြွေကြီးသည် အိုင်ဇင်အား ၎င်း၏ မျက်မြင်မှ လွတ်ပေးခဲ့လေသည်။

နီကယ်ယန်သည် စပါးအုံးမြွေ၏ တည်ရှိမှုကို ရှာဖွေရန်အတွက် ရေကန်၏ အောက်ခြေကို မိုက်မဲစွာ ကိုယ်တိုင်ရေငုပ်မည်မဟုတ်ပေ။

သူသည် ထိုမကောင်းဆိုးဝါးကို မြင်တွေ့ရန် အခြားနည်းလမ်းများကို အသုံးပြုရန် ကြံစည်ထား၏။

နီကယ်ယန်၏ အမိန့်အတိုင်း လုံခြုံရေးဝန်ထမ်းတွေက အပြင်ကနေ နွားတစ်ကောင်ကို ဝယ်ယူလာပြီး ထိုစပါးအုံးမြွေကြီးကို ဆွဲဆောင်ဖို့အတွက် တည်ကျက်အဖြစ် အသုံးပြုကြလေသည်။

ရေကန်၏ အစွန်းတွင်...

နီကယ်ယန်၊ အိုင်ဇင်နှင့် မိုက်ကယ် တို့သည် လုံခြုံရေးဝန်ထမ်းတစ်စု၏ နောက်တွင် ရပ်ကာ တောက်လောင်နေသောအကြည့်ဖြင့် ရေကန်ကို စိုက်ကြည့်နေကြသည်။

၎င်းတို့၏ နံဘေးတွင် လုံခြုံရေးအစောင့်အများအပြားက ထုံဆေးသေနတ် တစ်လက်ဆီကို ကိုင်ဆောင်ထားပြီ မစ္စစ္စပီ ရေကန်အား စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ဧရာမစပါးအုံးမြွေကို မည်သည့် နေရာတွင် မြင်သည်မဆို ပစ်ခတ်ရန် အဆင်သင့် ရှိနေကြ၏။

ခရီးသွားများနှင့် သတင်းထောက်များကို ဧရာမမြွေကြီးအား ဖမ်းဆီးခြင်းတွင် အဟန့်အတား မဖြစ်စေရန် အတွက် ၎င်းတို့၏ ဟိုတယ်များသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်သည်။

တစ်နာရီကြာ စောင့်ဆိုင်းခဲ့သော်လည်း ရေကန်အတွင်းရှိ တည်ကြက်အဖြစ် အသုံးပြုထားသော နွားသည် ကောင်းမွန်စွာ ရှိနေဆဲဖြစ်၏။ ၎င်းသည် မည်သည့် ဂနာမငြမ်မှု အနည်းငယ်မျှ မဖြစ်ခဲ့ချေ။

{ အန္တရာယ်ကို ကြိုတင် ခံစားနိုင်စွမ်းကို ဆိုလိုသည်။ }

"ဒါက သေချာပေါက် သတိကြီးတဲ့ မြွေကြီးပဲ ဖြစ်ရမယ်..."

အိုင်ဇင်က နီကယ်ယန်ဘက် လှည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ သူသည် ထိုဧရာမစပါးအုံးမြွေကြီးကို ကိုယ်တိုင်မြင်ခဲ့သည့် တစ်ဦးတည်းသော သူဖြစ်သောကြောင့် ကျန်နှစ်ယောက် မယုံကြည်မှာကို စိုးရိမ်ပေသည်။

သူတို့သည် ရေကန်နှင့် မီတာ ၁၀၀ ကျော်အကွာရှိ တောင်ကုန်းတစ်ခုပေါ်မှာ မတ်တပ်ရပ်ကာ တည်ကြက်နွားကို လှမ်းကြည့်နေကြ၏။ တစ်နာရီ ကြာပြီးသော်လည်း ထိုဧရာမစပါးအုံးမြွေကြီး၏ ခြေရာ လက်ရာကို မတွေ့ရသေးပေ။

ယင်းအစား ရဟတ်ယာဉ်ဖြင့် ရာဘာလှေငယ်လေး အသုံးပြုကာ ကန်လယ် ချထားသည့် နွားမှာ ကမ်းစပ်ဆီသို့ ကူးခတ်လာနိုင်ခဲ့သည်။

အစားအစာ ထောင်ချောက် မအောင်မြင်သည်ကို မြင်သည့် နီကယ်ယန်သည် အခြားနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။

ရေကန်အောက်ခြေရှိ အခြေအနေကို ထောက်လှမ်းရန် အတွက် ဤမစ္စစ္စပီ ရေကန်အား မဖွင့်မှီတွင် ဆိုနာအား အသုံးပြုဖူးခဲ့၏။

ထိုစဥ်က ဤဧရာမစပါးအုံးမြွေကြီးကို သတိမပြုခြင်း ဖြစ်နိုင်သော်လည်း၊ ယခု ဤမစ္စစ္စပီ ရေကန်ကို စကန်ဖတ်ရန် အတွက် ဆိုနာကို ထပ်မံ၍ သေချာ အသုံးပြုမည် ဖြစ်သည်။

သို့သော်လည်း ရလဒ်များက ရေကန်၏အောက်ခြေတွင် ဘာမျှမရှိသည်ကို ပြသခဲ့ပြီး ၎င်းတို့ကို အလွန်အရှက်ရစေခဲ့သည်။

အိုင်ဇင်၏ စိတ်တွေ ရှုပ်ထွေးနေခဲ့သည်။

ရေကန်အောက်ခြေ၌ ဧရာမစပါးအုံးမြွေကြီး တစ်ကောင်ကို သူတွေ့ခဲ့၏။

ခေတ်မှီ ကရိယာပစ္စည်း ဖြစ်သော ဆိုနာအား အသုံးပြုခဲ့သည်။ ဒါပေမယ့် ဘာမှရှာမတွေ့ခဲ့ချေ။ ယင်းက သူ၏ အသိပညာနှင့် စိတ်ကူးနိုင်စွမ်းအား ကျော်လွန်နေခဲ့၏။

သူတို့ မသိခဲ့သည်မှာ အိုင်ဇင်သည် ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေတွေ့ရှိပြီး သိပ်မကြာခင်မှာပင် ၎င်းသည် ထိုနေရာမှာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ဖန့်ရန်သည် အသိဉာဏ် နည်းပါးသည့် သူမဟုတ်ချေ။

သူ့ကို ရှာတွေ့ပြီး နောက်တွင် သူက ဘာကြောင့် ထိုနေရာမှာ ရှိနေရမည်နည်။ လူသားတွေ သူ့ကို ဖမ်းဖို့ လာမှာအား စောင့်နေရမည်လား....

အိုင်ဇင်နှင့် တွေ့ခဲ့ခြင်းမှာ သူအိပ်ပျော်ရာမှ နိုးထလာချိန်နှင့် တိုက်ဆိုင်သွားခြင်း ဖြစ်၏။

ထိုအချိန်တွင် သူသည် သူ၏ ခန္ဓာကိုယ် ပြောင်းလဲမှုများအား စစ်ဆေးနေချိန် ဖြစ်သည်။ ထိုအချိန်က လူတစ်ယောက် သူ့ဆီသို့ ကူးခတ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူ ထိတ်လန့်သွားမိတာ အမှန်ပင်။

သူ ထိတ်လန့်ရသည့် အကြောင်းအရင်းမှာ ထိုလူသည် သူ၏ အသွင်အပြင်အား လုံးဝမကြောက်သောကြောင့် ဖြစ်သည်။ လူငယ်သည် သူ့ကို ထိကြည့်ကာ သေချာပင် ကြည့်ခဲ့သေးသည်။

ထိုအခါမှာ သူနားလည်သွားသည် ဤလူက သူ့အား ရုပ်ထု တစ်ခုနှင့် အထင်မှား နေခဲ့ပုံရသည်။

ဖန့်ရန်က ထိုလူအား အာရုံစိုက်ထားသည်။

ထိုလူက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရ၍ လှည့်ကြည့် လိုက်ချိန်မှာတော့.... ဖန့်ရန်၏ စောင့်ကြည့်နေသော မျက်လုံးတစ်စုံနှင့် အကြည့်ခြင်း ဆုံသွားခဲ့သည်။

အသေအချာပင်။ ထိုလူက ကြောက်လန့်ကာ အသည်းအသန် ရေကူးထွက်ပြေးသွားခဲ့သည်။

ထိုလူ ပြေးသွားပြီနောက်...

ဖန့်ရန်သည် နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင် အချက်အလက်များကို စစ်ဆေးရန် ခေတ္တခဏမျှ ငြိမ်သက်လိုက်သည်။

သူ၏ အချက်အလက်များကို စစ်ဆေးလိုက်ချိန်တွင် များစွားပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ သူ့အထင်တော့ သူ၏ ပုံပန်းသဏ္ဍာန်လည်း အနည်းငယ် ပြောင်းလဲသွားသည်ဟု ထင်သည်။

သူ၏ ယခင်အကြေးခွံများသည် မီးခိုးရောင်ဖြစ်နေသော်လည်း သူ၏ သွေးလိုင်းကို အဆင့်မြှင့်တင်ပြီးနောက် ၎င်းတို့သည် အနက်ရောင် ဖြစ်လာသည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်အလျားသည် ယခင် (၂၅) မီတာမှ (၃၀) မီတာသို့ ပြောင်းလဲသွားခဲ့ပြီး (၅) မီတာ တိုးခဲ့သည်။ အချင်းသည်လည်း (၁) မီတာသို့ ရောက်ရှိသွားခဲ့၏။

သူသည် ပို၍ ကြီးမားလာသည်၊ ကုန်းမြေပေါ်က သတ္တဝါအနည်းငယ်သာ သူ့အရွယ်အစားနှင့် ယှဉ်နိုင်ပေလိမ့်မည်။

သူ၏ အခြား အရည်အချင်းများလည်း တိုးတက်လာခဲ့၏။

[ခွန်အား : ၂,ဝဝဝ

ခုခံနိုင်မှု : ၉ဝဝ

အမြန်နှုန်း : ၁၈ဝ

တက်ကြွမှု : ၃ဝဝ

စိတ်ဝိညာဥ် : ၁၅ဝ

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၂၀၀ ]

သူ၏ လက်ရှိ စွမ်းအားဖြင့် အဆောက်အဦများကို ဖျက်ဆီးခြင်းနှင့် တင့်ကားများကို ချေမှုန်းခြင်းကို ပြုလုပ်ရန် ပြဿနာ မရှိပေ။

သူဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ....

သူ့၏ ခုခံနိုင်မှုက ကြောက်စရာ အလွန်ကောင်းသည့် ပမာဏထိ တိုးလာသည်။

လက်ရှိ ခုခံမှုဖြင့် ကျည်ဆန်များ ကျရောက်မှုကိုပင် မူစရာ မလိုဟု သူထင်ပေသည်။

လျင်မြန်သော ကုသမှု၊ အမြန်နှုန်း၊ ခုခံနိုင်မှု တို့သည် သူ့အား သတ်ရန် အလွန်ခက်ခဲသော တည်ရှိမှုကို ဖြစ်လာစေ၏။

လူတွေသာ သူ့ကို ချက်ချင်းသတ်ဖို့ရန် ဖျက်ဆီးနိုင်စွမ်း မြင့်မား ပြင်းထန်သည့် ဒုံးကျည်တွေ သို့ နျူးကေး လက်နက်တွေ မသုံးသရွေ့ အခြားလက်နက်တွေက သူ့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။

အကယ်၍ ထိုသို့ ဖြစ်လာ၍ သူလွတ်မြောက်နိုင်သရွေ သူ၏ အစွမ်းထက်သည့် လျင်မြန်သော ကုသမှုနှင့်ဆို တိုတောက်သော အချိန်ကာလအတွင်း ပြန်လည် ကုစားနိုင်လိမ့်မည်။

ထိုအချိန်တွင်၊ သူသည် သူ့အား တိုက်ခိုက်ဝံ့သော သူတို့အား မွေးလာသည်ကိုပင် နောင်တရစေပေမည်။

“ဟူးး....”

ဖန့်ရန်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ တိုးပွားလာသည့် ခွန်အားသည် အလွန်ပျော်ရွှင်စေသော်လည်း သူ့အား စိတ်ဓာတ်ကျစေသော အရာတစ်ခုရှိသည်။

ဤသွေးလိုင်း ဖြစ်စဥ် ပြီးဆုံးနောက် လိုအပ်သော စနစ်အမှတ် ပမာဏသည် (၅၀၀၀၀၀) မှ (၆၀၀၀၀၀) သို့ ပြောင်းလဲသွားခဲ့၏။ ဤနှုန်းနဲ့သာ ဆိုလျှင် တစ်ချိန်ချိန်တွင် ၎င်းက ပြဿနာ တစ်ခု ဖြစ်လာနိုင်၏။

သူက ခေါင်းယမ်းပြီး ထိုဖြစ်လာနိုင်သည့် ပြဿနာများကို ခဏဖယ်ထားလိုက်သည်။ လက်ရှိအချိန်သည် အနာဂတ်တွင် ဝေးကွာနေသေး၏။ စဉ်းစားရန် စောလွန်းနေသေးသည်။

ဒဏ္ဍာရီလာ ဧရာမမြွေ ဖြစ်လာပြီးနောက် ၎င်း၏ သွေးစွမ်းရည်တစ်ခု ရခဲ့ကြောင်း သူမှတ်မိသည်။

“ရေ၏ ဆရာသခင်”

ထိုစွမ်းရည်၏ ဖော်ပြချက်အရ ၎င်းသည် သမုဒ္ဒရာ၏ ရေငန်ဒေသအပါအဝင် မည်သည့် ရေအမျိုးအစားတွင်မဆို လွတ်လပ်စွာကူးခတ်စေနိုင်၏။

ယင်းက သူ့ကို ပျော်ရွှင်သွားစေသည်။ ကံကောင်းစွာဖြင့်၊ သူသည် သမုဒ္ဒရာသို့ မသွားမီ ယူဂန်ဒါ မြက်ခင်းပြင်ဒေသကို ဝင်မိခဲ့သည်။

၎င်းသည် သူ့အား အကြိမ်အနည်းငယ် ဆင့်ကဲဖြစ်စဥ် ပြီးဆုံးစေရုံသာမက စနစ်၏ အဓိက တာဝန်ကို ပြီးဆုံးစေကာ သမုဒ္ဒရာထဲတွင် ကူးခတ်နိုင်စေသည့် ဧရာမမြွေ သွေးလိုင်းကိုလည်း ရရှိစေခဲ့သည်။

အကယ်၍ သူသည် သမုဒ္ဒရာသို့ တိုက်ရိုက်သွားပါက ငန်သော သမုဒ္ဒရာရေ၌ မကူးနိုင်သောကြောင့် အချိန်ကုန် အားထုတ်ရပေလိမ့်မည်။

ထို့စွမ်းရည်သည် ဖန့်ရန်အား အဆုံးစွန်သော ရေငုပ်စွမ်းရည်ကို ရရှိစေခဲ့သည်။ ယခု သူသည် ပြင်းထန်သော ရေဖိအားဒဏ်ကို မခံရဘဲ ကီလိုမီတာများစွာ နက်သောနေရာများသို့ အလွယ်တကူ ငုပ်နိုင်နေပြီ ဖြစ်သည်။

၎င်းသည် ရေထဲတွင် ကုန်ဆုံးနိုင်သည့် အချိန်ကိုလည်း များစွာ တိုတောက်စေသည်။

ဤစွမ်းရည်ကို အဆင့်မြှင့်၍ မရပေ။ ၎င်းသည် အမြင့်ဆုံးဖြစ်နေပြီ ဖြစ်၏။ ၎င်းသည် သူ၏ သွေးလိုင်းသစ်နှင့် အတူပါလာသော အရည်အချင်း ဖြစ်သည်။

ရေကန်အောက်ခြေမှ ထွက်ခွာပြီးနောက်... ဖန့်ရန်သည် သူလာရာ လမ်းအတိုင်း ပြန်သွားခဲ့၏။

လူတစ်ဦးနှင့် တွေ့ပုံအရ ဤနေရာသည် လူသားများနှင့် နီးစပ်သော နေရာတစ်ခု ဖြစ်နိုင်ပေသည်။

ကမ္ဘာ့မြေပုံကို ရှာကြည့်ဖို့ ထိုဖုန်းကို အသုံးပြုခဲ့စဥ်ကို သူမှတ်မိသေးသည်။ ဤမြစ်သည် အနီရောင် မိုးသစ်တောကို ဖြတ်သန်းပြီးနောက် ဤဒေသရှိ တစ်ခုတည်းသော နိုင်ငံကို ဖြတ်သွားပေလိမ့်မည်။ ထိုနိုင်ငံအနီး၌ သမုဒ္ဒရာ ရှိပေသည်။

ထိုနိုင်ငံအား အန်ဂေါလ် နိုင်ငံဟု ခေါ်ပေသည်။

ဤရေကန်သည် အန်ဂေါလ်နိုင်ငံ အစပ်၌ ဖြစ်နိုင်သည်။ ၎င်းသည် သတင်းဆိုးတော့ မဟုတ်ပေ။

မကြာမီ သူသည် မြစ်ကြီးဆီသို့ ပြန်လည် ရောက်သွားကာ သမုဒ္ဒရာဆီသို့ ဦးတည် ကူးခတ်သွားခဲ့သည်။

.....

All Chapters