← Chapters

ကဲ့ရဲ့ရှုံ့ချမှုခံရသူ

Vol. 9 Ch. 118

ကဲ့ရဲ့ရှုံ့ချမှုခံရသူ

Vol. 9 Ch. 118

ဖန့်ရန်သည် ပင်လယ်ဘက်သို့ အပြေးအလွှားသွားနေစဥ်၊ တစ်ဖက်တွင် နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့သည် ၎င်းတို့၏ လက်ရှိ အခြေအနေအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ကြသည်။

သူတို့သည် ရေကန်အောက်ခြေရှိ ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြ၏။

ထိုအချိန် သူတို့၏ လုပ်ရပ်တွေကို သတင်းပလက်ဖောင်း အသီးသီးကို ၎င်းတို့၏ မီဒီယာတွေက အစီရင်ခံကြသည်။

ဤအဖြစ်အပျက်သည် အင်တာနက်ပေါ်တွင် အံ့ဩစရာ အဖြစ်အပျက် မဖြစ်စေခဲ့သော်လည်း လူပြောများ ဆွေးနွေးကြသည့် အကြောင်းအရာများသည် ၎င်းတို့၏ လုပ်ရပ်များကို ရှုံ့ချထားခြင်းသာ ဖြစ်၏။

ရေအောက်မှာ ဧရာမစပါးအုံးမြွေကြီး ရှိတယ်လို့ ပြောခြင်းသည် အမှန်ပင် ဖြစ်စေ၊ ဓာတ်ပုံသည် အစစ်အမှန်ပင် ဖြစ်စေ ၎င်းတို့သည် ဧရာမမြွေကြီး တည်ရှိမှန်း သက်သေပြနိုင်သော အရာများ မဟုတ်ချေ။

လူဆိုသည်မှာ ကိုယ်တိုင်မတွေ့ကြုံရလျှင် မယုံကြည်ကြသည့် အမျိုး ဖြစ်၏။

ဓာတ်ပုံတစ်ပုံ စကားတစ်ခွန်းနှင့် သူတို့ကို လှည့်စားနိုင်မယ်လို့ ထင်နေသည်က သနားစရာ ကောင်းပေ၏။

တစ်ကမ္ဘာလုံး၏ လှောင်ပြောင်မှုနှင့် မယုံကြည်မှုများအောက်တွင် နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့၏ နေ့ရက်များသည် ကောင်းမွန်နေခြင်း မရှိပေ။ သူတို့သည် အလွန်အမင် စိတ်မသက်မသာ ခံစားနေကြရ၏။

အထူးသဖြင့် အိုင်ဇင်ပင်။

ရေကန်ရဲ့အောက်ခြေမှာ ဧရာမစပါးအုံးမြွေကြီးကို သူတကယ် တွေ့ခဲ့သည်။

သို့ပေမယ့် ထူးဆန်းသည်မှာ ဆိုနာနှင့် စစ်ဆေးမှုအပြီးတွင် ဤရေကန်ထဲတွင် ကြီးကြီးမားမား မည့်သည့်အကောင်မှ မရှိဟု ရလဒ်ထွက်လာခဲ့သည်။ ကြီးကြီးမားမား မည်သည့် အကောင်မျှ လုံးဝ မရှိချေ။

၎င်းသည် သူ၏ ထင်ယောင်ထင်မှားသာ ဆိုလျှင် ထိုမြွေကြီး၏ ဓာတ်ပုံက အဘယ့်ကြောင့် ရှိနေရသနည်း။

ဘယ်သူမှ သူရှင်းပြတာကို နားမထောင်ကြပေ။ သူကိုယ်တိုင်ပင် သူ့ဘဝက အဓိပ္ပါယ်မဲ့လာသလို ခံစားရသည်။

နီကယ်ယန်သည် သူ့လူများအား အခြေအနေကို စစ်ဆေးရန် စေလွှတ်ရမည်လားဟု စဉ်းစားမိနေခဲ့သည်။

သို့သော် ၎င်းသည် ပြီးပြည့်စုံသော ပြင်ဆင်မှု တစ်ခု လိုအပ်ပေသည်။ အကယ်၍ ယင်းဧရာမစပါးအုံးမြွေကြီးကြောင့် မတော်တဆမှုများ ဖြစ်လာခဲ့လျှင် မည်သို့ လုပ်မည်နည်း။

သူ့တွင် အသုံးပြုနိုင်သေးသည့် အသေးစာ ရေငုပ်သင်္ဘောတစ်စင်း ရှိသော်လည်း ၎င်းသည် အလွန်အိုဟောင်းနေပြီး ဖြစ်၏။ အကယ်၍ ထိုဧရာမမြွေကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရမည်ဆို အလွယ်တကူ ပျက်စီးသွားနိုင်သည်။

မီတာ သုံးဆယ် အရှည်ရှိသည့် ဧရာမစပါးအုံးမြွေကြီး တစ်ကောင်၏ အဖျက်စွမ်းအားကို စိတ်ကူးကြည့်ရန် ခက်ခဲသော်လည်း အိုဟောင်းနေသည့် ရေငုပ်သင်္ဘောကိုတော့ ဖျက်စီးပစ်နိုင် လောက်ပေသည်။

ထို့ကြောင့် နီကယ်ယန်သည် ရေကန်အောက်ခြေအား ရှာဖွေရန် အတွက် သူ၏ ရေငုပ်သင်္ဘောကို အသုံးမပြုရဲခြင်း ဖြစ်သည်။

(မှတ်ချက်။ ။ ၎င်းသည် ပန်းခြံအပိုင် ဖြစ်၏)

နီကယ်ယန်၏ ဦးနှောက်သည် စဥ်းစားရကျပ် လွန်သောကြောင့် မီးခိုးများ ထွက်မတက် ဖြစ်နေ၏။ ထိုစဥ် မိုက်ကယ်က သူ့အား စကားပြောလာခဲ့သည်။

“မစ္စတာ နီကယ်ယန်၊ မင်း ဘာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီမတောင်းတာလဲ”

ရုံးခန်းထဲ၌.. မျက်မှောင် ကြုတ်နေသော နီကယ်ယန်ကို ကြည့်နေသည့် သူ့ရှေ့က မိုက်ကယ်က အကြံတစ်ခု ပေးလိုက်သည်။

အင်တာနက်ပေါ်မှ ဝေဖန် သူများ၏ သံသယများနှင့် လှောင်ပြောင်မှု အမျိုးမျိုးတို့သည် သူ့ကို ရူးသွပ်စေခဲ့သည်။ ထို့အပြင် သူ၏ သူဌေး မစ္စတာ မီလ်က နီကယ်ယန်ကို ဖုန်းဆက်ပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်း ခဲ့ပေသည်။

အင်တာနက်ပေါ်ရှိ လူများသည် ပူဂါဒါသစ်တော ပန်းခြံကို စော်ကားရုံမက မိုက်ကယ် အလုပ်လုပ်နေသော ကုမ္ပဏီကိုလည်း ကဲ့ရဲ့ပြစ်တင် ရှုံ့ချခဲ့ကြသည်။

လူမူမီဒီယာများသည် ဆောင်းပါးများ၊ ပို့စ်များ၊ ဗီဒီယိုများ၊ စသည်ဖြင့် အမျိုးမျိုးဖန်တီးခဲ့ကြသည်။ ၎င်းတို့အားလုံး၏ ရည်ရွယ်ချက်သည် အပြစ်တင်ရှုံချရန် အတွက် ဖြစ်သည်။

“ဧရာမစပါးအုံးမြွေကြီး ရှိနေတာကို အတည်ပြုနိုင်တာနဲ့၊ အဲ့... သောက်ကျိုးနည်း ငါတို့ကို လှောင်ပြောင်တဲ့ သူတွေအားလုံး ပါးစပ်ပိတ်ထားရလိမ့်မယ်”

အိုင်ဇင်၏ ဘေးတွင်ထိုင်နေသော မိုက်ကယ်က လေးနက်စွာ ပြောသည်။

"လက်ရှိ အရေးကြီးဆုံးက ကျုပ်တို့တွေ ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေပြီး ကျုပ်တို့ရဲ့ ကျဆင်းနေတဲ့ ဂုဏ်သတင်းကို ပြန်ရယူဖို့ပဲ...."

သူ့အသံတွင် ဒေါသ အရိပ်အယောင်များ ရှိနေပေသည်။

ဤအခိုက်အတန့်တွင် သူသည် ဧရာမစပါးအုံးမြွေကြီး၏ တည်ရှိမှုကို သက်သေပြလိုနေသည်။ သူ့စိတ်ထဲတွင် ထိုလူမှုမီဒီယာများကို တန်းစီ၍ ၎င်းတို့၏ မျက်နှာအား တံတွေး ထွေးလိုနေသည်။

'ဧရာမစပါးအုံးမြွေကြီးကို ရှာတွေ့ပြီးသွားရင်၊ ဒီ မအေ*...* တွေကို ရူးသွပ်သွားအောင် သရော်စာတွေ အထေ့အငေါ့တွေနဲ့ ပြည့်နှက်နေတဲ့ မိန့်ခွန်းရှည်ကြီးကို ပြောရမယ်'

မိုက်ကယ်၏ နှလုံးသားထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေပေသည်။ ထိုအချိန် ထိုလူများ၏ မျက်နှာများက ဘယ်ပုံ၊ ဘယ်နည်း ရှိမည်ဟု သူတွေးနေမိသည်။

ခဏကြာ တွေးကြည့်ပြီးနောက် မသင့်တော်ဘူးဆိုတာ သူသိလိုက်သည်။ သူက ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ တစ်ဦး ဖြစ်ပေသည်။

'မဟုတ်ဘူး၊ ဒါက ငါ့ရဲ့ ဂုဏ်သိက္ခာအပေါ် အပျက်သဘော သက်ရောက်လိမ့်မယ်။ မိုက်မဲတဲ့ ဒီခွေးသားတွေကို ရက်ရောပြီး နားလည်မှုအပြည့် ပုံစံနဲ့ မိန့်ခွန်း ပြောရမယ်။ ဒါမှသာ လူတိုင်းရဲ့ ချီးမွမ်းတာကို ခံရမှာ'

သူသည် အောင်နိုင်သူအဖြစ် သူ၏ မိန့်ခွန်းကို စတင်စိတ်ကူးယဥ်နေပြီ ဖြစ်သည်။

မိုက်ကယ်၏ အကြံဉာဏ်အတိုင်း နီကယ်ယန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအား အကူအညီတောင်းခံခဲ့သည်။ မစ္စစ္စပီ ရေကန်၏ အောက်ခြေရှိ မြွေကြီး၏ တည်ရှိမှုကို ဖော်ထုတ်ရန်အတွက် သူ့ကို ကူညီပေးဖို့ သူမျှော်လင့်ထားသည်။

လှောင်ပြောင်မှုဒဏ်ကို ခံရနိုင်သော်လည်း သူတို့၏ အကူအညီ တောင်းခံမှုအား လက်ခံခဲ့သည့် ကုမ္မဏီတစ်ခု ရှိနေခဲ့သည်။

၎င်းသည် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခု ဖြစ်သည်။

ထိုကုမ္ပဏီကို “ရေနက်ပြာ”ဟု ခေါ်၏။ ၎င်းသည် နိုင်ငံတကာတွင် အတော်လေး နာမည်ကြီးပေသည်။

သူတို့သည် ရေကန်ကို စူးစမ်းလေ့လာရန် အသုံးပြုမည့်ပစ္စည်း ကိရိယာများကို နီကယ်ယန်အား ပထမဆုံး ပြသခဲ့သည်။

ထိုအရာသည် ရေငုပ်သင်္ဘော အသေးစားလေး တစ်ခုဖြစ်၏။

ထိုရေငုပ်သင်္ဘောသည် ပူဂါဒါသစ်တော ပန်းခြံ၏ အိုင်ဟောင်းနွမ်းသော ရေငုပ်သင်္ဘောထက် များစွာသာလွန်သည်မှာ သံသယရှိစရာ မလိုပေ။

“ရေနက်ပြာ” ကုမ္ပဏီကမှု ၎င်းတို့၏ ရေငုပ်သင်္ဘောသည် ဗို့အား ငါးထောင်ရှိသော အကာအကွယ်ကို တပ်ဆင်ထားသည်ဟု ဆိုသည်။

အကယ်၍ ဧရာမစပါးအုံးမြွေကြီးသာ ၎င်းတို့၏ ရေငုပ်သင်္ဘောကို ရစ်ပတ်ဖျက်စီးရန် ကြိုးစားမည်ဆိုလျှင် ပြင်းထန်သော ဗို့အားက ၎င်းအား သတ်ပစ်သွားနိုင်ပေသည်။ ထိုဗို့အားသည် မီတာ သုံးဆယ် ရှည်သည့် ဧရာမစပါးအုံးမြွေကြီး မပြောနှင့် သုံးဆယ်ငါး မီတာရှည်သည့် ဝေလငါးကြီးကြီးပင် ဒုက္ခရောက်သွား စေနိုင်၏။

ထို့အပြင် ၎င်းတို့၏ ရေငုပ်သင်္ဘောတွင် မေ့ဆေးပစ်သေနတ်နှင့် လောင်ချာလည်း ပါရှိသည်။

တိုတိုပြောရလျှင် ထိုရေငုပ်သင်္ဘောကို အံ့သြဖွယ်ကောင်းသည့် အကာကွယ်များနှင့် လက်နက်များ တပ်ဆင်ထားပေသည်။

၎င်းသည် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံး ပြုလုပ်နိုင်ပြီး မည်သည့် သတ္တဝါမှ ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်သောကြောင့် မစ္စစ္စပီ ရေကန်၏ အခြေအနေကို စူးစမ်းလေ့လာရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုနိုင်သည်။

နီကယ်ယန်က ခဏလောက်စဉ်းစားပြီးနောက်၊ သူသည် နောက်ဆုံးတွင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူလိုက်၏။ မည်သို့ပင် ဖြစ်စေ သူ့တွင် ရွေးချယ်စရာ မရှိချေ။

နီကယ်ယန်သည် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် နည်းလမ်းများကို အသုံးပြုနေသည်ဟု လူအများက ထင်မြင်ကြသော်လည်း ထိုသည်က အမှန်တကယ်ဖြစ်မည်ကို ပူပန်နေသူများစွာ ရှိနေတာတော့ ငြင်းမရပေ။

...

ဖန့်ရန် ရောက်ရှိနေသော လက်ရှိတည်နေရာက ရေသည် အလွန်နက်၏။ ထိုမြစ်နေရာ၏ အကျယ်သည် (၁၀) မီတာထက် ပိုပေသည်။ အနက်ကမှု (၂ဝ) မီတာမျှ ရှိသည်။

ဤသုံးလေးရက်အတွင်း ဖန့်ရန်သည် ခရီးဆက်ရန်သာ အဓိကအာရုံစိုက်ခဲ့ပြီး ရံဖန်ရံခါမှသာ အမဲလိုက်ခြင်းကို ပြုလုပ်ခဲ့၏။ ထိုကြောင့် သူ့တွင် စနစ်အမှတ် ပမာဏနှင့် ပတ်သတ်၍ တိုးတက်မှု သိပ်မရှိပေ။

မြစ်ကြောင်းတလျှောက်တွင် သားကောင်တစ်ကောင်မှ မတွေ့ခဲ့ပေ။ ထိုသည်က သူ့အား စိတ်ဓာတ်ကျစေသလို ခံစားရစေသည်။

...

မြစ်ရေသည် တည်ငြမ်နေ၏။ မြစ်ပြင်တွင် ကျောက်တုံးအချို့ ထွက်ပေါ်နေပြီ ကမ်းစပ်၌ စိမ်းလန်းသော ချုံပုတ်များ ရှိနေသည်။

ဖန့်ရန်သည် ရေထဲမှ ခေါင်းထုတ်၍ ပတ်ဝန်းကျင် အနေအထားကို ကြည့်နေစဥ် လူတစ်ယောက်၏ စကားပြောနေသံကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုကြောင့် သူက ရေအောက်သို့ ချက်ချင်း ပြန်ငုတ်လိုက်၏။ ထိုနောက် သူသည် ရေအောက်မှ အသံကြားရာ နေရာကို ကြည့်လိုက်သည်။

လှေငယ်သုံးစင်း ဆန့်ကျင်ဘက်အရပ်မှ လှော်လာကြောင်း သူ သတိပြုမိသည်။

အစပိုင်းမှာတော့ သူတို့က သူ့ကိုရှာနေတယ်လို့ ထင်ခဲ့သော်လည်း ဖန့်ရန်က ထိုအတွေးကို ချက်ချင်း ဖယ်ထုတ်ခဲ့သည်။

ဖန့်ရန်က ထိုလှေများပေါ်ရှိ လူများကို ခိုးကြောင်ခိုးဝှက် ကြည့်ရှုလိုက်၏။ အလယ်ရှိ လှေပေါ်ရှိလူများနှင် အနည်းငယ် ရင်းနှီးသလိုပင်။

လှေပေါ်တွင် ပဲ့ထိန်းသူအပြင် လူခုနစ်ဦး ပါရှိသည်။

အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး....။

ဖန့်ရန်သည် သူတို့ကို ဂရုတစိုက် ကြည့်ပြီးနောက် ထိုလူများသည် သူရေလှောင်ကန်တွင် ရှိနေစဥ်က အလယ်အပတ်လာသည့် ကောလိပ်ကျောင်းသား ခုနစ်ယောက်ဖြစ်ကြောင်း မှတ်မိလိုက်သည်။

.....

All Chapters