လူငယ်လေးများ
Vol. 9 Ch. 119
ယင်းကောလိပ်ကျောင်းသားတွေထဲမှ အရပ်အရှည်ဆုံး လူငယ်က မိန်းကလေး သုံးယောက်ရှေ့တွင် သူ့ကို ဖမ်းပြီး ကင်ကျွေးမည်ဟု ကြွားလုံးထုတ်ခဲ့တာကို သူမှတ်မိနေပါသေးသည်။
နောက်ပိုင်းတွင် သူသည် ၎င်းတို့၏ လှေနောက်သို့ လိုက်သွားပြီး ထိုလူငယ် ငါးဖမ်းမမိစေရန် အနှောင့်အယှက်ပေး၍ မိန်းကလေး သုံးယောက်ရှေ့တွင် အရှက်ရစေခဲ့ပေသည်။
သူ့ကို ဖမ်းပြီ ကင်ကျွေးဖို့ ကြွားလုံးထုတ်သည့် လူငယ်၏ နာမည်က သူမှတ်မိတာမှန်လျှင် လောယန် ဖြစ်သည်။
သူသိသော လူများနှင့် တွေ့ပြီးနောက် ဖန့်ရန်၏ ကျဆင်းနေသော စိတ်ဓာတ်သည် ပြန်လည်း ကောင်းမွန်လာ သလိုပင်။
သို့သော် သူတို့ကို နှုတ်ဆက်ဖို့က မဖြစ်နိုင်ပါချေ။
ဖန့်ရန်သည် ရေအောက်မှ ၎င်းတို့၏ လှေဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။
များမကြာမီ သူသည် ကောလိပ်ကျောင်းသားများ၏ လှေအောက်တွင် လှည့်လည်ကာ သူတို့၏ စကားများကို နားထောင် နေလေသည်။
ဤမြစ်သည် အနက် (၁ဝ) ရှိပြီး ရွှံ့ရောင် နောက်ကျဥ်သော ရေများ ဖြစ်သောကြောင့် ရေမျက်နှာပြင်မှ မမြင်ရပေ။
( ရှေ့အခန်းတွင်'အနက်'အား မှားယွင် ရေးသားမိခဲ့သည် )
သို့သော်လည်း သူ၏ အစွမ်းထက်သော အကြားအာရုံကြောင့် သူတို့၏ ပြောဆိုမှုများကို ရေအောက်မှပင် ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။
“ယန်ဖေ့... ရေနက်ပြာ ကုမ္မဏီက ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေဖို့ ဒီနေရာကို လာမယ်လို့ Weibo မှာ လူတချို့ပြောနေတာ ငါတွေ့ခဲ့တယ်။ မစ္စစ္စပီ ရေကန်ရဲ့အောက်ခြေမှာ ဧရာမစပါးအုံးမြွေကြီးတစ်ကယ်ရှိနေတယ်လို့ မင်းထင်လား"
လှေပေါ်တွင် လောယန်သည် သူ့ဘေးတွင် ထိုင်နေသော လူလေးအား စကားပြောနေစဥ် ဖုန်း ကြည့်လျက်ရှိပေသည်။
သူသည် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် ပို့စ်များတင်နေသည်။
သူတို့သည် လွန်ခဲ့သော ခုနစ်ရက်က အန်ဂေါလ်နိုင်ငံသို့ အလည်အပတ် ကြည့်ရှုရန် လာခဲ့ကြသည်။ ပထမက ပူဂါဒါသစ်တော ပန်းခြံကို မသွားချင်ကြသော်လည်း ဧရာမစပါးအုံးမြွေကြီး အကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာတော့ သိချင်စိတ်နဲ့ သွားကြည့်လိုလာကြသည်။
“ရေနက်ပြာ” ကုမ္မဏီသည် ပူဂါဒါသစ်တော ပန်းခြံမှ ပြုလုပ်သော စျေးကွက် ရှာဖွေရေးဗျူဟာမှ အစီအစဉ် တစ်ခုသာ ဖြစ်ရပေမည်။ သို့သော် အန်ဂေါလ်နိုင်ငံသို့ လာစဥ်ကတည်းက ထိုပန်းခြံသို့ သွားလည်ခြင်းသည် ပြဿနာတစ်ခုတော့ မဟုတ်ခဲ့ပေ။
ရှာဖွေမူအချို့ ပြုလုပ်ပြီးနောက် ပူဂါဒါသစ်တော ပန်းခြံသို့ သွားရန် နည်းလမ်းနှစ်ခုသာ ရှိကြောင်း သူတို့သိခဲ့ရသည်။
အသုံးအများဆုံးနှင့် ဘေးအကင်းဆုံးသော နည်းလမ်းမှာ ကားစီးခြင်း သို့မဟုတ် ဘတ်စ်ကားစီးခြင်းဖြစ်ပြီး အခြားနည်းလမ်းမှာ လှေနှင့် ခရီးသွားခြင်းပင်ဖြစ်သည်။
စုဝေးတိုင်ပင် ဆွေနွေးပြီနောက် သူတို့သည် လှေကိုစီးကာ ဇီမြစ်ကိုဖြတ်ကာ ခရီးသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုနောက် လှေငှားကာ ခရီးထွက်ခဲ့သည်။ တရုတ်နိုင်ငံနှင့် အန်ဂေါလ်နိုင်ငံလေး တို့သည် သိပ်မဝေးလှသောကြောင့် ရက်အနည်းငယ် သွားသည်နှင့် ရောက်နိုင်ပေ၏။
၎င်းတို့သည် လှပသော ပတ်ဝန်းကျင် ရှုခင်းများနှင့် ထူးခြားဆန်းပြားသော တိရိစ္ဆာန်များ၏ တက်ကြွမှုများကို လမ်းတလျှောက် ကြည့်လာခဲ့သည်။
မြေပုံအရဆို၊ မကြာမီ နေ့လည်စာ စားရမည့် နေရာသို့ ရောက်တော့မည် ဖြစ်သည်။
"နင်ပြောတာ၊ ဧရာမစပါးအုံးမြွေကြီး ဟုတ်လား!"
ပဲ့ပိုင်းအဆုံးက ဆံပင်တိုနှင့် ကောင်မလေးက ညည်းသည်။
"ငါတို့ လမ်းမှာတွေ့ခဲ့တဲ့ စပါးအုံးမြွေတောင် အရမ်းကြီးနေပြီ၊ သတင်းက အဲ့ဒီ့မှာ ဧရာမစပါးအုံးမြွေ တစ်ကောင် ရှိတယ်လို့ ဆိုထားတယ်.... သေချာပေါက် ကြောက်စရာ ကောင်းမှာပဲ...."
ခရီးထွက်ပြီး မကြာခင်တွင် စပါးအုံးမြွေကြီး တစ်ကောင်တစ်ကောင်ကို ကမ်းစပ်မှာ လျှောလျှောသွားနေတာ မြင်တွေ့ခဲ့ရပေ၏။ ၎င်းက မိန်းကလေး သုံးယောက် အော်ဟစ်မိသည် အထိ ကြောက်လန့်မိစေခဲ့သည်။
သို့သော်၊ ထိုသည်က ၎င်းတို့၏ စိတ်အားထက်သန်မှုကို မလျော့ကျစေဘဲ ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။
"ရှောင်ယီ နင် ဒီလို အလိမ်အညာတွေကို တကယ်ကြီး ယုံနေတာလား"
ယန်ဖေ့ဟု ခေါ်သည် လူငယ်က ခေါင်းယမ်းကာ ဆက်ပြောလေသည်။
“ရေနက်ပြာ ကုမ္မဏီက စျေးကွက်ရှာဖွေရေး အစီအစဥ်မှာ ပါဝင်နေတယ်လို့ လူအများစုက လောင်းကြေးထပ်ထားတယ်။ ရှောင်ယီ..... မကြာခင် အချိန်မှာ ဘာဖြစ်လို့၊ ညာဖြစ်လို့... ဆိုတဲ့ အကြောင်းပြချက်မျိုးစုံ ပြလာတာ နင်တွေ့လိမ့်မယ်..... ဒီလိုနည်းဗျူဟာတွေကို နင်လည်းသိနေတာပဲ... မ.. အ စမ်းပါနဲ့ဟာ”
“အင်တာနက်ပေါ်ရှိ လူတချို့ကြောင့် နင့်မှတ်ဉာဏ်တွေ မထိုင်းသွားစေနဲ့...”
လောယန်က ခေါင်းညိတ်သဘောတူပြီး ပြောသည်။
"မဟုတ်သေးဘူး... ယန်ဖေ့... ရိုးရိုးသားသား ပြောရရင်.... ငါလည်း မစ္စစ္စပီ ရေကန်ကို သွားချင်တယ်။ အဲ့ဒီ့မှာ သာယာလှပတဲ့ ရှုခင်းတွေ ရှိတယ်လေ.... ကံမကောင်းချင်တော့ သူတို့က ပိတ်ထားတယ်"
"ဖွင့်လိုက်တာနဲ့ သူတို့ရဲ့ ရေငုပ်ဝန်ဆောင်မှုကို သွားကြည့်ရအောင်..."
ပူဂါဒါသစ်တော ပန်းခြံ၏ "လှည့်ကွက်" များကို မြင်တွေ့ခဲ့သည်မှာ ကြာပြီမှန်း သိသာပေသည်။ ထို့ကြောင့် သူတို့မျက်နှာတွင် တင်မာမှု အနည်းငယ်ပင် မရှိခဲ့ချေ။
သူတို့မသိခဲ့သည်မှာ ထိုဧရာမစပါးအုံးမြွေကြီးဟာ သူတို့ရဲ့ လှေအောက်၌ အတွေးများ ပျံ့လွင့်နေခြင်းပင်။
ယန်ဖေ့နှင့် လောယန်တို့ ပြောသည့် စကားများကို ကြားပြီးနောက် ရှောင်ယီက ပြုံးလိုက်သည်။ သူမ စိတ်မဆိုးသည်မှာ ထင်ရှားပေ၏။
၎င်းသည် ပူဂါဒါသစ်တော ပန်းခြံမှ လုပ်ကြံ ဖန်တီးထားသော စျေးကွက်ရှာဖွေရေး ဗျူဟာတစ်ခု ဖြစ်နိုင်သည်ကို သူမ သိသော်လည်း သိပ္ပံရုပ်ရှင်ဝါသနာရှင်တစ်ဦးအနေဖြင့် ထိုမြွေကြီးကို မြင်နိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။
ဧရာမ ပင်လယ်ရေဘဝဲ၊ ဧရာမ အန်ကွန်ဒါနှင့် ရှေးခေတ်က ဒိုင်နိုဆောများ....
ဤသတ္တဝါများသည် လူ့စိတ်ကူးယဉ်ခြင်း၏ ရလဒ်များ သို့မဟုတ် သမိုင်းမှ ကာလအတန်ကြာ ပျောက်ကွယ် မျိုးသုဥ်သွားခဲ့သော သတ္တဝါများ ဖြစ်ပေသည်။
သို့သော် မကြာသေးမီက၊ ယူဂန်ဒါ၏ မြက်ခင်းပြင်တွင် ဧရာမစပါးအုံးမြွေကြီး တစ်ကောင် ပေါ်လာခဲ့သည် ဟူသော သတင်းသည် သူမ၏ အူအသဲများပင် တုန်လှုပ်စေခဲ့၏။
ရုပ်ရှင်များတွင်သာ ရှိခဲ့သော ဧရာမသတ္တဝါများသည် လက်တွေ့တွင် ပေါ်လာတော့မည်လား...!
သူမတွင် ထိုဧရာမစပါးအုံးမြွေကြီးကို ကြည့်ဖို့ရန် ယူဂန်ဒါ မြက်ခင်းပြင်ဒေသသို့ ကိုယ်တိုင်သွားဖို့ စိတ်ကူးရှိခဲ့သည်။
ကံမကောင်းစွာဖြင့် သူမသည် တွေးယုံသာ တတ်နိုင်ခဲ့သည်။ ယူဂန်ဒါ မြက်ခင်းပြင်ဒေသသည် သူမကဲ့သို့ ကောလိပ်ကျောင်းသူများ သွားရောက်နိုင်သည့် နေရာ မဟုတ်ပေ။
ထိုကြောင့် သူမသည် သတင်းများကိုသာ ကြည့်ရှုပြီး ၎င်းမြွေကြီးနှင့် ပတ်သက်သည့် သတင်းများကိုသာ စောင့်မျှော်နိုင်ခဲ့သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုမြွေကြီး အကြောင်း တခြားသတင်း မကြားရတော့ပေ။
ဤတစ်ကြိမ်မှာလည်း အန်ဂေါလ်နိုင်ငံကို ခရီးထွက်ရင်း မစ္စစ္စပီ ရေကန်မှာ ဧရာမစပါးအုံးမြွေကြီးတစ်ကောင် ရှိကြောင်း သတင်းကြားခဲ့၏။ ၎င်းသည် သတင်းတု ဖြစ်နိုင်သော်လည်း စိတ်လှုပ်ရှားမိဆဲပင်။
ရှောင်ယီ၏ မျက်လုံးအကြည့်က လှည့်ပတ်လျက် ကန်းနံဘေးက ညောင်ပင်အိုများ လမုပင်များ... ထိုမှတဆင့် လှေနံဘေးရှိ ရေထဲသို့ ကျသွားခဲ့သည်။
ဤနေရာရှိ ရေသည် မကြည်လင် မလှပပေ။
သူမ ကြည့်နေသော ရေမျက်နှာပြင်ပေါ်တွင် အလွန်သေးငယ်သော ရေဝဲတစ်ခုရှိပြီး ၎င်းသည် ကြွေကျလာသော သစ်ရွက်ဆွေးများနှင့် အပင်ငယ်အချို့ကို စုပ်ယူလျက်ရှိသည်။
ရေဝဲလေးကို အကြည့်ရောက်သွားသည့် ရှောင်ယီသည် သူမ ဘေးနားက သစ်သားချောင်းငယ်လေးကို ကောက်ကိုင်လိုက်ပြီး ရယ်မောရင်း ထိုရေဝဲလေးကို လှမ်းရိုက်လိုက်သည်။
ထိုနောက် ရှောင်ယီသည် ရေဝဲငယ်လေးကို စိတ်ဝင်စားမှု မရှိတော့ဘဲ လှည့်ကြည့်၍ မြင်းမြီးဆံကျစ်နှင့် ကောင်မလေးကို ပြောသည်။
"ဟဲ့....မနက်ဖြန် ကမ်းခြေကို သွားလည်ရင်.... ရေကူးကြရင် ကောင်းမလား"
"ဘာလဲ... ရှောင်ယီ နင်က သူတို့ကို ရေကူးဝတ်စုံ ဝတ်ထားတဲ့ပုံ မြင်စေချင်လို့လား"
ထိုသို့ ပြောပြီးနောက် ရွီယင်က ပြုံးလိုက်သည်။
ရှောင်ယီသည် ရွီယင်၏ စကားကြောင့်... သူမ ပါးမို့မှာ နီမြန်းလာလေသည်။ သူမက ရှက်ရှက်ဖြင့် သူမ၏ နုနယ်သော လက်လေးများကို အသုံးပြုပြီ ရွီယင် ခါးပေါ်ရှိ အသားနုများကို ဖျစ်ညှစ်လိုက်သည်။
"နင် သေချင်နေတာလား!"
.....