← Chapters

ရေအောက် ရှာဖွေရေး

Vol. 9 Ch. 120

ရေအောက် ရှာဖွေရေး

Vol. 9 Ch. 120

လှေပေါ်က ကောလိပ်ကျောင်းသားတွေရဲ့ ရယ်မောသံတွေကို နားထောင်ရင်း ဖန့်ရန်၏ နှလုံးသားထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပေါ်လာသည်။

သူသည် တစ်ချိန်က သူတို့ကဲ့သို့ အပြစ်ကင်းစင်သော ဆယ်ကျော်သက်တစ်ဦး ဖြစ်ခဲ့၏။ သူ့သူငယ်ချင်းများနှင့် ကစားခြင်း၊ ရယ်စရာ ဗီဒီယိုများ ကြည့်ခြင်း၊ သူ့မိဘများ၏ အော်ငေါက်ခြင်းကို ခံရခြင်း၊ ဤအရာအားလုံးသည် သူ၏ အတိတ်တွင် ဖြစ်ပျက်ခဲ့၏။

ထိုအချင်းအရာများကို ပြန်လည်းအောင်မေ့ သတိရလာသောအခါ၊ ဖန့်ရန်သည် ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီဟု ခံစားလိုက်ရသည်။ သူ့အဖြစ်သည် အဘိုးကြီး တစ်ဦးက ၎င်း၏ ငယ်ရွယ်သည့် အတိတ်ကို ပြန်လည်း အမှတ်ရ နေသလိုပင်။

သို့သော် ထိုအရာ အားလုံးသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်လောက်က ဖြစ်သည်။

သူ့ဘဝ နှစ်ခုလုံး၏ အသက်ကို ပေါင်းတွက်လျှင်ပင် ဤကောလိပ်ကျောင်းသား ခုနစ်ယောက်ထက် ငယ်သေးသည်ဟု ဆိုနိုင်သည်။

သို့သော် သူသည် လူသားမဟုတ်တော့ဘဲ မြွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။

ဤပြင်းထန်သော ပြောင်းလဲမှုများက သူ့အား ယခင်ဘဝနှင့် ဝေးကွာလာသည့် ခံစားချက်ကို ခံစားရစေ၏။ ယခု သူသည် အထက်တန်းကျောင်းတက်စဥ်က အချိန်များကိုပင် သေချာမမှတ်မိတော့ချေ။

ပြင်းထန်သော ပြောင်းလဲမှုများသည် သူ့ကို ရင့်ကျက်လာစေခဲ့၏။

သက်ပြင်း ချလိုက်ရင်း.... ထိုနေရာမှ ထွက်ခွာလိုက်၏။ ဖန့်ရန်၏ ရုပ်သွင်သည် ကောလိပ်ကျောင်းသားများ၏ လှေငယ်နှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့၏။

ဖန့်ရန်သည် ကောလိပ်ကျောင်းသားများ အနီးမှ ထွက်ခွာပြီး ခရီးဆက်ခဲ့သည်။

...

လူတစ်စုသည် မစ္စစ္စပီ ရေကန်၏ ကမ်းစပ်တွင် ငြိမ်သက်စွာ ရပ်နေကြ၏။

၎င်းတို့နောက်၌ လုံခြုံရေး အဖွဲ့တစ်ဖွဲ့ ရှိနေပေသည်။

“မစ္စတာ ဟွမ်ဂူး... ငါတို့ ပန်းခြံကနေ ကြိုဆိုပါတယ်..”

နီကယ်ယန်သည် ထိပ်ပြောင်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်နေ၏။ သူ့အကြည့်များကမှု ရေကန်စပ်၌ ဆိုက်ကပ်ထားသည့် အဝါရောင် ရေငုပ်သင်္ဘောငယ် တစ်စင်းပေါ်တွင် ရှိနေသည်။

ထူထဲသည့် အထူးသံနှင့် သတ္တုစပ်၍ ပြုလုပ်ထားခြင်းသည် ၎င်းရေငုပ်သင်္ဘောအား အလွန်လုံခြုံရသည့် ပုံပေါက်စေသည်။

နီကယ်ယန်သည် ရေနက်ပြာ ကုမ္မဏီမှ လူများသည် ဤမျှ မြန်မြန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့နှလုံးသားထဲတွင်တော့ မျှော်လင့်ချက်အနည်းငယ်နှင့် ကြောက်ရွံ့မှုတို့ အနည်းငယ် ရှိနေပေသည်။

ဤရေငုပ်သင်္ဘော၏ ပုံပန်းသဏ္ဍာန်အရ ၎င်းတွင် ရေကန်အောက်ခြေကို စူးစမ်းလေ့လာနိုင်သော စွမ်းရည် ရှိရပေမည်။

နောက်ဆုံးတွင် သူတို့၏ ပန်းခြံထဲတွင် ဧရာမမြွေကြီး တစ်ကောင် ရှိနေကြောင်း ကမ္ဘာကို သက်သေပြနိုင်ပေတော့မည်။

အစီအစဉ်မှာ ရေနက်ပြာ ကုမ္မဏီက လူတွေသည် ထိုဧရာမစပါးအုံးမြွေကြီးကို ဖမ်းဆီးပေးဖို့ သို့မဟုတ် ၎င်း၏ ဗီဒီယိုအား ရိုက်ကူးပေးဖို့ ဖြစ်သည်။

ထိုထိပ်ပြောင်နှင့် လူသည် ရေနက်ပြာ ကုမ္ပဏီ၏ ထိပ်တန်း အရာရှိများထဲမှ တစ်ဦးဖြစ်ပေသည်။ ၎င်းသည် ဧရာမစပါးအုံးမြွေကြီးကို ဖမ်းဆီးမည့် အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။

“မစ္စတာ နီကယ်ယန်... ရေကန်ရဲ့အောက်ခြေမှာ ဧရာမစပါးအုံးမြွေကြီးသာ တကယ်ရှိနေရင်.... သေချာပေါက် ငါတို့လက်က မလွတ်စေရဘူး... ငါတို့ဖမ်းလာခဲ့ပေးမယ်.."

ဟွမ်ဂူး အမည်ရသည့် ထိပ်ပြောင်တဲ့ အမျိုးသားက ပြုံးပြီး ပြောလိုက်သော်လည်း ၎င်း၏ စိတ်ထဲမှာတော့ ရှုပ်ထွေးနေခဲ့လေသည်။

အစပိုင်းတွင်၊ ၎င်းသည် ပူဂါဒါသစ်တော ပန်းခြံမှ ဖန်တီးထားသည့် မိုက်မဲသော စျေးကွက်ရှာဖွေရေး အစီအစဥ်တစ်ခုဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း နီကယ်ယန်၏ လေးနက်မူသည် အမှန်တကယ်လားဟုပင် သံသယဝင်သွားစေပြီ ဟွမ်ဂူးအား စိတ်ရှုပ်ထွေးစေခဲ့ပေသည်။

အထူးသဖြင့် ရေငုပ်သမား အိုင်ဇင်က ရေအောက်တွင် ဧရာမစပါးအုံးမြွေကြီး ရှိနေတာ အလွန်သေချာကြောင်း ပြောနေ၏။

ပိုအရေးကြီးသည်မှာ အခု ထိုနီကယ်ယန်သည် ရေကန်အောက်ခြေမှာ စပါးအုံးမြွေကို ရှာမတွေ့ရင် ဘာလုပ်ရမယ်ဆိုတာ ၎င်း၏ ပုံစံအရ ပြောမရချေ။

နီကယ်ယန်က ဟွမ်ဂူးရဲ့ ပုခုံးကို ပုတ်လိုက်ပြီး...

“မင်းသတိထားတာ အကောင်ဆုံးပဲ.... မှတ်ထားပါ။ အကောင်းဆုံး ကြိုးစားပြီး ဧရာမစပါးအုံးမြွေကြီးကို မထိခိုက်မိပါစေနဲ့.... အဲဒါက ငါတို့ပန်းခြံ အတွက် အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်”

ဟွမ်ဂူး၏ ပါးစပ်ထောင့်က မဲ့သွားသော်လည်း (Ok) ဟု လက်မူအရာ လုပ်ပြလိုက်သေးသည်။

အနည်းငယ် ရယ်စရာကောင်းသည်ဟု ဟွမ်ဂူး ခံစားမိနေသည်။ နီကယ်ယန်၏ ပုံစံမှာ နောက်ပြောင်နေသည့် အရိပ်အယောင် မပေါ်ချေ။

ထိုနောက် ဟွမ်ဂူးနှင့် သူ့အဖွဲ့ဟာ ရေငုပ်သင်္ဘောထဲကို ဝင်သွားခဲ့၏။

၎င်းအဖွဲ့တွင် လူငါးဦး ပါ၀င်ပေသည်။

၎င်းတို့ တက်သွားပြီးနောက် စက္ကန့် အနည်းငယ် အကြာတွင် ဝင်ပေါက် ပိတ်သွားပြီ ရေငုပ်သင်္ဘောသည် ရေထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားခဲ့သည်။

ကမ်းစပ်တွင်...။

နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့က ရေငုပ်သင်္ဘောသည် ရေအောက်သို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားသည်ကို မြင်နေခဲ့သည်။

"မင်းတို့တွေ... မြွေကြီးကို မဖမ်းနိုင်တောင်... သေချာပေါက် ဗီဒီယို ရိုက်လာရမယ်"

နီကယ်ယန်က ငြိမ်သက်နေသော ရေမျက်နှာပြင်ကို စိတ်အားထက်သန်စွာ ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။ သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုတ်ထားသည်။

သူ့နံဘေးက အိုင်ဇင်နဲ့ မိုက်ကယ်တို့ နှစ်ယောက်စလုံးကလည်း စိတ်လှုပ်ရှား နေခဲ့ကြ၏။

သူတို့ မှန်ကန်ကြောင်း သက်သေပြနိုင်ဖို့ အရာအားလုံးက ဟွမ်ဂူး ပေါ်မှာ မူတည်နေသည်။

...

ရေငုပ်သင်္ဘောအတွင်းတွင် ဟွမ်ဂူး ယာဉ်မှူးခန်းတွင် ထိုင်နေသည်။

ဒက်ရှ်ဘုတ်ရှေ့တွင် လူသုံးဦးထိုင်၍ ရေငုပ်သင်္ဘောကို ထိန်းချုပ်ထားစဥ် ဟွေဂူးနှင့် လူငယ်တစ်ဦးတို့က အပြင်ဘက်ရှိ မြင်ကွင်းကို ဂရုတစိုက် ကြည့်နေခဲ့သည်။

"ခေါင်းဆောင်..."

ဟွမ်ဂူး ဘေးတွင်ထိုင်နေသော ရွှေရောင်ဆံပင်နှင့် လူငယ်လေးသည် မှန်ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်ပြီ ထူးဆန်းသောအပြုံးဖြင့် ပြောလိုက်သည်။

"ဒီရေကန်ထဲမှာ တကယ်ကြီး ဧရာမစပါးအုံးမြွေကြီး ရှိတယ်လို့ မင်းထင်လား"

မီတာ (၅၀) ခန့် ရောက်လာပြီ ဖြစ်သော်လည်း ငါးကြီး တစ်ကောင်တစ်လေမှ မမြင်တွေ့ရသည်ကို ကြည့်ခြင်းအားဖြင့် ဤကန်တွင် သဘာဝအရင်းအမြစ်များ ချို့တဲ့မှန်း သိသာပေသည်။ ဤရေကန်သည် ၎င်းတို့ဆိုသည့် ဧရာမစပါးအုံးမြွေကြီး၏ နေ့စဉ်အစားအသောက် ကိုပင် ထောက်ပံ့ပေးရန် သားကောင် လုံလုံလောက်လောက် မရှိချေ။

"သူတို့ဆိုတဲ့... ဧရာမစပါးအုံးမြွေကြီး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါတို့သည် ရည်ရွယ်ချက်က... သူတို့ စိတ်တိုင်းကျ ရှာဖွေပေးဖို့ပဲ.."

ဟွမ်ဂူး၏ အသံထွက်လာပြီးနောက်၊ ရေယာဉ်ခန်း အတွင်းရှိ လူအားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပေသည်။

ဤရေကန်ထဲတွင် ဧရာမမြွေကြီးသာ တကယ်ရှိနေလျှင် ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပေ၏။

၎င်းကိုသာ ရှာတွ့မည်ဆိုပါက “ရေနက်ပြာ” ဆိုသော နာမည်သည် လူအများကြားထဲ ရောက်သွားကာ ကျော်ကြားလာလိမ့်မည်။ ထိုသည်က သူတို့၏ ရည်ရွယ်ချက် အစစ်ဖြစ်၏။

အဆိုပါ ရေငုပ်သင်္ဘောသည် ရေအောက် ပိုမိုနက်ရှိုင်းစွာ ငုတ်လျို့သွားနေခဲ့သည်။ ပတ်ဝန်းကျင်သည် ပိုမို မှောင်လာ၏။

ရေယာဉ်မှူးခန်းအတွင်းမှ လူတစ်ဦးသည် (၇) မီတာ (၈) မီတာအကွာအဝေး အထိ လင်းထိန်စေနိုင်သော အပြင်မီးများကို ဖွင့်လိုက်သည်။

“ဆက်ငုတ်နေတာ ရပ်လိုက်တော့.....! ဒီကနေ ရှေ့ကို ဆက်သွားကြရအောင်”

ဟွမ်ဂူး ၏ ညွှန်ကြားချက်အရ ရေငုပ်သင်္ဘောသည် ရှေ့သို့ ရွေ့လျားလာသည်။ သူတို့သည် အလွန်နှေးကွေးစွာ ရွေ့လျားနေပေ၏။

ဤရေအောက်မှာ ဧရာမစပါးအုံးမြွေကြီး ရှိမည်ဟု တချို့က မယုံကြည်ကြပေ။

သို့သော် နီကယ်ယန်၏ လေးနက်သော အကြည့်နှင့် သတိပေးချက်များကြောင့် လေထုမှ ဖိနိုပ်ခံရသလို ဖြစ်နေသည်။

ထို့ကြောင့် လူငါးဦးသည် အထူးသတိထားကာ ရုတ်တရက် တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အဆင်သင့်ပြင်ထားကြ၏။

(၃) ကီလိုမီတာကနေ (၄) ကီလိုမီတာ အကွာအဝေးကို ရောက်လာခဲ့၏ ဘာမှ ရှာမတွေ့သေးပေ။

လူငါးဦး၏ သတိများ လျော့ကျစ ပြုလာချိန်တွင် အနက်ရောင်အရိပ်ကြီးတစ်ခုက သူတို့ရှေ့တွင် ပေါ်လာသည်။

"အရှိန်လျှော့၊ အသင့်ပြင်!"

ဟွမ်ဂူးက ရေငုပ်သင်္ဘောကို မောင်းနှင်နေသော လူငယ်ကို အော်ဟစ် အမိန့်ပေးလိုက်ပြီး သူ့မျက်လုံးတွေက သူ့ရှေ့က အရိပ်ကို စိုက်ကြည့်နေပေသည်။

ရေယာဉ်မှူးအခန်းရှိ အခြားလူများကလည်း ကြီးမားသော အနက်ရောင်အရိပ်ကြီးကို မြင်ပြီးနောက် အလွန် တုန်လှုပ်သွားကြသည်။

ရေငုပ်သင်္ဘော၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးသွားသော်လည်း ထိုအနက်ရောင်အရိပ်ကြီးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားနေဆဲ ဖြစ်သည်။

ရေယာဉ်မှူးအခန်းရှိ လူများသည် ရေငုပ်သင်္ဘောအပြင်ဘက်မှ အလွန်မြင့်မားသော ဗို့အားလျှပ်စစ်ဓာတ်အား အချိန်မရွေး အသုံးပြုနိုင်ပြီး တိုက်ခိုက်မှုနိုင်ရန် အသင့်ပြင်လိုက်ကြပြီး မည့်သည့် အန္တရာယ်ကို မဆို ရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။

တဖြည်းဖြည်းနှင့် သူတို့သည် အနက်ရောင်အရိပ်ကြီးနှင့် နီးကပ်လာကြသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အနက်ရောင်အရိပ်ကြီး၏ အသွင်အပြင်သည် နောက်ဆုံးတွင် ဟွမ်ဂူး နှင့် အခြားသူများ၏ မျက်လုံးများရှေ့တွင် အပြည့်အဝ ပေါ်လာခဲ့သည်။

သို့သော်လည်း အရိပ်မည်းကြီး၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်နှာသည် တင်မာခတ်ထန်သွား၏။ လှည့်စားခံရပြီ ဟူသော အသိသည် ၎င်းတို့ကို မချိမခံသာ ဖြစ်သွားစေခဲ့သည်။

အရိပ်မည်းကြီး၏ ပိုင်ရှင်သည် ၎င်းတို့ပြောသည့် ဧရာမစပါးအုံးမြွေကြီး မဟုတ်ပေ။ ၎င်းသည် ဧရာမပိုးကောင်းကြီးသာ ဖြစ်နေ၏။ ထို့အပြင် ၎င်းသည် ရုပ်ထုကြီး ဖြစ်သည်။

ထိုဧရာမပိုးကောင်ကြီး၏ ကိုယ်ပေါ်တွင် ရေညှိအချို့ကပ်ညှိနေပြီ လွင့်မျောနေသော ဖုန်မှုန့်များစွာက ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေပေသည်။ ထိုအရာများသည် လျှို့ဝှက်ဆန်းကြယ်သည် ဟူသော ခံစားမှုကို ဖြစ်စေသည်။

"ဒါက နီကယ်ယန်၊ ရေကန်ရဲ့ အောက်ခြေမှာ ထား၊ ထားတဲ့ မကောင်းဆိုးဝါးအတုပဲ.... ဖြစ်ရမယ်.."

ဟွမ်ဂူးက သူ့ရှေ့က ပိုးကောင်ကြီးကို ကြည့်ပြီး ခေါင်းယမ်းလိုက်လေသည်။ သူက လှည့်ပြီး သူ၏ အဖွဲ့ဝင်တွေကို ပြောလိုက်သည်။

"ကြည့်ရတာ... ငါတို့တွေ အရူးဖြစ်သွားပုံ... ရတယ်... "

ရေယာဉ်မှူးခန်းရှိ အခြားလေးယောက်ကလည်း ပြုံးပြီး ခေါင်းယမ်းသည်။ သူတို့သည် ထိုဧရာမပိုးကောင်ကြီး ရုပ်ထုကြီးကို စူးစူးဝါးဝါး စိုက်ကြည့်ရုံမှ တစ်ပါး မတတ်နိုင်ပေ။

“တကယ်လို့ သူတို့သာ... ဧရာမစပါးအုံးမြွေကြီး အကြောင်း... သတင်းအတုတွေ မဖန်တီးခဲ့ရင်.... ဒါက သူတို့ရဲ့ အလွန်အောင်မြင်တဲ့ စျေးကွက်ရှာဖွေရေးဗျူဟာတစ်ခု ဖြစ်လာမှာ.... ”

ဟွမ်ဂူးက သူ့အသက်ရှုသံအောက်မှာ ရေရွတ်လိုက်လေသည်။

အကယ်၍ ၎င်းတို့သည် ရေအောက်ရှိ သတ္တဝါများကို ရှာဖွေခြင်းအပေါ် အခြေခံ၍ ရေငုပ်ခြင်းဝန်ဆောင်မှုကို စတင်ခဲ့ပါလျှင်..... ခရီးသွားများကို လာရောက်ရန် ၎င်းသည် သေချာပေါက် ဆွဲဆောင်နိုင်ပေမည်။

သို့သော် မိုက်မဲသည့် ထိုလူများက ဤရေကန် ထဲတွင် ဧရာမစပါးအုံးမြွေကြီး တစ်ကောင် ရှိနေတယ်လို့ အခိုင်အမာ ပြောနေကြဆဲပင်။

သို့မဟုတ် ကြီးမားသော ဆူညံမှုများ ထွက်ပေါ်စေပြီး ၎င်းတို့၏ ပန်းခြံကို လူအများ အာရုံစိုက်စေလိုသော ကြောင့်လည်း ဖြစ်နိုင်သည်။

ထိုအရာများသည် သူတို့နှင့် မသက်ဆိုင်ပေ။ ၎င်းသည် နီကယ်ယန်နှင့် သူ့ပန်းခြံက ဖြေရှင်းရမည့် ပြဿနာသာ ဖြစ်၏။

သူတို့က အပြင်လူ သက်သက်ပင်။

ရေငုပ်သင်္ဘောသည် ထိုနေရာတွင် ဆက်မနေဘဲ ရှေ့သို့ ဆက်သွားခဲ့သည်။

မကြာမီတွင် ရေငုပ်သင်္ဘောက ရပ်သွားပြန်၏။

.....

All Chapters