← Chapters

သင်္ဘောငယ်

Vol. 9 Ch. 122

သင်္ဘောငယ်

Vol. 9 Ch. 122

မြစ်ရိုးတစ်လျှောက် သွားနေစဥ် အစပိုင်းတွင် ခရီးသွားလှေများစွာကို မြင်တွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် မည်သည့် လှေမျှ မတွေ့ခဲ့ရတော့ပေ။

ပင်လယ်နဲ့ ပိုနီးလာပြီမှန်း သူခံစားမိနေသည်။ တစ်ခါတစ်ရံ တိုက်ခတ်လာသော လေညှင်းတွင် ဆားရနံ့များ ပါဝင်နေသလိုပင်။

ဤသည်မှာ ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေသာ ဖြစ်ရမည်။

ဖန့်ရန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ယခုဆို သူသည် ပင်လယ်အတွင်းရှိ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ပြီ ဖြစ်သည်။

အရေးကြီးဆုံးမှာ ကျယ်ပြန့်သည့် ပင်လယ်ပြင်တွင် မည်သူ လူသားမှ သူ့ကို ရှာဖွေနိုင်မှာ မဟုတ်ချေ။

နက်ရှိုင်းသော ပင်လယ်ပြင်သည် သူ၏ အကောင်းဆုံး ခိုလှုံရာ နေရာ ဖြစ်လာလိမ့်မည်။

ဤကမ္ဘာ့၏ လူသားနည်းပညာသည် အလွန်မြင့်မားခြင်းမရှိကြောင်း သူသိခဲ့ရပေသည်။ ၎င်းတို့သည် ယခုအချိန်ထိတိုင် ပင်လယ်ပြင်၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှ စူးစမ်းလေ့လာ နိုင်ခဲ့ကြသေးသည်။

ထိုအတွက် အကြောင်းရင်း တစ်ခုသာ ရှိသည်။ ပင်လယ်ပြင်သည် နက်ရှိုင်းလွန်းပြီ လျို့ဝှက်ဆန်းကျယ်လွန်း၏။

သူ၏ ယခင်ကမ္ဘာ ကဲ့သို့ ဤကမ္ဘာ၏ အကောင်းဆုံးရေငုပ်သင်္ဘောသည် အနက် (၁၁) ကီလိုမီတာသာရောက်ရှိနိုင်သေး၏။ ထို့အပြင် ၎င်းနေရာတွင် အချိန်တိုအတွင်းသာ နေနိုင်သည်။

ယခုဆို သူသည် ဒဏ္ဍာရီလာ ဧရာမမြွေ ဖြစ်လာပြီး ဖြစ်သောကြောင့် ကြီးမားသော ရေထုဖိအား၏ သက်ရောက်ခြင်း မခံရတော့ဘဲ အနက် (၁ဝ) ကီလိုမီတာသို့ အလွယ်တကူ ငုတ်လျို့နိုင်ပေ၏။

ပင်လယ်ပြင်သို့ ရောက်သည်နှင့် လူသားတွေကို စိတ်ပူစရာ မလိုတော့သလို အရင်းအမြစ် အတွက်လည်း စိုးရိမ်စရာ မလိုတော့ပေ။ သက်ရှိပေါ်များသည့် ပင်လယ်ပြင်သည် သူ၏ အလွန်လျင်မြန်သော ကြီးထွားမှုကို အထောက်အကူ ဖြစ်စေသည်။

တစ်နေ့မှာ လူသားတွေက သူ့ကို မခြိမ်းခြောက်နိုင်တော့သည့် နေ့ ရောက်လိမ့်မည်။

ထိုအချိန်တွင် သူသည် မည်သည့်အရာကိုမှ စိတ်ပူစရာ မလိုဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမည်။

သူသည် လူသား လှေတစ်စင်းကို တွေ့သည်နှင့် ပေါ်လာပြီး ခြောက်လှန့်မည်။ ထိုအခါ သူတို့၏ တုံ့ပြန်မှုက ရယ်စရာ ကောင်းနေမှာ သေချာသည်။

ပင်လယ်ပြင်ကို လေ့လာရေးခရီး ထွက်လာသော လူတွေအား ၎င်းတို့၏ လှေအနီး ကူးခတ်ရင်း သူ၏ ကြီးကျယ်ခမ်းနားသော ခွန်အားကို ပြသမည်။

တစ်နေ့တွင် တစ်ကမ္ဘာလုံးမှာ သူ၏ ဒဏ္ဍာရီများနှင့် ပြည့်နှက်နေလိမ့်မည်။ မရေမတွက်နိုင်သောလူများက သူ့အကြောင်း ရုပ်ရှင်များ ရိုက်ကူးဖန်တီးကြလိမ့်မည်။

မာနကြီးသော သူသည် သူ့ကို တိုက်ခိုက်ဝံ့တဲ့သူရှိလာလျှင် ထိုသူ၏ လုပ်ရပ်ကို နောင်တရစေမည်။

သူ၏ ဒဏ္ဍာရီမျိုးစုံနှင့် ပုံပြင်များကို ပျံ့နှံ့သွားပြီနောက်၊ ပင်လယ်ပြင်တွင် အလုပ်လုပ်သော လူတိုင်း၏ စိတ်ထဲတွင် သူ၏ ပုံရိပ်က စွဲထင်နေလိမ့်မည်။

“ဟား... ဟား.... ဟား…”

ဖန့်ရန်က စိတ်ကူးယဉ် တွေးတောနေမှုမှ ရုန်းထွက်ကာ သူ၏ စိတ်နှလုံးထဲ ဆိုးဆိုးရွားရွား ရယ်မောလိုက်မိသည်။

အတွေ့အကြုံများလာသည်နှင့် အမျှ သူ၏ စိတ်နေသဘောထားသည် များစွာ ပြောင်းလဲသွားကာ ထူးဆန်းသော ဝါသနာအချို့ ရှိလာသည်က အမှန်ပင်။

"စနစ်အမှတ်က တစ်သောင်ကျော်ပဲ ရှိသေးတယ်။ နောက်ထက် ဆင့်ကဲဖြစ်စဥ် စတင်နိုင်ဖို့ အဝေးကြီး လိုသေးတာပါလား..."

ဖန့်ရန် သူ၏ စိတ်အတွင်းက စနစ်ဖန်သားပြင်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်။

နျူကလီးယား လက်နက်များ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော အချိန်သည်။ ဤကမ္ဘာရှေ့မှောက်မှာ သူ တရားဝင် ပေါ်လာမည့် ရမည့် နေ့ ဖြစ်သည်။

ထိုအဆင့်သို့မရောက်မီ သူသွားရမည့်လမ်းမှာ ရှည်လျားလွန်းလှ၏။ ယခုအချိန်မှာတော့ သူသည် ပုန်းလျို့ပုန်းကွယ်နှင့်သာ နေနိုင်သည်။

ရုတ်တရက် စကားပြောသံ ယောင်ဝါးဝါး အချို့ကို ဖန့်ရန် ကြားလိုက်ရသည်။

ဤသည်က လွန်ခဲ့သော နှစ်ရက်လုံးလုံး မည်သူ့ကိုမျှ မမြင်မတွေ့ခဲ့ရသည့် ဖန့်ရန်ကို အနည်းငယ် အံ့သြသင့် သွားစေသည်။

ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်မှ ခေါင်းထုတ်၍ အသံကြားရာ နေရာဆီကို လှမ်းကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် ရပ်ထားသည့် သင်္ဘောငယ် တစ်စင်းကို သူတွေ့လိုက်သည်။

ယင်းသည် ငါးဖမ်းသင်္ဘောနှင့် တူပေ၏။ ၎င်းတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးဆံ့သော အခန်းတစ်ခန်းပါရှိသည်။ ၎င်း၏ ကိုယ်ထည်ကို အဖြူရောင်ဆေးများ ခြယ်သထားသော်လည်း တချို့နေရာများတွင် ဆေးများ ကွာကျနေပေသည်။ ထိုအရာများသည် ယင်းသင်္ဘော၏ သက်တမ်းအား ပြောပြနေသလိုပင်။

သင်္ဘောပေါ်၌ လူနှစ်ဦးသည် ကင်မရာကို တစ်ယောက် တစ်လှည့်ဆီ ကိုင်လျက် ရှိ၏။ အချင်းချင်း ဓာတ်ပုံရိုက်ပေး နေသည့်ဟန်ပင်။

၎င်းတို့၏ ပေါ့ပေါ့ပါးပါး အပြုအမှုများကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် ခရီးသွားများ မဟုတ်ဘဲ ဒေသခံများသာ ဖြစ်ရမည်ဟု ပထမအကြည့် တစ်ချက်မှာပင် ဖန့်ရန် တန်းသိလိုက်၏။

၎င်းတို့သည် နှစ်ယောက်လုံး ငါးမျှားတံတွေ ကိုင်ထားထားသည်ကိုလည်း သူသတိထားမိသည်။ ကြည့်ရတာ ငါးမျှားနေပုံ ပေါ်သည်။

ဘယ်ဘက်အခြမ်းမှ မုတ်ဆိတ်မွေးနှင့် လူသည်၊ အနက်ရောင် အင်္ကျီဝတ်ထားသော သူ၏ အဖော်နှင့် အဆက်မပြတ် စကားပြောနေလေသည်။

စနစ်၏ ဘာသာပြန်ခြင်းမှ တစ်ဆင့် ဤလူနှစ်ယောက်ပြောနေသည့် အရာကို သူနားလည်ခဲ့ပေသည်။

ထိုလူတွေ ပြောနေသော စကားများသည်။ အမျိုးသမီးများ၏ အကြိုက်ဆုံးနေရာ၊ ရင်ဘတ်၊ ပေါင် စသဖြင့် ညစ်ညမ်းသည့် အကြောင်းတွေသာ ဖြစ်၏။

အထူးသဖြင့် မုတ်ဆိတ်မွေးနှင့် လူက မနေ့ညက သူအိပ်ခဲ့သည့် ကောင်မလေးအကြောင်း ကြွားလုံးထုတ်နေခြင်း ဖြစ်သည်။

ဖန့်ရန်သည် နားထောင်ရတာ ငြီးငွေ့လာ၏။ သူသည် ခေါင်းယမ်းလိုက်ကာ ရေအောက်သို့ ပြန်ငုတ်သွားခဲ့သည်။

သူ့တွင် ထိုလူများ၏ ညစ်ညမ်းသော စကားများကို နားထောင်ရန် အချိန်မရှိပေ။

များမကြာမီ သူသည် ထိုလူများ၏ သင်္ဘောငယ်အောက် ရောက်သွားသည်။ ငါးအချို့သည် ဖန့်ရန်၏ ရောက်ရှိလာမှုကြောင့် ကြောက်လန့်သွားကြသည်။

ဗွက်..!

ငါးတစ်ကောင်သည် ထိတ်လန့်စွာ ခုန်လိုက်မှုကြောင့် ရေထဲမှ ခုန်လိုက်သလို ဖြစ်သွားပြီ ဆူညံသံတချို့ ထွက်ပေါ်လာခဲ့သည်။

ထိုအသံတွေက လူနှစ်ဦး၏ အာရုံကို စွဲဆောင်သွားသည်။

"ဟေး..... ဟိုမှာကြည့်စမ်း"

အနက်ရောင် အင်္ကျီဝတ်ထားသော လူက မုတ်ဆိတ်မွေးနှင့် လူကို လှမ်းအော်သည်။

"ငါးကြီးတစ်ကောင်ပဲ.... တောက်!... ထွက်ပြေးသွားပြီ။ ချီး.... ရင်နာလိုက်တာကွာ.... ဖမ်းမိလိုက်ရမှာ.."

မုတ်ဆိတ်မွေးနှင့် လူက ထိုငါးကြီး ခုန်လိုက်သည့် နေရာကို လှမ်းကြည့်သည်။ သူတို့၏ ငါးမျှားချိတ်က ငါးစာက ၎င်း၏ ဖမ်းယူနိုင်သင့်၏။ သို့သော် ၎င်းငါးသည် တစ်ခုခုကြောင့် ကြောက်လန့်သွားခဲ့သည်။

ထိုငါး အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးရသည့် အကြောင်းရင်းမှာ သူတို့သင်္ဘော အရိပ် ရောင်ပြန်ဟပ်မှုကြောင့် ဖြစ်နိုင်သည်ဟု နှစ်ဦးစလုံး ခန့်မှန်းခဲ့ကြသည်။

ထိုသည်က မဆန်းပါချေ။ ဤကဲ့သို့ အရင်ကလည်း အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူး၏။

သူတို့ မသိခဲ့သည်မှာ သူတို့ သင်္ဘောအောက်က မီတာ (၃ဝ) အရှည် ရှိသည့် ဧရာမမြွေကြီး တစ်ကောင် ဖြည်းညှင်းစွာ ဖြတ်သွားခဲ့ခြင်း ဖြစ်ပေသည်။

ထိုဧရာမမြွေကြီးဆီက အမှတ်မထင် ထွက်လာသော လှိုင်းငယ်လေးသည်ပင် ၎င်းတို့၏ သင်္ဘောငယ်လေးကို မှောက်လှန်ရန် လုံလောက်ပေသည်။

အကယ်၍ ဒရုန်းတစ်စီးသည် ထိုသင်္ဘောငယ်လေး၏ အထက်တွင် ရှိနေပြီး ဓာတ်ပုံရိုက်လိုက်မည် ဆိုပါက ရလဒ်တစ်ခုသာ ထွက်ပေါ်လာမည် ဖြစ်သည်။

ကျယ်ပြန့်သော ရေမျက်နှာပြင်ပေါ်တွင် လှိုင်းငယ်လေးများက ထနေပြီ သင်္ဘောငယ် တစ်စင်း ရှိနေသည်။

ထိုသင်္ဘောငယ်၏ အထက်တွင် လူနှစ်ယောက်က မတ်တပ်ရပ်နေသည်။ ၎င်းတို့၏ သင်္ဘောငယ်အောက်တွင်မှု ရှည်လျားပြီး ကြီးမားသော အနက်ရောင် အရိပ်တစ်ခု ရှိနေသည်။ ၎င်းသည် သင်္ဘောငယ်ထက် အလုံးအထည် သေးသည်ဟု ဆိုနိုင်သော်လည်း အရှည်က သင်္ဘောငယ်ထက် မီတာများစွာ ပိုပေ၏။

အကယ်၍ သင်္ဘောငယ်ပေါ်ရှိ လူနှစ်ဦးသည် မီတာ (၃ဝ) ရှည်လျားသော ဧရာမစပါးအုံးမြွေကြီးသည် ၎င်းတို့ သင်္ဘောငယ်အောက်မှ ဖြတ်သွားမှန်း သိခဲ့လျှင် ကြောက်လန့်သွားမည်လား..... စိတ်သက်သာရာရသွားမည်လား....

.....

All Chapters