← Chapters

ခရီးစဥ်သစ်

Vol. 9 Ch. 123

ခရီးစဥ်သစ်

Vol. 9 Ch. 123

ရက်အတော်ကြာ သွားပြီးနောက် ဖန့်ရန် ရုတ်တရက် ရပ်လိုက်သည်။ သူသည် ရေအောက်မှ ခေါင်းထုတ်လိုက်ပြီး ရှေ့တည့်တည့်ကို ကြည့်လိုက်၏။

မဝေးတော့သော နေရာတွင် မြစ်သည် အဆုံးမရှိဟု ထင်မှားလောက်သည့် အပြာရောင် ပင်လယ်ပြင်နှင့် ပေါင်းစည်းနေပေ၏။

ပင်လယ်ပြင်...

နောက်ဆုံးတော့ ပင်လယ်ပြင်သို့ ရောက်လာပြီ ဖြစ်၏။

အဆုံးမဲ့မရှိဟု ထင်မှားလောက်သည့် ပင်လယ်ပြင်ကြီးကို အံ့သြစွာကြည့်နေရာမှ ဖန့်ရန်သည် ၎င်းတို့ ပေါင်းစည်းရာ ကမ်းနံဘေးသို့ လှည့်ကြည့်လိုက်၏။

၎င်းကမ်း နှစ်ဖက်စလုံး၌ သစ်တောတစ်ခုစီ ရှိပေသည်။ ၎င်းတွင် သစ်ပင်အများအပြားရှိကာ ၎င်းသစ်ပင်တွေသည် အနံတို၍ ထူပေသည်။

ပင်လယ်ပြင်နှင့် ဆက်စက်နေသည့် ပေါင်းစုံရာ နေရာအကျယ်သည် (၄) ကီလိုမီတာမှ (၅) ကီလိုမီတာခန့်ရှိပြီး ရေစီးနှုန်း အလွန်နှေးကွေးလေသည်။

အထက်မှကြည့်လျှင် မြစ်သည် အရှေ့မှ အနောက်သို့ ဖြည်းညှင်းစွာ စီးဆင်းနေပြီး ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် နေရာတွင် တံပိုးပုံသဏ္ဍာန် ဖြစ်ပေါ်နေ၏။

ဖန့်ရန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံးတော့ သူပင်လယ်ပြင်သို့ ရောက်လေပြီ။

"ရေငန်နဲ့ ထိတွေ့ချိန် ငါ့... ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သိချင်လိုက်တာ..."

ထိုသို့ တွေးတောပြီ ဖန့်ရန်သည် ပင်လယ်ပြင် ဆီသို့ အမြန်ဦးတည် ကူးခတ်သွားလိုက်၏။

အကယ်၍ ရဟတ်ယာဉ် တစ်စင်းသည်သာ ဤနေရာမှ ဖြတ်သွားခဲ့လျှင် မီတာ (၃ဝ) ရှည်လျားသော အရိပ်တစ်ခု ပင်လယ်ပြင်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ဤမြင်ကွင်းသာ လူမှုကွန်ရက်သို့ ပျံ့နှံ့သွားခဲ့မည် ဆိုပါက ၎င်းသည် လူအများကို ရူးသွပ်သွားစေမည်မှာ သေချာပေသည်။

ဖန့်ရန်သည် ပင်လယ်ထဲသို့ ရွေ့လျားသွားပြီနောက်.. ရပ်တန့်လိုက်၏။

သူသည် အချိန်အနည်းငယ်မျှ မလှုပ်ရှားဘဲ သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို အာရုံစိုက်နေခဲ့သည်။

ပထမ စစချင်း အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း ထိုခံစားချက်သည် မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွား၏။

"သေချာတယ်။ အခု ငါက ဧရာမမြွေဖြစ်လာပြီး.. ဆိုတော့ ဒီပင်လယ်ထဲမှာ အသက်ရှင်ဖို့ ပြဿနာမဟုတ်တော့ဘူး.."

ဖန့်ရန်သည် သူ့ခန္ဓာကိုယ်တွင် ပြဿနာမရှိကြောင်း သေချာစေပြီနောက် ပင်လယ်ထဲတွင် စတင် လှည့်ပတ်သွားလာခဲ့၏။

ပင်လယ်ထဲတွင် သက်ရှိများစွာရှိပြီး အများစုကို သူ၏ သားကောင်အဖြစ် အသုံးပြုနိုင်သည်။

တူနာငါး၊ ဆယ်လ်မွန်ငါးနှင့် ရေငန်မိကျောင်းများသည် အမဲလိုက်ရန် အလွန် လွယ်ကူ၏။ ထို့အပြင် ငါးမန်းနှင့် ဝေလငါးကဲ့သို့သော ကြီးမားသော သတ္တဝါများကိုလည်း အရသာ အပြောင်းအလဲအဖြစ် အသုံးပြုနိုင်သည်။

ပြည်ကြီး ငါးကြီး၊ ရေဘဝဲနှင့် လိပ်.. စသည့် အမျိုးမျိုးအဖုံဖုံသော ပင်လယ် သတ္တဝါများကို စားသုံးနိုင်ပေ၏။

ဖန့်ရန် ရေထဲက ခေါင်းကို ထုတ်လိုက်ပြီး မလှမ်းမကမ်းက ကမ်းစပ်တစ်နေရာသို့ လှမ်းကြည့်သည်။

ထိုနေရာ၌ နေရောင်လှုံနေသည့် မိကျောင်းအုပ်စု တစ်စု ရှိနေပေသည်။ မိကျောင်းများသည် ၎င်းတို့၏ ပါးစပ်ကို ဖွင့်ဟထားလေ၏။ ရံဖန်ရံခါတွင် ငှက်တစ်ကောင်သည် ၎င်းတို့၏ ပါးစပ်ပေါ်သို့ ဆင်းသက်ကာ အဝေးကို ပျံသန်းမသွားမီ ခဏလောက် အနားယူခြင်းကို မြင်တွေ့ရပေမည်။

ဤသည်မှာ ရေငံမိကျောင်းများ ဖြစ်ပေ၏။

ရေငန်မိကျောင်းသည် အများအားဖြင့် ကမ်းရိုးတန်းဒေသ သို့မဟုတ် စိမ့်ရေကန်များတွင် နေထိုင်ကြပြီး တစ်ခါတစ်ရံ တွင်တော့ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌ မြင်တွေ့နိုင်ပေသည်။

၎င်းတို့သည် သူ၏ ယခင်ကမ္ဘာတွင်မှု.. အကြီးဆုံးမားဆုံး တွားသွားသတ္တဝါအဖြစ် လူသိများပေသည်။

၎င်းကမ်းရိုးတန်းတွင် မိကျောင်းအကောင်ရေ အနည်းဆုံး နှစ်ရာကျော် ရှိပေသည်။

ဤရေငန်မိကျောင်းများ၏ ထက်ဝက်နီးပါးသည် အရှည် (၄) မီတာခန့်ရှိသော ခန္တာကိုယ် ပိုင်ဆိုင်ထားပေသည်။ စနစ်၏ အသိပေးချက်အရ၊ ထိုသို့ မိကျောင်းတစ်ကောင်မှ စနစ်အမှတ် (၃၀၀၀) ရရှိနိုင်ပေ၏။

သူသာ ဤမိကျောင်းတွေ အားလုံးကို မျိုချလိုက်နိုင်မည် ဆိုလျှင် ကြီးမားသော စနစ်အမှတ် ပမာဏကို ရရှိနိုင်ပေမည်။

သေချာသည်ကတော့ ဤရေငန်မိကျောင်းတွေသည် မိုက်မဲစွာ အသေခံမည် မဟုတ်ဘဲ ထွက်ပြေးကြပေမည်။ သို့သော်လည်း အမဲလိုက် ကျွမ်းကျင်မှုနှင့်ဆို မိကျောင်း အများအပြားကို ဖမ်းမိနိုင်သေး၏။

လိုရင်းတိုရှင်း ပြောရလျှင် ဤမိကျောင်းတွေကို အမဲလိုက်ခြင်းက စနစ်မှတ် ပမာဏ အများကြီး ရရှိစေလိမ့်မည်။

ဖန့်ရန်သည် ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် လဲလျောင်းနေသော မြောက်မြားစွာသော မိကျောင်းတွေကို ကြည့်ရင်း သူ၏ ပါးစပ်ကိုဖွင့်ဟ လိုက်၏။ ချွန်ထက်တောက်ပသော သွားစွယ်များက ပေါ်လာခဲ့သည်။

သူ၏ မျက်လုံးများက ထိုမိကျောင်းများကို လှည့်ပတ်ကာ ပစ်မှတ်ကို ရှာဖွေနေသည်။

စတင်ရန် အကောင်းဆုံးမှာ အကြီးဆုံး မိကျောင်း ဖြစ်၏။

မကြာခင်မှာ ဖန့်ရန်သည် သူလိုချင်သည့် ပစ်မှတ်ကို ရှာတွေ့လိုက်သည်။

၎င်းသည် ယူကန်ဒါ မြက်ခင်းပြင်ဒေသ၌ တွေ့ခဲ့ရသည့် မိကျောင်းအုပ်စု ခေါင်းဆောင် ကဲ့သို့ အရှည် (၇) မီတာရှိသည့် မိကျောင်းတစ်ကောင် ဖြစ်၏။

၎င်းမိကျောင်းတွင် ထူထဲပြီး အားကောင်းသော ခြေတို၊ လက်တိုတွေ ရှိပေသည်။

ထိုမိကျောင်း၏ အဆင့်အတန်းသည် မြင့်မယးသည်ဟု ဆိုရမည် ၎င်းသည် ဧရိယာတစ်ခုကို သိမ်းပိုက်ထား ပေ၏။

၎င်းသည် ကျောက်တုံးကြီးပေါ်တွင် နေပူစာ လှုံလျက် ရှိနေ၏။

ဖန့်ရန်က ထိုမိကျောင်းကြီးကို သေချာစိုက် ကြည့်လိုက်သည်နှင့် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ပစ်မှတ် - ရေငန်မိကျောင်း၊ တွားသွားသတ္တဝါ၊ စနစ်အမှတ် ၅၀၀၀ မှတ်ကို ရရှိနိုင်သည်]

ဖန့်ရန် အတွက်တော့.. အရှည် (၄) မီတာရှိသည့် မိကျောင်းနှင့် အရှည် (၇) ရှိသည့် မိကျောင်းက ဘာမှ မကွာပါချေ။ တစ်ခုတည်းသော ခြားနားချက်မှာ စနစ်မှတ်သာ ဖြစ်ပေ၏။

ဖန့်ရန်သည် မျက်လုံးများသာ ဖော်၍။ တဖြည်းဖြည်း ချည်းကပ်သွားသည်။

ကမ်းသို့ရောက်သောအခါတွင် သူ၏ ကြီးမားသောခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်၏။ ထိုသည်က မိကျောင်းအုပ်ကို ဖရိုဖရဲ ဖြစ်သွားစေသည်။

ဤရေငန် မိကျောင်းအုပ်စုသည် ဤဒေသကို ပိုင်စိုးသူများ ဖြစ်သော်လည်း ဖန့်ရန်နှင့် ရင်ဆိုင်ရသောအခါတွင်တော့ ၎င်းတို့သည် အားနည်းလွန်းသည့် ကလေးများ ပမာဏ ဖြစ်နေသည်။

အရှည် (၇) မီတာရှည်သည့် ရေငန်မိကျောင်းသည် သူ၏ အသက်အတွက် ပင်လယ်ထဲ ဦးတည် ထွက်ပြေးပေ၏။

သို့သော်လည်း ရလဒ်က တစ်ခုတည်းသာ ဖြစ်၏။

ဖန့်ရန်သည် ထိုအကြီးဆုံးမိကျောင်းကို သတ်ပြီးနောက် ... ထွက်ပြေးနေသော မိကျောင်းအများအပြားကို သတ်ဖြတ်ခဲ့သည်။

အစကတည်းက ပင်လယ် အနီးတွင်ရှိသော မိကျောင်းအများအပြားသာ လွတ်မြောက်နိုင်ခဲ့ပေ၏။ ဖန့်ရန်သည် ထိုမိကျောင်းများကို လိုက်ဖမ်းရန် စိတ်မ၀င်စားခဲ့ပေ။

ကမ်းရိုးတန်းတွင် မိကျောင်းကောင်ရေ ၁၀၀ နီးပါးသည် အသံမထွက်ဘဲ မြေကြီးပေါ်တွင် ခွေခွေချနေကြ၏။ ၎င်းတို့သည် အဆိပ်ဖြင့် သေဆုံးခြင်း သို့မဟုတ် အရိုးများ ကျိုးကျေခြင်း တို့ဖြင့် သေဆုံးခဲ့ကြပေ၏။

မြေပြင်ပေါ်ရှိ မိကျောင်းများကို ကြည့်ကာ ဖန့်ရန်သည် စားသောက် ပွဲကို စတင်ခဲ့သည်။ သူသည် မိကျောင်းကို တစ်ကောင်ပြီး တစ်ကောင် မျိုချပြီးနောက် သူ၏ အလွန်အဆိပ်ပြင်းသော အစာအိမ်အက်ဆစ်ဖြင့် ၎င်းတို့ကို ချေဖျက်ခဲ့သည်။

သူ့၏ လက်ရှိ အစာချေနိုင်စွမ်းက အလွန်ကြောက်စရာကောင်းသော အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။

“အမြန်အစာခြေခြင်း” ကို မြှင့်တင်ပြီးနောက်.... သူ၏ အစာချေနိုင်စွမ်းသည် ပိုမိုမြင့်မားသည့် အဆင့်သို့ တိုးလာခဲ့သည်။

မိကျောင်းတစ်ကောင်ကို မိနစ်ဝက်အတွင်း လုံးလုံးချေဖျက်နိုင်ပေ၏။

နှစ်နာရီနီးပါးကြာပြီးနောက် ကမ်းခြေတစ်ခုလုံး ပြည့်နှက်နေသော မိကျောင်းတစ်ကောင် အားလုံးသည် ဖန့်ရန်၏ အစာအိမ်အတွင်းသို့ ရောက်ရှိ သွားခဲ့သည်။

စနစ်ဖန်သားပြင် ပေါ်ရှိ စနစ်အမှတ် ပမာဏသည် (၁၅၂၄ဝဝ/ ၆ဝဝဝဝဝ) ဖြစ်လာ၏။ ဆိုလိုတာသည်မှာ ဤမိကျောင်းတွေမှ စနစ်အမှတ် (၁၄၀၀၀၀) ကျော် ရခဲ့ပေသည်။

"သွားရမယ့်လမ်းက ရှည်သေးတယ်.."

ဖော်ပြထားသော စနစ်အမှတ် ပမာဏကို စိုက်ကြည့်ရင်း ဖန့်ရန် ရှိုက်ကြီးတငင်ပြုံး ပြုံးလိုက်မိပေ၏။ ဤမျှ သတ်ဖြတ် စားသောက်ပြီးနောက်တွင်ပင် လိုအပ်သော စနစ်မှတ် ပမာဏ၏ လေးပုံတစ်ပုံမျှသာ ပြည့်ဝခဲ့ပေသည်။

“ငါးတွေ အများကြီးရှိတဲ့နေရာကို ရှာရမယ်”

ဖန့်ရန် စိတ်ထဲမှာ တွေးလိုက်မိသည်။

တူနာငါးကြီးများသည် အကောင်းဆုံး ဖြစ်၏။ တူနာငါးတစ်ကောင်စီသည် နှစ် မီတာမှ သုံး မီတာဝန်းကျင် ရှိပြီး ၎င်းတို့၏ ကြီးမားသောအရေအတွက်နှင့် ဆို များပြားသည့် စနစ်မှတ်ကို လျင်မြန်စွာ ရရှိနိုင်ပေ၏။

၎င်းသည် တူနာငါးကြီးများဆီမှသာ ရရှိနိုင်မည်တော့ မဟုတ်ပေ။ အခြားသော ငါးများဆီမှလည်း ရရှိနိုင်ပေသည်။

နေ့စဉ် ငါး ငါးရာ သို့မဟုတ် ခြောက်ရာကို စားသုံးနေသရွေ့ သူ၏ စနစ်အမှတ်သည် အလွန်လျင်မြန်သော နှုန်းဖြင့် တိုးပွားလာမည် ဖြစ်သည်။

ထို့အပြင် သူ၏ ခန့်မှန်းချက်အရ အရွယ်ရောက်ပြီး အရှည် (၁၅) မီတာခန့်ရှိသော ဝေလငါးတစ်ကောင်သည် စနစ်အမှတ် ပမာဏ ငါးထောင်မှ တစ်သောင်းအထိ ပေးစွမ်းနိုင်မည် ဖြစ်သည်။

သွားရှိသော ဝေလငါးဖြစ်လျှင် ပို၍ပင် ဖြစ်သင့်သည်။

တွေးတောရင်းနဲ့ ဖန့်ရန် ပိုပို စိတ်လှုပ်ရှားလာသည်။

သူသည် မြစ်ထဲတွင် နောက်ပြန်လှည့်ကာ ကံမကောင်းသည့် ရေငန်မိကျောင်း တစ်ဒါဇင်ကျော်ကို မျိုချကာ စနစ်အမှတ် (၂ဝဝဝဝ) ကျော် ရရှိပြီးနောက်....... သူသည် ဦးတည်ချက်တစ်ခုကို ကျပန်းရွေးချယ်ပြီး သူ၏ ခရီးစဥ်သစ်ကို စတင်ခဲ့ပေသည်။

.....

All Chapters