အံ့အားသင့်သွားသော ဟဲစီ
Vol. 9 Ch. 127
ဟဲစီ ငါးတစ်ကောင်ကဲ့သို့ ရေထဲတွင် လျင်မြန်စွာ ကူးခတ်နေ၏။ အမှန်အတိုင်း ဝန်ခံရလျှင် သူ့စိတ်ထဲမှာ အနည်းငယ်တော့ စိုးရိမ်နေသည်။
ယခင်က သူသည် ဤမျှနီးကပ်စွာ လျို့မြောင်းနားသို့ တစ်ခါမှ မလာဖူးပေ။
ယခုအချိန်တွင် သူသည် လျို့မြောင်းနှင့် မီတာ (၂၀၀) ခန့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနေရာ၏ ရေအနက်မှာ မီတာ (၁၅) ခန့်ရှိသောကြောင့် ယခင်ကဲ့သို့ ကြည်လင်ပြတ်သားစွာ မြင်ရခြင်းတော့ မရှိတော့ပေ။
မဝေးလှသော အရှေ့ဘက်တွင် လန်ဟူးက ရပ်တန့်နေသည်။ သူသည် လျို့မြောင်းနှင့် မီတာ (၁၀၀) အကွာအဝေးသို့ သွားရောက်ရန် သတ္တိမရှိကြောင်း မြင်သာပေ၏။
၎င်းအား သူ့ကိုလည်း အပြစ်မဆိုနိုင်ပေ။ လျို့မြောင်းအတွင်းပိုင်းရှိ ရေအောက်စီးကြောင်းများသည် လှုပ်ရှားနေပြီး အခန့်မသင့်ပါက သူတို့အနီးသို့ရောက်သွားစဉ် လျို့မြောင်းအတွင်းသို့ စုပ်ယူသွားခံရနိုင်ပြီး အသက်ဆုံးရှုံးသွားနိုင်လေသည်။
သို့သော် ဤဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပေ၏။
အကြီးအကဲများ၏ လမ်းညွှန်မှုနှင့် ကိုယ်တိုင်ကြုံတွေ့ဖူးသည့် အတွေ့အကြုံများအရ ရေအောက်စီးကြောင်းများ ပေါ်ထွက်လာချိန်ကို သိရှိထားကြပေသည်။
ရေအောက်စီးကြောင်း နောက်တစ်ကြိမ် ထွက်ပေါ်လာမည့်အချိန်မှာ အနည်းငယ် လိုအပ်ပေသေးသည်။ သို့သော် အနာဂတ်ဆိုသည်မှာ မည်သည့်အရာမဆို ဖြစ်လာနိုင်သည်။
ထိုကြောင့် ရေစီးကြောင်းများ ထွက်ပေါ်မလာနိုင်သေးတာကို သိထားသော်လည်း လျို့မြောင်းနှင့် အလွန်နီးကပ်စွာ မနေဝံ့ကြပေ။
ဟဲစီသည် မျက်လုံးများကို အတတ်နိုင်ဆုံး ပြူးထားပြီး လှပသောခရုခွံများ သို့မဟုတ် ပုလဲများကို ရှာဖွေနေသည်။ သူ့လက်ထဲတွင် ငါးဖမ်းကွန်ဖြင့်ပြုလုပ်ထားသည့် အိတ်တစ်လုံးကို ဆုပ်ကိုင်ထားသည်။
သူ၏ ရှာဖွေတွေ့ရှိသည့် ရတနာများကို ထိုအိတ်ထဲထည့်မည် ဖြစ်သည်။
ဟဲစီသည် လှည့်လည်ရှာဖွေနေစဉ် ရုတ်တရက် သူ၏ မျက်လုံးများက တောက်ပလာသည်။ ရေအောက် တစ်နေရာတွင် အရောင် ခရုခွံတစ်ခုကို မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ ခရုခွံမျိုးဟာ အနည်းငယ် ရှားပါးပြီး မကြာခဏ တွေ့ရလေ့မရှိပေ။
ထိုခရုခွံကို မြင်လိုက်ရချိန်တွင် ဟဲစီက အရယူရန်ဆုံးဖြတ်လိုက်သည်။ ၎င်းနောက် သူသည် ရေမျက်နှာပြင်ပေါ်သို့ ခေါင်းထုတ်ကာ အသက်ပြင်းပြင်းရှူသွင်းပြီး ရေအောက်သို့ တုံဆိုင်းမူမရှိဘဲ ပြန်ဆင်းလာလိုက်သည်။
ထိုနောက် သူသည် ခရုခွံကို လျင်မြန်စွာ ကောက်ယူကာ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်သည်။
"ဟူးး..."
ဟဲစီက လေကို ခပ်ပြင်းပြင်းလေး ရှူသွင်းလိုက်သည်။
ဤကဲ့သို့ ရေအောက်ကို အမြန်ဆင်းပြီး ပြန်တက်ရခြင်းကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖိအားများ သက်ရောက်နေသည်။ သို့သော်လည်း ဟဲစီ၏ မျက်နှာပေါ်တွင် စိတ်မသက်မသာဖြစ်သည့် လက္ခဏာများ လုံးဝမရှိဘဲ စိတ်လှုပ်ရှားမှုသာ ရှိနေသည်။
သူက ညာဘက်လက်ဖြင့် ယခုတင်ရသည့် ခရုခွံကို မြှောက်လိုက်ပြီး နေရောင်ခြည်ထဲက တောက်ပသော ထိုအလှလေးကို ကြည့်ကာ ပြုံးလိုက်မိသွားသည်။
"ကိုဖီက ဒါကိုကြိုက်မှာ သေချာပေါက်ပဲ"
ဟဲစီက ပျော်ရွှင်စွာတွေးတောရင်း ခရုခွံကို ငါးဖမ်းကွန်အိတ်ထဲထည့်လိုက်ပြီး ရေထဲတွင် ဆက်လက်ရှာဖွေသည်။ ဤသို့ဖြင့် လှပသောခရုခွံများစွာ တွေ့ရှိလာပြီး အိတ်က နည်းနည်း ပြည့်လာခဲ့သည်။
"ပုလဲ ဒါမှမဟုတ် ခရမ်းရောင်ခရုခွံ တစ်ခုခုကို အဓိကထား ရှာရမယ်"
ဟဲစီက ဤမျှနှင့် မကျေနပ်နိုင်သေးပေ။ သို့သော် အချိန်ကြာမြင့်စွာ လှည့်လည်ရှာဖွေပြီးသော်လည်း ပုလဲ သို့မဟုတ် ခရမ်းရောင်ခရုခွံကို မတွေ့ရှိရသေးသဖြင့် သူစိတ်လှုပ်ရှားလာခဲ့သည်။
ရုတ်တရက် သူ၏အာရုံကို တစ်စုံတစ်ရာက ဆွဲဆောင်သွားသည်။
"အဲ့ဒါက....."
မဝေးလှသော ရေအောက်ကြမ်းပြင်တွင် ကျောက်တုံးတစ်တုံး ရှိနေသည်။ ထိုကျောက်တုံးသည် ရေမျက်နှာပြင်မှ မီတာ (၇) မီတာ (၈) မီတာခန့် အနက်တွင် ရှိပြီး လျို့မြောင်းနှင့် အတော်နီးကပ်သည်။
သူ့အား ဆွဲဆောင်သွားသည့်အရာမှာ ထိုကျောက်တုံးပေါ်ရှိ အညိုရောင်ဂုံကောင် တစ်ကောင်ဖြစ်သည်။ ထိုဂုံကောင်သည် ၎င်း၏ အခွံကို အနည်းငယ် ဖွင့်ဟထားခြင်းကြောင့် အတွင်းပိုင်းမှ တောက်ပနေသည့် အရာကို ယောင်ဝါးဝါးမြင်တွေ့ရပေမည်။
ဟဲစီ၏ မျက်လုံးများသည် ဂုံကောင်ကို စိုက်ကြည့်နေပြီး စိတ်ထဲတွင်စူးစမ်းလိုစိတ်များ ပြည့်နေသည်။
ရုတ်တရက် ဂုံးကောင်က ရေစီးကြောင်းပြောင်းလဲမှုကို သတိပြုမိသကဲ့သို့ ၎င်း၏ အခွံဟာ ခပ်မြန်မြန်ပိတ်သွားခဲ့သည်။
"အတွင်းမှာ ပုလဲရှိနေတာများလား"
ဟဲစီ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ထိုဂုံကောင်ရှိရာနေရာသည် လျို့မြောင်းနှင့် အလွန်နီးကပ်နေပြီး အန္တရာယ်များပေသည်။
ဟဲစီ ရေမျက်နှာပြင်ပေါ်သို့ ခေါင်းထုတ်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ဤတွင် မဝေးလှသောနေရာမှ သူ၏ သူငယ်ချင်းများကို မြင်လိုက်ရသည်။
၎င်းတို့ကို မြင်လိုက်ရခြင်းက ဟဲစီကို သတ္တိအချို့ ရှိလာစေသည်။ သူသည် လေကို ခပ်ပြင်းပြင်းရှူသွင်းကာ ရေအောက်သို့ ပြန်ဆင်းလိုက်သည်။
သူသည် ခြေထောက်နှင့် ရေယက်ကာ အောက်ရှိ ဂုံကောင်ရှိရာသို့ မြန်မြန်ဆန်ဆန် ကူးခတ်သွားသည်။
ဂုံကောင်နှင့် နီးကပ်လာသည်နှင့်အမျှ သူ၏ နှလုံးသားတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံလာသည်။
"ငါထင်တဲ့အတိုင်း အတွင်းမှာ ရွှေရောင်ပုလဲတစ်လုံးများ ရှိနေမလား မသိဘူး"
ဂုံကောင်နှင့် (၁) မီတာခန့်သာ လိုတော့သည့်အချိန်တွင် သူ၏ ဘေးတစ်ဖက် လျို့မြောင်းထဲမှ တစ်စုံတစ်ရာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းကြောင့် ဟဲစီ လှမ်းမျှော်ကြည့်လိုက်သည်။
မှောင်မိုက်ကာ နက်ရှိုင်းသော လျို့မြောင်းထဲမှ မီးခိုးရောင် ကျောပြင်နှင့် အဖြူရောင် ဝမ်းဗိုက်ရှိသည့် ငါးမန်းတစ်ကောင် ရုတ်တရက် ထွက်လာနေခဲ့သည်။
သို့သော် ထိုငါးမန်းကြောင့် ဟဲစီ တုန်လှုပ်မသွားပေ။ သူနှင့် သူ၏ သူငယ်ချင်းများသည် ပင်လယ်ထဲတွင် ကစားရင်း ငါးမန်းများကို မကြာခဏကြုံတွေ့ဖူး၏။ ဤကဲ့သို့ ငါးမန်းများသည် လူကို တိုက်ခိုက်လေ့မရှိသလို အန္တရာယ်လည်း မများပေ။
သူ့အား အမှန်တကယ် လန့်စေခဲ့သည်မှာ ငါးမန်း၏ နောက်ကွယ်မှ အရိပ်ကြီးပင် ဖြစ်သည်။ သူသည် ၎င်းအား ငါးမန်းကို လိုက်လံဖမ်းနေသည့် သတ္တဝါကြီးတစ်ကောင်ဟု ထင်မိလိုက်သော်လည်း သေချာပြန်ကြည့်လိုက်ချိန်တွင် ဘာမှ မတွေ့ရတော့ပေ။
"ငါအမြင်မှားသွားတာလား"
၎င်းနေရာသို့ ပြန်ကြည့်လိုက်ချိန်တွင် ဘာမှမတွေ့ရှိရသဖြင့် စိတ်ရှုပ်ထွေးနေစဉ် ငါးမန်းက လျို့မြောင်းထဲသို့ ပြန်ဆင်းသွားခဲ့သည်။
သို့သော် ၎င်းအခိုက်တွင် သန္တာကျောက်တန်းနောက်ကွယ်မှ တစ်စုံတစ်ရာသည် ထွက်ပေါ်လာပြီး ငါးမန်းကို တစ်ကိုက်တည်းဖြင့် ဆွဲယူကာ သန္တာကျောက်တန်းအောက်သို့ ပြန်ဝင်သွားသည်။
"အဲဒါက......"
ဟဲစီ၏ နှလုံးသားမှာ တဒုန်းဒုန်းခုန်လာပြီး ကြောက်ရွံ့မှုဖြင့် ပြည့်လျှံသွားသည်။
ဤတွင် သူ၏ ပါးစပ်ကို ဖွင့်ဟမိလိုက်ကာ ရေများကို မျိုချမိသွား၏။ ဟဲစီလည်း သတိပြန်လည်လာပြီး လျင်မြန်စွာဖြင့် ရေမျက်နှာပြင်သို့ ကူးခတ်တက်လာခဲ့တော့သည်။
"အဟွတ်... အဟွတ်..."
ဟဲစီသည် ရေမွန်းပြီး မြိုချမိလိုက်သည့် ရေများကို ပါးစပ်ထဲမှ ထွေးထုတ်ပစ်လိုက်သည်။
မကြာမီ သူ၏ စိတ်မှာ ပြန်ငြိမ်သက်သွားခဲ့သော်လည်း ထိုမြင်ခဲ့ရသည့် ကြီးမားသော အရိပ်ကြီးကို ပြန်တွေးမိတိုင်း ခန္ဓာကိုယ်တစ်ခုလုံး ကြွက်သားများ တင်းမာလာသည်။
သူအား စိတ်ရှုပ်ထွေးစေသည်မှာ အမှန်တကယ်ကို သတ္တဝါကြီးတစ်ကောင်က ငါးမန်းကို လျို့မြောင်းထဲဆွဲချခဲ့သွားခဲ့ခြင်းလား.... ငါးမန်းက သူ့ဘာသာ သန္တာကျောက်တန်းထဲသို့ ဝင်သွားခြင်းလား ဆိုတာပင် ဖြစ်သည်။
ထိုအချိန်က သူနှင့် ၎င်းနေရာမှာ အနည်းငယ် အလှမ်းဝေးသောကြောင့် အဖြစ်မှန်ကို မြင်နိုင်ခြင်းမရှိတာ ဖြစ်မယ်လို့ စဉ်းစားမိလိုက်ပြီး ဟဲစီသည် ရေအောက်သို့ ပြန်ငုတ်ကာ လျို့မြောင်းကို လှမ်းကြည့်လိုက်သည်။
ထိုနေရာသည် မှောင်မည်းနေဆဲဖြစ်ပြီး အရာအားလုံးမှာ ငြိမ်သက်နေ၏။ ငါးမန်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လျို့မြောင်းထဲသို့ ဝင်သွားခြင်းလား...။
သို့မဟုတ်......
ဟဲစီသည် ယခင်ဖြစ်ရပ်ကို ပြန်လည်အမှတ်ရနေပြီး စိတ်ကူးထဲတွင် ပြန်လည်ဖန်တီးကြည့်သည်။ သို့သော် အရာအားလုံးက ဘာမှမဖြစ်ခဲ့သလို ခံစားရသည်။
"ဒါက ငါစိတ်ထင်ယောင်ထင်မှား ဖြစ်တာပဲ နေမှာပါလေ..."
ဤသို့တွေးလိုက်သော်လည်း ဒီနေရာမှာ ကြာရှည်စွာ သူမနေဝံ့တော့ပေ။ သူ့စိတ်ထဲဝယ် လျို့မြောင်းထဲမှ တစ်စုံတစ်ရာက သူ့ကို စောင့်ကြည့်နေတယ်လို့ သံသယဖြစ်မိသည်။
"ဟုတ်သား... ပုလဲလုံး..."
ဟဲစီသည် ရုတ်တရက် ရုတ်တရက်ဆန်စွာ ပုလဲရှိသည့် ဂုံကောင်ကို အမှတ်ရသွားသည်။
သူသည် ရေအောက်သို့ ပြန်ကြည့်လိုက်ပြီး ဂုံကောင်ရှိရာ ကျောက်တုံးဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
သို့သော် ထိုကျောက်တုံးပေါ်တွင် ဂုံကောင်မရှိတော့ပေ။ ဤအစား လျို့မြောင်းဘက်သို့ ညင်သာစွာ ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။
သူ့အကြည့်အောက်တွင် ဂုံကောင်သည် ဆင်ခြေလျှော ကျောက်ဆောင်တစ်ခုပေါ်သို့ ကျဆင်းသွားပြီး ချောက်ကမ်းပါးထဲသို့ ဖြည်းဖြည်းချင်း လိမ့်ဝင်သွားတော့သည်။
.....