ပင်လယ်ဝင်ဖို့ပြင်ဆင်နေခြင်း
Vol. 9 Ch. 128
ဟဲစီသည် စိတ်ထဲတွင် နှမြောတသ ခံစားလိုက်ရသော်လည်း ဤနေရာတွင် ဆက်နေရန် သူမရဲတော့ပေ။
သူသည် လှေဆီသို့ လျင်မြန်စွာ ကူးခတ်သွားခဲ့ပြီး မကြာမီ၌ လှေပေါ်ရောက်ရှိသွားကာ မတ်တပ်ရပ်လျက် လျို့မြောင်းရှိရာသို့ လှမ်းကြည့်နေခဲ့သည်။
သူမြင်ခဲ့ရသည့် အရာသည် သတ္တဝါကြီးတစ်ကောင်လေလာ.... အမှန်တကယ်ပေလာ.... တွေးတောရင်း တွေးတောရင်း သူ့စိတ်ထဲက ပုံရိပ်ဟာ မှေးမှိန်လာခဲ့ဖြစ်သည်။
အမှန်တကယ်ပင် သူသည် ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းပေလား...။
ခဏအကြာတွင် လန်ဟူးနှင့် အခြားသူများသည် လှေပေါ်သို့ ပြန်ရောက်လာကြပြီး အားလုံး ပျော်ရွှင်စွာ စုဝေးစကားပြောဆိုနေကြသည်။
"ဟေး... ဟဲစီ မင်းဘာဖြစ်နေတာလဲ... ဧကန်တ မင်းတစ်ခုခုကြုံလာခဲ့လို့လား.."
ဤသို့ပြောပြီးနောက် လီကုံး၏ စိတ်အာရုံသည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေသလို ထင်ရသည့် အနီ၊ အစိမ်း၊ အဝါစသည့် အရောင်မျိုးစုံဖြစ်သည့် ကျောက်တုံးများကို ကိုင်ရင်း စိတ်လှုပ်ရှားစွာ ကြည့်နေတော့သည်။
ထိုအရာများသည် သူ၏ ဆုလာဘ်များ ဖြစ်သည်။
ခဏကြာ ကြည့်ပြီးနောက် လီကုံးသည် အခြားလူငယ်များကို လှမ်းကြည့်မိလိုက်ချိန် သူ့သူငယ်ချင်း ဟဲစီ၏ မျက်နှာမှာ မူမမှန်နေမှန်း သတိပြုမိလိုက်သည်။
"သူငယ်ချင်း.... မင်းဘာတွေ တွေ့လာလဲ...ငါကတော့ ရွှေရောင်ပုလဲပါတဲ့ ဂုံကောင် တစ်ကောင်ကို လျို့မြောင်းဘေးမှာ တွေ့လာတယ်။ အင်း... ဒါပေမယ့်... ပြောရမှာခက်တယ်"
ဟဲစီသည် လီကုံးအား သူကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ နေလိုက်သည်။
သူ့ကို လီကုံးက မယုံကြည့်ဘဲ လှောင်ပြောင်မှာကို စိုးရိမ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အမှန်တကယ် မရှိသည့် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်နေသောကြောင့်ပင်။
အိမ်ပြန်လမ်းတွင် ထိုကြီးမားသည့် အရိပ်ကြီးက ဟဲစီ၏ စိတ်ထဲမှာ လှည့်ပတ်နေဆဲဖြစ်သည်။
ဟဲစီနှင့် သူ၏သူငယ်ချင်းများ အိမ်ပြန်ကြစဉ်...။
လျို့မြောင်းထဲ၌ သတ္တဝါကြီးတစ်ကောင်သည် လျင်မြန်စွာ ကူးခတ်နေ၏။
"ဟုတ်ပြီ။ ဒါက... နောက်ထပ် ငါးမန်းဖြူတစ်ကောင်ပဲ"
ဖန့်ရန်က ငါးမန်းဖြူကို မျိုချလိုက်ပြီး စနစ်အမှတ် (၁၂၀၀) ကို ကျေနပ်စွာ ရယူလိုက်သည်။
ယခုအခါတွင် သူ၏ စနစ်အမှတ်မှာ (၂၆၅၂၀၀) သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူ၏ အမဲလိုက်မူမှာ အနည်းငယ် မြန်ဆန်ပြီး နေ့စဉ် စနစ်အမှတ် (၂၀၀၀၀) ခန့်ကို စုဆောင်းနိုင်ခဲ့သည်။
ဤနှုန်းအတိုင်းသာဆိုလျှင် (၁၀) ရက်အတွင်း ဆင့်ကဲဖြစ်စဉ် ပြီးမြောက်နိုင်မည် ဖြစ်သည်။
ကံကောင်း၍ ငါးအုပ်ကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့မည် ဆိုလျှင် ရက်အနည်းငယ် ပိုတိုတောက်သွားနိုင်သည်။
လျို့မြောင်းတစ်ဝိုက်တွင် လှည့်လည်ပြီးနောက် ဖန့်ရန်သည် နောက်ထပ် ငါးမန်းဖြူတစ်ကောင်နှင့် ငါးကြီးများစွာကို စားသုံးခဲ့သည်။
ထို့အပြင် လိပ်ကြီးတစ်ကောင်ကို စားခဲ့သေး၏။ ၎င်းသည် (၃) မီတာခန့် ရှည်လျားသော ကိုယ်ထည်ရှိပြီး စနစ်အမှတ် (၂၀၀၀) ကို ပေးစွမ်းပေသည်။
ဤလိပ်သည် ကမ္ဘာ့အကြီးဆုံး လိပ်မျိုးစိတ်ဖြစ်သောကြောင့် ထိုမျှရှိသည့် စနစ်အမှတ် ပေးနိုင်ခြင်းမှာ အံ့သြစရာတော့ မရှိပေ။
"လိပ်တွေစားရတာလည်း ကောင်းမယ်နဲ့တူတယ်"
၎င်းလိပ်၏ အရသာကို မြည်းစမ်းမိပြီးနောက် ဖန့်ရန်သည် သူ၏ ပုံမှန်အမဲလိုက်မှုကို ဆက်လုပ်ရင်း လိပ်တွေ၏ မိတ်လိုက်ရာသီကို စောင့်မျှော်နေမိတော့သည်။ တစ်ကောင်တည်းလျှင် စနစ်အမှတ် အများကြီး ရမည်မဟုတ်သော်လည်း မိတ်လိုက်ရာသီတွင် ၎င်းတို့က များသောအားဖြင့် စုဝေးလေ့ရှိသောကြောင့် အားလုံးပေါင်းလိုက်လျှင် စနစ်အမှတ် အများအပြားရနိုင်ကာ အခန့်မသင်လျှင် စနစ်အမှတ် သန်းချိီပင် ရနိုင်လေသည်။
ဤသို့ဖြင့် ညရောက်ပြီးနောက် သူသည် သူနေထိုင်ရာကျွန်းသို့ ပြန်ပြီး အနားယူသည်။
ဖန့်ရန် အနားယူနေစဉ် ဟဲစီသည် တစ်နေကုန်ကစားပြီ ဖြစ်၍ အိမ်ပြန်ရောက်လာသည်။
သူ၏ အိမ်မှာ သစ်သားအိမ်ငယ်ဖြစ်ပြီး တံခါးနီးမှာ ငါးဖမ်းပိုက်တွေကို တန်းများ၌ အခြောက်ထားသည်။
သူအိမ်အတွင်းသို့ ဝင်လာစဉ်တွင် မိခင်ဖြစ်သူနှင့် တစ်စုံတစ်ဦးက စကားပြောနေသံကို ကြားလိုက်ရသည်။
"အဖေပြန်လာပြီလား!"
ဟဲစီသည် ဧည့်ခန်းအတွင်း ပြေးဝင်သွားပြီး အဝါရောင်အင်္ကျီဝတ်ထားကာ အရပ်ပုဖြစ်သော်လည်း ခွန်အားဗလပြည့်ဝသည့် ဖခင်ကို ပွေ့ဖက်လိုက်သည်။
ဤနောက် သူသည် ဖခင်ဖြစ်သူကို တစ်လနီးပါးကြာမြင့်သည့်အတွက် စိုးရိမ်ပူပန်းနေခဲ့ရကြောင်း ပြောဆိုသည်။
ဖခင်နှင့် သားတို့ ရင်းနှီးစွာစကားပြောနေကြစဉ် မိခင်ဖြစ်သူက စားပွဲပေါ်သို့ အစားအစာများ ယူဆောင်လာကာတင်သည်။
များမကြာမီ စပ်မိစပ်ရာပြောကြရင်း ဟဲစီ၏ ဖခင်က သူ့သားဖြစ်သူ ကျောင်းပြီးကြောင်းသိရှိသွားပြီး ငါးဖမ်းသင်္ဘောအဖွဲ့တွင် ပါဝင်ရန် ခေါ်ဆောင်မည်ဟု ဆိုသည်။
ဟဲစီ မိခင်က စိုးရိမ်မိနေသော်လည်း ဟဲစီ ကိုယ်တိုင်မှာတော့ စိတ်လှုပ်ရှားနေသည်။
ပင်လယ်ထဲတွင် မတော်တဆမူများ ဖြစ်ပျက်လာလျှင် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ကြောင်း သူသိပေသည်။ သူ့စိတ်ထဲတွင် ထိတ်လန့်မိသော်လည်း စွန့်စားခန်းများကို လိုလားသော လူငယ်တစ်ယောက်အနေနှင့် ၎င်းတို့အား ကြာကြာစိတ်မပူခဲ့ပေ။
ညဉ့်နက်လာချိန်တွင် ဟဲစီက မိဘများနှင့်အတူ အိပ်ရာဝင်သည်။
လမင်း၏ အဖြူရောင်ခြည်သည် ပြတင်းပေါက်မှ တစ်ဆင့် ဝင်ရောက်လာခဲ့သော်လည်း သူက အိပ်လို့မပျော်နိုင်ပေ။
သူစိတ်ထဲ၌ မကြာမီက သူမြင်ခဲ့ရသည့် သတ္တဝါကြီးပုံရိပ်က မကြာခဏပေါ်လာလေ့ရှိသည်။
"အဖေ"
ဟဲစိက ဖခင်ဖြစ်သူကို ညင်သာစွာလှုပ်နိုးပြီး ၎င်းဖြစ်ရပ်ကို ပြောပြသည်။
သို့သော်လည်း သူ၏ ဖခင်က....
"ဒီဒေသမှာ အဲလိုငါးကြီးတွေ ဘယ်လိုရှိမှာလဲကွာ"
လို့ အိပ်ငိုက်နေသော အသံဖြင့် ပြောသည်။
ဟဲစီက ဆက်လက်ရှင်းပြရန် ကြိုးစားသော်လည်း သူ၏ ဖခင်ဖြစ်သူမှာ ဟောက်တောင်နေပြီ ဖြစ်သောကြောင့် လက်လျှော့လိုက်ရသည်။
ဟဲစီလည်း သူမြင်ခဲ့တာက ထင်ယောင်ထင်မှားလားဟု တွေးတောရင်း ပြတင်းပေါက်မှ မြင်နေရသည့် လပြည့်ဝန်းကို စိတ်ရှုပ်ထွေးစွာဖြင့် ငေးကြည့်နေမိသည်။
.....