← Chapters

နက်ရှိုင်းသော ရေအောက်တွင် ရှိနေသော ရေနေ ဧရာမသတ္တဝါများ

Vol. 10 Ch. 133

နက်ရှိုင်းသော ရေအောက်တွင် ရှိနေသော ရေနေ ဧရာမသတ္တဝါများ

Vol. 10 Ch. 133

ဖန့်ရန်က ငါးဖမ်းပိုက်တွင် တွယ်ညှိနေသည့် ငါးသေတ္တာငါးများကို မြိုချပြီးနောက် ဤကံဆိုးရှာသော သင်္ဘောသားများကို ထပ်မံထိတ်လန့်စေခြင်းမရှိတော့ဘဲ ထွက်ခွာလာခဲ့သည်။

သူသည် ငါးသေတ္တာအုပ်နောက်ကို ဆက်လိုက်ရန် စီစဉ်ထားသည်။

ယခုဆို သူ၏ စနစ်အမှတ်မှာ (၄၁၅၃၀၀) သို့ ရောက်ရှိနေပြီဖြစ်ကာ ဆင့်ကဲဖြစ်စဉ် နောက်တစ်ကြိမ် စတင်ရန်အတွက် စနစ်အမှတ် (၂၀၀၀၀၀) ခန့်သာ လိုအပ်ပေတော့သည်။

ဖန့်ရန်သည် ရေအောက်၌ သူ၏ လျှာအား အကြိမ်အနည်းငယ် ထုတ်ပြီး ငါးသေတ္တာ ငါးအုပ် ပြေးသွားသည့် လမ်းကြောင်းကို အာရုံခံကာ လိုက်သွားနေခဲ့သည်။

ကီလိုမီတာ (၁၀) ခန့် ရွေ့လျားပြီးနောက် မိုးကောင်းကင်ကို ပိတ်ဆို့ထားသော တိမ်မဲများဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ငွေဖြူရောင် လပြည့်ဝန်းက အစားထိုး နေရာယူသွားခဲ့သည်။

ငွေဖြူရောင် လပြည့်ဝန်းကြောင့် ယခင်ကဲ့သို့ မှောင်မည်းနေခြင်းမရှိတော့ဘဲ ပတ်ဝန်းကျင်ကို ပိုမိုရှင်းလင်းစွာ မြင်နိုင်လာသည်။

ဖန့်ရန်သည် နောက်ဆုံး၌ ငါးသေတ္တာ ငါးအုပ်နှင့် တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့အား သူက ချက်ချင်း မတိုက်ခိုက်ပေ။

ဤတွင် သူက ငါးသေတ္တာ ငါးအုပ်သည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ သိသိသာသာ သေးငယ်သွားကြောင်း သတိပြုမိလိုက်သည်။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ တစ်နေရာရာ၌ ဤငါးအုပ်က အုပ်စုများစွာ ကွဲထွက်သွားခြင်း ဖြစ်ရမည်။

ဖန့်ရန်က အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း ငါးသေတ္တာ ငါးအုပ်စုကို အကြိမ်အနည်းငယ် တိုက်ခိုက်လိုက်သေး၏။

၎င်းကနေ စနစ်အမှတ် (၄၀၀၀) ရရှိသည်။

သူတစ်ခါ တိုက်ခိုက်လိုက်တိုင်း ငါးသေတ္တာ ငါးအချို့သည် အုပ်စုမှ ကွဲထွက်ကာ အခြားလမ်းကြောင်းများသို့ ပြေးလွှားကြခြင်းကြောင့် ငါးသေတ္တာ အုပ်စုမှာ တဖြည်းဖြည်း သေးငယ်လာသည်။

ဤသည်ကို မြင်နေရသော ဖန့်ရန်မှာ ၎င်းတို့ကို လိုက်ဖမ်းရန်ပင် ပျင်းရိသွားလာတော့သည်။

ငါးသေတ္တာအုပ်စု တစ်ခုလုံးကို စားသုံးလိုက်လျှင်ပင် စနစ်အမှတ် (၄၀၀၀၀) ခန့်သာ ရရှိတော့မည်ဖြစ်ပြီး...။ ယခုလို အသေးစား ငါးသေတ္တာအုပ်စု တစ်ခုချင်းစီဆို တစ်ခုပြီးတစ်ခု လိုက်လံစားသောက်ရန် မထိုက်တန်ပေ။

ထို့အပြင် သူအတန်ငယ် မောပန်းနေခဲ့ပြီ ဖြစ်သည်။

ငါးသေတ္တာအုပ်စုကို တစ်ရက်ကျော်ကြာအောင် လိုက်ပါပြီး အကြိမ်ကြိမ်တိုက်ခိုက်ကာ ၎င်းတို့အား စားသုံးခဲ့သည်။

ဤသို့ ထက်တူညီသည့် အလုပ်ကို ထပ်ခါထပ်ခါလုပ်နေရခြင်းက လူကို ငြီးငွေ့လာစေရုံသာမက စိတ်ဖိစီးမှုလည်း ဖြစ်စေပေသည်။

ဤတစ်ကြိမ်တွင် သူသည် သူ၏အသိုက်ဖြစ်သော ကျွန်းငယ်ဆီသို့ ပြန်သွားရန် မကြိုးစားတော့ဘဲ ရေမျက်နှာပြင်ပေါ်တွင် အသိစိတ်အနည်းငယ်မျှ ချန်ထားပြီး အိပ်စက်ရင်း မျောနေလိုက်သည်။

သူ၏ လက်ရှိ အစွမ်းထက်သည့် စိတ်ခွန်အားကြောင့် မည်သည့် သေးငယ်သော အသံလေးဖြစ်စေ သို့မဟုတ် လှုပ်ရှားမှုဖြစ်စေ သူ့ကို ရုတ်ချည်း နိုးကြားစေနိုင်သောကြောင့် သူ၏ ဘေးကင်းရေးအတွက် သိပ်ပြီး စိုးရိမ်နေစရာမလိုပေ။

ဤကမ္ဘာပေါ်တွင် သူ့ကို သတ်နိုင်သည့် အရာများ နည်းပါးလှသည်မှာလည်း အမှန်ပင်။

အချိန်က တဖြည်းဖြည်း ကုန်လွန်သွားပြီး မိုးကုပ်စက်ဝိုင်းကနေ နေရောင်ခြည်မှာ စတင်ကျရောက်လာသည်။

ဤနေမင်း၏ ထွက်ပေါ်လာမူသည် နေ့သစ်တစ်ခု၏ အစကို ပြသနေသလိုပင်။

ဖန့်ရန်က ဖြည်းဖြည်းခြင်း မျက်လုံးများကို ဖွင့်လိုက်သည်။

ဤနိုးလာသည့် အခိုက်အတန့်အတွင်း စိတ်ရှုပ်ထွေးမှုနှင့် မကြည်လင်မှုတို့က သူ့မျက်လုံးအတွင်း ရှိနေပေသည်။ သို့သော် သူ၏ ခေါင်းကို ခါရမ်းကာ စိတ်ကြည်လင်သွားချိန်တွင် ၎င်းတို့က ပျောက်ကွယ်သွားခဲ့သည်။

ဖန့်ရန်သည် ကျယ်ပြောလှသော ပင်လယ်ကြီးအား ခဏတာ စူးစိုက်ကြည့်နေပြီးနောက် သူ၏ မျက်လုံးများက စူးရှလာတော့သည်။

"အခုက အမဲလိုက်ရမယ့် အချိန်ရောက်လာပြီပဲ..."

ဖန့်ရန်သည် ရေထဲသို့ စတင်ကာ ငုပ်လျှိုးလိုက်ပြီး မီတာ (၁၀၀) အနက်အရောက်မှာ ရပ်တန့်လိုက်သည်။

ဤအလွှာတွင် သားကောင်များ အများဆုံးရှိတတ်သည်။

"ငါ ပင်လယ်ထဲ ရှိနေတာ ကြာလှပြီး အခုထိ တံငါသည် ငါးတစ်ကောင်တောင် မတွေ့သေးပါလား.... "

တံငါသည် ငါးများသည် ယေဘုယျအားဖြင့် အလျား (၁၀) မီတာကျော်ကနေ (၂၀) မီတာအထိ ရှည်လျားကြပေသည်။ ၎င်းတို့ ထံမှရရှိနိုင်သော စနစ်အမှတ် ပမာဏသည် များပြားသည်ဟု မဆိုသာသော်လည်း သေးငယ်သည်တော့ မဟုတ်ပေ။

သို့သော် ၎င်းတို့သည် အလွန်ရှားပါးပေသည်။

ဤသို့ဖြင့် သူသည် ရေအောက်တွင် ရှိနေခဲ့ပြီး ငါးငယ်တစ်ချို့ကို မြင်တွေ့ရကာ အချို့အချိန်တွင်တော့ ပုစွန်တွေကို မြင်တွေ့ခဲ့ရ၏။ သို့သော် ၎င်းတို့သည် စနစ်အမှတ် တစ်မှတ်တည်းသာ ပေးစွမ်းနိုင်ပေရာ သူ၏ အစားခံဖို့ မထိုက်တန်ပေ။

ဤသို့ဖြင့် နာရီနှစ်နာရီခန့် ကူးခတ်လာပြီးနောက် ဖန့်ရန်သည် တစ်နေရာအရောက်တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။

မဝေးလှသော ရှေ့ဘက်တစ်နေရာကနေ အနက်ရောင် အရိပ်တစ်ခုသည် သူ့ဆီသို့ ဦးတည်လာနေ၏။ ၎င်းသည် တဖြည်းဖြည်း ထင်ရှားလာခဲ့ပြီး ကြီးမားသော ငါးတစ်ကောင်သာ ဖြစ်နေသည်။

ထိုငါးသည် အလွန်ရက်စက်သော အသွင်အပြင်ရှိကာ နက်မှောင်သော မျက်လုံးများနှင့် ချွန်ထက်သည့် တြိဂံပုံသွားများကို ပိုက်ဆိုင်လေသည်။ အထူးသဖြင့် ကြောက်စရာအကောင်းဆုံးမှာ အစီအရီထပ်နေသည့် ၎င်း၏ တြိဂံပုံ ချွန်ထက်သည့် သွားများသာ ဖြစ်သည်။

အလျား (၆) မီတာခန့်ရှိပြီး မီးခိုးရောင်ကျောပြင်နှင့် အဖြူရောင် ဝမ်းဗိုက်ကို ၎င်းက ပိုင်ဆိုင်ထားသည်။ လူသားတစ်ယောက်၏ အမြင်မှကြည့်လျှင် ကြောက်စရာကောင်းသော အသွင်အပြင်ရှိသည်ထက် ပိုပေသည်။

ဖန့်ရန်က ၎င်းကို စိုက်ကြည့်နေစဉ် စနစ်၏ အချက်ပေးသံမှာ သူ၏ စိတ်ထဲတွင် မြည်လာသည်။

[ပစ်မှတ် - ကြီးမားသော အဖြူရောင် ငါးမန်း၊ မျိုးကွဲ မျိုးစိတ်၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၅၀၀၀ မှတ်ကို ရရှိနိုင်သည်]

သူ မှန်းဆထားသည့်အတိုင်း စနစ်၏ အသံက သူ့ထင်မြင်ချက်ကို အတည်ပြုပေးလိုက်သည်။

ဤငါးသည် နာမည်ကြီး ကြီးမားသော အဖြူရောင် ငါးမန်း (Great White Shark) ပင် ဖြစ်သည်။

ကြီးမားသော အဖြူရောင် ငါးမန်းသည် အလွန်အားကောင်းပြီး ရက်စက်သော အမဲလိုက်သားရဲများ ဖြစ်သည်။

၎င်း၏ ရက်စက်သော သဘာဝ၊ ကြောက်စရာကောင်းသော အသွင်အပြင်နှင့် ကြီးမားသော ခန္ဓာကိုယ်ကြောင့် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ၊ ဂိမ်းများနှင့် ဝတ္ထုများတွင် ပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျော်ကြားသည်။

ကြီးမားသော အဖြူရောင် ငါးမန်းသည် ဘယ်လောက်ပဲ အားကောင်းပြီး နာမည်ကြီးနေပါစေ...၊ ဖန့်ရန်က သနားစရာ၊ ကြောက်စရာ အကြောင်း မရှိပေ။ သူက ၎င်းကို မြင်တွေ့စဉ်ကတည်းက သူ၏ အစာပြေအဖြစ် သတ်မှတ်ထားပြီ ဖြစ်သည်။

ဖန့်ရန်သည် ရှေ့သို့ တည့်တည့် ကူးသွားလိုက်သည်။

ကြီးမားသော အဖြူရောင် ငါးမန်းသည် ဖန့်ရန်ကို သတိထားမိလိုက်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားပြီး ဖန့်ရန်၏ အလွန် ကြီးမားသော ခန္ဓာကိုယ်ကြောင့် သူက အလွန်အမင်း ထိတ်လန့်သွားကာ ချက်ချင်းပင် လှည့်ပြေးရန် အသင့်ဖြစ်နေသည်။

ကြီးမားသော အဖြူရောင် ငါးမန်းများသည် အလွန်မြန်ဆန်ပြီး တစ်နာရီလျှင် (၆၀) ကီလိုမီတာကျော် အထိ သွားနိုင်သော်လည်း ဖန့်ရန်က ၎င်းထက် ပိုမြန်ဆန်သည်။

စက္ကန့် (၃၀) အကြာတွင် ဖန့်ရန်က ကြီးမားသော အဖြူရောင် ငါးမန်းကို လိုက်မီသွားပြီး ၎င်း၏ အမြီးကို ကိုက်လိုက်သည်။

ကြီးမားသော အဖြူရောင် ငါးမန်းသည် နာကျင်မှုကြောင့် အပြင်းအထန် ရုန်းကန်ပြီး ၎င်း၏ အမြီးကို အပြတ်ခံကာ လှုပ်ရှားရန် ခက်ခဲသည့် အမြန်နှုန်းဖြင့် ဆက်လက် ထွက်ပြေး၏။

ဖန်ုရန်ကတော့ ၎င်းအား သဘာဝအတိုင်း လွတ်သွားစေမည် မဟုတ်ပေ။ သူ၏ မြင့်မားသော အလျင်နှုန်းကြောင့် လျင်မြန်စွာ လိုက်မိသွားကာ ၎င်း၏ ခန္ဓာကိုယ်ကို ကိုက်လိုက်တော့သည်။

ကြီးမားသော အဖြူရောင် ငါးမန်းကို စားပြီးနောက် ဖန့်ရန်က ၎င်းနေရာမှ ထွက်မသွားဘဲ ပိုမိုနက်ရှိုင်းသော ရေအောက် အမှောင်ထုထဲသို့ ဆင်းသွားကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။

များမကြာမီ သူမျှော်လင့်ထားသည့်အတိုင်း သွေးအနံ့ကို ရရှိလိုက်ကြသော ငါးမန်းသုံးကောင်သည် ရောက်ရှိလာခဲ့၏။

ဖန့်ရန်က သူ့ပါးစပ်ထဲ အသင့်ဝင်လာသော အသားများကို လွတ်သွားစေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ၎င်းတို့အားလုံးကို အမဲလိုက်ခဲ့သည်။

သို့သော် ငါးမန်းသုံးကောင်သည် အလျား (၃) မီတာသာ ရှိသောကြောင့် ကြီးမားသော အဖြူရောင် ငါးမန်းထက် စနစ်အမှတ် ရရှိမူနည်းပါးသည်။

သို့သော် ငါးမန်းသုံးကောင်ဆိက စနစ်အမှတ် စုစုပေါင်း ၆၈၀၀ ကို ရရှိခဲ့လေသည်။ ၎င်းပမာဏမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။

"သားကောင်ကြီးတွေကို စားရတာ တကယ့်ကို ပိုပြီး သက်သောင့်သက်သာရှိလိုက်တာ..."

ဖန့်ရန်က ကျေနပ်မှုကို ခံစားလိုက်ရသည်။

သင်သတိပြုရမည့် အချက်မှာ ယခု သူစားလိုက်သော ငါးမန်းသုံးကောင်သည် ငါးသေတ္တာအုပ်နောက် လိုက်ပါလာခဲ့သည့် ငါးမန်းသုံးကောင် မဟုတ်ကြောင်းပင်။

သူ့နောက် လိုက်လာခဲ့သော ငါးမန်းသုံးကောင်သည် ပျောက်ကွယ်သွားတာ ကြာပြီ ဖြစ်သည်။ ၎င်းတို့ ဘယ်ရောက်သွားသည်ကို တော့ သူလည်း မသိချေ။ သို့သော် ၎င်းတို့သည် ငါးသေတ္တာအုပ်စုနောက်ကို ဆက်လိုက်နေခြင်းလည်း ဖြစ်နိုင်ပေ၏။

ဖန့်ရန်သည် နောက်ထပ် မိနစ်ဆယ်ခန့် စောင့်ဆိုင်းခဲ့သော်လည်း ငါးမန်းတစ်ကောင်မျှ မရောက်လာသောကြောင့် လှည့်ထွက်လာပြီး သူ၏ ခရီးကို ဆက်သွားခဲ့သည်။

ဤတွင် သူက ရေထဲတွင် လျှာထုတ်ကာ သင့်တော်သော သားကောင်၏ အနံ့ကို ရှာဖွေတတ်၏။

မည်သည့် ရေနေသတ္တဝါဖြစ်စေ သူသွားရာ လမ်းကြောင်းကို မကြာခင်အချိန်အတွင်း ဖြတ်သန်းသွားမည်ဆိုလျှင် သူ့ရှေ့မှောက်ကနေ ပုန်းကွယ်နိုင်မည် မဟုတ်ပေ။

ဖန့်ရန်သည် သားကောင်ကို ရှာဖွေ ခရီးဆက်နေစဉ် သုံးနာရီခန့် ကြာပြီးချိန်မှာ ထူးဆန်းသော အနံ့တစ်ခုကို အာရုံခံမိလိုက်သည်။

ထိုအနံ့သည် အလွန်အားနည်းနေသောကြောင့် အနံ့ပိုင်ရှင်မှာ ဝေးကွာနေသည်ဟု ဆိုရမည်။

ဖန့်ရန်က မြန်မြန်ကြီး ရေမကူးပေ။ ဤသို့ ပြုလုပ်လိုက်လျှင် ခပ်ဖျော့ဖျော့ ဤအနံ့မှာ ပျောက်ကွယ်သွားနိုင်လေသည်။

သူက အလယ်အလတ် အမြန်နှုန်းဖြင့်သာ ကူးပြီး ထူးဆန်းသော သတ္တဝါ၏ အနံ့ရရာ လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။

ဤသို့ဖြင့် သုံးမိနစ်ခန့်အကြာတွင် ဖန့်ရန်က ထိုအနံ့ကို ရှင်းလင်းစွာ ရနိုင်သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

ဤတွင် သူက အခြားထူးဆန်းသော အနံ့တစ်ခုကို ရှူရှိုက်မိလိုက်သည်။

အမှန်တကယ်တော့ သူသည် ဤနေရာသို့ မရောက်မီတည်းက ဒုတိယအနံ့ကို အာရုံခံမိခဲ့ပြီ ဖြစ်သည်။ သို့သော် သူက ၎င်းအနံ့နှစ်မျိုးကို ထုတ်လွှတ်သည့် သတ္တဝါနှစ်ကောင်က တစ်နေရာတည်းတွင် ရှိနေမည်ဟု မထင်ခဲ့ထားပေ။

သူ၏ ခွဲခြမ်းစိတ်ဖြာမှုအရ ဤအနံ့နှစ်ခုသည် ရေအောက်အနက်ပိုင်းမှ လာနေခြင်းဖြစ်သည်။

ယခုတွင် သူက မီတာ (၁၀၀) ခန့် နက်ရှိုင်းသော နေရာတွင် ရောက်ရှိနေခြင်း ဖြစ်သောကြောင့် ထိုသတ္တဝါနှစ်ကောင်သည် ထိုထက် နက်ရှိုင်းစွာ ရှိနေတာ ဖြစ်ရပေမည်။

၎င်းတို့၏ အနံ့အရ ဤသတ္တဝါနှစ်ကောင်သည် တူညီသော မျိုးစိတ်က မဖြစ်နိုင်ပေ။

ဖန့်ရန်က ရေအောက်အနက်ပိုင်းသို့ တည့်တည့်ကြီး ကူးဆင်းလာခဲ့သည်။

ဖိအားကြီးမားကာ နက်ရှိုင်းသော ရေအောက်တွင် အသက်ရှင်နိုင်ခြင်းသည် ဤသတ္တဝါနှစ်ကောင်၏ အရွယ်အစားမှာ ကြီးမားကြောင်း ညွှန်ဆိုနေပေသည်။

ပိုမိုနက်ရှိုင်းစွာ ဆင်းသက်လာသည်နှင့်အမျှ ဖိအားမှာ ပိုမိုများပြားလာပြီး ရေပြင်သည်လည်း အမှောင်ထုက ပိုမိုကြီးစိုးလာသည်။

မီတာ (၅၀၀) ခန့် နက်ရှိုင်းနေရာတွင် ရေပြင်သည် အလွန်မှောင်မိုက်နေပြီ ဖြစ်သည်။

ဤအလွှာသည် သမုဒ္ဒရာ၏ အနက်ပိုင်းတွင် ဖြစ်ပြီး ဤနေရာမှာ ရှင်သန်နိုင်သော သတ္တဝါများမှာ နည်းပါးလှသည်။

ပိုမိုနက်ရှိုင်းစွာ ဆင်းသက်လာသည်နှင့်အမျှ အနံ့သည် ပိုမိုထင်ရှားလာပြီး အနည်းငယ်သော သွေးအနံ့လည်း ရောနှောလာသည်။

ဒီသတ္တဝါနှစ်ကောင် တိုက်ခိုက်နေတာများလား...?

သွေးနှောနေသော အနံ့ကို ရရှိပြီးနောက် ဖန့်ရန်က ဤသို့ စဉ်းစားမိလိုက်သည်။

ရေအောက်သို့ ထက်မံပြီး တစ်ကီလိုမီတာခန့် ရွေ့လျားလာပြီးချိန်တွင် ဖန့်ရန်က ရပ်တန့်လိုက်ကာ သူနှင့် မီတာ (၁၀၀) ခန့်အကွာတွင် ရှိနေသည့် သတ္တဝါနှစ်ကောင်အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေလိုက်မိသည်။

.....

All Chapters