← Chapters

သင်္ဘောပျက်

Vol. 10 Ch. 135

သင်္ဘောပျက်

Vol. 10 Ch. 135

ဖန့်ရန် ပင်လယ်ထဲတွင် လွတ်လပ်စွာ ရေကူးနေခဲ့သည်။

သူသည် တစ်ခါတစ်ရံ ရေမျက်နှာပြင်ပေါ်တွင် ဘောလောကိုယ်ဖော့တတ်ပြီး၊ ရေထဲမှ ခုန်ထွက်လေ့ရှိကာ တစ်ခါတစ်ရံမှာ ကီလိုမီတာအနည်းငယ် အနက်အထိ ငုပ်လေ့ရှိသည်။

ဒီကနေ့ သူအတော် ကံကောင်းနေသည်။

ငါးမန်းဖြူကြီး၊ ဝေလငါးဖြူနှင့် ရေဘဝဲကြီးတို့သည် သူ့အား စနစ်အမှတ် (၄၀၀၀၀) အထိ ရရှိစေခဲ့သည်။

အရေးကြီးဆုံး သတိပြုရမည်မှာ ထိုသတ္တဝါများကို ဖမ်းရန် သူအနည်းငယ်သာ အားစိုက်ထုတ်ခဲ့ရခြင်း ဖြစ်သည်။

ငါးသေတ္တာ ငါးများကို ဖမ်းရန် သူသုံးခဲ့ရသော အင်အားနှင့် နှိုင်းယှဉ်လျှင် အားစိုက်ထုတ်မှုမှာ များစွာ ကွာခြားပေသည်။

သို့သော် နောက်ပိုင်းတွင် ဖန့်ရန်သည် အခြားသော သားကောင်များကို မတွေ့ရတော့ပေ။ ငါးအုပ်ငယ်တစ်ခုတောင် မတွေ့ရတော့သောကြောင့် ထိုသားရဲကြီးသုံးကောင်ကို တွေ့ခဲ့ရသည့်အတွက် သူ၏ ကံကောင်းခြင်းများ ကုန်လွန်သွားပြီလားဟု တွေးမိသည် အထိပင်။

သို့သော် ညနေခင်းတွင် ဖန့်ရန်သည် နောက်ထပ် သားကောင်ကို တွေ့ရှိရတော့၏။

ဖန့်ရန်သည် ရေအနက် မီတာ (၃၀၀) ခန့်တွင် လှည့်လည်နေစဉ် ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သည်။ သူက ထိုအနံ့ အရင်းအမြစ်ဆီကို လိုက်ရှာသည်။

ဤသို့ဖြင့် သုံးကီလိုမီတာခန့် ရေကူးပြီးနောက် ငါးကြီးနှစ်ကောင် သူ့ရှေ့တွင် ပေါ်လာလေသည်။

၎င်းငါးနှစ်ကောင်သည် တူညီသော မျိုးစိတ်တစ်ခုတည်းမှ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ပြားချပ်ကာ ငါးဦးခေါင်းနှင့် အမြီးသည် ပါးလျသော ပုံစံရှိကာ ဖောင်းကား၏။ ၎င်းတို့က ထူးဆန်းသော ပုံပန်းသဏ္ဍာန်ရှိသည်ဟု ဆိုနိုင်သည်။

ငါးနှစ်ကောင်၏ အရွယ်အစားမှာ တူညီပြီး အလျား (၅) မီတာခန့်ရှိကာ အနံလည်း အတူတူပင် ဖြစ်သည်။

ဖန့်ရန်က ထိုငါးနှစ်ကောင်ကို စူးစိုက်ကြည့်လိုက်သည်နှင့် စနစ်၏ အသိပေးချက်က ထွက်ပေါ်လာသည်။

[ပစ်မှတ် - နေငါး၊ သွေးအေးသတ္တဝါ၊ အသားစားမျိုးစိတ်၊ စနစ်အမှတ် ၁၅၀၀ မှတ်ကို ရရှိနိုင်သည်]

စနစ်၏ အချက်ပေးသံကို ကြားပြီးနောက် ဖန့်ရန်သည် စိတ်အလိုကျစွာ စိတ်ကူးထဲ ခေါင်းညိတ်လိုက်မိသည်။

သူ့ဘဝတစ်လျှောက်တွင် ထိုငါးအကြောင်း ကြားဖူးပေသည်။ ၎င်းသည် ထူးဆန်းသော ငါးတစ်မျိုးဖြစ်ပြီး ထူးဆန်းစွာ ခေါင်းဖောင်းပြီး ရေထဲတွင် လှုပ်ရှားသွားလာမူက သာမာန်ထက် မြန်ဆန်သည်။

ရုတ်တရက် နေငါးနှစ်ကောင်အနက် တစ်ကောင်သည် ဖန့်ရန်ကို သတိထားမိသွားပြီး အလွန်အံ့အားသင့်သွားလေသည်။ ထိုသည်ကို ဗဟိုပြု၍ အခြားတစ်ကောင်ကလည်း တဆက်တည်း ဖန့်ရန်ကို သတိပြုမိသွားသည်။

ဖန့်ရန်၏ ကြီးမားသော ခန္ဓာကိုယ်သည် နေငါးနှစ်ကောင်ကို မမြင်နိုင်သော ဖိအားကို ခံစားမိပေသည်။ သူ့ကို သတိပြုမိသည်နှင့် နေငါးနှစ်ကောင်က လှည့်ပြေးသည်။

"ဟမ့် ပြေးလို့မလွတ်ဘူးကွ!"

ဖန့်ရန်က စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

ပြင်းထန်သော အသံတစ်ခုနှင့်အတူ သူက မြားတစ်စင်းလို နေငါးနှစ်ကောင်ဆီ ခုန်ဝင်သွားသည်။

စက္ကန့်ပိုင်းမပြည့်မီ ပထမနေငါးကို သူဖမ်းမိသွားပြီး အမြီးဖြင့် ရိုက်ခတ်လိုက်ရာ ထိုငါး၏ အရိုးများ ကျိုးသွားကုန်သည်။

ထို့နောက် ဒုတိယငါးဆီသို့ လျင်မြန်စွာ သွားကာ လက်စသတ်လိုက်သည်။

နေငါးနှစ်ကောင်ထံက စနစ်အမှတ် (၃၀၀၀) ရရှိသည်။

နေငါးနှစ်ကောင်သည် သူ့အတွက် စိန်ခေါ်မှုအနည်းငယ်မျှ မဖြစ်စေပေ။ အလွယ်တကူနှင့် ပုရွယ်ဆိတ်တွေကို နှိမ်နှင်းရသလို ချေမှုန်းလိုက်နိုင်သည်။

သို့သော် အံ့သြသင့်စရာတော့ မရှိပေ။ သူ၏ ခွန်အားနှင့် နေငါးတို့၏ နှေးကွေးမှုကို ထည့်သွင်းစဉ်းစားလျှင် ဤသို့သာ ဖြစ်လာပေမည်။

ဖန့်ရန်သည် ထိုနေရာမှ ထွက်မသွားဘဲ ပိုမိုနက်ရှိုင်းသော ရေအောက်သို့ ဆင်းပြီး အခြားသားကောင်များကို ရှာဖွေသည်။

ခဏအကြာတွင် သူသည် နောက်ထပ်ငါးတစ်ကောင်နှင့် ကြုံတွေ့ရသည်။

ထိုငါးမှာ မီးပွင့်ငါး ဖြစ်သည်။

ထိုငါးကို မျိုချပြီးနောက် ဖန့်ရန်က ပိုမိုနက်ရှိုင်းသော ရေအောက်သို့ ဆက်ပြီး ဆင်းသည်။

အမှန်တကယ်တော့ သူရေဘယ်လောက်အနက်ထိ ငုပ်နိုင်သည်ကို စူးစမ်းလိုခြင်းသာ...။

စနစ်က သူသည် ရေအနက် (၁၀၀၀၀) မီတာအထိ အလွယ်တကူ ငုပ်နိုင်သည်ဟု ဆိုထားသော်လည်း သူကိုယ်တိုင် စမ်းသပ်ကြည့်လိုနေခြင်း ဖြစ်သည်။

ရေအနက် (၁၀) ကီလိုမီတာအထိ ငုပ်လိုက်လျှင် သူ့ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမည်နည်း။

စနစ်ပြောတဲ့အတိုင်း တကယ်ကြီး ဘာမှ မခံစားရဘူးလား...။

ဤသို့တွေးနေစဉ် ဖန့်ရန်က ပိုမိုနက်ရှိုင်းသော ရေအောက်သို့ ဆက်ဆင်းနေခဲ့သည်။

နက်ရှိုင်းသော ပင်လယ်အောက်တွင် အမြင်အာရုံဖြင့် အလွယ်တကူ မသိနိုင်သော လှိုင်းများထနေခဲ့သည်။

ဤနေရာသည် နေရောင်ခြည် မကျရောက်နိုင်သော နေရာဖြစ်ပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံးမှာ အနက်ရောင်မှလွဲ၍ ဘာမှမရှိပေ။

ဖန့်ရန်၏ စူးရှသော အမြင်အာရုံသည် ဤနေရာတွင် အသုံးမဝင်တော့ပေ။ သူ၏ အာရုံခံနိုင်သော လျှာဖြင့်သာ ပတ်ဝန်းကျင်ကို ခွဲခြားသိမြင်နိုင်တော့သည်။

ပင်လယ်အောက် နက်ရှိုင်းရာဒေသတွင် ရေဖိအားသာမက အဆုံးမရှိသော အမှောင်ထုလည်း ရှိသည်။

ဤနေရာသည် အသိဉာဏ်ရှိသော သတ္တဝါများ နေထိုင်ရန် မသင့်သည့်အပြင် ကြာရှည်စွာ နေထိုင်ရန်လည်း အဆင်မပြေပေ။ အန္တရာယ်များ အပထား အမှောင်ထုတစ်ခုတည်းကပင် လူများကို ရူးသွပ်သွားစေနိုင်၏။

ဖန့်ရန်၏ သံမဏိလို ခိုင်မာသော စိတ်ဓာတ်နှင့် အားကောင်းသည့် စိတ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများက သူ့အား ဤနေရာတွင် နေထိုင်နိုင်စွမ်း ပေးထားသည်။

သာမန်လူသားများကဲ့သို့ အသိဉာဏ်ရှိသည့် သတ္တဝါများသည် ဤနေရာတွင် ကြာရှည်စွာ နေထိုင်လိုက်လျှင် စိတ်မနှံ့နိုင်ဘဲ ဖြစ်သွားပေမည်။

သို့သော်လည်း ဖန့်ရန်သည်တော့ ဤအမှောင်ထုထဲတွင် ရွေ့လျားနေစဉ် အနည်းငယ် စိတ်ညစ်နေပေသည်။

မကြာခဏဆိုသလို အလင်းထုတ်နိုင်သည့် သတ္တဝါများသည် သူ၏ အနားမှ ဖြတ်သွားလေ့ရှိပြီး သူ့ပတ်ဝန်းကျင်ကို အလင်းပေးသွားကြသည်။

သို့သော် ဤအရာသည် သူ့အတွက်တော့ အနည်းငယ်မျှပင် သက်တောင့်သက်သာ မဖြစ်စေပေ။

အဘယ်ကြောင့်ဆိုသော် ထိုအလင်းများသည် သူ့ကိုသာမက သူ့ပတ်ဝန်းကျင်ရှိ အမှောင်ကိုပါ ထင်ရှားစေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် အလင်းထုတ်နိုင်သော သတ္တဝါများနှင့် အကွာအဝေးကို ခြားထားခဲ့သည်။ ထိုသတ္တဝါများနှင့် နီးနီးကပ်ကပ် နေခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။

အကယ်၍ အလင်းများနှင့်သာ နီးကပ်စွာ နေမည်ဆိုလျှင် လူများသည် ထိုအလင်းတွေအပေါ် မသိစိတ်ဖြင့် မှီခိုလာနိုင်ပြီး ၎င်းတို့ ပျောက်ဆုံးသွားပါက စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာနိုင်လေသည်။

ကံကောင်းစွာဖြင့် သူ၏ လျှာသည် ပတ်ဝန်းကျင်ရှိ အခြေအနေများကို တိကျစွာ အာရုံခံနိုင်သောကြောင့် သူသည် အနည်းငယ် စိတ်ညစ်နေသော်လည်း တကယ့်စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်မှုများတော့ မရှိပေ။

ဖန့်ရန်သည် နက်ရှိုင်းသော ဤပင်လယ်အောက်ကို သူ၏ အကောင်းဆုံး ခိုလှုံရာနေရာအဖြစ် မှတ်ယူထားပြီး ရေအနက် (၁၀၀၀၀) မီတာတွင် သူ့ခန္ဓာကိုယ်က ရေဖိအားကို ဘယ်လိုဘယ်ပုံ တုံ့ပြန်မည်ကို သိလိုပေ၏။

ပိုမိုနက်ရှိုင်းသော ရေအောက်သို့ ငုပ်နေစဉ် ဖန့်ရန်သည် သူဘယ်လောက်အနက် ရောက်လာပြီလည်းဆိုတာ ခန့်မှန်းရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် သူသည် အကြမ်းဖျင်း ခန့်မှန်းရုံမျှသာ တတ်နိုင်၏။

ယခုအချိန်မှာ သူက ရေအနက် မီတာ (၄၀၀၀) ခန့်တွင် ရှိနေပြီဟု မှန်းဆမိလိုက်၏။ တိကျသော အနက်မီတာကိုတော့ သူ မသိပေ။

သို့သော် ဤအရာတွေက အရေးမကြီးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ဤနေရာ ဒေသ၏ အများဆုံး နက်ရှိုင်းသည့် နေရာမှာ (၄၀၀၀) မီတာခန့်ရှိပုံရပေသည်။

ဖန့်ရန်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ ရေဖိအား အနည်းငယ်မျှ မခံစားရသောကြောင့် ဤထက်မက နက်ရှိုင်းစွာ ငုပ်လျို့နိုင်သည်ဟု ခံစားမိသည်။

ထို့ကြောင့် သူသည် ရေနက်သော နေရာတစ်ခုကို ရှာဖွေရန် ဆက်သွားသည်။

(၅) ကီလိုမီတာ ခန့် ကူးလာပြီးနောက် ချိုင်းဝှမ်းကဲ့သို့ နေရာတစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ဖန့်ရန်က သူ့အောက်ရှိ ကျောက်စရစ်များကြားတွင် နိမ့်ဆင်းသွားသော လမ်းကြောင်းတစ်ခုကို သတိပြုမိသည်။

သူသည် နောက်ထပ် တစ်ကီလိုမီတာခန့် ဆက်ကူးလာပြီးနောက် ရပ်လိုက်သည်။

ပုံမှန်မဟုတ်သော အရာတစ်ခုကို တွေ့လိုက်ရသောကြောင့် သူက ရပ်လိုက်ခြင်း ဖြစ်သည်။

သူ့အရှေ့တွင် အလင်းတစ်ခု ရှိနေခဲ့သည်။

ထိုအလင်းမှာ စိမ်းဖန့်ဖန့် အလင်းဖြစ်၏။ ၎င်းအလင်းသည် ပိုးကောင်ကဲ့သို့ သတ္တဝါများမှ ထွက်တတ်သည့် အလင်း ဖြစ်သည်။

ဖန့်ရန်သည် ထိုအလင်းဆီသို့ ချဉ်းကပ်သွားလိုက်စဉ်တွင် နစ်မြုပ်နေသော သင်္ဘောတစ်စီးကို တွေ့လိုက်ရ၏။

ဤမြုပ်နေသည့် သင်္ဘော၏ အပြင်ပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

၎င်းသည် ရှေးဟောင်းသင်္ဘောမဟုတ်ဘဲ အလျားသည် (၁၀၀) မီတာခန့်ရှိကာ သံမဏိနှင့် အခြားသတ္တုများကို ရောစပ်ဖန်တီးထားသော သင်္ဘော ဖြစ်သည်။ ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ နစ်မြုပ်ခဲ့ပုံရသည်။

သင်္ဘောသည် အတော်လေးကို သံချေးတက်နေခဲ့ပြီး အောက်ခြေနံရံကို ရေညှိများက ဖုံးအုပ်နေသည်။ သူသည်ပင် ထိုသင်္ဘောကို ကြည့်ရှုနေစဉ် အတော်လေး စိတ်ညစ်ဖွယ် ကောင်းသည်ဟု ခံစားရသည်။

ပတ်ဝန်းကျင်ရှိ ရေများမှာ အနံမျိုးစုံ ရောနှောနေသည်။ ကြည့်ရသည်မှာ ရေညှိတွေ အလွန်များနေသောကြောင့် ဖြစ်နိုင်သည်။

အလင်းထုတ်ပေးသည့် သတ္တဝါများ များစွာရှိနေသော်လည်း သင်္ဘော၏ ဧရိယာအများအပြားကို အရိပ်များက ဖုံးလွှမ်းထားသေးသည်။

ဤသင်္ဘောပျက်ကြီးသည် အတော်လေး ထိတ်လန့်ဖွယ်ကောင်းပြီး သရဲတစ္တေများ နေထိုင်သည့်ဟန် ရှိသည်။ စိမ်းဖန့်ဖန့် အလင်းနှင့် အနီးပတ်ဝန်းကျင်ရှိ အဆုံးမရှိသော အမှောင်ထုတို့ကြောင့် ထိတ်လန့်ဖွယ်ရုပ်ရှင်များမှ သရဲသင်္ဘောနှင့် ဆင်တူသည်။

သာမန်လူတစ်ဦးသာ ဤသင်္ဘောကို မြင်လိုက်လျှင် ထိတ်လန့်လွန်းလို့ စကားပြောဖို့တောင် ခက်ခဲသွားနိုင်သည်။

သို့သော် ဧရာမမြွေကြီးနှင့် တစ်ဖြစ်လည်း သူကိုယ်တိုင်က သတ္တဝါကြီးတစ်ကောင် ဖြစ်နေသော ဖန့်ရန်အတွက်တော့ ဤသင်္ဘောသည် ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းများ မဖြစ်လာပေ။ သူသည် ဤသင်္ဘောနှင့် ပတ်သက်၍ အနည်းငယ် စူးစမ်းလိုစိတ်သာ ရှိသည်။

ဖန့်ရန်သည် သင်္ဘောပျက်ကို လှည့်ပတ်၍ ကြည့်သော်လည်း အထူးအဆန်းတစ်စုံတစ်ရာ မတွေ့ရပေ။ သို့သော် သင်္ဘောပျက်ကြီး၏ အခြားတစ်ဖက်၌ ကြီးမားသော ချိုင်းဝှမ်းတစ်ခု ရှိနေတာကို သတိပြုမိလိုက်သည်။

.....

All Chapters