← Chapters

ဂြိုလ်သား ယဉ်ကျေးမှု

Vol. 10 Ch. 136

ဂြိုလ်သား ယဉ်ကျေးမှု

Vol. 10 Ch. 136

"ဒီချိုမ့်ဝှမ်းကြီးက ငါရှာချင်တာနဲ့ ကွက်တိပဲ.."

ချိုမ့်ဝှမ်ကြီးကို တွေ့လိုက်ရသော ဖန့်ရန်၏ စိတ်ထဲတွင် ဝမ်းသာစရာအားရဖြစ်သည့် ခံစားချက်များ ပေါ်လာခဲ့သည်။

သူက သတိကြီးစွာဖြင့် ချိုမ့်ဝှမ်၏ အထက်ပိုင်းသို့ ကူးသွားပြီး လျှာထုတ်ကာ အောက်ဘက်ရှိ အခြေအနေများကို အာရုံခံကြည့်သည်။

ဒဏ္ဍာရီလာမြွေအဖြစ်သို့ ပြောင်းလဲပြီးကတည်းက သူ၏ လျှာသည် အလွန်အမင်အာရုံခံစားမှုကောင်းလာခဲ့သည်။ ထို့ကြောင့် သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် မည်သည့် သက်ရှိ သတ္တဝါမဆို သူ၏ အာရုံခံစားမူ စက်ကွင်းက လွတ်မသွားနိုင်ပေ။

သို့သော် ဤမျှ နက်ရှိုင်းသည့် နေရာတွင် ကြီးမားသော ရေနေသတ္တဝါများကို တွေ့နိုင်ရန် မလွယ်ကူပေ။

ဤမျှနက်ရှိုင်းသည့် ရေအောက်တွင် နေထိုင်ကြသော သတ္တဝါအများစုမှာ အလွန်သေးငယ်ပြီး အရေအတွက်လည်း အလွန်နည်းပါးလှ၏။ ထို့ကြောင့်လည်း သူသည် အများအားဖြင့် ရေတိမ်ရာဒေသများတွင် နေထိုင်လေ့ရှိခဲ့ခြင်း ဖြစ်သည်။

ချို့ဝှမ်းအတွင်းသို့ ဖြည်းဖြည်းချင်း ငုပ်ဆင်းနေရင်း ဖန့်ရန်က သူ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများကို သတိထားစောင့်ကြည့်နေခဲ့သည်။

မတော်တဆ အတွင်းပိုင်း သွေးယိုစီးမူ ဖြစ်လာမည်ကို သူက စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

အနက်မီတာ (၁၀၀) ခန့်သို့ ဆင်းလာပြီးချိန်တွင် ဖန့်ရန်၏ အမြင်အာရုံမှာ အလင်းစက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ အစပိုင်းတွင် သူက ထိုအလင်းမှာ အလင်းထုတ်လွှတ်နိုင်သည့် သတ္တဝါတစ်ကောင်ဟု ထင်ခဲ့သည်။

သို့သော် အလင်းရောင်မှာ တဖြည်းဖြည်း ပိုမိုတောက်ပလာပြီး နောက်ဆုံးမှာ ထိုအရာက နောက်ထက် သင်္ဘောပျက်တစ်စင်းဖြစ်ကြောင်း သူနားလည်သွားသည်။

"တစ်နေရာတည်းမှာ သင်္ဘောနှစ်စင်း တစ်ပြိုင်နက် နစ်မြုပ်နေတာလား..."

ဖန့်ရန် အံ့အားသင့်သွားသည်။ သို့သော် သူ၏ အံ့အားသင့်စိတ်များ မပြေပျောက်သေးမီ နောက်ထပ် သင်္ဘောပျက်တစ်စင်းကို ထပ်တွေ့လိုက်၏။

ဤနေရာသည် သင်္ဘောပျက်များ၏ သင်္ချိုင်းကြီးတစ်ခုနှင့် တူနေပြီး အလွန်ထူးဆန်းလှသည်။

တစ်နေရာတည်းတွင် သင်္ဘောနှစ်စင်း နစ်မြုပ်ခြင်းကို မတော်တဆဖြစ်ရပ်ဟု ရှင်းပြနိုင်သော်လည်း သုံးစင်းဆိုလျှင်တော့ ပုံမှန်မဟုတ်တော့ပေ။ ဤနေရာတွင် မူမမှန်တာ တစ်ခုခု ရှိနေသည်။

ဖန့်ရန်သည် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး ဆက်လက်စူးစမ်းရမည်လား သို့မဟုတ် ဤနေရာမှ ထွက်သွားသင့်လား စဉ်းစားနေစဉ် အလွန်အမင် မဝေးကွာသည့် အကွာအဝေးတစ်ခုမှ အလင်းရောင်က သူ့အား ဆွဲဆောင်သွားလေသည်။

"ဘာလဲဟ ဟိုမှာ နောက်ထပ် သင်္ဘောပျက်တစ်စင်း ရှိနေသေးတာလား..."

ဖန့်ရန်က ပိုမိုကာ အံ့အားသင့်သွားသော်လည်း အနီးကပ်သွားရောက် စစ်ဆေးလိုက်ချိန်တွင် သူ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ မယုံနိုင်စရာ အခြေအနေတစ်ခုကို သူမြင်တွေ့လိုက်ရ၏။

၎င်းအလင်းရောင်မှာ သင်္ဘောပျက်က မဟုတ်ဘဲ ပင်လယ်အနက် ကီလိုမီတာ (၅၀၀၀) မှာ ရှိနေသည့် အဆောက်အအုံများ ဖြစ်နေသည်။

ထိုအဆောက်အအုံများမှာ ပိရမစ်ပုံစံများနှင့် အလွန်ဆင်တူပြီး အနည်းငယ်သော ကွဲလွဲမှုများသာ ရှိပေသည်။ ပိရမစ်တစ်ခုချင်းစီ၏ ရှေ့တွင် စဖင့်ရုပ်တုများ ရှိနေ၏။

"ပင်လယ်အောက်ခြေမှာ ပိရမစ်အုပ်စုတစ်ခု ရှိနေတယ်ဟ..."

ထွက်သွားမည့် စိတ်ကူးများ ဖန့်ရန် စိတ်ထဲမှ ပျောက်ကွယ်သွားသည်။ ၎င်းကြီးမားလှသည့် ပိရမစ်များကို မျက်လုံးပြူကျယ်စွာဖြင့် သူကြည့်နေမိသည်။

ပင်လယ်အောက်ခြေတွင် ဤကဲ့သို့ အဆောက်အအုံများ ရှိနေတယ်လို့ သူတစ်ခါမှ မတွေးကြည့်ခဲ့ဖူးပေ။

သူ့ အနေဖြင့် ဤကမ္ဘာပေါ်တွင် ပိရမစ်များ ရှိ၊မရှိ ကို သေချာမသိသော်လည်း သူ၏ ယခင်ဘဝတွင်းတော့ ဘီစီ (၂၇၀၀) ခန့်က ပထမဆုံးပိရမစ်ကို ဆောက်လုပ်ခဲ့ကြောင်း သိရှိပေသည်။

ဤကမ္ဘာသည် သူ့ယခင်ဘဝနှင့် မျဉ်းပြိုင်စကြဝဠာတစ်ခု ဖြစ်နိုင်သည့်အတွက် သမိုင်းကြောင်းများလည်း ဆင်တူနိုင်ပေသည်။

ဤနေရာသည် ပင်လယ်ရေမျက်နှာပြင်အောက် ကီလိုမီတာ (၅၀၀၀) ခန့် နက်ရှိုင်းသော နေရာတွင် တည်ရှိပြီး ကီလိုမီတာ ရာနှင့်ချီအကွာအဝေးတွင်လည်း ကုန်းမြေရှိဟန် မပေါ်ပေ။

ထိုကြောင့် ဤနေရာသည် လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀) ခန့်ကတည်းက ကုန်းမြေဖြစ်နိုင်ခြေ မရှိပေ။

တစ်နည်းအားဖြင့် ဆိုရသော် တစ်စုံတစ်ယောက်သည် ဤမျှ နက်ရှိုင်းကာ ဖိအားအလွန်များသည့် ပင်လယ်အောက်ခြေမှာ ပိရမစ်များကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဤအရာကို လူသားများအနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဖန့်ရန်သည် နက်ရှိုင်းစွာ တွေးတောခဲ့ပြီး အကြံအစည်တစ်ခု ရလာခဲ့သည်။

"ဂြိုလ်သားတွေ ဆောက်ထားတာပဲ.. ဖြစ်ရမယ်..."

သူ၏ အမြင်တွင် ဤကဲ့သို့ နက်ရှိုင်းသော ပင်လယ်အောက်ခြေမှာ အလွန်ကြီးမားသည့် ပိရမစ်များကို ဆောက်လုပ်နိုင်သည်မှာ ဂြိုလ်သားများသာ ဖြစ်နိုင်ပေသည်။

ဖန့်ရန်သည် သတိထားကြီးစွာဖြင့် သူ့ရှေ့တွင်ရှိနေသော မှော်ဆန်သည့် ရှုခင်းအား ကြည့်နေမိသည်။

ပိရမစ်များ သို့မဟုတ် စဖင့်ရုပ်တုတို့သည် အလွန်ကြီးမားပြီး အီဂျစ်နိုင်ငံ၏ နာမည်ကျော် ပိရမစ်များထက် ပိုမိုကြီးမားလေသည်။

သူ၏ ယခင်ဘဝတွင် မြင်ဖူးသော အကြီးဆုံး ပိရမစ်သည် အမြင့် (၁၄၆) မီတာနှင့် အလျား (၂၃၀) မီတာ ရှိပြီး တည်ဆောက်ရာတွင် အသုံးပြုသော ကျောက်တုံးတစ်တုံးစီမှာ ကားတစ်စီးစာခန့် အရွယ်အစားရှိပေသည်။

ပိုကြီးသည့် ကျောက်တုံးမှာ ကုန်တင်ကားကြီးများ တင်ဆောင်လေ့ရှိသည့် ကုန်သေတ္တာများနှင့် အရွယ်အစား တူညီသည်။

သို့သော် ထိုပိရမစ်များမှာ သူ့ရှေ့မှောက်ရှိ ပိရမစ်ကြီးနှင့် နှိုင်းယှဉ်လျှင် လူကြီးနှင့် ကလေးလို အရွယ်အစား ကွာဟနေသည်။

သူ၏ ခန့်မှန်းချက်အရ သူ့ရှေ့မှောက်တွင် ရှိနေသော ပိရမစ်မှာ အမြင့်အားဖြင့် မီတာ (၂၀၀) ခန့် ရှိပေမည်။ ထို့အပြင် အနောက်ဘက်တွင် ပိုမိုကြီးမားသော ပိရမစ်များလည်း ရှိနေသေးသည်။

ဤနေရာတွင် ပိရမစ်ပေါင်း တစ်ရာကျော်ခန့် ရှိနေပြီး ပိရမစ်တစ်ခုချင်းစီတွင် အလင်းထုတ်လွှင့်သည့် ရေနေသက်ရှိများ ကပ်ညှိနေသည်။ အချို့မှာ ရေညှိများနှင့်တူပြီး အချို့က ပိုးကောင်များနှင့် ဆင်တူသည်။

ဖန့်ရန်က အနီးဆုံးရှိ အဆောင်အအုံသို့ ကူးသွားပြီး အလင်းထုတ်လွှင့်နေသည့် ရေညှိတွေအား သူ့အမြီးဖြင့် ပွတ်တိုက်လိုက်သည်။

ထိုအဆောက်အအုံတစ်ခုလုံးသည် အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံရပြီး မျက်နှာပြင်မှာ အလွန်ချောမွေ့လေသည်။

သံမဏိနှင့် ဆင်တူသော်လည်း သံမဏိ မဟုတ်ပေ။ အဘယ် သံမဏိက အချိန်ကာလကြာမြင့်စွာ ရေအောက်တွင် သံချေးတက်ခြင်းမရှိဘဲ နေမည်နည်း။

ဤကြီးမားသော အဆောက်အအုံများကို အထူးသတ္တုများဖြင့် ပြုလုပ်ထားကြောင်း သိရပြီးနောက် ဖန့်ရန်သည် ၎င်းတို့က ဂြိုလ်သားတွေ တည်ဆောင်ထားတယ်လို့ ပိုမိုကာ ယုံကြည်လာခဲ့သည်။

အစောပိုင်း အံ့အားသင့်မှုများ ပြေပျောက်သွားပြီးနောက် ဖန့်ရန်သည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အဖြစ်အပျက်များနှင့် ယှဉ်လျှင် ဂြိုဟ်သားများဆိုသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။

"ကြာညောင်းလှတဲ့ အချိန်ကာလတစ်ခုက ဂြိုလ်သားတွေ ဒီကမ္ဘာကို လာရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ရမယ်..."

ဖန့်ရန်က သူ့ရှေ့တွင်ရှိနေသည့် ပိရမစ်များနှင့် စဖင့်ရုပ်တုများကို မော်ကြည့်လိုက်သည်။

ဤနေရာတွင် သက်ရှိလှုပ်ရှားမှုများ လုံးဝမရှိသည်က ဂြိုလ်သားတွေ ဤနေရာမှ ထွက်ခွာသွားပြီလို့ ပြောနေသလိုထင်ရသည်။

သို့သော် အလွန်စဉ်းစားစရာကောင်းသည်မှာ ဂြိုလ်သားတွေ အဘယ်ကြောင့် အလွန်ပြားသော ပိရမစ်တွေအား ဤနေရာတွင် ဆောက်လုပ်ခဲ့သည်နည်း။ ဟူသော အချက်ဖြစ်သည်။

အတွေးများဖြင့် ခဏတာ ယောက်ယက်ခတ်နေပြီးနောက် ဖန်ရန့်သည် ခေါင်းကိုခါလိုက်ကာ ထိုအရာများအား ဆက်မတွေးတော့ဘဲ ရပ်တန့်လိုက်တော့၏။

ဤကိစ္စတွေက သူနှင့် မသက်ဆိုင်ဘဲ ဤကမ္ဘာပေါ်ရှိ လူများနှင့်သာ သက်ဆိုင်သည်ဟု သူထင်သည်။

"ဒီကမ္ဘာပေါ်က လူသားတွေ ဒီပိရမစ်တွေကို တွေ့သွားရင် ဘယ်လို တုံပြန်မှာပါလိမ့်..."

ဖန့်ရန် စိတ်ကူးကြည့်နိုင်သည်။ ဤသည်မှာ ဂြိုလ်သားတွေ ရှိကြောင်း သက်သေအထောက်အထား ဖြစ်သည့်အတွက် တစ်ကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားမည်မှာ မလွဲပေ။

သူ၏ မြို့တစ်မြို့သို့ သွားရောက်လည်ပတ်မူသည်ပင် ဤပိရမစ်များ၏ အရေးပါမှုကို ဆယ်ပုံတစ်ပုံ မယှဉ်နိုင်ပေ။

သို့သော် အထူးအခြေအနေများသာ မဖြစ်လာခဲ့လျှင် ဂြိုလ်သားတွေ၏ ယဉ်ကျေးမှုလက်ရာ ပိရမစ်များမှာ ဤနေရာတွင် ရှိနေဦးမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤမျှနက်ရှိုင်းသော ပင်လယ်အောက်ခြေတွင် ၎င်းတို့အား ရှာဖွေတွေ့ရှိရန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသည်ထက် ခက်ခဲသောကြောင့်ဖြစ်သည်။

သူ၏ အထင်အရ ဤနေရာတွင် စက်ပစ္စည်းများကို အနှောင့်အယှက်ပေးနိုင်သော သံလိုက်စက်ကွင်းတစ်ခု ရှိနေနိုင်ပေသည်။

၎င်းအား သင်္ဘောပျက်သုံးစင်းကို အခြေခံ၍ သူကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

ဖန့်ရန်သည် သူ့ရှေ့တွင်ရှိက ပိရမစ်ကို စွန့်ခွာပြီး အခြားပိရမစ်များကို စူးစမ်းလေ့လာခဲ့သည်။ သူလေ့လာလေလေ ပိုမိုအံ့အားသင့်လာလေ ဖြစ်သည်။

ရှုဲးး

ဖန့်ရန် ပိရမစ်အုပ်စု၏ အလယ်ဗဟိုသို့ ရောက်လာခဲ့သည်။

လမ်းတလျှောက်တွင် ပိရမစ်များနှင့် စဖင့်ရုပ်တုများ၏ နေရာချထားမှုမှာ မမှန်မကန်ဖြစ်နေပြီး ကျပန်းနေရာချထားသည်ဟု ထင်ရသော်လည်း အနီးကပ် သေချာကြည့်လိုက်သည်တွင် အထူးအစီအစဉ်တစ်ခုဖြင့် နေရာချထားခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။

၎င်းချထားသော ပုံစံမှာ စကားတစ်လုံး သို့မဟုတ် ထူးဆန်းသော ပုံသဏ္ဍာန်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် ဖန့်ရန်က ၎င်းသည် မည်သည့်အရာကို ကိုယ်စားပြုမှန်း မသိနေပေ။

ပထမဆုံးအကြိမ်အဖြစ် ဖန့်ရန်သည် မိမိကိုယ်ကို ဗဟုသုတနည်းပါးကြောင်း ခံစားမိခဲ့သည်။ ဤတွင် သူမသိသည်က သိပ္ပံပညာရှင် သို့မဟုတ် နက္ခတ်ဗေဒ ပညာရှင်တစ်ဦးအတွက်တောင် ဤအရာများကို နားလည်ရန် မလွယ်ကူဘူး ဆိုတာပင်။

ယခု သူခံစားနေရသည့် တစ်ခုတည်းသော ခံစားချက်မှာ

"ငါတကယ်ကို နားမလည်နိုင်ဘူး၊ ဒါပေမယ့် ဒါက အရမ်းအံ့အားသင့်စရာကောင်းမှာ သေချာတယ်..."

ဆိုသည့် စိတ်ခံစားမှုသာ ဖြစ်သည်။

အခြားပိရမစ်များကို ကြည့်ရှုနေသော သူ၏ မျက်လုံးများကို ရုပ်သိမ်းလိုက်ပြီး ဖန့်ရန်သည် သူ့ရှေ့တွင်ရှိနေသည့် အလွန်ကြီးမားတဲ့ ပိရမစ်ကြီးဆီ အာရုံစိုက်လိုက်သည်။

ဤပိရမစ်ကြီးက ပိရမစ်အုပ်စု၏ အလယ်ဗဟိုတွင် တည်ရှိပြီး အကြီးဆုံးသော ပိရမစ်လည်း ဖြစ်သည်။

သူ၏ ခန့်မှန်းချက်အရ ဤပိရမစ်သည် အမြင့်အားဖြင့် မီတာ (၅၀၀) ခန့် ရှိပေမည်။ ၎င်းသည် ကြည့်ရှုသူများအား ကြီးကျယ်ခမ်းနားမှုဆိုသည်အား ခံစားမိစေနိုင်သော အဆောက်အအုံလည်း ဖြစ်သည်။

"ဟူး..."

အံ့အားသင့်လွန်သောကြောင့် ဖန့်ရန်သည် သက်ပြင်းချလိုက်မိသည်။ ထိုနောက် သူသည် ၎င်းပိရမစ် အရှေ့ရှိ စဖင့်ရုပ်တုဆီ ချည်းကပ်သွားလိုက်သည်။

ရုတ်တရက်ဆိုသလို သူ့မျက်လုံးများကို ကျိန်စပ်သွားစေသော အပြာရောင် အလင်းတစ်ခုက သူ့အရှေ့မှာ ပေါ်ထွက်လာခဲ့သည်။

.....

All Chapters