← Chapters

သန္ဓပြောင်း အလင်းငါး

Vol. 10 Ch. 137

သန္ဓပြောင်း အလင်းငါး

Vol. 10 Ch. 137

ဖန့်ရန်က သူ့ရှေ့တွင် ရှိနေသည့် စဖင့်ရုပ်ထုအား ကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။

ထိုစဖင့်ရုပ်တု၏ မျက်လုံးများသည် ကြီးမားသော ရတနာကျောက်များ တပ်ဆင်ထားသကဲ့သို့ တောက်ပလျက် ရှိသည်။ ၎င်းတွင် အလင်းထုတ်နိုင်သည့် သက်ရှိများ ကပ်ညှိနေခြင်း မဟုတ်ဘဲ အလင်းရောင်များ ထွက်နေခြင်း ဖြစ်၏။

ဖန့်ရန်သည် စဖင့်ရုတု၏ ရတနာနှင့် ဆင်တူသော မျက်လုံးများကို ငေးကြည့်နေစဉ်၊ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရုတ်တရက် စဖင့်ရုပ်တု၏ မျက်လုံးများမှ လေဆာရောင်ခြည်များ ထွက်လာကာ ဖန့်ရန်၏ အရှေ့တွင် ကြီးမားသော ဘဲဥပုံသဏ္ဍာန် ကန့်လတ်ကာ တစ်ခု ဖြစ်လာခဲ့သည်။

ထိုကန့်လတ်ကာသည် အစပိုင်းတွင် အဖြူရောင် မျက်နှာပြင်ကြီးသာ ဖြစ်နေသော်လည်း မကြာမီ ၎င်းအပေါ်တွင် ရုပ်ပုံများ ပေါ်လာခဲ့သည်။

ထိုရုပ်ပုံများသည် သုံးဖက်မြင် 3D ပုံရိပ် ကဲ့သို့ ဖြစ်လေသည်။

ဘဲဥပုံသဏ္ဍာန် ကန့်လတ်ကာပေါ်တွင် အပြာရောင် ကောင်းကင်၊ အဆုံးမရှိဟု ထင်ရသော ရေပြင်ကျယ်ကြီးနှင့် ကုန်းမြေကြီး တစ်ခု ပေါ်လာခဲ့သည်။

ဤကုန်းမြေပေါ်တွင် ကျယ်ပြန့်သော သစ်တောကြီးများ ရှိနေပြီး မီတာရာနှင့်ချီ မြင့်မားသော ရှေးဟောင်း သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။

ကန့်လတ်ကာပေါ်ရှိ ရုပ်ပုံများသည် ငြိမ်သက်နေခြင်း မဟုတ်ဘဲ၊ တစ်စုံတစ်ယောက်က ကင်မရာကို အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားရိုက်ကူးနေသည့် ပုံစံမျိုး ဖြစ်လေသည်။

ရုပ်ပုံများက အလျင်အမြန် ပြောင်းလဲနေခဲ့၏။

သို့သော် သက်ရှိများကို မတွေ့ရသေးဘဲ၊ အပြာရောင် သမုဒ္ဒရာနှင့် ကျယ်ပြောသော သစ်တောကြီးသာ ရှိနေခဲ့သည်။

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ကန့်လတ်ကာပေါ်ရှိ ရုပ်ပုံများသည် သစ်တောတစ်နေရာမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မီတာရာနှင့်ချီ မြင့်မားသော သစ်ပင်ကြီးများက တုန်ခါလာခဲ့သည်။

၎င်းသစ်ပင်များကြားမှ တစ်စုံတစ်ခုက တိုးထွက်လာတော့မည့် ပုံစံမျိုး ဖြစ်သည်။

ဖန့်ရန်သည် တုန်ခါနေသော သစ်ပင်ကြီးများကို အာရုံစိုက်ကာ ကြည့်နေ၏။

မီတာရာနှင့်ချီ မြင့်မားသည့် သစ်ပင်ကြီးများကို တုန်ခါစေနိုင်သော အရာသည် မည်မျှ ကြီးမားရမည်နည်းဟု သူတွေးမိသည်။

သို့သော် သစ်ပင်များ ပိုမို တုန်ခါလာစဉ်တွင် ရုပ်ပုံများက ရုတ်တရက် မှုန်ဝါးသွား၏။

ဖန့်ရန်သည် သူ့မျက်လုံးကို အတတ်နိုင်ဆုံး ကျယ်အောင် ဖွင့်ကာ မှုန်ဝါးနေသော ရုပ်ပုံများကို ကြည့်ရန် ကြိုးစားခဲ့သော်လည်း သူရရှိခဲ့သည်မှာ ခေါင်းကိုက်ခြင်းဆိုသည့် ဝေဒနာသာ ဖြစ်သည်။

ဖန့်ရန်က သူ့မျက်လုံးကို အမြန်ပိတ်လိုက်ပြီး ရုပ်ပုံများမှ ဆန့်ကျင်ဘက်သို့ လှည့်လိုက်သည်။

အချိန်အတန်ကြာပြီးနောက်မှသာ သူ၏ ခေါင်းကိုက်ဝေဒနာ ပြေလျော့သွားတော့သည်။

သူ ပြန်လှည့်ကြည့်ချိန်တွင် ဘဲဥပုံသဏ္ဍာန် ကန့်လတ်ကာက ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။

"အဲဒါကြီးက ဘယ်နေရာလဲ... ဘာတွေဖြစ်နေတာလဲဟ"

ဖန့်ရန် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

သူမြင်ခဲ့ရတဲ့ နေရာက ဂြိုလ်သားတွေရဲ့ မူရင်းဂြိုဟ်များလား။ ဘဲဥပုံသဏ္ဍာန် ကန့်လတ်ကာကလည်း ဘာလဲ။ သုံးဖက်မြင် 3D နည်းပညာလား။ ဒါမှမဟုတ်.....

ဖန့်ရန်သည် ခဏတာ တွေးတောပြီးနောက် ခေါင်းကို ခါလိုက်မိသည်။ သူ့အတွက် ဤအရာမှာ နားလည်ဖို့ ခက်ခဲပေသည်။ သို့သော် သူသည် စိတ်မကောင်းလည်း ဖြစ်နေမိ၏။

သူက ဒီအပြာရောင် ဂြိုလ်ပေါ်မှာ တစ်သက်လုံး နေမည် မဟုတ်ပေ။ တစ်နေ့တွင် သူသည် ဒီဂြိုလ်ကို စွန့်ခွာပြီး အာကာသခရီးစဉ်ကို စတင်မည် ဖြစ်သည်။

သူ၏ အာကာသခရီးစဉ် မစတင်မီ ဂြိုလ်သား ယဉ်ကျေးမှုများအကြောင်း အနည်းငယ် နားလည်ထားသည်ကပင် အနာဂတ် အာကာသခရီးစဉ်မှာ အထောက်အကူ ဖြစ်လာနိုင်လေသည်။

"ကံမကောင်းစွာပဲ... ငါ့အနေနဲ့ ဘဲဥပုံသဏ္ဍာန် ကန့်လတ်ကို အကြာကြီးမကြည့်နိုင်ဘူး..."

ဖန့်ရန်က စိတ်ထဲမှာ ညည်းညူမိသည်။ သူသည် ထိုဘဲဥပုံသဏ္ဍာန် အလင်းကန့်လတ်ကာကို အကြာကြီး မကြည့်နိုင်ခြင်းသည် သူ၏ စိတ်စွမ်းအားနှင့် သက်ဆိုင်နေသည်ဟု ခံစားမိသည်။

"ကံမကောင်းလိုက်တာ... ငါ့ လက်ရှိ စိတ်စွမ်းအားနဲ့ မိနစ်အနည်းငယ်ပဲ ကြည့်နိုင်သေးတယ်"

ဖန့်ရန်သည် သူ၏ စိတ်စွမ်းအား တိုးတက်လာချိန်တွင် ထိုဘဲပုံဥဏ္ဍာန် ကန့်လတ်ကာအား ထပ်မံကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဤအရာသည် သူ၏ အာကာသခရီးစဉ်နှင့် သက်ဆိုင်နေသောကြောင့် ပေါ့ပေါ့တန်တန် သဘောထားရန် မဖြစ်နိုင်ပေ။

ဤတွေ့ရှိမှုသည် ဖန့်ရန်၏ အားကောင်းလိုစိတ် ပြင်းပြရန် မီးမောင်းထိုးခဲ့သည်။

သူသည် အရင်ကလို အေးအေးဆေးဆေး မနေနိုင်တော့ဘဲ သူ၏ စွမ်းအားကို အမြန်ဆုံး တိုးတက်အောင် လုပ်ရပေမည်။ သူသည် အာကာသခရီးစဉ် ထွက်နိုင်သည့် အဆင့်သို့ အမြန်ဆုံး ရောက်အောင် ကြိုးစားမည် ဖြစ်၏။

သူ၏ လက်ရှိ စွမ်းအားနှင့် အရည်အချင်းများဖြင့် ဤကမ္ဘာ့ပေါ်က လူသားယဉ်ကျေးမှုကိုပင် ရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။ စကြဝဠာတွင်ဆို ပို၍ အဆင့်မြင့်သည့် ယဉ်ကျေးမှုတွေ ရှိနေဦးမယ်လို့ သူထင်သည်။

သူသည် ပတ်ဝန်းကျင်ကို လေ့လာ စမ်းသပ်ပြီးနောက် တဖြည်းဖြည်း စိတ်ငြိမ်လာခဲ့သည်။

နက်ရှိုင်းသော ပင်လယ်ပြင်အောက် လေ့လာရေး ခရီးစဉ်တွင် သူသည် ဂြိုဟ်သားများ၏။ ယဉ်ကျေးမှုကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက ပင်လယ်ပြင်ရဲ့ ဖိအားအောက်မှာ သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကိုလည်း သိရှိခဲ့ပေသည်။

ဤနေရာသည် ပင်လယ်ရေမျက်နှာပြင်အောက် ၅ ကီလိုမီတာ နက်သော်လည်း သူသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်သေး၏။

သို့သော် စနစ်က ဖော်ပြခဲ့ခြင်း မရှိသော အချက်တစ်ခုကို သူ သတိထားမိပေသည်။ ၎င်းက ဤကြီးမားသော ဖိအားအောက်တွင် မည်သည့် လှုပ်ရှားမှုကိုမဆို ပြုလုပ်ရန် အတွက် ရေတိမ်ပိုင်းထက် နေစဉ်ထက် စွမ်းအင်ပိုမို သုံးစွဲရခြင်းပင်။

ရိုးရှင်းစွာ ဆိုရသော် ဤနက်ရှိုင်းသော ရေအောက်မှာ တိုက်ခိုက်ရခြင်းသည် ရေတိမ်ပိုင်းတွင် တိုက်ခိုက်ရတာ ပိုပင်ပန်းပေသည်။

ဤအချက်ကို သိရှိပြီးနောက် ဖန့်ရန်သည် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် တစ်စုံတစ်ရာ မူမမှန်ကြောင်း ခံစားမိခဲ့၏။

ထိုအချိန်တွင် သူ၏ ဘေးဘယ်ဘက်မှ ရေများသည် ရုတ်တရက်ဆန်စွာ ကွဲထွက်သွားပြီး တစ်စုံတစ်ရာ အလျင်အမြန် သူ့ဆီသို့ ချဉ်းကပ်လာခဲ့သည်။

ဗုန်း!

ဖန့်ရန်သည် ရေအောက်တွင် အလွန်မြန်ဆန်စွာဖြင့် သူ၏ အမြီးကို လှုပ်ခတ်ကာ အပေါ်သို့ ခုန်သွားလိုက်သည်။

သံသယ မရှိစွာဖြင့် သူ၏ ယခင်နေရာသို့ အရိပ်တစ်ခုက ဖြတ်သန်းသွားခဲ့ပြီး စဖင့်ရုပ်တုနှင့် တိုက်မိသွားခဲ့သည်။

ဘုန်း!

သူသည် အသံကြီးတစ်ခုအား ကြားလိုက်ရသော်လည်း ၎င်းသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဖန့်ရန်သည် စဖင့်ရုပ်တုအထက် (၁၀၀) မီတာအကွာတွင် ရပ်တန့်ကာ သူ့ကို တိုက်ခိုက်လာသော အရာအား အောက်သို့ ငုံ့ကာ ကြည့်ရှုလိုက်သည်။

အနက်ရောင် အရိပ်သည် စဖင့်ရုပ်တုနှင့် တိုက်မိခဲ့သွားသော်လည်း စဖင့်ရုပ်တုက မည့်သည့် လှုပ်ရှားသွားခြင်း မရှိဘဲ၊ အနက်ရောင် အရိပ်သည်သာ ဒဏ်ရာရရှိသွားပေသည်။

ဖန့်ရန်သည် ထိုအချိန်တွင် အနက်ရောင် အရိပ်၏ အမှန်တကယ် ပုံသဏ္ဍာန်ကို မြင်တွေ့လိုက်ရသည်။

၎င်းသည် သူ့ထက် ပိုမိုကြီးမားသော သတ္တဝါကြီး တစ်ကောင် ဖြစ်သည်။

သူသည် မူလက ဤမျှ နက်ရှိုင်းသော ရေအောက်တွင် ကြီးမားသည့် သတ္တဝါများ ရှိမည် မဟုတ်ဟု ထင်မိခဲ့သည်။

၎င်းသို့ ထင်ရသော အကြောင်းရင်းမှာ ဤနေရာတွင် ဖိအားများစွာ ရှိနေသည့်အပြင် အစာရှားပါးမူကြောင့် ဖြစ်သည်။ သို့သော် သူ၏ မှားယွင်းနေပေသည်။ ယခု သူ့ရှေ့တွင် ကြီးမားသော သတ္တဝါကြီးတစ်ကောင် ရှိနေသည်။

သို့တည်မဟုတ် ဤသတ္တဝါသည် တစ်ခုတည်းသော ခြွင်းချက်ဖြစ်နိုင်၏။

၎င်းသတ္တဝါသည် သူ့ကဲ့သို့ ဤနက်ရှိုင်းသည့် နေရာအထိ ငုပ်လျို့နိုင်သော်လည်း ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်နိုင်ပေသည်။

၎င်းသည် အစာရှာဖွေရန် အတွက် အလယ်နှင့် အပေါ်ပိုင်း ပင်လယ်များသို့ သွားရမည်။

[ပစ်မှတ် - သန္ဓေပြောင်း အလင်းငါး၊ သွေးအေးသတ္တဝါ၊ မျိုးကွဲမျိုးစိတ်၊ စနစ်အမှတ် ၁၀၀၀၀၀ မှတ်ကို ရရှိနိုင်သည်]

.....

All Chapters