← Chapters

မြွေကြီးနှင့် သတ္တဝါကြီးတို့၏ ကြမ်းတမ်းသော တိုက်ပွဲ

Vol. 10 Ch. 138

မြွေကြီးနှင့် သတ္တဝါကြီးတို့၏ ကြမ်းတမ်းသော တိုက်ပွဲ

Vol. 10 Ch. 138

ဖန့်ရန်က သူ့အရှေ့တွင် ပေါ်လာသော သတ္တဝါကြီးကို စစ်ဆေးနေစဉ် စနစ်၏ အသိပေးချက်က သူ့စိတ်ထဲ ပဲ့တင်လာခဲ့သည်။

သူနှင့် မဝေးလှသော နေရာတွင် ရှိနေသည့် သတ္တဝါကြီးသည် မီးပန်းငါး မျိုးနွယ်ဝင် ဖြစ်ပြီး သမုဒ္ဒရာ၏ နက်ရှိုင်းရာဒေသတွင် ကျင်လည်ကျင်စားနေထိုင်ကြသော ငါးအမျိုးအစား ဖြစ်သည်။

ထိုငါးမျိုးစိတ်ကို ရုပ်ရှင်နှင့် ကာတွန်းများတွင် မကြာခဏ မြင်တွေ့ရလေ့ရှိပြီး အလွန်လည်း ကျော်ကြားလေသည်။

၎င်းသည် ယခင်က သူမျိုချခဲ့သော မီးပုံးငါးနှင့် မျိုးနွယ်ဝင်ခြင်း အတူတူပင်ဖြစ်သော်လည်း အရွယ်အစားနှင့် အင်အားမှာ မနှိုင်းယှဉ်နိုင်လောက်အောင် ကွာခြားလှသည်။

ဖန့်ရန်၏ အရှေ့တွင် ရှိနေသော သတ္တဝါကြီးသည် အလျား မီတာ (၅၀) ခန့်ရှိပြီး သူ့ထက် အဆများစွာ ပိုမိုကြီးမား၏။ ထို့အပြင် ဖန့်ရန် ကဲ့သို့ သွယ်လျခြင်းမရှိဘဲ ခန္ဓာကိုယ်လုံးပတ်ကြီးမားလေသည်။

၎င်းငါးကြီး၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းတစ်လျှောက်တွင် အရိုးဆူးချွန်များ ထိုးထွက်နေပြီး ထိုအရာများနှင့် ထိမိပါက မစားသာပေ။

ထို့အပြင် ၎င်း၏ ကျောရိုး အဆူးတောင်သည် အလွန်ကြောက်စရာကောင်း၏။ ထိုဆူးတောင်က အချွန်များသည် သံမဏိဓားကဲ့သို့ ထက်မြနေပေသည်။ ၎င်းသည် ဤသတ္တဝါကြီး၏ အဓိက လက်နက်တစ်ခုဖြစ်မည်မှာ မလွဲဧကန်ပင်။

၎င်း၏ ပါးစပ်သည် အလွန်ကြီးမားပြီး အရွယ်အစားလွန်၏။ စားပွဲခုံအရွယ် အစွယ်ကြီးများသည် အတွင်းဘက်သို့ ကောက်ထွက်နေကာ ထိုပါးစပ်ကြီးဖြင့် ကားကြီးတစ်စီးကိုပင် အလွယ်တကူ နှစ်ပိုင်းဖြတ်နိုင်မည်မှာ သေချာပေသည်။

၎င်းအပြင် ရင်ဘက် ဆူးတောင်များသည် ဆူးတောင်ပုံစံနှင့် မတူဘဲ လက်သည်းကြီးများနှင့် တူလေသည်။ အမြီးအစွန်းတွင်တော့ ဆူးတောင်များ ရှိမနေဘဲ အချွန်များဖြင့်သာ ပြည့်နှက်နေပြီး ၎င်းအမြီးဖြင့် တစ်ချက်ရိုက်လိုက်လျှင် ဝေလငါးတစ်ကောင်ကိုပင် အလွယ်တကူ သေစေနိုင်လောက်သည်။

ဦးခေါင်းနောက်ဘက်မှ အဆူးချွန်များထိုးထွက်နေပြီး ဦးခေါင်းထိပ်တွင် အလင်းထုတ်လွှတ်သည့် ဦးမင်တံ အစိတ်အပိုင်းပါရှိသည်။

ဤသတ္တဝါကြီး၏ တစ်ကိုယ်လုံးသည် သတ်ဖြတ်ရန် သီးသန့်ဖန်တီးထားသော အစိတ်အပိုင်းများနှင့် တူသည်။

...

ထိုကဲ့သို့ သတ္တဝါကြီးကို မြင်တွေ့လိုက်ရသော ဖန့်ရန်သည် အလွန်အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေမိသည်။

ဤသတ္တဝါကြီးက ရရှိနိုင်သည့် စနစ်အမှတ် ပမာဏသည် စစ်မှန်သော ပြိုင်ဘက်တစ်ဦးနှင့် ဆုံတွေ့ရသလို သူ့စိတ်ထဲမှာ ထူးခြားသည့် ခံစားမှုများအား ဖြစ်ပေါ်စေပေသည်။

"ဝေလငါးတစ်ကောင်ထက် အဆပေါင်းများစွာ ပိုမိုများပြားတဲ့ စနစ်အမှတ်ကို ပေးနိုင်တယ်... ဒါပေမယ့် ဒီသတ္တဝါရဲ့ အရွယ်အစားကိုကြည့်ရင် အံ့အားသင့်စရာတော့ ဟုတ်မနေဘူး..."

ဖန့်ရန်သည် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်လုံးများကို ထိုအလင်းငါး (မီးပန်းငါး) ကြီးမှ မခွာဘဲ ကြည့်နေလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ရှိနေပေသည်။

သူ့အရှေ့တွင် ရှိနေသော သတ္တဝါကြီးသည် အလွန်အင်အားကြီးမားကြောင်း ယခင်က စဖင့်ရုပ်တုကို တိုက်မိခဲ့သည့် အချိန်ကတည်းက သူသဘောပေါက်ခဲ့ပြီး ဖြစ်သည်။

သို့သော် စနစ်အမှတ် ပမာဏများပြားမှုနှင့် တိုက်ခိုက်လိုစိတ်တို့ကြောင့် သူသည် ခဏတာ စဉ်းစားနေမိသည်။

...

ဗုန်း!

ဖန့်ရန်သည် ၎င်းသတ္တဝါကြီးအား တိုက်ခိုက်ရန် စဉ်းစားနေစဉ်တွင် အလင်းငါးကြီးသည် ရုတ်တရက် သူ့ဆီသို့ ဦးတည်ပြေးဝင်လာခဲ့လေသည်။

ခန္ဓာကိုယ်သည် ကြီးမားသော်လည်း အလွန်မြန်ဆန်ပြီး ကျွမ်းကျင်စွာ ရွေ့လျားနိုင်သော်လည်း ဖန့်ရန်ထက်တော့ နှေးကွေးသည်။

အလင်းငါးကြီး သူ့ဆီရွေ့လျားလာသော အခိုက်အတန့်တွင် ဖန့်ရန်လည်း ရွေ့လျားလိုက်သည်။

သူသည် ၎င်းသတ္တဝါကြီးနှင့် သမုဒ္ဒရာအနက်ပိုင်း ဤဧရိယာတွင် ရင်ဆိုင်ရန် မစဉ်းစားထားပေ။ ဖန့်ရန်သည် ရေမျက်နှာပြင်ဆီသို့ တဟုန်ထိုး ကူးခတ်တက်လာခဲ့လိုက်သည်။

ဖန့်ရန်သည် ရေထဲမှ အောက်ဆီဂျင်ကို စုပ်ယူနိုင်စွမ်းမရှိသေးပေ။ သူသည် ရေအောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်သော်လည်း ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်မည်ဆိုလျှင်တော့ ပင်ပန်းနွမ်းနယ်လာပေမည်။

သမုဒ္ဒရာအနက်ပိုင်းထဲက အလင်းငါးကြီးသည် အလွန်ကြောက်စရာကောင်းပြီး ဖန့်ရန် မြင်ဖူးသမျှထဲတွင် အင်အားအကြီးဆုံးသော သတ္တဝါကြီး ဖြစ်သည်။

ထိုကဲ့သို့ သတ္တဝါကို အနိုင်ယူရန်မှာ မလွယ်ကူနိုင်ဘဲ အချိန်အတော်ကြာပေမည်။

ထို့ကြောင့် ဤနက်ရှိုင်းသော ရေအောက်တွင် တိုက်ခိုက်ခြင်းက သူ့အတွက် အဆင်မပြေပေ။

သူသည် ရေမျက်နှာပြင်ဆီသို့ တက်လာစဉ် အလင်းငါးကြီးသည်လည်း အနောက်မှ လိုက်လာသည်။

ဖန့်ရန် ကဲ့သို့ သားကောင်သည် ၎င်းအတွက် ရှားပါးသော အခွင့်အရေးလည်း ဖြစ်သည်။

သတ္တဝါကြီး နှစ်ကောင်သည် ရေထဲတွင် အလျင်အမြန် ရွေ့လျားနေကြပြီး ရေများကို တဝုန်းဝုန်းလှုပ်ခတ်စေကာ လေပူဖောင်းများ ပေါ်ထွက်လာစေသည်။

...

အချိန်အနည်းငယ်ကြာပြီးနောက် ဖန့်ရန်သည် ရေပြင်နှင့် မီတာ (၅၀၀) ခန့်သာ ရှိသည့် နေရာသို့ ရောက်လာခဲ့လေသည်။

ဤအကွာအဝေးတွင် ပတ်ဝန်းကျင်မှာ အလင်းရောင် ရစပြုလာလေပြီ။

မျက်နှာပြင်နှင့် နီးလာသည်နှင့်အမျှ အလင်းရောင်လည်း ပိုမိုရလာခဲ့သည်။

ဖန့်ရန်သည် ၎င်းနေရာတွင် မရပ်သွားဘဲ ဆက်လက်တက်လာနေခဲ့ပြီး အလင်းငါးကြီးသည်လည်း သူ့အနောက်မှ ဆက်လိုက်လာနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ ရေများသည် တဖြည်းဖြည်း မြင်သာလာပြီး ဤအလွှာတွင် ရေနေသတ္တဝါမျိုးစုံကို တွေ့မြင်နိုင်လာသည်။

ရေပေါ် တက်လာရာ လမ်းတစ်လျှောက်တွင် ဖန့်ရန်သည် ငါးများစွာနှင့် ကြုံတွေ့ခဲ့သော်လည်း သူသည် ၎င်းတို့ကို လျစ်လျူရှုကာ ဆက်လက်တက်လာနေခဲ့သည်။

ထိုငါးများသည်လည်း ဖန့်ရန်ကို မြင်သည်နှင့် ထွက်ပြေးကြလေသည်။

သူသည် ဝေလငါးအုပ်စု တစ်စုကိုပင် မြင်တွေ့ခဲ့ရသေးသည်။ ၎င်းသတ္တဝါများကို အဖြူနှင့် အနက် ခန္ဓာကိုယ် ရှိသည့်အတွက် ပင်လယ်ကြီး၏ ဝက်ဝံများဟု ခေါ်ဆိုကြသည်။

သို့သော် ၎င်းတို့သည် အလွန်အင်အားကြီးမားသော သတ္တဝါများ ဖြစ်သည်။

ဤဝေလငါးများသည် ပင်လယ်ထဲတွင် အုပ်စိုးသူများ အဆင့်မှာ ရှိကြပြီး ကြီးမားသော ငါးမန်းများကိုပင် စားသောက်လေ့ရှိပေသည်။ ထိုသည်ကို ကြည့်ကာ ၎င်းတို့၏ ရက်စက်ပုံကို မှန်းဆနိုင်ပေမည်။

သို့သော် ထိုဝေလငါးအုပ်စုသည်လည်း ဖန့်ရန်ကို မြင်သည်နှင့် ချက်ချင်း ထွက်ပြေးခဲ့ကြသည်။

...

ဝုန်း!

ဖန့်ရန်၏ ခန္ဓာကိုယ်သည် ရေမျက်နှာပြင်မှ ထိုးထွက်လာခဲ့ပြီး ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။

ခဏအကြာတွင် အလင်းငါးကြီးသည်လည်း ရေမျက်နှာပြင်ပေါ်သို့ ရောက်လာခဲ့သည်။

သတ္တဝါကြီး နှစ်ကောင် စက္ကန့်အနည်းငယ်ကြာ မျက်နှာချင်းဆိုင်ပြီးနောက် တစ်ကောင်နှင့်တစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

ရုတ်တရက် ထိုနေရာရှိ ရေများသည် ရူးသွပ်စွာ လှုပ်ခတ်လာပြီး ကြီးမားသော ရေလှိုင်းများသည် နေရာအနှံ့ ရောက်ရှိသွားသည်။

ဒုန်း!!

သတ္တဝါကြီး နှစ်ကောင် တိုက်မိသွားပြီး ကျယ်လောင်သော အသံကြီး မြည်ဟီးလာခဲ့သည်။

သိပ္ပံဇာတ်လမ်းတွဲများထဲက ကဲ့သို့ ဤတိုက်ပွဲသည်သာ လူသားတွေကြား ရောက်ရှိသွားခဲ့လျှင် အလွန်အမင်း ဆူညံမှုများ ဖြစ်ပေါ်စေမည်မှာ သေချာသည်။

ကံမကောင်းစွာဖြင့် ဤစိတ်လှုပ်ရှားဖွယ် တိုက်ပွဲကို မှတ်တမ်းတင်နေသူ မည်သူမျှ ရှိမနေပေ။

သို့သော် ဤသတ္တဝါကြီး နှစ်ကောင်၏ တိုက်ပွဲကို မြင်တွေ့သူများ လုံးဝမရှိသည်တော့ မဟုတ်ပေ။

.....

All Chapters