← Chapters

ထိတ်လန့်ဖွယ်ကောင်းသော သတ္တဝါကြီး

Vol. 10 Ch. 140

ထိတ်လန့်ဖွယ်ကောင်းသော သတ္တဝါကြီး

Vol. 10 Ch. 140

"ဟားဟား... ဒီတစ်ခါတော့ ကျုပ်တို့ ကံအရမ်းကောင်းတယ်ထင်တယ်..! ။ ဝေလငါးနှစ်ကောင်ကို တစ်ခါတည်း ဖမ်းမိသွားပြီ..."

သင်္ဘောကုန်းပတ်ပေါ်မှာ ရှိနေသော နိုဒါဆန်ပိက ပျော်ရွှင်စွာ ရယ်မောနေသည်။ ဝေလငါးဖမ်းမိလေလေ သင်္ဘောသားတစ်ဦးအနေဖြင့် သူ၏ ခံစားပိုင်ခွင့်များလာလေ ဖြစ်သည်။

ကမ်းခြေသို့ ပြန်ရောက်ချိန်တွင် ပိုမိုများပြားသော ပိုက်ဆံကို ရရှိမည်ဖြစ်သောကြောင့် သူအလွန်ပျော်ရွင်နေ၏။

သူ့ဘေးနားတွင် ရပ်နေသော ယိုရှီဒါလည်း စိတ်လှုပ်ရှားနေလေသည်။ သူသည် ၎င်းဝေလငါးနှစ်ကောင်ကြောင့် ငွေမည်မျှ ထက်ရလာမည်အား တွက်ချက်နေခဲ့ပြီ ဖြစ်သည်။

သူသည် အကြမ်းဖျင်း တွက်ကြည့်ပြီးနောက် သူ၏ မျက်နှာတွင် ယခင်ထက်သာလွန်သော ပျော်ရွှင်မှုများ ဝေဆာလာလေသည်။

"ဝေလကျွန်းနဲ့ လိုက်ရတာ ငါ့ကံကောင်းတာပဲ..."

ယိုရှိဒါက ခံစားမိသည်။

နိုဒါဆန်ပိနှင့် ယိုရှီဒါသည်သာမက သင်္ဘောသားအားလုံးသည်လည်း ထက်တူညီစွာ ခံစားနေမိကြသည်။

သူတို့ အလွန်စိတ်လှုပ်ရှား နေကြ၏။ ဝေလငါးများများရလာလေ၊ သူတို့အတွက် ပိုက်ဆံများများရလာမည်အား မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။

သူတို့ထဲက မည်သူမှ ပင်လယ်ပြင်ပေါ်ရှိ နှလုံးသားအား နာကျင်စေနိုင်သော မြင်ကွင်းကို ဂရုမစိုက်ကြပေ။ ဤအချိန်တွင် အတွေ့အကြုံမရှိသေးသည့် ယိုရှီဒါသည်ပင် သူ၏ စိတ်ထဲ၌ ပိုက်ဆံအကြောင်းသာ တွေးနေခဲ့သည်။

ငယ်ရွယ်သည့် ဝေလငါးလေးသည် မိခင်နှင့် ခွဲမသွားသေးပေ။ ၎င်းသည် ဝမ်းနည်းစွာအော်မည်ရင်း မိခင်အား တိုးဝှေ့နေသည်။

သင်္ဘောသားတစ်စုက ပင်လယ်ပြင်ပေါ်သို့ မြန်နှုန်းမြင့် စပိဘုတ်နှင့် ဆင်းလိုက်ကြသည်။

"သူတို့တွေ ဝေလငါးကို ဆွဲယူလာတော့မယ်..."

နိုဒါဆန်ပိက ရယ်မောလိုက်၏။ သူသည် ဝေလငါးဖမ်းခြင်း လုပ်ငန်းစဉ်အား အလွန်ရင်းနှီးပြီးသား ဖြစ်သည်။

ပထမဦးဆုံး သူတို့သည် ဝေလငါးအား ချိတ်နှင့်ထိုးပြီး ဤသင်္ဘောဆီသို့ ဆွဲယူလာပေမည်။

ထို့နောက် ၎င်းအား အပိုင်းပိုင်းခွဲဖြတ်ကာ ၎င်း၏ အစိတ်အပိုင်းတိုင်းကို သင့်တော်သောနေရာတွင် ခွဲထားလိမ့်မည်။ ယခုချိန်မှာတော့ သူတို့သည် ဝေလငါးလေးအား အရင်ဆုံး အဆုံးသတ်ပေမည်။

မြန်နှုန်းမြင့် စပိဘုတ်ငါးစီးသည် ဝေလငါးလေးဆီသို့ ဦးတည်ထွက်ခွာနေသည်။ ယိုရှီဒါသည် စပိဘုတ်တစ်စီးတွင် လူနှစ်ယောက်စီပါကြောင်း သတိထားမိသည်။ တစ်ယောက်သည် စပိဘုတ်အား မောင်းနေပြီး နောက်တစ်ယောက်က မှိတ်သေနတ်ကို ကိုင်ထားသည်။

မှိတ်သေနတ်ထဲတွင် မှိတ်သေနတ်အမည်နှင့် လိုက်ဖက်စွာ မှိတ်တစ်ချောင်းရှိသည်။ ၎င်း၏ ရိုးတံသည် ဖြောင့်တန်းနေကာ ထိတ်တွင် တစ်ပိုင်းပြား၍ ကွေးနေပေသည်။

မကြာမီ ပထမဆုံးစပိဘုတ်က ဝေလငါးနှစ်ကောင်အနားသို့ ရောက်လာခဲ့သည်။ စပိဘုတ်သည် ဝေလငါးလေးအနားမှ ဖြတ်သွားစဉ် မှိတ်သေနတ်ကိုင်ထားသူက ဝေလငါးလေးဆီသို့ မှိတ်သေနတ်ဖြင့် ပစ်လိုက်သည်။

"ဖောင်း!"

၎င်းသေနတ်ပစ်သံနှင့်အတူ ထိုသင်္ဘောသား၏ ခန္ဓာကိုယ်သည် တန်ပြန်အားကြောင့် နောက်ပြန်လန်ပြီး စပိဘုတ်ပေါ်မှ ပြုတ်ကျမလို ဖြစ်သွားသည်။ မှိတ်သေနတ်အတွင်းမှ မှိတ်သည်တော့ ဝေလငါးလေး၏ အသားကို ဖောက်ထွင်းသွားပြီး အဖျားသာကျန်ရစ်ခဲ့တော့၏။

ဝေလငါးလေးသည် နာကျင်မှုကြောင့် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားသောလည်း ထိုအချိန်တွင် အခြားစပိဘုတ်များ ရောက်ရှိလာခဲ့သည်။

စပိဘုတ်တစ်စီးသည်တိုင်းက ဝေလငါးလေးအနားမှ ဖြတ်သန်းသွားစဉ် မှိတ်(သံချိတ်) များဖြင့် ၎င်းအား ထိုးသွင်းကြသည်။

ဝေလငါးလေးသည်တော့ မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်မှာ သေချာပေသည်။

ဝေလငါးလေးက ကျယ်လောင်စွာ အော်ဟစ်သည်။ ၎င်းသည် ရေထဲတွင် လူးလွန့်ကာ မှိတ်များမှ လွတ်အောင် ကြိုးစားနေ၏။

သူ၏ သွေးကြောင့် ပတ်ဝန်းကျင် ပင်လယ်ရေသည် ရဲရဲနီနေ၏။

အချိန်အတန်ကြာ လူးလွန့်ပြီးနောက် ဝေလငါးလေး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ၎င်းသည် သူ၏ မိခင်ဘေးတွင် ငြိမ်သက်စွာ လဲလျောင်းသွားတော့သည်။

"ဝူးဟူး...!!"

စပိဘုတ်ငါးစီးပေါ်ရှိ သင်္ဘောသားများက လက်များကို မြှောက်ကာ ပျော်ရွင်စွာ အော်ဟစ်လိုက်ကြသည်။

"ကောင်းတယ်"

ယိုရှီဒါက ၎င်းတို့၏ အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။

သူနှင့် နိုဒါဆန်ပိတို့က စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ၎င်းတို့အား ကြည့်နေကြသည်။

"ဟားဟားဟား.... ယိုရှီဒါ! အဆင်သင့် ပြင်ကြစို့!! သူတို့တွေ ဝေလငါးကို ဆွဲယူလာတော့မယ်... "

နိုဒါဆန်ပိ၏ စကားကြောင့် ယိုရှီဒါသည် သူ၏ ပစ္စည်းကိရိယာများအား ကောက်ယူရန် လက်ကိုဆန့်တန်းလိုက်ချိန်တွင် ရုတ်တရက် ရပ်တန့်သွားမိ၏။

"ဒါကြီးက..."

သူက သင်္ဘော၏ လက်တန်းသို့ ပြေးသွားပြီး မျက်လုံးများကို အကျယ်ကြီးဖွင့်ကာ စပိဘုတ်စီးနောက်ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေမိသည်။

"ဟေ့... ယိုရှီဒါ... မင်း ဘာဖြစ်နေတာလဲ..."

ယိုရှီဒါ၏ မျက်နှာပေါ်က အကြောက်တရားကို မြင်လိုက်ရသော နိုဒါဆန်ပိမှာ စိတ်ရှုပ်ထွေးသွားသည်။ သူသည် ယိုရှီဒါ ကြည့်နေသည့် ဘက်အား လှည့်ကြည့်လိုက်ချိန်တွင် အံ့အားသင့်လွန်ပြီး လဲကျလုနီးပါး ဖြစ်သွားလေသည်။

"ဒါ... ဒါကြီးက ဘာကြီးလဲ ဘာတွေဖြစ်နေတာလဲ...!"

နိုဒါဆန်ပိ၏ မျက်လုံးများသည် ကျွတ်ထွက်လုနီးပါး ဖြစ်နေပြီး သူ၏ ပါးစပ်သည်လည်း ဟောင်းလောင်း ဖြစ်နေကာ အသက်တစ်ချက်ပင် မရှုနိုင်ပေ။ ရုတ်တရက် သူသည် သတိဝင်လာပြီး လေကို ပြင်းပြင်းထန်းထန်းရှူသွင်းလိုက်ကာ သူ၏ တစ်ကိုယ်လုံးရှိ အားကို စုစည်းပြီး အော်ဟစ်တော့သည်။

သင်္ဘောပေါ်ရှိ အခြားသင်္ဘောသားများသည် နိုဒါဆန်ပိအား အဘယ့်ကြောင့် အော်နေရသည်နည်းဟု မေးမြန်းခြင်းမပြုရသေးခင် ပင်လယ်ပြင်ပေါ်ရှိ အရာဝတ္ထုအား သူတို့ကိုယ်တိုင် မြင်တွေ့သွားကြသည်။

သူတို့အားလုံးသည် ပါးစပ် ဟောင်းလောင်းဖြစ်နေပြီး မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နေသည်။

"ထွက်ပြေးကြဟေ့..!"

"အားလုံးပဲ ပြေးကြတော့!"

"ဘာတွေ ဖြစ်နေတာလဲ!"

"ဘုရားရေ!"

သင်္ဘောသား အားလုံးသည် အကြောက်များတရားနှင့် အော်နေကြပြီး ဝေလကျွန်းပေါ်တွင် အကြောက်တရားနှင့် ထိတ်လန့်တကြားဖြစ်မှုတို့ ပြည့်နှက်နေသည်။

"ဘာလဲဟ?"

စပိဘုတ်ပေါ်ရှိ သင်္ဘောသားများသည် ဝေလကျွန်း သင်္ဘောပေါ်ရှိ လူများကို ရှုပ်ထွေးစွာကြည့်နေကြလေသည်။ သူတို့သည် ဤလူများ ရုတ်တရက် ဤသို့ဖြစ်သွားသည်အား နားမလည်နိုင်ကြပေ။

"ရေအောက်မှာ! ရေအောက်! ရေအောက်!"

ယိုရှီဒါ မာဆာအိုချီက လေကို ခပ်ပြင်းပြင်းရှူသွင်းပြီး အော်လိုက်သည်။

"ပြေးကြတော့! မြန်မြန်ပြေး!"

ယိုရှီဒါ၏ အော်သံကျယ်ကြီးကို ကြားပြီးနောက် စပိတ်ငါးစီးပေါ်ရှိ သင်္ဘောသားများသည် နောက်သို့ လှည့်ကြည့်လိုက်ကြရာ သတိလစ်လုနီးပါး ဖြစ်သွားတော့သည်။

သူတို့၏ အနောက်တွင် ကြီးမားသော အရိပ်ကြီးတစ်ခု ပေါ်လာနေပေသည်။ ဝေလငါးသည်ပင် ၎င်းသတ္တဝါကြီး၏ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ဖုံးထားနိုင်၏။

ထို့အပြင် ၎င်းက သူတို့ဆီသို့ ဦးတည်လာနေခြင်း ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အညိုရောင်ဖြစ်ကာ ဦးခေါင်းသည် အချင်း (၅) မီတာထက် ပိုကြီးသည်။ သို့သော် ကြောက်စရာအကောင်းဆုံးသည် ၎င်း၏ ကြီးမားသော သွားများဖြစ်ကာ ကြမ်းတမ်းသည့်အမူအရာလည်း ဖြစ်သည်။

၎င်းငါးကြီးသည် အနီးရောက်လာသည်နှင့် ၎င်း၏ ပါးစပ်ကြီးကို ဟကာ စပိဘုတ်တစ်စီးနှင့် စပိဘုတ်ပေါ်ရှိ လူနှစ်ယောက်ကို တစ်ခါတည်း မျိုချလိုက်သည်။

"ထွက်ပြေးကြ! မြန်မြန်လေး!"

ယိုရှီဒါ မာဆာအိုချီက သင်္ဘော လက်တန်းကို ကိုင်ထားပြီး အသံကျယ်ကျယ်ဖြင့် အော်နေသည်။ သူ၏ အသံသည် အက်ကွဲကာ ကြမ်းတမ်းလာသော်လည်း သူက ဆက်အော်နေဆဲ ဖြစ်သည်။

ကံမကောင်းစွာဖြင့် အရာအားလုံးသည် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

သူ၏ ကျယ်လောင်သော အော်သံများကြား သူ၏ မျက်စိအောက်၌ အဖြစ်အပျက်ဆိုးတစ်ခု ဖြစ်သွားခဲ့သည်။

.....

All Chapters