စနစ်အမှတ်များ ခုန်ပျံတက်သွားခြင်း
Vol. 10 Ch. 142
ဝေလကျွန်းပေါ်ရှိ သင်္ဘောသားအားလုံးက သတ္တဝါကြီး နှစ်ကောင်၏ တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်နေကြသည်။
သူတို့အားလုံးသည် လက်ကို တင်းတင်းဆုပ်ထားကြပြီး ၎င်းသတ္တဝါကြီးများ သူတို့သင်္ဘောအား သတိမပြုမိစေရန် ဆုတောင်းနေသည်။
ထိုလူများထဲတွင် ယိုရှီဒါ မာဆာဟီရိုလည်း ပါဝင်လေသည်။
"မစ္စတာ နိုဒါဆန်ပိ... ကျွန်တော်တို့ အသက်ရှင်နိုင်မှာလား..."
ထိုအချိန်တွင် ယိုရှိဒါက လူသားကမ္ဘာသို့ သတင်းပြန်ပို့မည်ဟု တွေးဖူးခဲ့သော အတွေးများကို မေ့သွားခဲ့ပြီ ဖြစ်သည်။
ယခု သူလိုချင်သည့် တစ်ခါတည်းသော ဆန္ဒမှာ အသက်ရှင်နိုင်ဖို့ပင်။
"ရှင်မှာပါ... ငါတို့ အသက်ရှင်မှာ..."
နိုဒါဆန်ပိ၏ မျက်နှာတစ်ခုလုံး ဖြူဖတ်နေသည်။ သူသည် မကြာသေးမီကပင် သူတို့ ကံကောင်းနေသည်ဟု ဂုဏ်ယူစွာ ပြောခဲ့ဖူးသော်လည်း ယခုသေချာ ပြန်တွေးကြည့်လိုက်လျှင် သူတို့ ကံကောင်းနေခြင်း မဟုတ်ပေ။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များတွင်သာ တွေ့ရလေ့ရှိ့သည့် ဤသတ္တဝါကြီးများကို ရင်ဆိုင်ရခြင်းကို ကံကောင်းသည်ဟု မည်သို့ဆိုနိုင်ပါမည်နည်း။
နိုဒါဆန်ပိ၏ စကားသည် ယိုရှီဒါကို စိတ်သက်သာရာ ရသွားစေသည်။
ယိုရှီဒါက စကားအနည်းငယ် ထပ်ပြောတော့မသည့် အချိန်တွင် ဧရာမငါးကြီးက သူတို့ဝေလကျွန်းဆီသို့ ဦးတည်ထွက်ပြေးလာသည့်မြင်ကွင်းကို မြင်လိုက်ရပြီး သူ လုံးဝလဲကျလုနီးပါး ဖြစ်သွားသည်။
"မဟုတ်ဘူး... မဖြစ်ရဘူး!!"
သူက ထိတ်လန့်အော်ဟစ်လိုက်သည်။
အခြားသင်္ဘောသားများသည်လည်း ကြောက်လန့်တကြား မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အော်လိုက်ကြသည်။
"ငါတို့ သေရတော့မယ်...!!"
ဝေလကျွန်း၏ ကုန်းပတ်ပေါ်တွင် သင်္ဘောသားများ ထိတ်လန့်တကြား အော်ဟစ်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။
ထိုအချိန်တွင် သင်္ဘောသားတစ်ယောက်က မှိတ်ပစ် လက်နက်နောက်သို့ ပြေးသွားပြီး ဧရာမငါးကြီးကို ပစ်မှတ်ထားကာ တိုက်ခိုက်လိုက်သည်။
မှိတ်သည် ပျံထွက်သွားပြီး ဧရာမငါးကြီး၏ ဦးခေါင်းက အရိုးအကြေးခွံနှင့် အပြင်းအထန် ရိုက်ခတ်သွားသည်။ မှိတ်သည် ဧရာမငါးကြီး၏ ဦးခေါင်းကို အနည်းငယ်မျှ ထိုးဖောက်သွားပြီး အဖျားပိုင်းသာ အတွင်းသို့ စိုက်ဝင်သွားခဲ့သည်။
ဧရာမငါးကြီးသည် ၎င်း၏ ဦးခေါင်းကို အပြင်းအထန် လှုပ်ခါလိုက်ရာ မှိတ်က အလွယ်တကူ လွင့်ထွက်သွားခဲ့သည်။
နောက်မိနစ်ပိုင်းတွင် ၎င်း၏ အရှိန်ပိုမြန်လာပြီး ဝေလကျွန်းသင်္ဘောကို အမြီးဖြင့် ရိုက်ခတ်လိုက်သည်။ သင်္ဘောသားအများစုသည် ဤရိုက်ခတ်မှုအောက်တွင် သေဆုံးသွားကြသည်။
ဤအလွန် အားကြီးသော ရိုက်ခတ်မူ၏ သက်ရောက်မူမှာ ဝေလကျွန်းသင်္ဘောကို ဘယ်ဘက်သို့ စောင်းသွားစေပြီး ၎င်းအား မြုတ်သွားစေပေတော့မည်။
ငါးကြီးသည် ပင်လယ်ထဲသို့ ပြန်ကျသွားပြီး တစ်နာရီ မိုင် (၁၀၀) အမြန်နှုန်းဖြင့် ထွက်ပြေးသည်။
အလွန်ကြီးမားသော သတ္တဝါကြီး တစ်ကောင်က ဤမျှမြန်ဆန်စွာ ရွေ့လျားနိုင်သည်မှာ တကယ့်ကို မယုံနိုင်စရာပင်။
ထို့ထက်ပို၍ မယုံနိုင်စရာကောင်းသည်မှာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါကြီးသည် ၎င်း၏ အသက်ရှင်ရေအတွက် ထွက်ပြေးနေခြင်းပင်။
ဖြူး.....
ဧရာမငါးကြီး၏ အနောက်တွင် ရေထုကွဲသံများနှင့်အတူ ဖန့်ရန်က လိုက်နေခဲ့သည်။
အလင်းငါးကြီးသည် သူ့အား စနစ်အမှတ် (၁၀၀၀၀၀) ကို ပေးစွမ်းနိုင်သည်။ ထိုမျှ ကောင်းမွန်သော အခွင့်အရေးအား အဘယ့်ကြောင့် လွှတ်ပေးရမည်နည်း။
သူသည် နစ်မြုပ်စပြုနေသော ဝေလကျွန်းသင်္ဘောနှင့် ပတ်သက်၍ လုံးဝဂရုမစိုက်ပေ။
တစ်မိနစ်အကြာတွင် ဖန့်ရန်က အလင်းငါးကြီးနှင့် နီးကပ်သွားသည်။
မျိုးရိုးဗီဇ (ခေါ်) သန္ဓေပြောင်းလဲသွားသော အလင်းငါးကြီး၏ ကျောပိုင်းရှိ အရိုးကြေးခွံများသည် အလွန်မာကျော၏။
အလွန်ချွန်မြသော ဖန့်ရန်၏ သွားများပင် ၎င်းကို ခြစ်ရာထင်စေရန် ခဲယဉ်းသည်။ သို့သော် ၎င်း၏ ဝမ်းဗိုက်ပိုင်းမှာ အတော်လေး ပျော့ပျောင်းပြီ သူ၏ သွားများဖြင့် အလွယ်တကူ ထိုးဖောက်နိုင်သည်။
အလင်းငါးကြီး၏ အနီးရောက်ရှိသွားပြီးနောက် ဖန့်ရန်သည် ရေအောက် အနက်ပိုင်းသို့ ငုပ်ဆင်းကာ ငါးကြီး၏ ဝမ်းဗိုက်ဆီသို့ ဦးတည် တိုက်ခိုက်လိုက်လေသည်။
ဖန့်ရန် ချဉ်းကပ်လာသည်ကို သတိပြုမိသော အလင်းငါးကြီးသည် ၎င်း၏ ကြီးမားသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် အမြီးကြီးဖြင့် သူ့ကို တိုက်ခိုက်လိုက်လေသည်။
ဖန့်ရန်သည် ရှောင်တိမ်းရန် အစီအစဉ်မရှိဘဲ အလင်းငါးကြီး၏ ဝမ်းဗိုက်အရေပြားကို ကိုက်ဖြတ်လိုက်သည်။ သူသည် ဒဏ်ရာအချင်း လဲလှယ်ရန် စီစဉ်ထား၏။
ဘုန်း!!
အလင်းငါးကြီး၏ အမြီးသည် ဖန့်ရန်၏ ခန္ဓာကိုယ်ပေါ်သို့ အပြင်းအထန် ရိုက်ခတ် ကျရောက်သွားသည်။
၎င်းအမြီးပေါ်ရှိ ချွန်ထက်သော အရိုးဆူးချွန်းများသည် ဖန့်ရန်၏ မာကျောသော အကြေးခွံများကိုပင် ထိုးဖောက်ဝင်ရောက်သွားသည်။
ဤတွင် ဖန့်ရန်သည်လည်း အလင်းငါးကြီး၏ ဝမ်းဗိုက်အရေပြားကို ကိုက်ဖြတ်မိခဲ့လေပြီ။
သူ၏ သွားများသည် အလင်းငါးကြီး၏ ဝမ်းဗိုက်သို့ ထိုးဖောက်သွားချိန်တွင် သူသည် ဦးခေါင်းကို အပြင်းအထန် လှုပ်ခါလိုက်ကာ ၎င်းကို အကြီးအကျယ် ဆုတ်ဖဲ့ဆွဲဖြဲလိုက်သည်။
အလင်းငါးကြီးက ရူးသွပ်စွာ ရုန်းကန်သည်။
အလင်းငါးကြီးက ၎င်း၏ အမြီးကို ဖန့်ရန်၏ အသားထဲ ထိုးစိုက်သွားသော အမှီးအား အပြင်းအထန် ပြန်ဆွဲထုတ်လိုက်ရာ ကြီးမားသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။
ဖန့်ရန်က ပြင်းထန်သော နာကျင်မှုကြောင့် အနည်းငယ် တုန်ခါသွား၏။ သို့သော် သူသည် သူ၏ ဒဏ်ရာက ယားယံမူ အနည်းငယ်ကို ခံစားလိုက်ရပြီး နာကျင်မှုမှာ အတော်အတန် သက်သာသွားသည်။
ဤသည်မှာ လျင်မြန်သော ကုသမူ စွမ်းရည်က သူ၏ ဒဏ်ရာများအား ပြန်လည်ကုသပေးနေခြင်း ဖြစ်မှန်း သူသိပေသည်။
အနည်းငယ် သက်သာရာရသွားပြီးနောက် ဖန့်ရန်သည် ဘေးသို့ ကူးခတ်သွားကာ အလင်းငါးကြီး၏ တဖြည်းဖြည်း အသက်ပျောက်သွားပုံကို စောင့်ကြည့်နေလိုက်သည်။
အလင်းငါးကြီး၏ ဝမ်းဗိုက်သည် ပြဲထွက်သွားပြီး ကြီးမားသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေခဲ့ပေသည်။ ၎င်း၏ အတွင်းအင်္ဂါများသည် ဗိုက်မှ ထွက်ကျလာပြီး သွေးများလည်း အရူးအမူး ပန်းထွက်နေကာ ပတ်ဝန်းကျင် ပင်လယ်ရေပြင်ကို အနီရောင်ဖြင့် ဆေးခြယ်လျက်ရှိသည်။
အလင်းငါးကြီးတွင် ဖန့်ရန်ကဲ့သို့ ပြန်လည်ကောင်းမွန်နိုင်သည့် စွမ်းရည်မရှိသောကြောင့် ၎င်း၏ အသက်ရှုနှုန်းသည် တဖြည်းဖြည်း နှေးလာခဲ့ပြီး အကူအညီမဲ့စွာ ရုန်းကန်နေရုံသာ တတ်နိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့် အလင်းငါးကြီး၏ ရုန်းကန်မှုမှာ အားနည်းလာသည်။ ဖန့်ရန်သည် ရှေ့သို့ ကူးခတ်သွားကာ အခြားဒဏ်ရာကြီးတစ်ခုကို ထက်မံဖြစ်ပေါ်စေလိုက်ပြီး လက်စသတ်လိုက်၏။
ထို့နောက် သူသည် အလင်းငါးကြီးကို အပိုင်းပိုင်းဖြတ်ကာ စားသောက်ပွဲကြီးကို စတင်လိုက်တော့သည်။
မိနစ် (၂၀) ခန့်ကြာချိန်တွင် သူသည် အလင်းငါးကြီးအား အပြီးအစီး မျိုချလိုက်နိုင်ပြီး စနစ်အမှတ် (၁၀၀၀၀၀) ကို ရရှိလိုက်သည်။
ယခုဆို သူ့မှာ စနစ်အမှတ် (၅၃၀၀၀၀) ကျော် ရှိနေပြီ ဖြစ်သည်။ မကြာခင်အတောအတွင်း သူသည် နောက်ထပ် ဆင့်ကဲဖြစ်စဉ် တစ်ခုအား ဖြတ်ကျော်နိုင်ပေတော့မည်။
"ဟုတ်သား...။ ငါစနစ်အမှတ်တွေ လိုနေတာ ဟိုသင်္ဘောအနီးက ဝေလငါးနှစ်ကောင် အလာင်းနဲ့ အနည်းနဲ့ အများ ဖြည့်နိုင်လိမ့်မယ်"
အရာအားလုံးတွင် တန်ဖိုးရှိသည်ဆိုသော အခြေခံသဘောတရားအရ ဖန့်ရန်သည် မကြာသေးမီက အလင်းငါးကြီးနှင့် တိုက်ခိုက်ခဲ့သော နေရာသို့ ပြန်လာခဲ့သည်။
ပင်လယ်ပြင်ပေါ်တွင် ဝေလငါးကြီးတစ်ကောင်နှင့် ဝေလငါးလေးတစ်ကောင်၏ အလာင်းနှစ်ခုအား မြင်လိုက်ရသည်။
ဤအချိန်တွင် ဝေလကျွန်းသင်္ဘောသည် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်ကာ လူအများအပြားသည် ပင်လယ်ပြင်ပေါ်တွင် မျောပါနေကြသည်။ သို့သော် အများစုမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
တစ်ခုသော အချက်မှာ လူအနည်းငယ်၏ အသက်ရှုနှုန်း အားနည်းနေပေသည်။ အကယ်၍ ကယ်ဆယ်ရေးသည်သာ အချိန်မှီ မရောက်လာခဲ့လျှင် ဤကျယ်ပြောသော ပင်လယ်ပြင်တွင် အသက်ရှင်ဖို့ရန် ခဲယဉ်းပေလိမ့်မည်။
ဖန့်ရန်က ထိုလူများကို ဂရုမစိုက်ပေ။ သူသည် ဝေလငါးနှစ်ကောင်ဆီသို့ တည့်တည့်ကူးသွားပြီး ၎င်းတို့ကို မျိုချလိုက်သည်။
ဝေလငါးနှစ်ကောင်သည် ဖန့်ရန်အား စနစ်အမှတ် (၂၅၀၀၀) ထပ်မံရရှိစေသည်။
ဤနေရာကို နောက်ဆုံးအကြိမ် ဖန့်ရန်က တစ်ချက်ကြည့်ပြီးနောက် သူသည် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းတစ်နေရာကို ကူးခတ်သွားခဲ့တော့သည်။
.....