← Chapters

ပင်လယ်ထဲမှာ မိစ္ဆာသားရဲတွေ ရှိနေတာလား

Vol. 11 Ch. 143

ပင်လယ်ထဲမှာ မိစ္ဆာသားရဲတွေ ရှိနေတာလား

Vol. 11 Ch. 143

ဖန့်ရန်သည် ထိုနေရာတစ်ဝိုက်တွင် လှည့်လည်နေစဉ် နစ်၊ ဟဲစီနှင့် သင်္ဘောအဖွဲ့သားများသည် မြင်းခွာကျွန်းသို့ အလျင်အမြန် ပြန်သွားခဲ့ခြင်းကြောင့် လျင်မြန်စွာ ပြန်ရောက်သွားသည်။ သူတို့သည် ရွာသားများအား ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသော ပင်လယ်မိစ္ဆာသားရဲအကြောင်း အသိပေးခဲ့ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ရွာထဲတွင် ဆူပူအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

ပင်လယ်ထဲ ငါးဖမ်းသွားရန် အသင့်ပြင်နေကြ သူများသည် ၎င်းအတွေးကို စွန့်လွှတ်လိုက်ကြပြီး၊ ပင်လယ်ထဲသို့ ရောက်နေကြသော ၎င်းတို့၏ မိသားစုဝင်များကို အလွန်စိုးရိမ်လျက်ရှိသည်။

ရွာသားများအား မိစ္ဆာသားရဲအကြောင်း ပြောပြီးနောက် နစ်သည် အိမ်တွင် မငြိမ်မနေခဲ့ဘဲ ၎င်းတို့ရွာကို အထက်ပိုင်းဖြစ်သည့် လီမြို့သို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ပင်လယ်မိစ္ဆာသားရဲနှင့် ကြုံတွေ့ခဲ့ရကြောင်း သူအစီရင်ခံရပေမည်။ သူသည် ရဲတပ်ဖွဲ့အတွက် ဤသတင်းသည် အသုံးဝင်၊ မဝင် မသိသော်လည်း ထိုကဲ့သို့ အရေးကိစ္စမျိုးကို အစီရင်ခံသင့်သည်ဟု သူယုံကြည်သည်။

သူတို့၏ မိစ္ဆာသားရဲနှင့် ကြုံတွေ့ခဲ့ရသော နေရာသည် ခရီးသည်တင် သင်္ဘောများ၊ ငါးဖမ်း သင်္ဘောများနှင့် ကုန်တင်သင်္ဘောများ မကြာခဏဖြတ်သန်းလေ့ရှိပြီး၊ ငါးဖမ်းသမားများလည်း ဖြတ်သန်းသွားတတ်သည်။

ထိုနေရာတွင် မိစ္ဆာသားရဲတစ်ကောင် ရှိနေခြင်းသည် ၎င်းတို့၏ လည်ပင်းပေါ်တွင် ဓားတစ်လက်ဖြင့် ချိန်ရွယ်ထားသလို အန္တရာယ်ဖြစ်သည်။

သူတို့ကြုံတွေ့ခဲ့ရသော မိစ္ဆာသားရဲသည် သူတို့၏ ငါးဖမ်းပိုက်ကွန်ထဲမှ ငါးများကိုသာ စားသောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ငါးအားလုံးကို စားသုံးပြီးနောက် ဗိုက်ပြည့်သွားသည်ဟု ခံစားမိပြီး သူတို့အား တိုက်ခိုက်ခြင်းမပြုဘဲ ထွက်ခွာသွားခဲ့ခြင်းသာ ဖြစ်ရပေမည်။

သို့သော် နောက်တစ်ကြိမ်တွင် ထိုကဲ့သို့ ကံကောင်းခြင်းမျိုး မရှိနိုင်တော့ပေ။ အကယ်၍သာ ဆာလောင်နေသည့် မိစ္ဆာသားရဲနှင့် ထပ်မံကြုံတွေ့လိုက်ရလျှင် ထိုသူတို့သည် ၎င်းမိစ္ဆာသားရဲ၏ သားကောင်ဖြစ်လာနိုင်သည်။

သူသည် ထိုစဉ်က သင်္ဘောသည် သူတို့အား အကာအကွယ်ပေးနိုင်မည်ဟု မထင်ထားခဲ့ပေ။ ထိုမိစ္ဆာသားရဲသည် သူတို့၏ သင်္ဘောထက်ပင် ပိုမိုကြီးမားသောကြောင့်လည်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဒေသခံရဲစခန်းသည် သူ၏ ပြောပြချက်ကို အလေးအနက်မထားပေ။ သူ၏ အခိုင်အမာတောင်းဆိုမှုနှင့် အဖွဲ့သားများ၏ အတည်ပြုချက်များရှိနေသော်လည်း ရဲစခန်းက အရာရှိများသည် ပင်လယ်ရဲသင်္ဘောတစ်စင်းကိုသာ ပုံမှန်စစ်ဆေးရန် စေလွှတ်ခြင်း ပြုလုပ်ခဲ့ပြီး နစ်အား အလွန်ဒေါသထွက်စေခဲ့သည်။

နစ်ထင်ထားခဲ့သည်မှာ ရဲများသည် အစာဖြင့်ဆွဲဆောင်ခြင်းကဲ့သို့ နည်းလမ်းများဖြင့် ထိုမြွေကြီးကို ဖမ်းဆီးလိမ့်မည်ဟုသာ ဖြစ်သည်။

ယခုလို ရဲစခန်းက အရာရှိများသည် ပင်လယ်ရဲသင်္ဘောကို လှည့်လည်စစ်ဆေးရန် စေလွှတ်ခြင်းသည် သူတို့အား အရူးလုပ်မှန်း သူခန့်မှန်းမိခဲ့သည်။

သို့သော် သူ၏မေးခွန်းထုတ်မှုနှင့် ဒေါသထွက်မူများကို ကန့်ကွက်မှုများကို ရဲများက ရိုးရှင်းသည့် မေးခွန်းတစ်ခုသာ ပြန်မေးခဲ့သည်။

"ခင်ဗျာမှာ သက်သေအထောက်အထားတစ်ခုခု ရှိလား?"

နစ်တွင် ခိုင်လုံသော သက်သေ အထောက်အထားဟူ၍ မရှိဘဲ သက်သေပြနိုင်သော အရာမှာ ပျက်စီးနေသည့် ငါးဖမ်းပိုက်တစ်ခုသာ ရှိသည်။

ဤကဲ့သို့ လှောင်ပြောင်မှုတစ်ခု ဖြစ်နိုင်ခြေရှိသော အရာတစ်ခုအတွက် လူများစွာစေလွှတ်ဖြေရှင်းရန် ရဲအရာရှိများ မတတ်နိုင်ချေ။ ရဲစခန်းတွင် အားလပ်နေဟူ၍ မည်သူမျှ မရှိပေ။

နစ်အား ပိုမိုစိတ်ပျက်စေသည်မှာ မြင်းခွာကျွန်းသို့ ပြန်ရောက်လာပြီးနောက် ရွာသားများ၏ မေးမြန်းမှုများကို ခံခဲ့ရခြင်းဖြစ်သည်။

သူရရှိလိုက်သော မေးခွန်းများမှာ အခြေခံအားဖြင့် ရဲစခန်းက ပြောလိုက်သည်နှင့် တူညီပေသည်။

ထိုအတောအတွင်း နစ်နှင့်အတူ ပင်လယ်ထဲသို့ တပြိုက်နက်တည်း ထွက်ခဲ့သူများမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။ နစ်သည် ပင်လယ်မိစ္ဆာသားရဲနှင့် ကြုံတွေ့ခဲ့ရသည့် သတင်းကို ကြားချိန်တွင် ၎င်းတို့၏ ရယ်မောသံများဖြင့် ဖုံးလွှမ်းသွားသည်။

လူအများစုသည် နစ်အား ၎င်း၏ မိုက်မဲသော ပြောဆိုမှုများကြောင့် လှောင်ပြောင်ကြသည်။

"ပင်လယ်မိစ္ဆာသားရဲ"

"အဲ့ဒါတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက သတ္တဝါတွေပဲ။ ပင်လယ်မိစ္ဆာသားရဲတွေ ရှိတယ်ဆိုရင်တောင်၊ ကျုပ်တို့လို မြင်းခွာကျွန်းရဲ့ ရဲစွမ်းသတ္တိရှိတဲ့ ငါးဖမ်းသမားတွေက ကြောက်စရာမလိုပါဘူး"

ဤစကားများကို လူငယ်လေးလန်ဟူးက ပြောခဲ့ခြင်းဖြစ်ပြီး ၎င်းသည် "အကယ်၍ ငါသာ ပင်လယ်မိစ္ဆာသားရဲကို တွေ့ခဲ့ရင်၊ ငါ့ရဲ့မှိတ်နဲ့ ထိုးသတ်ပြီး အားလုံးစားကြည့်ရအောင် ပြန်ယူလာခဲ့မယ်" ဟု ဂုဏ်ယူစွာ လူအုပ်အလယ်တွင် ခေါင်းမော့ကာ ကြွေးကြော်ခဲ့သည်။

"ဟားဟားဟား..."

လူအများသည် ရယ်မောသံများကြား ပင်လယ်မိစ္ဆာသားရဲအပေါ် ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး၊ နစ် အပေါ် စုံစမ်းမေးမြန်းမှုနှင့် လှောင်ပြောင်မှုများ တဖြည်းဖြည်းများပြားလာခဲ့သည်။

နစ်နှင့် သူ၏ အဖွဲ့သားအချို့သည် ၎င်းတို့၏ အနည်းငယ်အကွာမှာ ရပ်နေကာ လန်ဟူးဆိုသည့် ကလေး၏ ဟိတ်ဟန်များကို ကြားရချိန်တွင် သူတို့မှာ မထိန်းနိုင်တော့ဘဲ ရယ်မောမိကြလေသည်။ အကယ်၍ ထိုကလေးသာ ပင်လယ်မိစ္ဆာသားရဲကို တွေ့မြင်ခဲ့လျှင် ဘောင်းဘီထဲ သေးမထွက်ဘဲ ပြန်လာနိုင်ရင်ပင် ကံကောင်းသည်ဟု ဆိုရမည်။

ဟဲစီမှာတော့ အလွန်ဒေါသထွက်နေခဲ့သည်။ သူသည် လူအုပ်အလယ်ရှိ လန်ဟူးကို စိုက်ကြည့်ရင်း လက်သီးကို တင်းကြပ်စွာဆုတ်ထားခဲ့၏။ သူ့ကဲ့သို့ လူငယ်များသည် အထူးသဖြင့် မိမိပြိုင်ဘက်ထံမှ လှောင်ပြောင်ခံရခြင်းကို သည်းမခံနိုင်ကြပေ။

ပိုပြီးဆိုးသည်မှာ လွန်ခဲ့သော နှစ်ရက်ခန့်က မိစ္ဆာသားရဲအကြောင်း သူနှင့် ပါးနပ်စွာ စကားပြောနေခဲ့ဖူးသော ကိုဖီက လန်ဟူးနှင့်အတူ ရပ်နေပြီး၊ သူ့အား မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်နေခဲ့ခြင်းပင်။

နစ်သည် အမျိုးမျိုးသော သံသယများနှင့် ရင်ဆိုင်နေရစဉ် အဖြစ်ပျက်တစ်ခုက လူတိုင်းအား အံ့အားသင့်စေခဲ့သည်။

၎င်းသည် နစ်အား အနည်းငယ်သက်သာရာရစေခဲ့ပြီး၊ သူ့အပေါ်ရှိနေကြသူများ၏ သံသယများကို သိသိသာသာ လျော့နည်းသွားစေခဲ့သည်။

လူတိုင်းသည် နစ်၏ ဇာတ်လမ်းသည် အတုသာဖြစ်ရမည်ဟု ထင်ခဲ့ကြသော်လည်း ထိုအဖြစ်အပျက်သည် သူတို့အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေပေသည်။

.....

All Chapters