← Chapters

ကလေးမလေး

Vol. 11 Ch. 144

ကလေးမလေး

Vol. 11 Ch. 144

ဖန့်ရန်၏ ကိုယ်ခန္ဓာမှာ ရေအောက်တွင် နစ်မြုပ်နေပြီး၊ ခေါင်းသည်သာ ရေမျက်နှာပြင်ပေါ် ထိုးထွက်နေသည်။

သူသည် ရှေ့သို့ ကူးခတ်ရင်း ပတ်ဝန်းကျင်ရှိ ရှုခင်းများကို စိုက်ကြည့်လာခဲ့သည်။ သူ၏ ခရီးဆုံချက်မှာ ယခင်က သူနေခဲ့ဖူးသော ကျွန်းစုများသာ ဖြစ်သည်။

ထိုနေရာသို့ ပြန်သွားရခြင်းမှာ ထိုကျွန်းပေါ်ရှိ လိပ်များအပေါ် သူ၏ အကြံအစည်အချို့ ကျန်ရှိနေသောကြောင့်ဖြစ်ပြီး၊ အခြားသွားစရာနေရာ အခြားမရှိခြင်းကြောင့်လည်း ပါဝင်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် သန္ဓေပြောင်း အလင်းငါးကြီးနှင့် တိုက်ခိုက်ခဲ့သော နေရာတဝိုက်တွင် လှည့်လည်နေခဲ့သော်လည်း၊ အခြားကျွန်းတစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။

သူရှေ့ဆက်သွားနေစဉ် ကောင်းကင်သည် တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။ မကြာမီမှာပင် ညအချိန်သို့ ရောက်လာခဲ့၏။

ဖန့်ရန်သည် အရှေ့တွင် တစ်နေရာ၌ အလင်းတစ်ခု လင်းနေသည်ကို သတိထားမိသည်။

အစတွင် ၎င်းအား သင်္ဘောတစ်စင်းက မီးရောင်ဟု ထင်ခဲ့သော်လည်း၊ နီးကပ်လာသည်နှင့်အမျှ ထိုအလင်းသည် သင်္ဘောဆီကလာခြင်း မဟုတ်ကြောင်း သူသဘောပေါက်လာသည်။

၎င်းသည် ကျွန်းတစ်ကျွန်းဖြစ်ကာ၊ လူသားတို့၏ လှုပ်ရှားမှုလက္ခဏာဖြစ်သော အိမ်များစွာနှင့် အလင်းရောင်များ ရှိနေသည်။

သို့သော် ၎င်းကျွန်းသည် မြင်းခွာကျွန်းနှင့် မတူညီပေ။ မြင်းခွာကျွန်းပေါ်ရှိ အဆောက်အအုံများသည် သာမန်အိမ်များသာဖြစ်ပြီး၊ ဤကျွန်းပေါ်ရှိ အဆောက်အအုံများမှာတော့ အလွန်ခမ်းနားထည်ဝါ၏။

ကမ်းခြေတွင် အဆင့်မြင့်ဟိုတယ်ကြီးများနှင့် လှပသောအိမ်ကြီးများကို တည်ဆောက်ထားသည်။

ခဏတာ စဉ်းစားပြီးနောက် ဖန့်ရန်သည် ဤကျွန်းမှာ ခရီးသွားဧည့်သည်များအတွက် အနားယူ အပန်းဖြေရာနေရာတစ်ခုသာ ဖြစ်ရမည်ဟု ယူဆလိုက်သည်။

သူသည် ၎င်းအား တစ်ချက်ကြည့်ပြီးနောက် သူ ယခင်နေထိုင်ခဲ့သည့် လူသူကင်းမဲ့သောကျွန်းကို ရှာဖွေရန် ပြန်စတင်လိုက်လေသည်။

သူ့တွင် ဦးတည်ရာကို ခွဲခြားသိရှိနိုင်သည့် အထူးစွမ်းရည်ရှိသော်လည်း ၎င်းသည် ခန့်မှန်းချက်သာ ဖြစ်ပြီး နေရာ အတိအကျကို ညွန်းပြခြင်း မဟုတ်ပေ။

ထို့ကြောင့် ဤနေရာကို ဂရုတစိုက် ရှာဖွေရန် လိုအပ်သည်။

...

ကမ်းခြေတွင် ခေတ်မီအဝတ်အစားများဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်နှင့် အသက် ၄-၅ နှစ်ခန့် ကလေးမလေးတစ်ယောက်တို့ ရှိနေပေသည်။ သူတို့၏ အနောက် မနီးမဝေးတွင်တော့ ဟိုတယ်ကြီးတစ်ခုက ရှိသည်။

ကလေးမလေးက မကြာခဏ သဲများကို လက်ဖြင့်ကုတ်ယူကာ ရေထဲသို့ လှမ်းပစ်နေသည်။

ခေတ်မီလှသော အမျိုးသမီးက ကလေးမလေးအား ပြုံးပြီး ကြည့်နေပြီး ကလေးမလေး ပျော်ရွှင်စွာ ကစားနေသည်ကို ကြည့်နေရင်း လှမ်းကာ မေးလိုက်သည်။

"ပျော်ရဲ့လား သမီးလေး"

ကလေးမလေးက ခေါင်းညိတ်လိုက်ပြသော်လည်း၊ သူမလေး၏ ကစားနည်းအတိုင်း ဆက်ကစားနေဆဲ ဖြစ်သည်။

"ဒါဆို အိမ်ပြန်ရောက်တဲ့အခါ သူငယ်တန်းကျောင်းသွားတတ်ရမယ်နော်?"

ကလေးမလေးသည် သူမ မိခင်၏ စကားကိုကြားလိုက်သည်နှင့် ကြောင်ပေါက်စလေး လန့်သွား သကဲ့သို့ သူမ၏ ဆံပင်မွှေးများထောင်သွားပြီး၊ လက်ထဲ ဆုတ်ထားသော သဲများကို လွှတ်ချလိုက်ကာ သူမ၏ မိခင်အား လေးလေးနက်နက် ပြောတော့သည်။

"သမီး သူငယ်တန်းသွား မတက်ဘူး!"

မိခင် အမျိုးသမီး၏ မျက်နှာပေါ်မှ ပြုံးရိပ်များသည် ပျောက်ကွယ်သွားပြီး၊ သူမက ခြိမ်းခြောက်သည့် အကြည့်ဖြင့် ပြောလိုက်သည်။

"စကားနားမထောင်ရင် အမေ အရမ်းဒေါသထွက်သွားမှာနော် သမီး။ ဒါကြောင့် စကားနားထောင်သင့်တယ်!"

"အမေ့ စကားနားမထောင်ရင် အခုချက်ချင်း ခေါင်းကို ခေါက်လိုက်မယ်!"

ဤစကားကို ပြောပြီးနောက် သူမက လက်ကို မြှောက်လိုက်သည်။

"အမေရိုက်ရင် သမီး ငိုလိုက်မှာနော်"

ကလေးမလေးက မျက်နှာလေး မော့ပြီး အကျယ်ကြီး အော်ပြောလိုက်သည်။

"ငိုပေါ့။ အရမ်းအကျယ်ကြီး ငိုရင်တောင် ခေါက်မှာပဲ!"

ကလေးမလေးကို မိခင်အမျိုးသမီးက ဒေါသသံနှင့် ပိတ်အော်လိုက်သည်။

"ငိုရင် ချောကလက်တွေလည်း မကျွေးတော့ဘူး! ငိုပြီး ပူဆာရင်လည်း အလကားပဲ! ပြန်မတက်ချင်ရင် ခေါင်းကို ဆက်ခါက်ဦးမှာ!"

ကလေးမလေး၏ ကိုယ်ခန္ဓာမှာ တောင့်တင်းသွားသည်။ သူမသည် သူမ၏ တိုတောင်းသော လက်လေးများဖြင့် ခေါင်းကို အုပ်ထားရန် ကြိုးစားသော်လည်း မအုပ်နိုင်ပေ။

ခဏကြာပြီးနောက် သူမသည် မိခင်ဖြစ်သူအား ပြန်လည် တိုက်ခိုက်ရန် စကားလုံးများကို စဉ်းစားမိသွားခဲ့ပြီး သူမက မိခင်ဖြစ်သူအား လေးနက်စွာကြည့်ကာ ပြောလိုက်သည်။

"မြေပေါ်လှိမ့်လိုက်မှာနော်!"

"လှိမ့်ကြည့်လိုက်လေ!"

ခေတ်မီသော အမျိုးသမီးသည် ကလေးမလေး၏ စကားကြောင့် ရယ်မောမိသွားပြီး၊ သူမလေးအား ရုတ်တရက် ကောက်ချီလိုက်ကာ ပစ်ချမည့်ဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။

"မြေပေါ်လှိမ့်လိုက်ရင် ပင်လယ်ထဲပစ်ချပြီး မိစ္ဆာသားရဲတွေကို အစာအနေနဲ့ ကျွေးပစ်မယ်!"

"ဟီး ဟီး..."

ကလေးမလေးမှာ လုံးဝမကြောက်သွားဘဲ ၎င်းစကားကို ရယ်စရာကောင်းသည်ဟု ထင်ကာ ရယ်မောလိုက်သည်။

"အမေ... ဒီစကားနဲ့ သမီးကို လှန့်နိုင်မှာ မဟုတ်ဘူး။ ပင်လယ်ထဲမှာ မိစ္ဆာသားရဲဆိုတာ တကယ်မှ မရှိတာ။ သမီးက အရင်လို ၃ နှစ် သမီးလေး မဟုတ်တော့ဘူး!"

၎င်းစကားအား ပြောရင်း သူမလေးသည် ပင်လယ်ပြင်ကြီးကို ငေးကြည့်လိုက်သည်။

ပင်လယ်ကြီးမှာ အေးချမ်းစွာ တည်ရှိနေပြီး၊ မှောင်မဲနေသော ရေပြင်ကြီးသာ မြင်ရပေမည်။

ရုတ်တရက် ဝေးကွာသော ပင်လယ်ပြင် တစ်နေရာမှ ကြီးမားသည့် အရိပ်တစ်ခု ရေထဲမှ ထွက်ပေါ်လာသည်။ ဟိုတယ်၏ အလင်းရောင်မှာ ၎င်း၏ ပုံသဏ္ဍာန်အား မှိန်မှိန်ပြပြ မြင်ရစေလေသည်။

ဤမြင်ကွင်းသည် ဤအခိုက်မှာ ကလေးမလေး၏ မျက်လုံးထဲသို့ တန်းတန်းမတ်မတ်တိုးဝင်သွားခဲ့သည်။

သူမ မြင်လိုက်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့်ခေါင်းကြီးတစ်ခုသာ...။

"အား...ဝူးး!"

ခဏက အချိန်လေးတင် ရယ်နေခဲ့သော ကလေးမလေးမှာ ကြောက်လန့်တကြား ငိုကြွေးလိုက်ပြီး၊ တုန်လှုပ်နေပြီး သူမ၏ မိခင်ရင်ခွင်ထဲ တိုးဝင်သွားသည်။

"အမေ့ ပင်လယ်ထဲမှာ မိစ္ဆာသားရဲကြီးရှိတယ်!"

ခေတ်မီသော အမျိုးသမီးမှာ ကလေးမလေး၏ ရုတ်တရက်လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီး၊ သူမလေးကို ပွေ့ချီကာ နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူနဲ့... အမေက ပြောတာ လိမ်တာပါကွယ်။ ပင်လယ်ထဲမှာ ဘာမိစ္ဆာမှ မရှိဘူး။"

သူမသည် ကလေးမလေးအား အရင်က ရဲရင့်ဟန်ပြောနေခဲ့ပြီး အခုမှ မထိန်းနိုင်တော့ဟု ထင်ကာ ပြုံးရယ်လိုက်သည်။

"ဖူးး.."

ရုတ်တရက် ပင်လယ်ထဲမှ ကြီးမားသော ရေလှိုင်ခတ်သံများ ကြားလိုက်ရသည်။

သူမသည် ထိတ်လန့်သွားပြီး ထိုဘက်ကို ကြည့်လိုက်သော်လည်း၊ လှိုင်းတဖွားဖွားသာ မြင်လိုက်ရသည်။

.....

All Chapters