သတင်းပျံ့နှံ့ခြင်း
Vol. 11 Ch. 146
"အား...!"
ဟယ်လီကော်ပတာပေါ်ရှိ ခရီးသွား လူဖြူ တစ်ဒါဇင်ခန့်သည် အောက်ဘက်ရှိ မြင်ကွင်းအား မြင်သွားကြပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကြသည်။
သူတို့သည် လမ်းညွှန်ပြောသည့် လိပ်များ ဥဥချနေသည့် မြင်ကွင်းကို မြင်လိုက်ကြခြင်းကြောင့် အံ့သြထိတ်လန့်သွားကြခြင်း မဟုတ်ပေ။ သူတို့ကို ထိတ်လန့်သွားစေသည်မှာ သဲသောင်ပြင်ပေါ်ရှိ ကြီးမားသော အမှတ်အသားများနှင့် လမ်းကြောင်းများသာ ဖြစ်သည်။
၎င်းအမှတ်အသားများနှင့် လမ်းကြောင်းများသည် မြွေတစ်ကောင် ဖြတ်သန်းသွားခြင်းကြောင့် ပေါ်လာသည်နှင့် ဆင်တူသည်။
သို့သော် ၎င်းအမှတ်အသားများနှင့် လမ်းကြောင်းများသည် သာမန်မြွေတစ်ကောင် ချန်ရစ်ခဲ့နိုင်သည်ထက် အဆများစွာ ကြီးမားနေ၏။
အကယ်၍ ၎င်းသည်သာ မြွေတစ်ကောင်ကြောင့် ပေါ်လာခြင်းဆိုလျှင် ၎င်းမြွေ၏ အချင်းမှာ တစ်မီတာကျော်ရှိရမည် ဖြစ်သည်။
ခရီးသွား လူဖြူများသည် ကမ်းခြေပေါ်တွင် သွေးများစွာကိုလည်း မြင်တွေ့ခဲ့ကြသည်။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို မှန်းဆရန် မခက်ခဲပေ။ ဤသဲသောင်ပြင်သည် မကြာသေးမီ အချိန်က စစ်မြေပြင်ဖြစ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတစ်ကောင်သည် ဤနေရာတွင် သတ်ဖြတ်မှုများအား ကျူးလွန်ခဲ့ပေမည်။
လိပ်အကောင်ရေပေါင်းများစွာကို ထိုသတ္တဝါက စားသုံးခဲ့ပေမည်။
ဤသတ်ဖြတ်ခြင်း သတင်းသည် အနီးအနားရှိ မြင်းခွာကျွန်းအပါအဝင် ကျွန်းများစွာသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မူလက မြင်းခွာကျွန်းသူ ကျွန်းသားများသည် နစ်၏ ပြောပြချက်ကို မယုံကြည်ခဲ့ကြသော်လည်း Pearl ကျွန်းပေါ်ရှိ သတ်ဖြတ်ခြင်းဖြစ်ရပ် မြင်တွေ့ပြီးနောက် အလွန်တရာ ကြောက်ရွံ့သွားကြသည်။
နစ်သည် မကြာခင်ရက်ပိုင်းက ပင်လယ်မိစ္ဆာသည် အချင်းတစ်မီတာခန့်ရှိသော မြွေကြီးတစ်ကောင်ဟု ပြောခဲ့ဖူးသည်။
ဤအချက်အလက်သည် Pearl ကျွန်းပေါ်ရှိ သဲသောင်ပြင်က အမှတ်အသားများ လမ်းကြောင်းများနှင့် ကိုက်ညီနေသည် မဟုတ်ပေလော။
ဤဖြစ်စဉ်နှစ်ခုကို ဆက်စပ်ကြည့်မိချိန်တွင် မြင်းခွာကျွန်းပေါ်ရှိ လူအားလုံးသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး ပင်လယ်ထဲတွင် မိစ္ဆာတွေတကယ့်ရှိနေသည်ဟု ကောက်ချက်ချလိုက်ကြသည်။
၎င်းသည် Pearl ကျွန်းရှိ လိပ်များကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပေရာ လူနေထူထပ်သော ကျွန်းများကိုလည်း တိုက်ခိုက်လာနိုင်ခြေရှိသည်။
မြင်းခွာကျွန်းသူ ကျွန်းသားများသည်သာမက အခြားလူနေကျွန်းများရှိ လူများသည်လည်း ထိတ်လန့်သွားကြသည်။ သူတို့သည် ပင်လယ်မိစ္ဆာက သူတို့ကျွန်းအား တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် နှစ်ရက်အကြာတွင် Robles မှ ရေငုပ်သင်္ဘောဆယ်စီးခန့်ကို ထိုနယ်မြေကို စောင့်ကြည့်ရန် စေလွှတ်ခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် အစိုးရမှ Pearl ကျွန်းရှိ ပင်လယ်မိစ္ဆာဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့လေသည်။
ယခင်က အရေးစိုက်မခံခဲ့ရသော နစ်နှင့် သူ၏ အဖွဲ့သားများသည် အပြင်းအထန်စစ်ဆေးမေးမြန်ခြင်းကို ခံခဲ့ကြရသည်။
Pearl ကျွန်းပေါ်က ဖြစ်ရပ်သည် အင်တာနက်ပေါ်တွင်လည်း အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့လေသည်။ ထိုကျွန်းပေါ်တွင် ပေါ်ထွက်လာသော ပင်လယ်မိစ္ဆာသည် မြွေကြီးတစ်ကောင်ဖြစ်နိုင်ပြီး ပူဂါဒါ သစ်တော ပန်းခြံ၏ မြွေကြီးကို သတိရစေခဲ့သည်။
Pearl ကျွန်းဖြစ်ရပ် အပြီးတွင် လူများစွာသည် မစ္စပီရေကန်အောက်ရှိ မြွေကြီးသည် အတုအယောင် မဟုတ်ဘဲ ဤနေရာနှစ်ခုမှ မြွေနှစ်ကောင်သည် တစ်ကောင်တည်းသာ ဖြစ်နိုင်သည်ဟု ယုံကြည်လာကြသည်။
၎င်းမြွေကြီးသည် မစ္စပီရေကန်အောက်မှ Pearl ကျွန်းသို့ မည်သို့မည်ပုံ ရောက်ရှိသွားသည်ကို မသိသော်လည်း မစ္စပီရေကန်က ရှာဖွေတွေ့ရှိထားသော မြေအောက်မြစ်နှင့် ဆက်စပ်နေနိုင်ပေသည်။
လူတိုင်းက စစ်တမ်းရလဒ်များကို စိတ်ဝင်တစား စောင့်မျှော်နေကြစဉ် နောက်ထက်ပေါ်လာသော ဖြစ်ရပ်တစ်ခုသည် အင်တာနက်ပေါ်သို့ ပျံ့နှံ့သွားပြီး Pearl ကျွန်း ပင်လယ်မိစ္ဆာဖြစ်ရပ်၏ ကျော်ကြားမှုကို မှေးမှိန်သွားစေခဲ့သည်။
၎င်းဖြစ်ရပ်သည် ဂျပန်နိုင်ငံ၏ ဝေလငါးဖမ်း ဝေလကျွန်းသင်္ဘော နစ်မြုပ်သွားခြင်း ဖြစ်သည်။
သတင်းဌာနမှ သတင်းထောက်များ၏ ပြောပြချက်အရ ဂျပန်နိုင်ငံ၏ ဝေလငါးဖမ်း ဝေလကျွန်းသင်္ဘောသည် မသိသတ္တဝါတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အဆက်အသွယ်ပြတ်တောက်သွားပြီဆိုသည့် သတင်းဖြစ်သည်။ ကျွမ်းကျင်ပညာများသည်တော့ ၎င်းသည် ပင်လယ်ပြင်တွင် နစ်မြုပ်သွားနိုင်ခြေများသည်ဟု ပြောကြားခဲ့သည်။
"ယခုအချိန်မှာဆိုရင် ဝေလကျွန်း သင်္ဘောသားတွေထဲက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကို ရှာတွေ့ခဲ့ပါပြီ။ အသက်ရှင်ကျန်ရစ်သူ၏ အမည်မှာ ယိုရှီဒါ မာဆာအိချိဆိုသူ ဖြစ်ပြီး ဂျပန်နိုင်ငံမှာ နေထိုင်သူဖြစ်ပါတယ်"
"သူ့ကိုတော့ ပင်လယ်ပြင်က စွန့်ပစ် လှေတစ်စင်းပေါ်မှာ တွေ့ရှိခဲ့ပြီး။ အဲဒီ တစ်နေ့တည်းမှာပဲ ဒေသခံငါးဖမ်းသမားတစ်ယောက်က..."
ကွန်ပျူတာဖန်သားပြင်တွင် ဂုဏ်သိက္ခာရှိပြီး လှပသော သတင်းထောက်တစ်ဦးက ဝေလကျွန်း နစ်မြုပ်မှုဖြစ်ရပ်ကို စိတ်အားထက်သန်စွာ ပြောပြနေခဲ့သည်။ ခဏအကြာ ဖန်သားပြင်ပေါ်တွင် ၎င်းနှင့်သက်ဆိုင်သော ပုံတစ်ပုံပေါ်လာလေသည်။
ဆေးရုံတစ်ခု ဖြစ်သည်။
ဆေးရုံခုတင်ပေါ်တွင် အသက် (၃၀) ခန့်အရွယ်ရှိသော ယောက်ျားတစ်ယောက်သည် အားအင်ကုန်ခမ်းဟန်ဖြင့် လဲလျောင်းနေခဲ့သည်။ ထိုလူသည် အခန်းခေါင်မိုး မျက်နှာကျက်အား ငေးစိုက်ကြည့်နေခဲ့သည်။
သူ့ဘေးနားတွင်တော့ အဖြူရောင်ဂျူတီကုပ်ဝတ်ထားသော ဆရာဝန်များစွာက သူ့ကို စစ်ဆေးနေကြသည်။
"ဟွမ်အကို၊ ပင်လယ်ထဲမှာ တကယ်ပဲ မိစ္ဆာတွေတယ်ထင်လား"
ကွန်ပျူတာ ဖန်သားပြင်မှ ပုံရိပ်များ ပြောင်းလဲသွားပြီးနောက်...
လ်ီဇီက ဘေးနားမှ လွိုင်ဟွမ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
မကြာသေးမီက သူတို့သည် အင်တာနက်ပေါ်တွင် Pearl ကျွန်း ပင်လယ်မိစ္ဆာဖြစ်ရပ်နှင့် ပတ်သက်သော သတင်းအား ဖတ်ရှုခဲ့ကြသည်။ သူတို့သည် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားနေကြပြီး ကျွမ်းကျင်သူအဖွဲ့၏ စစ်တမ်းရလဒ်ကို စောင့်မျှော်နေကြသည်။
သို့သော် (၅) ရက်အတွင်း နောက်ထပ် မိစ္ဆာဖြစ်ရပ်တစ်ခု ဖြစ်ပွားလာမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
"အင်တာနက်ပေါ်မှာ ယိုရှီဒါ မာဆာအိချိလို့ခေါ်တဲ့လူကို တွေ့ရှိခဲ့တဲ့အချိန်က ကယောင်းကတမ်းတွေ ပြောနေတယ်ဆိုတာ ကြားဖူးတယ်။ ဟွမ်အကိုရော ဒီသတင်းကို အမှန်လို့ထင်လား"
လီဇီက ပြောလိုက်သည်။
ယခင်က မိစ္ဆာများနှင့် ပတ်သက်သော သတင်းများကို စိတ်ဝင်စားမှုနှင့် မျှော်လင့်ချက်တို့ထက် သာလွန်သော စိတ်လှုပ်ရှားမူအား သူခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိစ္ဆာတစ်ကောင်က လူသားသင်္ဘောအား တိုက်ခိုက်သည့် သတင်းကို ပထမဆုံးအကြိမ် ကြားသိရခြင်းကြောင့် ဖြစ်သည်။
အချို့သော အကြောင်းပြချက်များအရ ယိုရှီဒါ မာဆာအိချိကို တွေ့ရှိခဲ့သော ငါးဖမ်းသမားသည် သူ့ကို ပျက်စီးနေသော လှေတစ်စင်းပေါ်တွင် ထိုင်နေပြီး ကိုယ်ခန္ဓာအနှံ့အပြားမှာ ဒဏ်ရာများနှင့် မျက်လုံးများမှာ အလင်းရောင် ပျောက်ဆုံးနေသည်ကို တွေ့ခဲ့ရသည်တဲ့..။
"အင်း ဒါက"
လွိုင်ဟွမ်က ခေါင်းညိတ်လိုက်သည်။ သူသည် လီဇီပြောသည့်အတိုင်း ကြားခဲ့ပေသည်။
"ယိုရှီဒါ မာဆာအိချိလို့ခေါ်တဲ့ လူရဲ့ စိတ်က ရှင်းလင်းပြတ်သားမှု မရှိဘူး၊ သူ့စိတ်က မူမမှန်နေဘူးဆိုတော့ သူ့ဆီကနေ တစ်ခုခုရဖို့ ခက်ခဲလိမ့်မယ်"
"ဆိုရရင် သူတို့ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတစ်ကောင်ကို တွေ့ခဲ့တာလားဆိုတာ ငါလည်း မပြောတတ်ဘူး..."
လွိုင်ဟွမ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ ဤဖြစ်ရပ်သည် ယခုရက်ပိုင်းအတွင်း အလွန်ကျော်ကြားနေပြီး အင်တာနက်ပေါ်က နေရာတိုင်းလိုလိုမှာ မြင်တွေ့ရပေမည်။ ယခုဆို ၎င်းက ပင်မရေစီးကြောင်းလို ဖြစ်နေသည်။
လူအချို့က ယိုရှီဒါ မာဆာအိချိ ဆိုသူသည် အမှန်တကယ်ပင် ပင်လယ်မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ယုံကြည်ကြပြီး၊ လူများစွာကတော့ ၎င်းသည် သာမန်သင်္ဘောနစ်မြုတ်မူတစ်ခုသာဖြစ်ပြီး ပင်လယ်မိစ္ဆာ မရှိဟု ယုံကြည်ကြသည်။
ထိုယိုရှီဒါ မာဆာအိချိ ဆိုသူ၏ စိတ်သည် ကြီးမားသော ဖိအားများကြောင့် ပျက်စီးသွားခြင်း ဖြစ်နိုင်သည်။
"ပြောမယ့်သာပြောရတာ ဒီယိုရှီဒါ မာဆာအိချိဆိုတဲ့ လူရဲ့ ကံကြမ္မာက တကယ့်ကို အံ့သြစရာကောင်းတယ်။ ဒီလိုအန္တရာယ်များတဲ့ သင်္ဘောပျက်မှုကနေတောင် အသက်ရှင်ကျန်နိုင်တယ်။ အခုမှ သတိရတယ် သူ့လှေပေါ်မှာ အလောင်းနှစ်လောင်းရှိတယ်ဆိုတာ မကြာခင်က ကြားခဲ့တယ်"
ထိုသို့ပြောပြီးနောက် နှစ်ဦးစလုံး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
လီဇီသည် ရပ်တန့်သွားပြီး မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ...
"သူက...သူ့အဖော်ရဲ့ အလောင်းတွေကို..."
ယိုရှိဒါ ဆိုသူသည် အသက်ရှင်ကျန်ရစ်ရန် မည်သို့ပြုလုပ်ခဲ့သည်ကို တွေးမိသောအခါ နှစ်ဦးစလုံး ပျို့အန်လုနီးပါး ခံစားရသည်။
.....