← Chapters

အင်အား တစ်သောင်း

Vol. 6 Ch. 553

အင်အား တစ်သောင်း

Vol. 6 Ch. 553

တာ့မင်နစ္စတန် နိုင်ငံ၊ ခါရက်နိုဗို ပင်လယ်ကွေ့ ...

တာ့မင်နစ္စတန် နိုင်ငံသည် အရှေ့ အလယ်ပိုင်း၏ နိုင်ငံကြီး ငါးနိုင်ငံ အနက် တစ်နိုင်ငံ ဖြစ်သည်။ သို့သော်လည်း လူဦးရေမှာမူ ငါးသန်းခန့်သာ ရှိ၏။

သို့သော်လည်း ထိုသို့ မထင်မရှား နိုင်ငံလေးသည် ယခုအချိန်၌ မြေအောက် လောက တစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်နေခဲ့သည်။

"ငှက်ပြာ ကြေးစားအဖွဲ့ ..."

"အိုမန် တော်ဝင်ဓားသွား အဖွဲ့ ..."

"မြောက်အာဖရိက မြွေပွေးများ အဖွဲ့ ..."

များစွာသော ကြေးစား အဖွဲ့များစွာသည် တာ့မင်နစ္စတန်၌ လာရောက် စုစည်းကြသည်။

တာ့မင်နစ္စတန် အစိုးရသည် ထိုကိစ္စကို မကျေနပ်သော်လည်း အင်အားချင်း မမျှတမှုကြောင့် ပါးစပ် ပိတ်၍သာ နေရ၏။

နေ့တစ်ဝက်မျှ အချိန် အတွင်းမှာပင် တာ့မင် နစ္စတန်၌ ကြေးစားသမား တစ်သောင်းခန့် ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအထဲတွင် အတွင်းအား ပညာရှင်များ၊ အရှင် သခင်များလည်း များပြားစွာ ရောနှောနေ၏။

"ပစ်မှတ် တည်နေရာကို သိရပြီလား ..."

"အခုထိ မသိရသေးဘူး ... ဒါပေမဲ့ ကာဂျစ်စတန် ဥဇဘက်ကစ္စတန် တို့ကို အစဉ်လိုက် ဖြတ်ကျော်ခဲ့ပုံ အရ ဆိုရင် ပစ်မှတ်က တရုတ်ကနေ လာတယ် ဆိုတာ ကောက်ချက်ချလို့ ရတယ် ..."

"ထူးဆန်းတယ် ... သူက အရှေ့တိုင်းက ပညာရှင် တစ်ယောက်များလား ..."

များစွာသော ကြေးစား ခေါင်းဆောင်များသည် ခေါင်းချင်းဆိုင်ကာ ပစ်မှတ် မည်သူ ဖြစ်ကြောင်း ရှာဖွေရန်နှင့် ပစ်မှတ်အား သုတ်သင်ရန် နည်းလမ်းများကို ဆွေးနွေးကြသည်။

ထိုအတောအတွင်းတွင်ပင် တစ်ကိုယ်တော် ပညာရှင်များသည်လည်း တာ့မင်နစ္စတန် နိုင်ငံသို့ တဖွဲဖွဲ ရောက်ရှိလာ၏။

"ဟမ် ... အီရန်ရဲ့ ပါရှား စစ်သည်တော်က ဒီကို ရောက်လာတာပဲ ...  သူက ရှေးဟောင်း ပါရှားကျင့်စဉ်ကို ကျင့်ကြံတဲ့ တော်ဝင် ပညာရှင် တစ်ယောက်လေ ...  ကောလာဟလ အရဆို သူက ဆင်တစ်ကောင်ကိုတောင် ကန်ပြီး သတ်နိုင်တယ်တဲ့ ..."

"အဲဒါက အရိပ် လုပ်ကြံသူများ အဖွဲ့ရဲ့ ခေါင်းဆောင် မလား ... သွေးခေါင်း အဖွဲ့ ပျက်စီးပြီး ကတည်းက အရိပ် လုပ်ကြံသူများ အဖွဲ့က ကမ္ဘာ့ အင်အား အကြီးဆုံး လုပ်ကြံသူ အဖွဲ့ ဖြစ်နေပြီ ..."

"ငါ ခုနက ကော့ကေးရှန် စစ်အင်ပါယာကို တွေ့ခဲ့တယ် ... ငါက အမှောင် သတ်မှတ်ချက်မှာတောင် ထပ်ဆုံးပိုင်းမှာ ပါတယ် ..."

သတိလစ်လောက်သော သတင်းများက အချိန်တို အတွင်း တာ့မင်နစ္စတန်တွင် ပျံ့နှံ့သွား၏။

ထိုရောက်ရှိလာသော ပညာရှင်များသည် အလွန် ကျော်ကြားသည့် လူများ ဖြစ်သည်။ သူတို့ အထဲမှ အချို့ဆိုလျှင် အမှောင် သတ်မှတ်ချက်တွင်ပင် ထိပ်ဆုံး နေရာများ၌ ရှိကြသူများ ဖြစ်ကြသည်။

"ရေခဲဝံပုလွေ တောင်ကြား တိုက်ပွဲပြီး ကတည်းက ခုလောက် များပြားတဲ့ ပညာရှင်တွေ တစ်ခါမှ မစုစည်းခဲ့ဖူးဘူး ..."

ငှက်ပြာ အဖွဲ့ ခေါင်းဆောင်က ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်သည်။

"ဒါက ဘီလျံတန်တဲ့ အလုပ်ပဲလေ ... နောက်ပြီး လုပ်ကြံခြင်း အဖွဲ့တွေ အတူ ပူးပေါင်းပြီး တိုက်ခိုက်ကြမှာ ဆိုတော့ လုံခြုံမှာပါ ... ဘယ်ပညာရှင်ပဲ လာလာ ... ငါတို့ရဲ့ ကြိုဆိုမှုကို အံ့ဩသွားမှာ သေချာတယ် ..."

မြွေပွေးများ အဖွဲ့ ခေါင်းဆောင်က အေးစက်စွာ ဆိုသည်။

ထိုစဉ်မှာပင် ဆက်သွယ်ရေး ရေဒီယိုမှ အသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

"ဖယ်ကွန်ယူနစ်ကပါ ... ကြားလား ... ပစ်မှတ် အတည်ပြုပြီ ... သူက အာရှသား ယောက်ျားလေး ... အိုး ... သောက်ပြဿနာပဲ ... သူ ငါတို့ကို ရှာတွေ့သွားပြီ ... နေဦး ... သူက ..."

အသံက ရုတ်တရက် ရပ်တန့်သွား၏။ ထို့အစား ကျယ်လောင်သော ပေါက်ကွဲသံများ၊ အော်ဟစ်သံများသာ ထွက်ပေါ်လာသည်။

ထိုအဖြစ်အပျက်ကြောင့် ခေါင်းဆောင်များ၏ မျက်နှာများသည် မတိုင်ပင်ရပဲ လေးနက်သွား၏။

"ဖယ်ကွန်ယူနစ်က အဖွဲ့ဝင် ကိုးယောက်ပဲ ရှိတယ် ဆိုပေမဲ့ သူတို့ တစ်ယောက်ချင်းစီက အရမ်းကို ထူးချွန်တဲ့ လုပ်ကြံသူတွေချည်းပဲ ... အခု သူတို့ အားလုံး ခဏအတွင်း အသတ်ခံလိုက်ရတယ် ဆိုတော့ ပစ်မှတ်က ထင်သလောက် အားမနည်းလောက်ဘူး ထင်တယ် ..."

ငှက်ပြာ အဖွဲ့ခေါင်းဆောင်က စိတ်ပူစွာ ရေရွတ်လိုက်သည်။

"သူ ဘယ်သူပဲဖြစ်ဖြစ် ... တိုက်ခိုက်ဖို့ ပြင်ကြရအောင် ... လာတဲ့သူက တန်ခိုးရှင် အဆင့် ဖြစ်ရင်တောင် ငါတို့ အင်အားကို တွေ့တာနဲ့ ကြောက်မှာ သေချာတယ် ..."

မြွေပွေးများ အဖွဲ့ ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။

အမိန့် အတည်ပြု ပြီးသည်နှင့် တစ်သောင်းသော အင်အားသည် နယ်စပ်၌ ဖြန့်ကြက်ကာ စောင့်ဆိုင်းကြသည်။ တာ့မင်နစ္စတန် အနောက်ဘက် ကက်စပီယန် ကမ်းခြေ တစ်လျှောက်ကား များစွာသော ကြေးစား အဖွဲ့များ၏ ထိန်းချုပ်မှု အောက်၌ ရောက်ရှိခဲ့ရပြီ ဖြစ်သည်။

ခေါင်းဆောင်များမှာမူ သံချပ်ကာ ကားများ ပေါ်တွင်သာ ထိုင်၍ ရှေ့တန်း စစ်မျက်နှာမှ ရောက်လာမည့် သတင်းများကို စောင့်ဆိုင်း နေကြ၏။

"အစီရင်ခံပါတယ် ... ကျွန်တော်တို့ ငှက်လူများ အဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားပါပြီ ..."

"အစီရင်ခံပါတယ် ... နော့မန် မိုင်းကျင်း ဖျက်ဆီးခံလိုက်ရပြီ ..."

"အစီရင်ခံပါတယ် ... ပစ်မှတ်က တားမြစ်နေရာကို ကျော်ဖြတ် လာပါပြီ ..."

"အစီရင်ခံပါတယ် ... အရိပ် လုပ်ကြံသူ ဆယ့်ခြောက်ယောက် စလုံးနဲ့ အဆက်အသွယ် ပြတ်တောက် သွားပါပြီ ..."

အစီရင်ခံမှုများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်နှင့် ကြေးစားများ၏ မျက်နှာများသည်လည်း ပို၍ ပို၍ ဖြူရော်လာသည်။

သူတို့သည် ရှေ့တန်း တပ်ဖွဲ့ကို တပ်ဆွဲရာ ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၃၀ ခန့် အကွာ၌ နေရာချထားခဲ့သည်။ ရှေ့တန်း တပ်ဖွဲ့၏ အဓိက စစ်ဆင်ရေး ရည်ရွယ်ချက်မှာ ပစ်မှတ် မည်သူဖြစ်ကြောင်း အတည်ပြုရန် ဖြစ်သည်။

သို့သော်လည်း ရှေ့တန်း တပ်ဖွဲ့များထံမှ ပစ်မှတ် အကြောင်း တိတိကျကျ သတင်း မရခဲ့ချေ။ ရှေ့တန်း တပ်ဖွဲ့ ရှစ်ခုသည်  မိနစ်ပိုင်း အတွင်းမှာပင် ပစ်မှတ်၏ လက်အောက်၌ ကျဆုံးခဲ့ဟန် ရ၏။

ပစ်မှတ်သည် အရှိန်အဟုန် ပြင်းသော ရထား တစ်စင်းလိုပင် တစ်စက္ကန့်မျှ မရပ်မနားပဲ ရှေ့သို့ တရကြမ်း ချီတက်လာသည်။ ကင်မရာများပင်လျှင် မလုပ် မဖြစ်ခဲ့ချေ။

"ပစ်မှတ်က ငါကြုံတွေ့ဖူးခဲ့သမျှထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ ..."

ကော့ကေးရှန် စစ်အင်ပါယာက  ပြောသည်။

သူသည် နှစ်မီတာခန့် အထိ မြင့်မားသော လူသန်ကြီး တစ်ယောက်ဖြစ်ကာ စစ်ဝက်ဝံကြီး တစ်ကောင်ကဲ့သို့ မြေပြင်၌ မားမားမတ်မတ် ရပ်နေ၏။ သူသည် အသန်မာဆုံး ကော့ကေးရှန် စစ်သည် ဖြစ်ကာ အမှောင် သတ်မှတ်ချက်တွင် အဆင့် တစ်ဆယ့်သုံး ချိတ်၏။

"သူ့ဘာသာသူ ဘယ်သူပဲဖြစ်ဖြစ် ... ငါတို့ ကြောက်စရာ မလိုဘူး ... ငါတို့မှာ အင်အား တစ်သောင်း ရှိတယ် ..."

ပါရှား စစ်သည်တော်က ပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်ရင်း ဆို၏။

မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ လူအရွယ် သယ်ဆောင်နိုင်သော လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ လက်နက်ကိုင် ရဟတ်ယာဉ်များ၊ M61 မီးအမြောက်များ၊ တင့်ဖျက် သေနတ်များ၊ အတွင်းအား ပညာရှင်များ၊ အထွတ်အထိပ်များ...။

ထိုကဲ့သို့သော အင်အားဖြင့် မည်သည့် ရန်သူကို ကြောက်ရမည်နည်း။

"မြေအောက် လောကသုံးခုကတောင် ဒီပြဿနာကို ရင်ဆိုင်ဖို့ ငါတို့ကို လက်လွှဲတယ် ဆိုတော့ ရန်သူက ပေါ့သေးသေး မဖြစ်နိုင်ဘူး ... တန်ခိုးရှင် အဆင့်တောင်မှ ဖြစ်နေနိုင်တယ် ..."

အရိပ် လုပ်ကြံသူများ အဖွဲ့ခေါင်းဆောင်က ခေါင်းခါရင်း ပြောလိုက်သည်။

"တန်ခိုးရှင် ဆိုတော့ရော ဘာဖြစ်လဲ ... အမေရိကန်တောင် လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တယ် ..."

ပါရှား စစ်သည်တော်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

"ဘုန်း ..."

ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲမှု တစ်ခု အဝေးမှ ထွက်ပေါ်လာ၏။

လူတိုင်းက ထိုအရပ်သို့ လေးနက်သော မျက်နှာများဖြင့် လှမ်းကာ မျှော်ကြည့်လိုက်သည်။

"အဲဒါ ရှေ့တန်း တပ်ဖွဲ့တွေထဲက နောက်ဆုံး တပ်ဖွဲ့ မလား ..."

သူတို့ တွေးနေစဉ်မှာပင် မိုးကုပ် စက်ဝိုင်း၌ အဇူရာရောင် အလင်း ပေါ်ထွက်လာ၏။

"သူက ..."

အဇူရာ အလင်းအား မြင်သည်နှင့် မရေမတွက်နိုင်သော စစ်သည်များသည် လုံးဝ ဆွံ့အ သွား၏။ သူတို့ကား သရဲတစ္ဆေ တစ်ကောင်ကို တွေ့ရသည့် အလား တဖြည်းဖြည်း တုန်ရီ လာကြသည်။

"ချန်း ..."

"ပေ့ ..."

"ရွှမ်း ..."

များစွာသော စစ်သည်များကို ကြည့်ပြီး ချန်းဖန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

တာ့မင်နစ္စတန်သို့ ရောက်ရောက်ချင်း ရန်သူများ မတွေ့ရရာ ထိုသူများ သင်ခန်းစာ ရသွားလောက်ပြီဟုသာ သူ ယူဆခဲ့သည်။ ယခု ကဲ့သို့ အနောက်ဘက် ကမ်းရိုးတန်း၌ အစုလိုက် အပြုံလိုက် ရောက်နေမည်ဟု လုံးဝ မထင်ခဲ့မိချေ။

"ဟမ့် ... မင်းတို့က ငါ့ကို တားရဲရင် ငါကလည်း မင်းတို့ကို ပြန်ပြီး သတ်ပေးရမှာပေါ့ ..."

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ကြုံးဝါးလိုက်၏။

"သောက်ပြဿနာတက်ပြီ ... သူက တကယ့်ကို ချန်းပေ့ရွှမ်းပဲ ..."

ချန်းဖန်သည် ကမ္ဘာကျော် ဒဏ္ဍာရီ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူသည် ရုရှား တပ်မ၊ ဂျပန် တပ်မ တို့ကိုပင် တစ်ကိုယ်တည်း ရင်ဆိုင် အနိုင်ယူခဲ့သူ ဖြစ်သည်။

"ပစ်မှတ်က ချန်းပေ့ရွှမ်း ဆိုတာ သိရင် အလုပ်ကို ငါ လက်မခံခဲ့ပါဘူး ..."

ငှက်ပြာ အဖွဲ့ခေါင်းဆောင်က တုန်ရီစွာ ဆိုသည်။

"ဖောက်သည်က ဒမွန် ဖြစ်ရမယ် ... သူက အမှောင်ကမ္ဘာ သုံးခုရဲ့ ခေါင်းဆောင် ဆိုတော့ ဆုကြေးထုတ်တာ သူပဲ သေချာတယ် ... ကြည့်ရတာ ချန်းပေ့ရွှမ်းက သူ့ကို အမဲလိုက် နေတာ ဖြစ်မယ် ... ငါတို့ နောက်ဆုတ်ဖို့ အချိန်မီမှ မီပါ့ မလား ..."

အရိပ် လုပ်ကြံသူများ အဖွဲ့ ခေါင်းဆောင်က ကြောက်ရွံ့သော အသံဖြင့် ရေရွတ်သည်။

"နောက်ကျသွားပြီ ... ငါတို့ သူ့ကို စော်ကားမိသွားပြီ ..."

မြွေပွေးများ ခေါင်းဆောင်က ဖြူရော်စွာ ပြုံးရင်း ခြောက်ကပ်ကပ် ပြောသည်။

"တိုက်ခိုက်ဖို့ ပြင်ကြဟေ့ ... ချန်းပေ့ရွှမ်းက နာမည် ကြီးသလောက် အဖြစ်ရှိချင်မှ ရှိမှာ ..."

"ဘန်း ... ဘန်း ... ဘန်း ..."

ခေါင်းဆောင်များက အော်ဟစ် အားပေးရင်း ချန်းဖန်အား စတင် တိုက်ခိုက်လိုက်၏။

"ဘုန်း ..."

ချန်းဖန်ကလည်း အဇူရာ အကာအကွယ် အလင်းကို ထုတ်လွတ်ကာ ဓားပျံ ကိုးစင်းကို လေထဲသို့ ပစ်တင်လိုက်၏။

"ကလန့် ... ကလန့် ..."

ဓားပျံကိုးစင်းက စစ်မြေပြင်သို့ သေမင်းများ အလား ဆင်းသက်ကာ များစွာသော လူများ၏ အသက်ကို နုတ်ယူသည်။ အထွတ်အထိပ် အဆင့်များပင် သူတို့အား တားဆီးနိုင်ခြင်း မရှိချေ။

ပါရှား စစ်သည်တော်သည် ဓားပျံ တစ်စင်း၏ အောက်၌ နှစ်ပိုင်းဖြတ် ခံရ၏။

မျက်စိတ် တစ်မှိတ် အတွင်းမှာပင် ခါရက်နိုဗို ပင်လယ်ကွေ့ကား သွေးဖြင့် အနီရောင် လွှမ်းသွားတော့၏။

***

All Chapters