ဖန့်ရန်၏ ကြီးထွားလာမှု
Vol. 11 Ch. 147
လူသားကမ္ဘာတွင် ထူးဆန်းသော ဖြစ်ရပ်နှစ်ခုကြောင့် အငြင်းပွားနေကြစဉ်၊ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းတွင် သစ်ပင်လုံးကြီးတစ်ခုနှင့် ဆင်တူသည့် အရာဝတ္ထုတစ်ခုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။
၎င်းကို ဖုန်မှုန့်များက ဖုံးလွှမ်းနေပြီး အချို့နေရာများတွင် မြက်ပင်များပင် ပေါက်ရောက်နေ၏။
သို့သော် တစ်စုံတစ်ဦးသည်သာ အနီးကပ်ကြည့်ရှုလိုက်လျှင် ၎င်းသည် သစ်ပင်လုံးမဟုတ်ဘဲ အလွန်ထူထဲပြီး ကြံ့ခိုင်သော မြွေဟောက်တစ်ကောင်ဖြစ်ကြောင်း သတိပြုမိလိမ့်မည်။
ဤဧရာမ မြွေကြီးမှာ ဖန့်ရန်ပင် ဖြစ်ချေသည်။
သူသည် ဆင့်ကဲပြောင်းလဲမှု စတင်သည်မှာ ခုနစ်ရက်ကြာသွားခဲ့ပြီ ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်နှင့် မြက်ပင်များ ဖုံးလွှမ်းလာနေပြီ ဖြစ်သည်။
မြက်ပင်တွေ ဤမျှ မြန်မြန် ပေါက်ရောက်ရခြင်း၏ အကြောင်းရင်းသည် ဤတစ်ကြိမ် သူ၏ ပုံမှန်မဟုတ်သော ဆင့်ကဲပြောင်းလဲခြင်းနှင့် ဆက်စပ်နေနိုင်သည်။
သွေးလိုင်း ဆင့်ကဲပြောင်းလဲမှုမတိုင်မီက သူသည် အရေပြားလဲလေ့ရှိသော်လည်း ယခုအခါတွင်တော့ အရေပြားလဲခြင်း မရှိတော့ပေ။
ဤတစ်ကြိမ်တွင် သူ၏ အရေပြားမှာ အလွှာလိုက်ဖြစ်မသွားဘဲ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာမြေကြီးအတွက် အာဟာရသဖွယ် ဖြစ်သွားသည်။ ဤသို့ဖြင့် နှစ်ရက်အတွင်းမှာပင် ဖန့်ရန် ခန္ဓာကိုယ်ပေါ်မှာ မြက်ပင်များ ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။
ထိုနံနက်ခင်းတွင် ဖန့်ရန်သည် သူ့ရှေ့မှ ဖြတ်လျှောက်သွားသော မြွေတစ်ကောင်ကို ကြည့်နေခဲ့သည်။ သူသည် ထိုမြွေကို စူးစိုက်ကြည့်လိုက်စဉ်တွင် စနစ်၏ အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး ထိုမြွေနှင့်ပတ်သက်သော အချက်အလက်များကို ပေးစွမ်းလာခဲ့သည်။
"Taipan မြွေလား?"
ဖန့်ရန် အံ့အားသင့်သွားသည်။ သူသည် ဤကျွန်းပေါ်တွင် ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း ဤကျွန်းတွင် မည်သည့်သတ္တဝါများ ရှိနေသည်အာ အမှန်တကယ်ပင် စစ်ဆေးမိခဲ့ခြင်း မရှိပေ။
သူမျှော်လင့်မထားသည်မှာ ဤကျွန်းပေါ်တွင် Taipan မြွေကဲ့သို့သော အန္တရာယ်ရှိသည့် မြွေမျိုးစိတ်များ ရှိနေခြင်း ဖြစ်သည်။
စဉ်းစားကြည့်လျှင် အံ့သြစရာမရှိပေ။ ဤသည်မှာ ကမ္ဘာမြေနှင့် မတူညီသော ဂြိုလ်တစ်ခုဖြစ်ပြီး သတ္တဝါများ၏ နေထိုင်မှု ရှင်သန်ရာ ပတ်ဝန်းကျင်သည်လည်း ကွဲပြားနိုင်ပေသည်။
ဖန့်ရန်က သူ့ရှေ့မှ လျှောက်သွားနေသည့် Taipan မြွေကို ပျင်းရိစွာ ကြည့်နေစဉ် ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ တုန်ခါမှုလှိုင်းတစ်ခု ဖြတ်သန်းသွားကာ သူ၏ စိတ်အခြေအနေကို ပြောင်းလဲသွားစေသည်။
"ဆင့်ကဲဖြစ်စဉ် ပြီးဆုံးသွားပြီလား"
ဖန့်ရန်သည် ချက်ချင်းထလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်နှင့် မြက်ပင်များကို ခါထုတ်လိုက်သည်။ ၎င်းဆင့်ကဲဖြစ်စဉ်အပြီးတွင် ဖန့်ရန်သည် ပို၍ကြီးမားလာပြီး ပို၍ကြောက်လှန့်စရာကောင်းသော ပုံပန်းသဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့သည်။
လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းတွင် လူသားတို့ မထိတွေ့ဖူးသေးသည့် ရှေးဟောင်းသစ်ပင်ကြီးများ ပေါများစွာ ပေါက်ရောက်လျက်ရှိသည်။
ရုတ်တရက် မီတာ (၃၀) ကျော်ရှည်လျားသော မြွေကြီးတစ်ကောင်သည် သစ်ပင်များထက်သို့ မြင့်မားစွာ ဦးခေါင်းထောင်လာခဲ့သည်။ ထိုမြင်ကွင်းမှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် လူသားများသည်မှာ သူ့ရှေ့တွင်ဆို ကြွက်တစ်ကောင် ပမာဏ သေးငယ်နေမည် ဖြစ်သောကြောင့် ဖြစ်ချေသည်။
"ငါ့ခန္ဓာကိုယ်က အတော်လေး ကြီးထွားလာတာပဲ"
ဖန့်ရန်သည် သူ၏ ဦးခေါင်းကို လှုပ်ခါလိုက်ပြီး ဖုန်မှုန့်နှင့် အညစ်အကြေးများကို ပြုတ်ကျစေလိုက်ကာ သံမဏိကဲ့သို့ တောက်ပသော အကြေးခွံများကို ထုတ်ဖော်လိုက်သည်။
"စနစ်၊ ငါ့ရဲ့ ကိုယ်ရေးအကျဉ်ဇယားကို ဖော်ပြပေး"
သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဖန့်ရန်က စိတ်ထဲတွင် တွေးလိုက်သည်။ ခဏအကြာတွင် သူ၏ စိတ်ထဲ၌ အပြာရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၁၈ → ၁၉
စနစ်အမှတ် : ၇၅၂၀၀/၈၀၀၀၀၀
ကျွမ်းကျင်မှုရမှတ် : ၂၃
ခန္ဓာကိုယ်အရှည် : ၃၀ မီတာ → ၃၅ မီတာ
အချင်း : ၁ မီတာ → ၁.၂ မီတာ
ခွန်အား : ၂၀၀၀ → ၂၅၀၀
ခုခံနိုင်စွမ်း : ၉၀၀ → ၉၅၀
အမြန်နှုန်း : ၁၈၀ → ၂၀၀
တတ်ကြွမူ : ၃၀၀ → ၃၂၀
စိတ်ဝိညာဉ် : ၁၅၀ → ၁၇၀
ရုပ်ပိုင်းဆိုင်ရာ ခွန်အား : ၂၀၀ → ၂၂၀
(TN/အနောက် ဂဏန်းက လက်ရှိအဆင့်ဖြစ်ပြီး၊ အရှေ့ဂဏန်းက ယခင်အဆင့်ပါ)
စွမ်းရည် : သံမဏိကိုယ်ခန္ဓာ (၄/၅)၊ လျင်မြန်သော ကုသမူ (၃/၅)၊ အချို့သော အဆင့်အပြည့်ရှိသည့် စွမ်းရည်များအား ဖျောက်ထားသည် ]
အချက်အလက်ဇယားရှိ ကိန်းဂဏန်းများကို အပေါ်မှအောက်သို့ ကြည့်ရှုပြီး ဖန့်ရန်သည် အတွေးထဲသို့ နစ်မြုပ်သွားခဲ့သည်။
နောက်ထပ် ဆင့်ကဲပြောင်းလဲမူ စတင်ရန်အတွက် စနစ်အမှတ် ၈၀၀၀၀၀ လိုအပ်မည်ဖြစ်သည်။ ဤသည်မှာ အတော်လေးပင် ပျင်းရိဖွယ်ကောင်းသော စုဆောင်းမူ ဖြစ်နိုင်သည်။
"သမုဒ္ဒရာထဲမှာသာ သန္ဓေပြောင်း အလင်းငါးလို သတ္တဝါတွေ အများကြီးရှိရင်ကောင်းမယ်"
ဖန့်ရန်သည် မျှော်လင့်များချက်ဖြင့် တွေးတောလိုက်သည်။ ထိုကဲ့သို့ သတ္တဝါမျိုးသည် သူ့အား စနစ်အမှတ် ၁၀၀၀၀၀ ခန့် ထောက်ပံ့ ပေးနိုင်လေသည်။ ၎င်းသည် ဤကမ္ဘာပေါ်ရှိ မည်သည့် သာမာန်သတ္တဝါများထက်မဆို အဆများစွာ များပြားပေသည်။
ဤသည်မှာ သူ၏ စိတ်ကူးယဉ်မှုသာဖြစ်သော်လည်း ဖန့်ရန်သည် ၎င်းအား မတွေးတောဘဲ မနေနိုင်ပေ။
အကယ်၍ ထိုကဲ့သို့ သန္ဓေပြောင်းနေသည့် အလင်းငါးကဲ့သို့ သတ္တဝါများသည်သာ အများအပြားရှိနေလျှင် ဤကမ္ဘာပေါ်ရှိ လူသားများသည် ၎င်းတို့အကြောင်းအား အချိန်ကြာမြင့်စွာ ကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ပေလိမ့်မည်။
သို့သော် အင်တာနက်ပေါ်တွင် သူရှာဖွေကြည့်စဉ်က ထိုကဲ့သို့ သတ္တဝါများနှင့်ပတ်သက်သည့် သတင်းများနှင့် အချက်အလက်များကို တစ်စိုးတစ်စမျှ ရှာမတွေ့ရှိခဲ့ပေ။
ဖန့်ရန်သည် ခေါင်းကို ခါလိုက်ပြီး ထိုအကြောင်းကို တွေးတောခြင်းအား ရပ်တန့်လိုက်ပြီး သူ၏ ကိုယ်ရေးအချက်အလက်ဇယားကို ထပ်မံကြည့်ရှုလိုက်သည်။
နောက်ဆုံးအကြိမ် ဆင့်ကဲပြောင်းလဲမူမှာတုန်းက သူသည် လျင်မြန်သော ကုသမူ၌ ကျွမ်းကျင်မူရမှတ်များကို အသုံးပြုခဲ့သည်။
"သံမဏိ ကိုယ်ခန္ဓာကို အဆင့်မြှင့်တာ ပိုကောင်းမယ်ထင်တယ်"
လျင်မြန်သော ကုသမူသည် အလွန်အားကောင်းသော်လည်း လက်ရှိအချိန်တွင် သူ့အတွက် ၎င်းက အရေးမကြီးသေးပေ။
သူ၏ လက်ရှိ အနာကျက်နိုင်စွမ်းက လုံလောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် သန္ဓေပြောင်း အလင်းငါး၏ အမြီးရိုက်ချက်ဒဏ်ကို ခံစားရပြီးကတည်းက သူ၏ ခုခံနိုင်စွမ်းအား နောက်တစ်ကြိမ် အဆင့်မြှင့်တင်ရန် လိုအပ်မှန်း သဘောပေါက်ခဲ့သည်။
သူ၏ စွမ်းရည်ကော်လံရှိ သံမဏိကိုယ်ခန္ဓာအား ကြည့်ပြီးနောက် ဖန့်ရန်သည် စနစ်ကို ၎င်းအား အဆင့်မြှင့်တင်ရန် အမိန့်ပေးလိုက်သည်။
ခဏအကြာတွင်တော့ သံမဏိကိုယ်ခန္ဓာသည် (၅/၅) ဖြစ်သွားခဲ့ပြီး ၎င်းစွမ်းရည်သည် အဆင့်အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားသည်။
ခုခံနိုင်စွမ်းကော်လံရှိ တန်ဖိုးသည်လည်း (၉၅၀) မှ (၁၀၅၀) သို့ ပြောင်းလဲသွားခဲ့၏။
ဖနွရန်သည် သူ၏ လက်ရှိ ခုခံနိုင်စွမ်းဖြင့် သန္ဓေပြောင်း အလင်းငါး၏ အမြီးရိုက်ချက်သည် ယခင်ကဲ့သို့ လွယ်ကူစွာ သူ့အကြေးခွံများအား မထိုးဖောက်နိုင်တော့ဟု ခံစားရသည်။
ခုခံနိုင်စွမ်းကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ပြီးနောက် ဖန့်ရန်က ကျေနပ်မှုများဖြင့် ခေါင်းညိတ်မိလိုက်သည်။
ဖန့်ရန်သည် သူ၏ စိတ်လှုပ်ရှားမှုအား ငြိမ်သက်စေပြီးနောက် နောက်ထပ် မည်သည့်နေရာသို့ သွားရမည်ကို စတင် စဉ်းစားသည်။
သူသည် ဤလက်ရှိနေရာတွင်သာ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။
ဤနေရာရှိ သားကောင်အရွယ်အစားနှင့် အရေအတွက်သည် သူ့အား မကျေနပ်စေနိုင်တော့ပေ။ မကြာခင်တွင် သူသည် သမုဒ္ဒရာအတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း ဆက်သွားရန် စဉ်းစားမိလိုက်သည်။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဖန့်ရန်သည် ဆုံးဖြတ်ချက်ချလိုက်ကာ ပင်လယ်ထဲသို့ ဝင်ရောက်ပြီး ခရီးစဉ်သစ်တစ်ခုကို ထက်မံ စတင်လိုက်တော့သည်။
...
အချိန်သည် လျင်မြန်စွာကုန်ဆုံးနေပြီ မျက်စီတစ်မှိတ်အတွင်း တစ်လကုန်လွန်သွားခဲ့သည်။
ဤကာလအတွင်း Pearl ကျွန်းပေါ်တွင် အလွန်စည်ကားနေခဲ့သည်။ ကမ်းခြေ သဲသောင်ပြင်ပေါ်ရှိ လမ်းကြောင်းရာနှင့် သွေးစွန်းမူများအား စုံစမ်းစစ်ဆေးရန် လူများစွာ ရောက်ရှိလာခဲ့ကြသည်။
စုံစမ်းစစ်ဆေးမှုများအပြီးတွင် သွေးစများသည် တကယ်ပင် လိပ်များထံမှ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
သို့သော် သဲသောင်ပြင်ပေါ်ရှိ လမ်းကြောင်းများကို မည်သည့်သတ္တဝါက ချန်ရစ်ခဲ့သည်အား မည်သူမှ သေချာဂနစွာ မပြောနိုင်ကြပေ။
ပညာရပ်ဆိုင်ရာ ကိစ္စရပ်များတွင် အထူး တင်းကျပ်မှုတစ်ခုရှိ၏။ ထိုကြောင့်လည်း ထိုလမ်းကြောင်းရာများကို မြွေကြီးတစ်ကောင်က ချန်ရစ်ခဲ့ကြောင်း သက်သေပြရန် အထောက်အထား မလုံလောက်သောကြောင့် အတည်ပြုနိုင်ခြင်း မရှိကြပေ။
သို့သော် Pearl ကျွန်းရှိ လိပ်များအား သတ်ဖြတ်ခြင်းကို မြွေကြီးတစ်ကောင်က ကျူးလွန်ခဲ့သည်ဟု လူအများက လက်ခံလာကြသည်။
Pearl ကျွန်းအနီးတွင် သင်္ဘောများစွာလည်း ရှိနေခဲ့သည်။ အချို့သည် အပြည်ပြည်ဆိုင်ရာ စစ်တမ်းကောက်ယူရေး သင်္ဘောများဖြစ်ပြီး အချို့မှာတော့ ပုဂ္ဂလိကပိုင်သင်္ဘောများ ဖြစ်သည်။
၎င်းတို့အားလုံးက ထိုမြွေကြီး၏ သဲလွန်စ အမှတ်အသားများအား ရှာဖွေနေကြသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ယခုထိတိုင် အောင်မြင်မှုရရှိသေးခြင်းပင် ဖြစ်သည်။
ရက်အချိန်အတန်ကြာသည်အထိ မည်သူမျှ ၎င်းမြွေကြီး၏ အမှတ်အသားများကို မတွေ့ရှိခဲ့ကြပေ။ ဓာတ်ပုံ (သို့မဟုတ်) အခြားအထောက်အထားများကိုလည်း မမြင်တွေ့ခဲ့ရပေ။
ဤသို့ဖြင့် Pearl ကျွန်း၏ ထူးဆန်းသော ဖြစ်ရပ်သည် အဆုံးသတ်သွားခဲ့တော့သည်။
အချို့ မိစ္ဆာဝါသနာရှင်ဟု ဆိုသောသူများသည် ယိုရှီဒါ မာဆာအိချိဟုခေါ်သည့် ကံဆိုးသူ လူထံမှာ မျှော်လင့်ချက်ထားကာ ၎င်းဆီက အချက်အလက်အချို့ ရရှိရန် ကြိုးစားခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ယိုရှိဒါသည် ရူးသွတ်နေသကဲ့သို့ ၎င်း၏ နှုတ်မှ စကားလုံး နှစ်ခုကိုသာ အထပ်ထပ်အခါခါ ပြောနေဆဲ ဖြစ်သည်။
လက်ရှိအချိန်တွင် သူ့ထံမှ အသုံးဝင်သော အချက်အလက်များ ရရှိရန် မဖြစ်နိုင်ပေ။
.....