← Chapters

ပင်လယ်အောက်က တိုက်ပွဲ

Vol. 11 Ch. 149

ပင်လယ်အောက်က တိုက်ပွဲ

Vol. 11 Ch. 149

"ဘာကြီးလဲ!"

ရေငုပ်သင်္ဘောအတွင်းရှိ ဂျော်နီနှင့် အယ်လ်ဆန်တို့သည် ဖန်သားပြင်ကို ကြည့်ရင်း ထိတ်လန့်တကြား အော်လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် အံ့အားသင့် ထိတ်လန့်မူများ ပြည့်နေခဲ့၏။

ဖန်သားပြင်ပေါ်တွင် ဧရာမအရိပ်ကြီးတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူတို့မြင်ခဲ့ရသည်။

အလွန်လျင်မြန်လွန်းသောကြောင့် ထိုအရိပ်ကြီး၏ ပိုင်ရှင်ကိုပင် အတိအကျ ဖမ်းယူနိုင်ခြင်း မရှိပေ။

ဗုန်း!

ရေငုပ်သင်္ဘောသည် ရုတ်ချည်းလှည့်လည်ရန် အင်မတန်ခက်ခဲသည်။ ထိုကြောင့်ပင် မည့်သည့် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရေငုပ်သင်္ဘောမှာ လေရဟတ်လိုမျိုး လှိမ့်သွားခဲ့လေသည်။

ရုတ်တရက် စတူဒီယိုတစ်ခုလုံး ရှုပ်ထွေးသွားပြီး ဂျော်နီနှင့် အယ်လ်ဆန်တို့ အပါအဝင် လူအားလုံးသည် သံမဏိကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ကာ အော်ဟစ်လိုက်ကြသည်။

စက်ပစ္စည်းကိရိယာအချို့သည် လျှပ်စစ်မီးပွားများနှင့် ပြည့်နှက်နေပြီး ပျက်စီးသွားခဲ့၏။

အဆောင်အိပ်ခန်းအတွင်း၌ လီဇီနှင့် လွိုင်ဟွမ်တို့သည် ကွန်ပျူတာဖန်သားပြင်အား အံ့အားသင့်စွာ ငေးကြည့်နေခဲ့သည်။

ဖန်သားပြင် တစ်ခုလုံး အဖြူရောင်နှင့် အမည်းအစင်းကြောင်းများ ပြည့်နှက်နေပြီး ၎င်းမှာ လိုင်းကျနေသော တီဗီဖန်သားပြင်တစ်ခုနှင့် ဆင်တူနေသည်။

သို့သော် သူတို့ကတော့ ဖန်သားပြင်ပေါ်တွင် တစ်စုံတစ်ရာ ရှိနေသကဲ့သို့ ငေးကြည့်နေဆဲပင်။

"ဟွမ်... ဟွမ်အစ်ကို"

အချိန်အတန်ကြာပြီးနောက် လီဇီသည် သတိဝင်လာပြီး တုံ့ပြန်လာခဲ့သည်။ သူသည် ဘေးတစ်ဖက်သို့ လှည့်ကာ လွိုင်ဟွမ်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်ပြီး....

"အဲ့တာကြီးက သတ္တဝါကြီးတစ်ကောင်လား...?"

သူသည် ထိုအရာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ ၎င်းသည် အလွန်လျင်မြန်လွန်း၏။

သို့သော် တစ်ချက် မြင်လိုက်ရုံဖြင့် သူသည် အံ့အားသင့်သွားခဲ့ရပြီး ထိုသတ္တဝါက အလွန်ကြီးမားကြောင်း ရိပ်မိခဲ့သည်။

ဂျော်နီ၏ ယခင်က ဖော်ပြခဲ့သော အချက်အလက်များအရ ၎င်းရေငုပ်သင်္ဘော၏ တည်နေရာမှာ ရေအောက်အနက် (၃) ကီလိုမီတာခန့်တွင် ရှိရပေမည်။ ထိုမျှနက်ရှိုင်းသော ရေအောက်တွင် မည့်သည့် ကြီးမားသော သတ္တဝါမျှ ပုံမှန်အားဖြင့် ရှိနိုင်မည် မဟုတ်ပေ။

ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော သတ္တဝါများ စာရင်းတွင် ဝေလငါးများက ရေငုပ်ရာတွင် အကျွမ်းဆုံးဖြစ်သော်လည်း ၎င်းတို့သည်ပင် (၂) ကီလိုမီတာ အနက်အထိသာ ငုတ်လျို့ရောက်ရှိနိုင်ပြီး၊ ထိုအနက်တွင်လည်း အချိန်အကြာကြီး နေနိုင်ခြင်း မရှိကြပေ။

ပိုလို့တောင် ထိတ်လန့်စရာကောင်းသည်မှာ ထိုဆန်းကြယ်သော သတ္တဝါကြီး၏ အရှိန်သည် ထိတ်လန့်စရာကောင်းလောက်အောင် မြန်ဆန်နေခြင်း ဖြစ်သည်။

ရေငုပ်သင်္ဘောပင် ၎င်း၏ တည်ရှိမှုကို ရှာဖွေမသိရှိနိုင်ခဲ့သည်က အံ့အားသင့်စရာ ဖြစ်၏။

သဘာဝတရားကြီးသည် လူသားတို့၏ သာမာန် စိတ်ကူးယဉ်မှုထက် ကျော်လွန်သော သတ္တဝါတစ်ကောင်ကို ဖန်တီးထားခဲ့သည်။

"ပင်လယ်မိစ္ဆာ!"

လီဇီနှင့် လွိုင်ဟွမ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စကားလုံးတစ်ခုက သူတို့၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

'ဂျော်နီတို့ ဘာဖြစ်သွားကြပြီလဲ'

ရုတ်တရက် သူတို့နှစ်ယောက် ဂျော်နီကို သတိရသွားကြ၏။

ရေငုပ်သင်္ဘောသည် အမည်မသိ သတ္တဝါတစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရလေသည်။ ထို့အပြင် ရေအောက်အနက် (၃၀၀၀) မီတာခန့်တွင် ရှိနေခြင်း ဖြစ်သည်။

သေးငယ်သော ပြဿနာတစ်ခုကပင် ရေငုပ်သင်္ဘောအတွင်းရှိ လူအားလုံးကို ပင်လယ်ထဲမှာ ထာဝရနေသွားစေဖို့ လုံလောက်သည်။

သူတို့နှစ်ယောက်၏ နှလုံးသားက ကြောက်ရွံ့ထိတ်လန့်ကာ ဂျော်နီတို့အား စိုးရိမ်ပူပန်းမူများဖြင့် တဒုန်းဒုန်း ခုန်နေခဲ့သည်။

အမှန်တကယ်တော့ ဧရာမအရိပ်မဲကြီး၏ ရေငုပ်သင်္ဘောဆီသို့ ပြေးဝင်လာခြင်းအား မြင်ခဲ့ကြသည်မှာ ဂျော်နီနှင့် သူ၏ အဖွဲ့သားများအပြင် ၎င်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများသာ မကပေ။

အမှောင်ထုထဲတွင် ဖန့်ရန်က ထိုမြင်ကွင်းအား ကြည့်ရှုနေခဲ့သည်။

သူသည် ဂျော်နီနှင့် သူ၏ အဖွဲ့သားများထက် စောကာ ထိုအရိပ်မဲကြီးကို သတိထားမိခဲ့သည်။

ရေငုပ်သင်္ဘောပေါ်ရှိ ကင်မရာများသည် ၎င်းဧရာမအရိပ်မဲကြီး၏ ပုံပန်းသဏ္ဍာန်ကို အတိအကျ ဖမ်းယူနိုင်ခြင်း မရှိသော်လည်း ဖန့်ရန်က မြင်နိုင်ပေသည်။

ဆင့်ကဲဖြစ်စဉ် တစ်ခုပြီးဆုံးတိုင်း သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးမှာ ပိုမိုကာ အားကောင်းလာခဲ့ပြီး၊ အမြင်အာရုံလည်း ချွမ်းချက် မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲမှုများစွာ ပြုလုပ်ပြီးနောက် သူ၏ အမြင်အာရုံမှာ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူနှင့် မဝေးလှသော အရှေ့ဘက်တွင် ငါးမန်းနှင့် ဆင်တူသည့် ဧရာမသတ္တဝါတစ်ကောင် ရှိနေသည်။ ၎င်း၏ အရေပြားသည် မီးခိုးမင်ရောင်ဖြစ်ကာ ဝမ်းဗိုက်က အဖြူရောင်ဖြစ်သည်။

၎င်းဧရာမသတ္တဝါကြီးတွင် ကြီးမားသော ပါးစပ်တစ်ခုရှိကာ ၎င်းတွင် တြိဂံပုံသဏ္ဍာန် လူကြီးတစ်ယောက် ဦးခေါင်းအရွယ်အစားနီးပါးရှိသည့် သွားများပြည့်နှက်နေသည်။

သူ၏ ခန္ဓာကိုယ်အရွယ်အစားသည် ပိုမိုကာ ကြောက်မက်ဖွယ်ကောင်းပြီး ဖန့်ရန်၏ ကိုယ်ခန္ဓာအရွယ်အစားထက် ပိုမိုကြီးမားလေသည်။ သူ၏ ခန့်မှန်းချက်အရ ၎င်းသည် (၄၀) မီတာကျော်ပေမည်။

သာမန်သတ္တဝါတစ်ကောင်သည် ဤမျှကြီးမားသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

"သန္ဓေပြောင်းသတ္တဝါ..."

၎င်းသည် ယခင်က အလင်းငါးနှင့် တူညီသည့် သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဖြစ်ရမည်။

ဂျော်နီနှင့် အယ်လ်ဆန်တို့၏ ၎င်းသတ္တဝါကို မြင်ချိန်တွင် ခံစားခဲ့ရသော ထိတ်လန့်မှုနှင့် မတူညီဘဲ ဖန့်ရန်သည်တော့ ပျော်ရွှင်ခြင်းကိုသာ ခံစားမိပေသည်။

၎င်းဧရာမသန္ဓေပြောင်း ငါးမန်းကို လေ့လာနေစဉ်တွင် စနစ်၏ အချက်ပေးသံက သူ၏ စိတ်ထဲတွင် မြည်လာခဲ့သည်။

[ပစ်မှတ် - သန္ဓေပြောင်း Megalodon၊ သွေးအေးသတ္တဝါ၊ အသားစား၊ စနစ်အမှတ် ၁၀၀၀၀၀ မှတ်ကို ရရှိနိုင်သည်]

စနစ်၏ အချက်ပေးသံကို ကြားပြီးနောက် ဖန့်ရန်သည် အံ့အားသင့်သွားခဲ့၏။

"Megalodon... ဒါက ရှေးခေတ်သတ္တဝါတစ်ကောင်ပဲ!"

ဤသတ္တဝါများသည် ဝေလငါးများ၏ ရန်ဘက်ဖြစ်သည်ဟု ဆိုနိုင်ပြီး သူ့ခေတ်သူ့အခါက မယ်ဗီဝေလငါးများသာ ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ခဲ့၏။

ထို့အပြင် ဤသတ္တဝါသည် သာမန် Megalodon တစ်ကောင်မဟုတ်ဘဲ သန္ဓေပြောင်းထားသော တစ်ကောင်လည်း ဖြစ်သည်။

"စနစ်အမှတ် ၁၀၀၀၀၀ ပဲ ကောင်းတယ်!"

ဖန့်ရန် စိတ်ရွှင်နေခဲ့သည်။ Megalodon ၏ ရေငုပ်သင်္ဘောကို ထပ်မံတိုက်ခိုက်မည့် အချိန်မှ သူအပြင်သို့ ထွက်ပေမည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းသန္ဓေပြောင်း Megalodon ၏ အမြန်နှုန်းသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်ပြီး သူ၏ အမြန်နှုန်းမှာ အနည်းငယ်ယှဥ်ပြိုင်နိုင်သည်။

ဘုန်း!

သန္ဓေပြောင်း Megalodon ၏ တိုက်ခိုက်မှုကြောင့် ရေငုပ်သင်္ဘောမှာ လေရဟတ်လို လည်ပတ်ပြီး လိမ့်သွားခဲ့သည်။ ၎င်း၏ ဦးတည်ရာမှာ ဖန့်ရန်ဘက်သို့ ဖြစ်နေခဲ့သည်။

ရွီးး

ဖန့်ရန်သည် ဘေးတစ်ဖက်သို့ ရွေ့ကာ ရေငုပ်သင်္ဘောကို ရှောင်တိမ်းပြီး သန္ဓပြောင်း Megalodon ဆီသို့ တိုက်ရိုက်ပြေးဝင်သွားလိုက်သည်။

ဖန့်ရန်၏ ရုတ်တရက် ပေါ်လာမူမှာ သန္ဓပြောင်း Megalodon အတွက် မျှော်လင့်မထားသော အခြေအနေဖြစ်ပြီး သူ့ကို အံ့အားသင့်စေကာ မီတာ ဆယ်ချီ နောက်သို့ ဆုတ်ခွာစေခဲ့သည်။

သို့သော် သန္ဓေပြောင်း Megalodon သည် သူ၏ တည်ငြမ်မူကို ပြန်ရသွားချိန်တွင် ဖန့်ရန်က ၎င်းရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး သန္ဓေပြောင်း Megalodon ၏ ဝမ်းဗိုက်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ဂူးး

ဧရာမသတ္တဝါကြီးနှစ်ကောင်သည် ရူးသွပ်စွာ တိုက်ခိုက်နေကြပြီး အဆက်မပြတ်သော ပေါက်ကွဲသံများအား ဖန်တီးနေခဲ့သည်။ ဤကြီးမားသော သတ္တဝါကြီးနှစ်ကောင်၏ တိုက်ပွဲသည် ရေအောက်သမုဒ္ဒရာကို လှုပ်ခတ်စေပြီး သဲများကို ပျံ့နှံ့စေကာ သေးငယ်သော ဘေးအန္တရာယ်တစ်ခုကဲ့သို့ ဖြစ်နေစေသည်။

အခြားတစ်ဖက်တွင်၊ ရေငုပ်သင်္ဘောသည် ဆက်လက်လည်ပတ်နေပြီး၊ ဂျော်နီနှင့် သူ၏ အဖွဲ့သားမှာတော့ ခေါင်းမူးနေခဲ့သည်။ ယခုအချိန် သူတို့၏ စိတ်ထဲဝယ် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုမှလွဲ၍ အခြား ဘာမှမရှိတော့ပေ။

ဗုန်း!

ရုတ်တရက် ရေငုပ်သင်္ဘောသည် သမုဒ္ဒရာကြမ်းပြင်ပေါ်သို့ ကျသွားပြီး လည်ပတ်မူရပ်တန့်သွားကာ ဂျော်နီနှင့် သူ၏ အဖွဲ့သားများကို စိတ်သက်သာရာရစေခဲ့သည်။

ဟူး.. ဟူး..

ရေငုပ်သင်္ဘောအတွင်း အသက်ရှုသံခပ်ပြင်းပြင်းအား အဆက်မပြတ် ကြားနေရသည်။

ဂျော်နီနှင့် အယ်လ်ဆန်တို့သည် သံမဏိကြမ်းပြင်ပေါ်မှ ထရန် ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့နှစ်ယောက်စလုံးသည် ၎င်းတို့ မျက်လုံးထဲ၌ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ရှိနေခဲ့ကြောင်း တွေ့မြင်ခဲ့ကြသည်။

သူတို့သည် စောနက သူတို့ရေငုပ်သင်္ဘောကို မည့်သည့်အရာက တိုက်ခိုက်လာခဲ့မှန်း သိလိုနေပေသည်။

"အယ်လ်"

ဂျော်နီသည် အသက်ခပ်ပြင်းပြင်းရှူသွင်းကာ တစ်စုံတစ်ခုအားပြောဖို့ ကြိုးစားလိုက်သော် ပြောခွင့်ပင် မရလိုက်ပေ။ ရေငုပ်သင်္ဘောသည် နောက်တစ်ကြိမ် လိမ့်ကာ လည်ပတ်သွားခဲ့ပြန်၏။

"အား..! အား..!"

ဂျော်နီနှင့် အယ်လ်ဆန်တို့သည် မတ်တပ်ရပ်ဖို့ အနည်းငယ်သာ ကြိုးစားနိုင်ခဲ့စဥ်တွင် သူတို့၏ ရေငုပ်သင်္ဘောက လိမ့်ကာ လည်ပတ်သွားပြန်သောကြောင့် သံမဏိကြမ်းပြင်ပေါ်သို့ ပြန်လဲကျသွားကြသည်။

သတ္တဝါကြီးနှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ရေစီးကြောင်းများသည် ရေငုပ်သင်္ဘောကို ရှေ့သို့ တွန်းပို့ခဲ့လေသည်။

ဤမတော်တဆမှု ဖြစ်ရပ်အား ဖန်တီးခဲ့သော သတ္တဝါနှစ်ကောင်သည်တော့ ရေငုပ်သင်္ဘောနှင့် မီတာ (၁၀၀) ခန့်အကွာတွင် တိုက်ခိုက်နေကြပေသည်။ ၎င်းနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် အဆက်မပြတ် ဝင်ကာ တိုက်နေကြသည့် မြင်ကွင်းမှာ ထိတ်လနိ့စရာကောင်းပေ၏။

ဖန့်ရန်သည် Megalodon ကို ဆက်လက်တိုက်ခိုက်နေပြီး ၎င်းအား ဒဏ်ရာများစွာ ရရှိစေသည်။ ဤတွင် Megalodon က သူ့အား အလားတူ တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ဖန့်ရန်၏ အကာအကွယ်ကိုတော့ မထိုးဖောက်နိုင်ခဲ့ပေ။

ဤတွင် ၎င်းက လုံးဝအကျိုးသက်ရောက်မှု မရှိသည်တော့ မဟုတ်ပေ။ Megalodon ၏ မြင့်မားသော ကိုက်အားကြောင့် ဖန့်ရန်မှာ နာကျင်မှု အနည်းငယ်တော့ ခံစားရပေ၏။

ရွှီးး

ဖန့်ရန် Megalodon နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ချိန်တွင် Megalodon ၏ ရင်အုပ်တောင်ပံကို ကိုက်ဖြတ်လိုက်နိုင်ကာ သွေးများစွာအား ပန်းထွက်စေခဲ့သည်။

မြောက်များလှစွာသော ဒဏ်ရာများကို ရရှိပြီးနောက် သူသည် ဖန့်ရန်အား ရှုံနိုမ့်တော့မည်ဟု Megalodon သည် ခံစားမိလိုက်ပြီး ဤမြွေကြီးနှင့် ဆက်လက်တိုက်ခိုက်ခဲ့လျှင် ရှုံနိုမ့်လိမ့်မည်ဟု ဆုံးဖြတ်လိုက်ပြီး အဝေးရာသို့ လှည့်ကာ လျင်မြန်စွာ ထွက်ပြေးသည်။

ဖန့်ရန်သည် သူ့အား သဘာဝကျစွာ အလွယ်လွယ်ကူအလွတ်ပေးလိမ့်မည် မဟုတ်ပေ။ သူသည် Megalodon နောက်မှ နောက်မှ အဆက်ပြတ်လိုက်သွားခဲ့ကာ ၎င်းကို မလွတ်သွားစေရန် ကြိုးစားနေခဲ့သည်။

ရေငုပ်သင်္ဘောအတွင်း၌ ဂျော်နီသည် အားအင်ကုန်ခမ်းနေကာ သံမဏိကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူသည် အပြင်ဘက်မှ မပြတ်မရပ်မြည်နေသော တိုက်ခိုက်သံများအား ကြားနေရပြီး အလွန်စိတ်လှုပ်ရှားနေခဲ့၏။

သူသည် အလွန်စိတ်ရှုပ်ထွေးနေခဲ့ပြီး ကြောက်ရွံ့နေခဲ့သည်။

စောနက သူတို့ရေငုပ်သင်္ဘောကို တိုက်ခိုက်ခဲ့သော အရာက ဘာကြီးလဲ...?

အဘယ်ကြောင့် ထိုသတ္တဝါကြီးသည် သူတို့၏ ရေငုပ်သင်္ဘောအား ထပ်မံတိုက်ခိုက်ခြင်း မရှိရတော့သနည်း...?

ဂျော်နီသည် အပြင်ဘက်မှ တိုက်ခိုက်သံများကို နားထောင်ပြီး ၎င်းသည် တစ်စုံတစ်ရာနှင့် တိုက်ခိုက်နေခြင်းဖြစိမည်ဟု ကောက်ချက်ချခဲ့သည်။

ဘာတွေဖြစ်နေတာလဲ...?

ဂျော်နီသည် သူ၏ အတွေးပင်လယ်ထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေခဲ့ပြီး သူ၏ ဘဝကို သံသယဝင်လုနီးပါး ဖြစ်နေခဲ့သည်။ ထိုအချိန် သူသည် ရေငုပ်သင်္ဘော၏ တဖြည်းဖြည်း လှုပ်ရမ်းမှုများ ရပ်တန့်သွားခြင်းကို သတိထားမိခဲ့ပြီး၊ အလုပ်လုပ်နေဆဲဖြစ်သညွ ဖန်သားပြင်ကို လှမ်းကြည့်လိုက်သည်။

ဤတွင် သူက ထိုဖန်သားပြင်ပေါ်၌ အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ခုအား မြင်တွေ့လိုက်ရသည်။

ဧရာမအရိပ်ကြီးနှစ်ခုသည် အဝေးရာသို့ ကူးခတ်သွားနေပြီး တဖြည်းဖြည်း အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"အဲ့ဒါက..."

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ဂျော်နီ အံ့အားသင့်သွားခဲ့၏။

ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များသည် အတော်လေး မှုန်ဝါးနေသော်လည်း ၎င်းအရိပ်နှစ်ခုက ဧရာမသတ္တဝါနှစ်ကောင်သာ ဖြစ်ကြောင်း သူခွဲခြားနိုင်ပေသည်။

ထိုအရိပ်ပိုင်ရှင်တွေက သူတို့ရေငုပ်သင်္ဘောထက်ပင် ပိုမိုကာ ကြီးမားနိုင်ပေသည်။

ဂျော်နီသည် ယခင်က ကြားခဲ့ရသော အသံများမှာ ထိုသတ္တဝါကြီးနှစ်ကောင်၏ တိုက်ခိုက်သံများ ဖြစ်ကြောင်း သိရှိသွားခဲ့သည်။

သူသည် အဘယ်သို့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားထဲကို ရောက်ရှိသွားသည်နည်း။

ဂျော်နီသည် အံ့အားသင့်နေစဉ်၊ အယ်လ်ဆန်သည် လဲကျနေသော အဖွဲ့ဝင်များအား ထရပ်နိုင်ရန် တွဲကူပေးပြီးနောက် အမိန့်ပေးလိုက်သည်။

"အားလုံးပဲ ဒီနေရာက ထွက်သွားကြမယ် မြန်မြန်လုပ်ကြ..."

သူ၏ စကားကို ကန့်ကွက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ သူတို့အားလုံး ဤနေရာမှ အလျင်အမြန် ထွက်ခွာလိုနေကြသည်။

ခဏအကြာတွင် မည်းနက်နေသော ရေငုပ်သင်္ဘောက လှုပ်ရှားလာခဲ့ပြီး အနီးဆုံးကမ်းခြေသို့ ဦးတည်သွားလိုက်သည်။

.....

All Chapters