← Chapters

သတ်ဖြတ်ခြင်း

Vol. 6 Ch. 554

သတ်ဖြတ်ခြင်း

Vol. 6 Ch. 554

အနောက်ကမ္ဘာ သို့မဟုတ် ဥရောပ...

၁၆ ရာစုမှ စ၍ အနောက် ကမ္ဘာသားများသည် ရွက်သင်္ဘောဖြင့် ကမ္ဘာကို ပတ်ခဲ့သည်။ သူတို့သည် တစ်ကမ္ဘာလုံးကို နိုင်ငံရေး၊ ဘာသာရေးဖြင့် လွှမ်းမိုးနိုင်ခဲ့သည်။

ယနေ့ခေတ် ၂၁ ရာစု တိုင်အောင်ပင် ဥရောပသည် ကမ္ဘာ့ နိုင်ငံရေး အချက်အချာ ဖြစ်နေတုန်း ဖြစ်သည်။ ကုလသမဂ္ဂ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ငါးနိုင်ငံ အနက် သုံးနိုင်ငံသည် ဥရောပမှ ဖြစ်သည်။

"သောက်ပြဿနာတော့ တက်ပြီ ... ချန်းပေ့ရွှမ်း ဥရောပကို လာနေပြီတဲ့ ..."

"သောက်ရူး သွေးမိစ္ဆာ ... သူက ချန်းပေ့ရွှမ်းကို ရန်စခဲ့တာတဲ့ ..."

"ဟုတ်တယ် ... ချန်းပေ့ရွှမ်းက ဒမွန် နောက်ကို လိုက်နေတာ သေချာတယ် ... ဒမွန် သေတာနဲ့ အနောက် ကမ္ဘာရဲ့ အမှောင်လောကလည်း ကျရှုံးမှာ သေချာတယ် ..."

ရောက်ရှိလာသော သတင်းများက အနောက် ကမ္ဘာသားများအား တုန်လှုပ်စေသည်။

ချန်းပေ့ရွှမ်းသည် အရှေ့ကမ္ဘာ၌ စစ်တပ်များကို ဖြိုခွင်း၍ တန်ခိုးရှင်များကို သတ်ဖြတ်ခဲ့သည်။ အရှေ့ကမ္ဘာ တစ်ခုလုံးသည် သူ၏ လက်၌ ကျဆုံးခဲ့ရသည်။

အနောက် ကမ္ဘာသည် သူ၏ ဒုတိယ ပစ်မှတ် ဖြစ်နေမည်လော။

"သူက ငါတို့ ပိုင်နက်ကို ကျူးကျော် ရဲတယ်ပေါ့ ..."

"နယ်စပ်ကို စစ်တပ်တွေ ပို့လိုက် ... သူ ဥရောပကို ကျူးကျော်တာက ငါတို့ကို စစ်ကြေညာ လိုက်တာနဲ့ အတူတူပဲ ..."

အနောက်နိုင်ငံများ၏ ဗိုလ်ချုပ်များက စုဝေးကာ ချန်းပေ့ရွှမ်းကို ကိုင်တွယ်ရန် ဆွေးနွေးကြသည်။

ကျူးကျော်သူသာ သာမန် တန်ခိုးရှင် တစ်ယောက်သာ ဖြစ်ပါက သူတို့ ယခုလောက် အထိ အလေးအနက်ထားမည် မဟုတ်ချေ။ အတိတ်၌ အနောက် ကမ္ဘာသည် တန်ခိုးရှင်များစွာကို အနိုင်ယူ သတ်ဖြတ်ခဲ့ဖူးသည်။ တန်ခိုးရှင် တစ်ယောက် မည်မျှပေ အစွမ်းထက် စေကာမူ သောင်းချီသော စစ်သည်များနှင့် ခေတ်မီလက်နက်များ ပူးပေါင်းမှုကို ယှဉ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းပေ့ရွှမ်းကမူ ခြားနား၏။ သူသည် သူလုပ်နိုင်သော အရာကို ဂျပန်၊ ရုရှားတို့တွင် သက်သေ ပြခဲ့ပြီး ဖြစ်သည်။

စပိန်စစ်တပ် ဗျူဟာမှူး တစ်ယောက်က စားပွဲအား ရိုက်ရင်း ဒေါသတကြီး ဆိုလိုက်၏။

"ဥရောပက ရုရှားလည်း မဟုတ်ဘူး ဂျပန်လည်း မဟုတ်ဘူးကွ ... ငါတို့က ကမ္ဘာရဲ့ အရှင်သခင်တွေ ... ငါတို့က ကမ္ဘာကြီးကို ထိန်းချုပ်နိုင်တဲ့ သူတွေ ... ချန်းပေ့ရွှမ်းက ကိုယ့်နေရာကို ကိုယ်သိသင့်တယ် ..."

ဘယ်လဂျီယံ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးချုပ်က မျက်မှောင်ကြုတ်လိုက်၏။

"ချန်းပေ့ရွှမ်းက ဒမွန် နောက်ကို လိုက်နေတာ ... သူက အနောက် ကမ္ဘာရဲ့ စစ်တပ်ကို စိန်ခေါ်နေတာ မဟုတ်ဘူး ..."

ဂျာမန် လေတပ် လက်ထောက် ဗိုလ်ချူပ်ကြီး တစ်ယောက်က မောက်မာစွာ နှာခေါင်းရှုံ့သည်။

"သူ့ဘာသာသူ ဘာကြောင့်ပဲ လာလာ ဂရု မစိုက်ဘူး ... သူ ပေါ်လာတာကိုက ငါတို့ကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ ... သူ့ကိုတားဖို့ အမိန့်ပေးလိုက် ... ဘယ်လောက်ပဲ ရင်းနှီးရပါစေ ... သူ့ကို ပညာပေးကို ပေးရမယ် ..."

ဩစတြီးယား စစ်ဝတ်စုံဝတ် ဆံပင်ဖြူ အဘိုးအိုက တည်ငြိမ်စွာ ဆိုသည်။

"ငါတို့ သူ့အတွက် အချိန်ဖြုန်းဖို့ မတန်ဘူး ... သူ ဥရောပကို ဝင်တာရဲရင် လက်နက်ကြီး တစ်ခုနဲ့ သူ့ကို အစဖျောက်လိုက်ရုံပေါ့ ... သူ သေသွားရင် မြေအောက် ကမ္ဘာလည်း တန့်သွားမှာပဲ ..."

အီတလီ ဗိုလ်မှူးကြီး ဂျော်ဂျီယိုဝုဒ်ကမူ ဒေါသတကြီး ဆွေးနွေးနေသော ဗိုလ်ချုပ်များကို အေးစက်စွာသာ ကြည့်နေခဲ့၏။

ဒမွန်၏ လက်တံများသည် ဥရောပ နိုင်ငံများစွာ၏ အစိုးရများ အထိ ရောက်နေကြောင်း သူ ကောင်းစွာ သိသည်။ ထို့ကြောင့်ပင် အစည်းအဝေး တက်ရောက်သူများသည် ချန်းပေ့ရွှမ်းကို တိုက်ခိုက်ရန် သွေးဆူနေကြခြင်း ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ်လေ ..."

ဂျော်ဂျီယိုဝုဒ်က အင်္ဂလန်နှင့် ပြင်သစ် နိုင်ငံတို့မှ အကြီးအကဲများကို တစ်ချက် ကြည့်လိုက်သည်။

အင်္ဂလန်နှင့် ပြင်သစ်သည် ဥရောက၏ အင်အား အကြီးဆုံး နိုင်ငံများသည်။ သူတို့သည် ကုလသမဂ္ဂ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် အပြင် နျူကလိယ လက်နက်ကိုလည်း ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် သူတို့၏ ဆုံးဖြတ်ချက်သည်သာလျှင် အစည်းအဝေး၏ အဓိက ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။

ဆွေးနွေး ငြင်းခုံ နေမှုများကို အတန်ကြာအောင် နားထောင်ပြီးနောက် အင်္ဂလန် တော်ဝင် ရေတပ်မတော်၏ ဗိုလ်ချုပ် နော့ဒ်က စကားဝင်ပြောလိုက်၏။

"ကျုပ်တော့ ချန်းပေ့ရွှမ်းဆီကို သတိပေးချက် တစ်ခု လုပ်ဖို့ အဆို တင်သွင်းချင်တယ် ... ဥရောပက သူနဲ့ ဒမွန်ကြားက ကိစ္စကို လုံးဝ စွက်ဖက်မှာ မဟုတ်တဲ့ အကြောင်း သူ့ကို ရှင်းအောင် ပြောပြဖို့ လိုတယ် ... ဒါပေမဲ့ သူ ဒမွန်နဲ့ စာရင်း ရှင်းချင်ရင်တော့ ဥရောပ အပြင်ဘက်မှာပဲ ရှင်းဖို့ လိုတယ် ..."

"ငါ ထောက်ခံတယ် ..."

ပြင်သစ် ဗိုလ်ချုပ်က ခေါင်းညိတ် လိုက်သည်။

"သဘောတူတယ် ..."

"သဘောတူတယ် ..."

"သဘောတူတယ် ..."

အင်္ဂလန်နှင့် ပြင်သစ်တို့ ညီညွတ်နေသည်ကို မြင်ရရာ အခြား နိုင်ငံများသည်လည်း ထောက်ခံ ရတော့သည်။

***

ကော့ကေးဆက် တောင်တန်းသည် ကက်စပီယန် ပင်လယ်၏ တစ်ဖက်တွင် ရှိသည်။ ထိုတောင်တန်းအား နိုင်ငံ သုံးခုက အစဉ်လိုက် ပိုင်ဆိုင်သည်။

ရှေးခေတ်များက ထိုနိုင်ငံ သုံးနိုင်ငံသည် ဥရောပ၏ တံခါးများ ဖြစ်ကြသည်။ ထို တံခါးပေါက်များမှ နေ၍ ဥရောပသားများသည် အာရှသို့ နယ်ချဲ့ခဲ့သည်။

ယနေ့ မော်ဒန်ခေတ်တွင် ပင်လျှင် ကော့ကေးဆက် တောင်တန်း၌ စစ်အခြေစိုက် စခန်းများ ရှိနေဆဲ ဖြစ်၏။

ချန်းဖန်သည် အဇာဘိုင်ဂျန် နိုင်ငံ၏ မြို့တော် ဘက်ခူမြို့သို့ အရောက်၌ ခဏမျှ ရပ်နားလိုက်သည်။

သူသည် မိုင်ပေါင်း တစ်သောင်းခန့် ခရီးကို မရပ်မနား ခရီနှင်ခဲ့သည့် အပြင် တိုက်ပွဲ များစွာကိုလည်း ဆင်နွှဲခဲ့ရသေးသည်။ ထို့ကြောင့် သူသည် အဇူရာ သက်ရှည် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့်တိုင် အနားယူရန် လိုအပ်နေပြီ ဖြစ်သည်။

"ဒေါက် ... ဒေါက် ..."

ချန်းဖန် ဟိုတယ် တစ်ခု၌ အခန်းငှား၍ အနားယူရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံက ထွက်ပေါ်လာ၏။

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်၍ စစ်ဆေးလိုက်ရာ အရပ်ရှည် ချောမောသော ကောင်မလေး တစ်ယောက်ကို တွေ့လိုက်ရ၏။ သူမသည် အနက်ရောက် ကုတ်အင်္ကျီကို ဝတ်ဆင်ကာ ဒူးအထိ ရောက်သော ဖိနပ်ရှည်များကို စီးထား၏။

"နာတာရှာ ..."

ချန်းဖန်သည် မိန်းကလေးအား ချက်ချင်းပင် မှတ်မိလိုက်၏။ ထိုမိန်းကလေးသည် ရုရှား၌ သူ့အား လမ်းပြခဲ့သူ ဖြစ်သည်။ သူသည် ထိုမိန်းကလေးကို သိုင်းကျင့်စဉ် အချို့ သင်ပေးဖူးသည်။

"ကလန့် ..."

ချန်းဖန်က တံခါးကို ဖွင့်ကာ နာတာရှာကို ဝင်ခွင့် ပြုလိုက်၏။

"ပြန်တွေ့ရတာ ဝမ်းသာပါတယ် ... မစ္စတာချန်း ..."

နာတာရှာ၏ မျက်နှာသည် ပန်းကဲ့သို့ ပွင့်ဝေနေ၏။ သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပနေသည်။

"နင် ဒီကို ဘာလာလုပ်တာလဲ ... နင် ရုရှားမှာပဲ ရှိနေမယ်လို့ ငါထင်နေတာ ..."

ချန်းဖန်က အံ့ဩစွာ မေးလိုက်သည်။

"မစ္စတာချန်း ... ကျွန်မက အခု KGB အဖွဲ့ဝင် ဖြစ်နေပြီ ... ရှင့်ဆီကို လာဖို့ ဗိုလ်ချုပ် အိုလက်က လွှတ်လိုက်တာပါ ..."

နာတာရှာက လှပစွာ ပြုံး၍ ဆိုလိုက်သည်။

"ဪ ... အိုလက်လည်း ဒီကို ရောက်နေတာလား ..."

ချန်းဖန်က မျက်ခုံးပင့်လိုက်၏။

နာတာရှာ KGB  အဖွဲ့သို့ ဝင်လိုက်ခြင်း အတွက် ချန်းဖန် အံ့အားသင့်ခြင်း မရှိချေ။ အင်ဒရူး သေဆုံးသွားပြီ ဖြစ်ရာ ချန်းဖန်၏ သင်ပြမှု ရထားသည် သူမက အိုလက်၏ နေရာကို ဆက်ခံရန် အခွင့်အရေး အရှိဆုံး ဖြစ်သည် မဟုတ်ပါလား။

"ဗိုလ်ချုပ် အိုလက်က ရှင့်ကို ပေါ့တီ ဆိပ်ကမ်းမှာ စောင့်နေပါတယ် ..."

နာတာရှာက ပြောလိုက်သည်။

"မြေထဲပင်လယ်ဆိပ်ကမ်း ... အင်း ..."

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

အဇာဘိုင်ဂျန်သည် မြေထဲပင်လယ်နှင့် မိုင် ရာဂဏန်း ကွာဝေးသည်။ ထို့ကြောင့် ချန်းဖန်သည် အိုလက်၏ တည်ရှိမှုကို သတိ မထားမိခြင်း ဖြစ်သည်။

"သွားမယ်လေ ... သူ ဘာပြောမလဲ သိရတာပေါ့ ..."

ချန်းဖန်က ပြောရင်း ချက်ချင်းပင် ဟိုတယ်မှ ထွက်ခွာရန် ပြင်လိုက်၏။

အကယ်၍ အိုလက်က သွေးမိစ္ဆာ၏ အသက်ကို ချမ်းသာပေးရန် တောင်းဆိုပါက သူ လိုက်လျောမည် မဟုတ်ချေ။

ပေါ့တီ ဆိပ်ကမ်းသည် မြေထဲပင်လယ်၏ အကြီးမားဆုံး ဆိပ်ကမ်း တစ်ခု ဖြစ်သည်။

ချန်းဖန်သည် ပေါ့တီ ကမ်းခြေသို့ ရောက်ပြီးနောက် အိုလက်နှင့် ဟေတန် ဟိုတယ်တွင် တွေ့ဆုံသည်။

အံ့အားသင့်စွာပင် အိုလက်၏ ပုံစံသည် အဘိုးအို တစ်ဦး၏ပုံစံ မဟုတ်ပဲ အသက်လတ် လူတစ်ဦး၏ အသွင်နှင့် ဖြစ်သည်။

"မစ္စတာချန်း ... နောက်တစ်ကြိ ပြန်တွေ့ရတာ ဝမ်းသာပါတယ် ..."

အိုလက်က အနည်းငယ် ဦးညွှတ်ကာ ဆိုလိုက်၏။

"မတွေ့ရတာ ကြာပြီ ... ခင်ဗျား ဘာတွေ လုပ်နေလဲ ..."

ချန်းဖန်က ပြန်လည် နှုတ်ဆက်ရင်း သူတို့ နံဘေး၌ ရပ်နေသော လူစိမ်းများအား စိုက်ကြည့်လိုက်သည်။

"ဒါနဲ့ ... သူတို့က ..."

အိုလက် မိတ်မဆက်ပေးခင်မှာပင် လူစိမ်း တစ်ယောက်က ရှေ့သို့ တစ်လှမ်းတိုးကာ ဆိုလိုက်၏။

"ကျုပ်က ဥရောပ ကိုယ်စားလှယ် တန်ဘရောင်းတွမ်ပါ ... ကျုပ် ဒီကို လာရတဲ့ အကြောင်းရင်းက ခင်ဗျားကို သတိလာပေးဖို့ပါ ... ခင်ဗျားသာ မြေထဲပင်လယ်ကို ကျော်မယ် ဆိုရင် ဥရောပ တစ်ခုလုံးရဲ့ ရန်သူ အဖြစ် သတ်မှတ်တာကို ခံရပါလိမ့်မယ် ... နောက်ပြီး ..."

"ဒါတွေ ဘာလို့ လာပြောနေတာလဲ ..."

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ဘရောင်းတွမ်၏ စကားစကို ဖြတ်လိုက်သည်။

"ဒါက ဥရောပရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားက လက်မခံဘူးလို့ ဆိုလိုတာပါလား ..."

ဘရောင်းတွမ်က ချန်းဖန်အား စူးစိုက် ကြည့်ကာ မေးလိုက်၏။

ဥရောပသည် ကမ္ဘာ၏ အရှင်သခင် ဖြစ်သည်။

အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယ်သာလန် ...

ဥရောပ၏ နိုင်ငံများစွာသည် တစ်ကမ္ဘာလုံးအား နှစ်ရာချီအောင် ကျွန်ပြုကာ အုပ်စိုးဖူးသည်။

အင်အား ကြီးမားလှပါသည် ဆိုသော ခရစ်ယာန် ဘုရားကျောင်း ပင်လျှင် အမေရိကန်နှင့် ဥရောပတို့၏ ဝန်းရံမှု အောက်၌ ဒူးထောက်ခဲ့ရသည်။

ချန်းပေ့ရွှမ်း မည်မျှပင် အစွမ်းထက် စေကာမူ သူသည် တစ်ယောက်တည်း သမား ဖြစ်သည်။ သူသည် ခရစ်ယာန် ဘုရားကျောင်း၏ အင်အားကိုပင်လျှင် ယှဉ်နိုင်မည် မဟုတ်ချေ။

"နားညည်းတယ်ကွာ ..."

ချန်းဖန်က ပြောရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဘရောင်းတွမ်အား နှစ်ပိုင်း ပိုင်းပစ်လိုက်သည်။

ထိုမြင်ကွင်းက ဘရောင်းတွမ်နှင့် အတူလာသော အခြား ဥရောပ ကိုယ်စားလှယ်များကို ဒူးတုန်သွားစေ၏။

နာတာရှာပင်လျှင် ထိုအချင်းအရာကြောင့် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

ဥရောပ၏ အထူး ကိုယ်စားလှယ် ခေါင်းဆောင် မစ္စတာ တန်ဘရောင်းတွမ်ကို သတ်ဖြတ် ပစ်လိုက်ခြင်း။

ထိုအရာကား ဥရောပနှင့် အနောက် ကမ္ဘာကို စိန်ခေါ် လိုက်ခြင်းပင်။

"မစ္စတာချန်း ..."

အိုလက်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးများကမူ အံ့အားသင့်ခြင်းကို ဖုံးကွယ်ထားခြင်း မရှိချေ။

***

All Chapters