← Chapters

အံ့အားသင့်သွားသော လူအုပ်

Vol. 11 Ch. 152

အံ့အားသင့်သွားသော လူအုပ်

Vol. 11 Ch. 152

ရှောင်လန်၏ အော်သံသည် လူအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူမ၏ အကြည့်အတိုင်း ဝေးကွာသော ပင်လယ်ပြင်ဘက်သို့ လူအားလုံး လှမ်းကြည့်မိလိုက်ကြသည်။

ပင်လယ်ပြင်ပေါ်က အရာကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ ဦးနှောက်ဟာ ဗလာဖြစ်သွားသည်။

သူတို့ မြင်လိုက်ရသည်မှာ ကမ်းခြေဆီသို့ အလျင်အမြန် ဦးတည်လာနေသော ချွန်ထက်သည့် ဧရာမ ငါးမန်း အတောင်ပံကြီးတစ်ခုပင် ဖြစ်သည်။

လောယန်နှင့် အခြားသူများသည် တံခါးတစ်ချပ်ထက်ပင် ကြီးမားနေသော ထိုအတောင်ပံကြီးကို စွံအစွာဖြင့် အံ့အားတသင့် ငေးကြည့်နေမိကြသည်။

ဧရာမ အတောင်ပံရှိသည့် ငါးမန်းကြီးဆိုလျှင် ၎င်း၏ အရွယ်အစားက မည်မျှအထိ ကြီးမားမည်နည်း။

ဤကဲ့သို့ အရွယ်အစားရှိသော သတ္တဝါတစ်ကောင်သည် ဤလောကတွင် တကယ်ရှိနိုင်သည်လော။

"ပင်လယ်မိစ္ဆာ" သို့ "ပင်လယ်သတ္တဝါ" ဟူသော စကားလုံးသာလျှင် ထိုသတ္တဝါအတွက် သင့်တော်ပေမည်။

လူတိုင်း၏ စိတ်ထဲတွင် ထိုအတွေးသာ ဖြစ်ပေါ်နေခဲ့သည်။

ကင်မရာရှေ့တွင် ရပ်နေခဲ့သော ဂျော်နီသည် ရေပြင်မှ ထိုးထွက်နေသည့် ဧရာမ အတောင်ပံကြီးကို လှည့်ကြည့်လိုက်ပြီး သူ၏ အသက်ရှူနှုန်း မြန်ဆန်လာသည်။

သူသည်လည်း ၎င်းအတောင်ပံကြီးသည် ပင်လယ်သတ္တဝါ တစ်ကောင်၏ အစိတ်အပိုင်းဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက ပေါ်လာခဲ့၏။

"ဒီသတ္တဝါကြီးက ငါတို့ ရေငုပ်သင်္ဘောကို ထိခိုက်စေခဲ့တဲ့ အကောင်ကြီးလား..."

"ပြေးကြဟေ့! မင်းတို့ အနောက်မှာ ပင်လယ်မိစ္ဆာကြီးရှိနေတယ်!!"

ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ပင်လယ်ထဲတွင် ရေကူးနေသူ အများအပြား ရှိနေပေသည်။ သူတို့သည် ရေငုပ်သင်္ဘော အကြောင်း စိတ်ဝင်စားခြင်းမရှိကြဘဲ လူအုပ်နောက်သို့ လိုက်လာခဲ့ခြင်း မရှိကြသူများ ဖြစ်သည်။

ထိုလူအသံကို ကြားလိုက်ရချိန်တွင် လော်ယန်၊ ရှောင်လန်နှင့် အခြားသူများက တုန့်ပြန်ကာ ရေထဲတွင် ရှိနေဆဲသူများကို အလျင်အမြန် အော်ဟစ်သတိပေးကြသည်။

ထိုသူများထဲမှ လူအချို့သည် ကမ်းခြေမှ အလွန်ဝေးကွာနေပေ၏။

လော်ယန်တို့၏ အသံကို ကြားလိုက်ရသည့်အခိုက်တွင် ရေထဲရှိသူများသည် ခဏတာ ရပ်တန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဝေးကွာသော ပင်လယ်ပြင် တစ်နေရာက ကမ်းခြေဆီသို့ ချဉ်းကပ်လာနေသည့် ဧရာမ အတောင်ပံကြီးကို မြင်လိုက်ရသောအခါ သူတို့သည် ထိတ်လန့်သွားကြ၏။

"ဒါကြီးက..."

ပင်လယ်ထဲတွင် ရေကူးနေဆဲဖြစ်သူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

"အားး!!!"

"အဲ့ဒါက ဘာလဲ!"

"ငါးမန်း! ငါးမန်းကြီး! မီဂါလိုဒွန် ငါးမန်ကြီး!"

ကြောက်လန့်တကြား အော်သံများ ကမ်းခြေနှင့် ပင်လယ်ပြင် ပတ်ဝန်ကျင်းလေထုထဲ ပြည့်နှက်သွားသည်။ ရေထဲတွင် ရှိနေကြသူတိုင်းသည် ကမ်းခြေဆီသို့ အသည်းအသန် ကူးခတ်လာကြသည်။

ကမ်းခြေမှ အလွန်ဝေးကွာနေသူများမှာလည်း လျင်မြန်သော အရှိန်အဟုန်နှုန်းဖြင့် ကူးခတ်နေကြပေသည်။ သူတို့၏ စိတ်ထဲတွင် အတောင်ပံများ မရှိခဲ့သည်ကို မုန်းတီးနေခဲ့သည်။

အတောင်ပံများသာ ရှိခဲ့မည်ဆိုလျှင် ဤနေရာမှ ပျံသန်းကာ ထွက်ပြေးနိုင်မည်ဟု ဆန္ဒပြင်းပြစွာ တွေးမိကြ၏။

အမည်မသိ ၎င်းပင်လယ်သတ္တဝါ၏ အတောင်ပံတစ်ခုတည်းကပင် လူအများကို ထိတ်လန့်စေရန် လုံလောက်လေသည်။ ထိုကြောင့် သူတို့သည် ထိုသတ္တဝါ၏ ခန္ဓာကိုယ် အပြည့်အစုံကို မြင်ယောင်ကြည့်ရန် ဝန်လေးနေကြသည်။

သူတို့ နှလုံးသားထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုသာ ကျန်ရှိနေပြီး အမျိုးသား၊ အမျိုးသမီး၊ အသက်ကြီးသူ၊ ငယ်ရွယ်သူ စသည်တို့ လူတန်းစား အသက်အရွယ်မရွေးဘဲ ရေထဲတွင် ရှိနေသူတိုင်းမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။

"ကယ်ကြပါ! ကယ်ကြပါ!!!!"

"အမေ... သား အိမ်ပြန်ချင်တယ်.. ဝူး!..."

"ကယ်ပါ! ကယ်ကြပါ၊ ဂူး!!!"

ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသော အသံများသည် ကမ်းခြေတစ်လျှောက် တစ်ပြေးညီ တွင် ကြားနေရသည်။

လော်ယန်သည် ကမ်းခြေပေါ်တွင် ရပ်နေပြီး ပင်လယ်ပြင်ပေါ်က အခြေအနေကို ကြည့်ရင်း မျက်နှာတွင် ချွေးများ ပြန်နေသည်။ သူသည် လက်သီးကို ဆုတ်ကိုင်ထားပြီး ထိတ်လန့်နေသော လူအုပ်အား စိုးရိမ်စွာဖြင့် ကြည့်နေသည်။

"ပြေးကြ! မြန်မြန်ပြေး!"

ကမ်းခြေပေါ်ရှိ လူများစွာသည် စိုးရိမ်တကြီး လှမ်းအော်ဟစ်နေကြသည်။ သူတို့သည် ခရီးသွားများ ပိုမြန်မြန် ပြေးလာနိုင်မည်ဟု မျှော်လင့်မိသည်။

ရုတ်တရက် ရေပြင်မှ ထိုးထွက်နေသော ဧရာမ အတောင်ပံကြီးသည် ရေအောက်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

"အဲ့တာ မကောင်းဘူး"

လော်ယန်၊ ယန်ဖေ့နှင့် ရှောင်လန်တို့၏ နှလုံးခုန်သံများ တစ်ခဏ ရပ်တန့်သွားသည်။ သူတို့သည် ပင်လယ်ပြင်မျက်နှာပြင်ကို စိုးရိမ်စွာဖြင့် စိုက်ကြည့်နေကြသည်။

ကမ်းခြေပေါ်ရှိ လူအုပ်သည်လည်း စတင် ထိတ်လန့်လာကြသည်။

ထိုဧရာမ သတ္တဝါကြီး ရုတ်တရက် ရေအောက်သို့ ငုပ်လျှိုးသွားခြင်းဖြင့် လက်ရှိ အခြေအနေအား ပိုမိုဆိုးရွားသွားစေသလိုပင်။

ထိုဧရာမ သတ္တဝါကြီး အဘယ်နေရာတွင် ရှိနေသနည်း။ အဘယ်နေရာက စတင်၍ သတ်ဖြတ်လာမည်နည်း။

လော်ယန်နှင့် အခြားသူများ အလွန်တင်းမာနေစဉ်တွင် သူတို့၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။

ရေငုပ်သင်္ဘော ရပ်နားထားသော ကမ်းခြေတစ်နေရာကို ကုန်မြင့်နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်သောကြောင့် ထိုနေရာမှ ဝေးကွာသော ပင်လယ်ပြင်တစ်ခုလုံးအား ရိုးရှင်းစွာဖြင့် ရှင်းလင်းလင်း မြင်နိုင်ပေသည်။

သူတို့နှင့် ကီလိုမီတာ နှစ်ရာခန့် ဝေးကွာသော နေရာတစ်ခုက ဧရာမ အမဲရောင် အရိပ်ကြီးတစ်ခုသည် ရေပြင်အောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး.....

ဗုံး!

တစ်ပြေးညီသော ပင်လယ်ရေထုကွဲသည် အက်ကွဲသွားပြီး ဧရာမ အမဲရောင် အရိပ်ကြီးသည် ရေအောက်မှ ခုန်တက်လာကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

၎င်းသည် ငါးမန်းတစ်ကောင်နှင့် ဆင်တူသော်လည်း အရွယ်အစားအားဖြင့် အလွန်ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဖြစ်ပေသည်။ ငါးမန်းဖြူကြီးများပင် ထိုသတ္တဝါကြီး၏ ရှေ့မှောက်တွင် လူကြီးရှေ့က ကလေးငယ်လို ဖြစ်နေလိမ့်မည်။

၎င်းသတ္တဝါကြီး၏ အလျားသည် အနည်းဆုံး (၄၀) မီတာခန့် ရှိပြီး ခန္ဓာကိုယ်ထုထည်သည် (၇-၈) မီတာခန့် ရှိပေသည်။ လူသားတစ်ယောက်သည် ထိုသတ္တဝါကြီးရှေ့မှောက်တွင် ကြွက်နှင့် မခြားပေ။

သတိပြုရမည်မှာ ၎င်းသတ္တဝါကြီးသည် ကြင်နာတတ်သော ပုံစံမျိုး မဟုတ်ပေ။

စားပွဲတစ်လုံး အရွယ်အစားမျှရှိသည့် သွားကြီးများနှင့် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်သည် ထိတ်လန့်စရာကောင်းပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ် အရွယ်အစားကြီးနှင့်ဆို လူတစ်ယောက်အား ကြောက်ဒူးတုန်စေမည်မှာ အသေချာပင်။

"ဂလု!"

လီဇီ တံတွေးမျိုချပြီးသည်။ သူ၏ မျက်နှာ နီရဲနေသည်။ လွိုင်ဟွမ်သည် ထိုအတွက် သူ့အား ပြက်ရယ် မပြုနိုင်ပေ။ ထိုအစား သူသည်လည်း ၎င်းနှင့် အလားတူ အခြေအနေတွင် ရှိနေသည်။

သူတို့တွေ ဧရာမ ငါးမန်းကြီးကို စိတ်လှုပ်ရှားမှု ကြီးစွာဖြင့် ကြည့်နေကြစဉ် ၎င်းအောက် ရေပြင်သို့ နောက်ထပ် အမဲရောင် အရိပ်ကြီးတစ်ခု ရောက်ရှိလာပြီး ခုန်တက်လာသည်အား တွေ့လိုက်ရသည်။

"ဒါကြီးက..."

၎င်းကို မြင်လိုက်ရသော လီဇီနှင့် လွိုင်ဟွမ်တို့သည် ပို၍ပင် အံ့အားသင့်သွားကြ၏။ သူတို့သည် ပြောစရာစကားပင် ရှာမရတော့ချေ။

ကမ်းခြေရှိ လူအုပ်ကြီးသည် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရပြီး အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

ဧရာမ ငါးမန်းကြီးတစ်ကောင် ရေပြင်မှ ခုန်တက်လာပြီးနောက် ၎င်းအောက်ဘက်ကနေ ဧရာမ မြွေကြီးတစ်ကောင် ခုန်တက်လာပြီး ဧရာမ ငါးမန်းကြီး၏ အတောင်ပံကို ကိုက်ဆွဲလိုက်သည်။

လူအုပ်ကြီးမှာ ဧရာမ မြွေကြီး၏ ၎င်းပါးစပ်ကြီးကို ဖွင့်ဟလိုက်ပြီး ချွန်ထက်သော သွားကြီးများ အသုံးပြုလိုက်စဉ် မြင်လိုက်ရသည်တို့ကြောင့် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားသည်။

ထိုသွားကြီးများသည် ကားတစ်စီးကိုပင် အလွယ်တကူ နှစ်ပိုင်းဖြတ်နိုင်မည်ဟု သူတို့ ခံစားမိသည်။

အချိန်သည် ရပ်တန့်သွားသည်ဟု ထင်ရပြီး လူအုပ်ကြီးက လေထဲတွင် ရှိနေသော ဧရာမ သတ္တဝါကြီးနှစ်ကောင်အား ငေးကြည့်နေကြသည်။

သို့သော် နောက်တစ်စက္ကန့်အကြာတွင်...

ဗုန်း!!!

ဧရာမ မြွေကြီးသည် ဧရာမ ငါးမန်းကြီး၏ အမြီးအား ခိုင်မာစွာ ကိုက်မိလိုက်ပြီး ပြင်းထန်စွာ ဆွဲယူလိုက်ကာ ဧရာမ ငါးမန်းကြီး၏ အသားတစ်ဆုတ်အား ဆုတ်ဖြဲလိုက်သည်။

ထို့ကြောင့် သွေးများသည် ပင်လယ်ပြင်သို့ ကြွေဆင်းသွားသည်။

ဤတစ်ခဏတွင် ဧရာမ သတ္တဝါကြီး နှစ်ကောင်သည် ရေထဲသို့ အတူတကွ ပြုတ်ကျသွားပြီး ဧရာမလှိုင်းကြီးများ ဖြစ်ပေါ်လာစေသည်။

ကြည်လင် သန့်ရှင်းသော ပင်လယ်ရေပြာပြာသည် သွေးနီရောင်တို့ စွန်းထင်းသွားကာ နီရဲသွားသည်။

ကမ်းခြေတစ်ခုလုံးကို တိတ်ဆိတ်မှုတို့ ကြီးဆိုးထားပြီး အသံဟူသမျှ ပျောက်ဆုံးနေသည်။

.....

All Chapters