နာမည်ကြီးလာခြင်း
Vol. 11 Ch. 153
ကမ်းခြေရှိ လူအုပ်ကြီးသည် ဧရာမငါးမန်းနှင့် ဧရာမမြွေကြီးတို့ ပင်လယ်ပြင်တွင် တိုက်ခိုက်နေသည့်ပုံအား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြသည်။ သူတို့သည် မည်သည့်မြင်ကွင်းကိုမျှ လွဲချော်မသွားလိုသောကြောင့် မျက်တောင်ပင် မခတ်ရဲကြချေ။
ဒဏ်ရာရနေသော ဧရာမငါးမန်းကြီးသည် အရူးအမူးလှုပ်ရှားကာ ရုတ်တရက် လှည့်လိုက်ပြီး (၃) မီတာအကျယ်ရှိသည့် ပါးစပ်ကြီးဖြင့် ဧရာမမြွေကြီးကို ကိုက်ချလိုက်သည်။
ဧရာမ မြွေကြီးသည် ဧရာမ ငါးမန်းကြီး၏ ကိုက်ချလာသော ပါးစပ်ကို ကျွမ်းကျင် လွယ်ကူစွာ ရှောင်တိမ်သွားပြီး လေကိုသာ ကိုက်ချမိစေသည်။
ဗုန်း!
ထိုအခွင့်ကောင်းကို အသုံးပြုကာ ဧရာမ မြွေကြီးသည် ဧရာမ ငါးမန်းကြီးကို လျင်မြန်စွာ ရစ်ပတ်ပြီး ကြွက်သားများဖြင့် ဖိညှစ်လိုက်သည်။
ဧရာမ ငါးမန်းကြီးသည် ကျယ်လောင်စွာ အော်ဟစ်ကာ ဧရာမ မြွေကြီးမှ လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်သည်။ သို့သော် ၎င်းသည် မည်မျှပင် ရုန်းကန်နေပါစေ။ ဧရာမ မြွေကြီး၏ ရစ်ပတ်မှုဒဏ်က လွတ်မြောက်နိုင်ခြင်းမရှိဘဲ ပို၍သာ တင်းကျပ်စွာ ဖိညှစ်ခံလာရသည်။
ထိုသတ္တဝါကြီးနှစ်ကောင်သည် ပင်လယ်ပြင်တွင် အဆက်မပြတ် တိုက်ခိုက်နေကြပြီး ကြီးမားသော ရေလှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။
ရေထဲတွင် ရှိနေသော လူများသည် ထိတ်လန့်မူမှ နိုးထလာကာ ကမ်းခြေဆီသို့ အလျင်အမြန် ကူးခတ်ကြသည်။
သို့သော် ကမ်းခြေဆီသို့ ကူးနေစဉ်တွင် သူတို့သည် မကြာခဏ အနောက်သို့ လှည့်ကြည့်ကြ၏။
မကြာမီတွင် ရေလှိုင်းခတ်သံနှင့် ရေလှိုင်းသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သတ္တဝါကြီးနှစ်ကောင်သည် ရေအောက်သို့ ရောက်ရှိသွားကြသည်။
နှစ်မိနစ်ခန့် အကြာတွင် သတ္တဝါကြီး နှစ်ကောင် ပြန်လည်ပေါ်လာခဲ့သည်။
...
ဧရာမ မြွေကြီးသည် ဧရာမ ငါးမန်းကြီး၏ အမြီးကို ကိုက်ဆွဲပြီး ဆွဲငင်ကာ မျက်နှာပြင်မှ ပျောက်ကွယ်သွားသည်ကို လူအုပ်က မြင်တွေ့နေရသည်။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ငေးကြည့်နေကြပြီး တိတ်ဆိတ်နေခဲ့သည်။
"ဧရာမမြွေကြီးက ငါးမန်းကြီးကို သတ်ပစ်လိုက်တာလား"
အချိန်အတန်ကြာပြီးနောက် လူတစ်ယောက်သည် ၎င်းမှ နိုးထလာခဲ့ကာ ထူးဆန်းသောလေသံဖြင့် ရေရွတ်ပြောဆိုလိုက်သည်။
ထို့နောက် ကမ်းခြေရှိ လူများသည် တဖြည်းဖြည်း သတိဝင်လာခဲ့ကြသည်။
လူတိုင်း၏ နှလုံးခုန်နှုန်းသည် အလွန်မြန်ဆန်နေပြီး မျက်နှာမှာ နီမြန်းနေကာ လက်တွင် ချွေးစေးများ ပြည့်နေခဲ့သည်။
ဟူး......
လူအုပ်ထဲမှ ရှောင်လန်သည် နက်ရှိုင်းစွာ အသက်ရှူလိုက်ပြီး မျက်ဆံများ ကျယ်ပြန့်ကာ ပါးစပ်ဟစီ ဟစီဖြစ်နေသည်။ သူမ၏ အတွေးများ ရှုပ်ထွေးနေသည်။
"ဒီကမ္ဘာမှာ ပင်လယ်သတ္တဝါတွေဆိုတာ အမှန်တကယ် ရှိနေတာပါလား..."
မီတာ (၄၀) ကျော်ရှည်လျားသော ဧရာမ ငါးမန်းကြီးနှင့် ထိုငါးမန်းကို သတ်ပစ်လိုက်သည့် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မြွေကြီးနှစ်ကောင်သည် ပင်လယ်သတ္တဝါများသာ မဟုတ်ပါလော။
ရှောင်လန်၏ နှလုံးခုန်နှုန်းသည် အလွန်မြန်ဆန်နေပြီး စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ သူမသည် အမြဲစိတ်ကူးယဉ်နေခဲ့ရသော သတ္တဝါများကို ယနေ့တွင် အမှန်တကယ် မြင်တွေ့လိုက်ရသည်။
သူမ၏ ဘေးနားရှိ လူများမှာ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြခြင်း သို့မဟုတ် ကြောက်ရွံ့သည့်မျက်နှာပေဖြင့် ပင်လယ်ပြင်ကို ကြည့်နေကြဆဲ ဖြစ်သည်။
ဤသည်မှာ ပင်လယ်သတ္တဝါကြီးသာ ဖြစ်သည်။
ဒဏ္ဍာရီနှင့် စိတ်ကူးယဉ်ဇာတ်လမ်းများတွင်သာ ရှိသည်ဟု ယူဆခဲ့ကြသော ဒဏ္ဍာရီလာ သတ္တဝါများသည် သူတို့ မျက်စိရှေ့မှောက်တွင် အမှန်တကယ် ပေါ်လာခဲ့သည်။
ဤသည်မှာ ရာစုနှစ်တစ်ခုစာလုံး၏ အံအားအသင့်ရဆုံး ရှာဖွေတွေ့ရှိချက်ပင်။
"ဒါ...ဒါတွေက ဒီကမ္ဘာကြီးမှာ ပင်လယ်သတ္တဝါကြီးတွေ အမှန်တကယ် ရှိနေတယ်လို့ ဖော်ပြနေတာပဲ"
ရှောင်လန်၏ နံဘေးက ယန်ဖေ့သည် အလွန်အံ့အားသင့်နေပြီး လေတစ်ဆုတ်အား နက်ရှိုင်းစွာ ရှူသွင်းလိုက်ကာ....
"အဲ့တာက တကယ့်ကြီး အံ့သြစရာပဲ ထိတ်လန့်စရာလည်းကောင်းတယ်"
ထိုအချိန်တွင် လူအုပ်ထဲရှိ လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ထိုအကြောင်းအား ပြောဆိုနေကြပြီး ဤကမ်းခြေသို့ ရောက်ရှိလာသော ခရီးစဉ်သည် သူတို့ ဘဝသက်တမ်းတစ်လျှောက်တွင် ကြုံဖူးသမျှထဲ အတန်ဆုံးသော ခရီးစဉ်ဖြစ်သည်ဟု ခံစားမိနေခဲ့ကြသည်။
"ဟား ဟား ဟား၊ ဒါနဲ့ ငါ ပင်လယ်သတ္တဝါကြီးနှစ်ကောင်ရဲ့ တိုက်ပွဲကို ဗီဒီယိုရိုက်ထားတယ်နော်။ ဘယ်သူကြည့်ချင်လဲဟေ့..."
လော်ယန်က စိတ်လှုပ်ရှားနေသော အသံဖြင့် အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသော ရှောင်လန်၏ မျက်လုံးများသည် လင်းလက်သွားပြီး သူမက....
"ငါကြည့်ချင်တယ်၊ ငါကြည့်ချင်တယ်..." ဟု အလျင်အမြန် အော်ဟစ်လိုက်လေသည်။
အိပ်ခန်းထဲတွင် လီဇီနှင့် လွိုင်ဟွမ်တို့သည် ကွန်ပျူတာဖန်သားပြင်အား အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ သူတို့ရှေ့မှောက် ဖန်သားပြင်တွင် ပြသနေသည်မှာ ပင်လယ်ပြင်ကြီးသာ ဖြစ်သည်။
"ဒါကြီးက ရုပ်ရှင်တွေထဲက ထက်တောင် ကြောက်စရာကောင်းလိုက်တာ။ သေချာတာကတော့ ငါ နောက်ပိုင်းကျရင် ဘယ်သူခေါ်ခေါ် ပင်လယ်ထဲကို သင်္ဘောနဲ့ သွားရဲတော့ မှာမဟုတ်ဘူး..."
အချိန်အတန်ကြာပြီးနောက် လီဇီသည် မျက်တောင်တစ်ဖက်ဖျက် ခတ်လိုက်ပြီး အနည်းငယ် ချဲ့ကားကာ ပြောဆိုလိုက်သည်။
သူသည် အမှန်တကယ် အံ့အားသင့်နေခဲ့၏။
လက်ရှိ သူ၏ စိတ်ထဲတွင် ပင်လယ်ပြင်ကြီးအား ထူးဆန်းသည့် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်နေသည်။
သူသည် နောင်တွင် မည်သည့်သင်္ဘောပေါ်မှ မတက်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူစီးလာနေသော သင်္ဘာသည် ပင်လယ်သတ္တဝါကြီးနှင့် ဆုံတွေ့ပြီး ရေအောက်သို့ နစ်မြုပ်သွားနိုင်သည် မဟုတ်ပေလော။ ၎င်းသည် ဝေလကျွန်းလိုပင် ဖြစ်သွားနိုင်၏။
နှစ်ယောက်စလုံး စိတ်တည်ငြိမ်သွားပြီးနောက် သူတို့သည် ဖိုရမ်များကို ဖွင့်ကာ ပင်လယ်သတ္တဝါကြီးများနှင့် ပတ်သက်သော သတင်းတွေကို ရှာဖွေလိုက်ကြသည်။
သူတို့သည် ထိတ်ဆုံးရှာဖွေမှုစာရင်းတွင် ဧရာမမြွေကြီး၏ ဧရာမငါးမန်းကြီးအား သတ်ပစ်သည့် သတင်းကို တွေ့လိုက်ရသည်။ အထူပြောပြစရာမလိုဘဲ မှတ်ချက်ကဏ္ဍာန်တစ်ခုလုံး အံ့အားသင့်မှုများဖြင့် ပြည့်နေခဲ့သည်။
"ပင်လယ်သတ္တဝါကြီးတွေ တကယ်ရှိနေတာလား... ပင်လယ်ရေအောက် အနက်ရှိုင်းဆုံးနေရာတွေမှာ ဘယ်လို လျှို့ဝှက်ချက်ဖုံးကွယ်ထားလဲ"
"အမယ်လေး! မနက်ဖြန်ကျရင် အမေရိကန်ကို သင်္ဘောနဲ့ ငါ သွားရတော့မှာ ကြောက်စရာကောင်းလိုက်တာ..."
"ဒါကြောင့် ကျွန်တော် လှေမဝယ်တာပေါ့"
"ကြောက်စရာကောင်းလိုက်တာ... ဒီကမ္ဘာကြီးက ဘယ်လိုဖြစ်သွားတာလဲ"
"ယူဂန်ဒါမြက်ခင်းပြင်ဒေသမှာ ၂၀ မီတာ အရှည်ရှိတဲ့ မြွေကြီးကို တွေ့ကြတုံးကတောင် အံ့အားသင့်နေရတာ၊ အခုထက်ပြီးကြည့်စမ်း ပင်လယ် ရေအောက်မှာ ၃၀ မီတာ အရှည်ရှိတဲ့ မြွေကြီးတွေ ရှိနေပြီ။ ငါတို့ ကမ္ဘာကြီးက မကြာခင် ပျက်စီးတော့မှာလား..."
"မြွေတွေက ပင်လယ်ထဲမှာ ရှင်သန်နိုင်တာလား။ ကိုယ့်လူတို့ မင်းတို့တွေထဲကတစယောက်ယောက်များ ပင်လယ်ထဲမှာ မြွေတွေကို တွေ့ဖူးသေးလား?"
ဧရာမမြွေကြီးနှင့် ဧရာမငါးမန်းကြီးတို့၏ ပေါ်ထွက်လာမှုသည် တစ်ကမ္ဘာတစ်လွှားကို လှုပ်ခတ်သွားစေခဲ့သည်။
ဤသည်မှာ ဇီဝဗေဒဆိုင်ရာ အံ့ဖွယ်တစ်ခုပင်!
မြွေတစ်ကောင်သည် ပင်လယ်ထဲက ထွက်ပေါ်လာပြီး အလွန်ကြီးမားလွန်းသည့်အပြင် ကြောက်စရာကောင်းသည်။ ငါးမန်းကြီးဆို ပြောစရာပင် မလိုတော့ပေ။
၎င်းသတ္တဝါကြီးနှစ်ကောင်၏ အရွယ်အစားကို ကွန်ပျူတာဖြင့် တိုင်းတာပြီးနောက် တိကျသော အချက်အလက်များကို ရရှိခဲ့သည်။ ရလဒ်မှာ အံ့အားသင့်စရာ ဖြစ်၏။
မြွေကြီးသည် (၃၅) မီတာ ရှည်လျားပြီး ငါးမန်းကြီးသည် (၄၅) မီတာ ရှည်လျား၏။
ဤကဲ့သို့ အရွယ်အစားသည် လူတို့၏ အမြင်ကို အကြီးအကျယ် ပြောင်းလဲစေသည်။
ကမ္ဘာ့အကြီးဆုံး ငါးမန်းသည် ဝေလငါးမန်းဖြစ်သည်။ ၎င်းဝေလငါးမန်သည် ဝေလငါးများနှင့် အရွယ်အစားချင်း ယှဉ်နိုင်ပေသည်။ သို့သော် ထိုဧရာမငါးမန်းကြီး၏ ရှေ့မှောက်တွင် ၎င်းဝေလငါးမန်သည် ကြောင်ရှေ့က ကြွက်လို ဖြစ်နေသည်။
ရှေးခေတ် မီဂါလိုဒွန်ကို ထည့်သွင်းစဉ်းစားလျှင်ပင် ၎င်းငါးမန်းကြီးအား မယှဥ်နိုင်ပေ။
၎င်းမြွေကြီးသည်လည်း အံ့ဖွယ်တစ်ခုပင်။
မကြာသေးခင်က ယူဂန်ဒါမြက်ခင်းပြင်ဒေသတွင် တွေ့ရှိခဲ့သည့် (၂၁) မီတာအရှည်ရှိသော မြွေကြီးသည်ပင် (၃၅) မီတာအရှည်ရှိသော ပင်လယ်မြွေကြီးနှင့် နှိုင်းယှဉ်လျှင် တောက်ပမှုအဆင့် မှေးမှိန်သွားသည်။
၎င်းနှစ်ကောင်သာ တိုက်ခိုက်ခဲ့လျှင် ပင်လယ်မြွေကြီးက ယူဂန်ဒါမြက်ခင်းပြင်ဒေသက မြွေကြီးကို အလွယ်တကူ ဖြစ်ညှစ်သတ်နိုင်ပေမည်။
၎င်းကြောက်မက်ဖွယ် သတ္တဝါကြီးနှစ်ကောင်၏ ပေါ်ထွက်လာမှုသည် လူတိုင်းကို ကမ္ဘာကြီးအကြောင်း နားလည်မှုအား အဆင့်တစ်ခုသို့ တိုးမြှင့်ပေးခဲ့သော်လည်း ထိတ်လန့်စေခဲ့ပေသည်။
ယူဂန်ဒါမြက်ခင်းပြင်ဒေသမှ ထွက်ပေါ်လာခဲ့သော မြွေကြီးသည် မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်စဉ်တစ်ခုအဖြစ် ရှင်းပြခံထားရပြီး အလွန်ရှားပါးသည့် ဖြစ်ရပ်တစ်ခုဟု ဆိုထားခဲ့သည်။
သို့သော် ယခုအခါတွင် နောက်ထပ် သတ္တဝါကြီးနှစ်ကောင် ထပ်မံပေါ်ထွက်လာခဲ့ပြီး ယူဂန်ဒါမြက်ခင်းပြင်ဒေသက မြွေကြီးထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။
ထိုဖြစ်ရပ်အပြီးတွင် လူပေါင်းများစွာ ထိတ်လန့်ခဲ့ကြသည်။
သူတို့သည် ဤကမ္ဘာအကြောင်း အမှန်တကယ် နားမလည်သေးဘူးဆိုတာ ခံစားမိလာခဲ့သည်။
ဤကမ္ဘာတွင် မမြင်နိုင်သော နယ်ပယ်တစ်ခု တည်ရှိနေပြီး ထိုနယ်ပယ်သည် သူတို့သိထားသည့် ကမ္ဘာ၏ မည်သည့် အစိတ်အပိုင်းထက်မဆို ပို၍ ကြီးမားသည်။
ထိုမမြင်နိုင်သော နယ်ပယ်သည် အလွန်ထူးဆန်းပြီး အံအားသင့်ဖွယ် အရာများစွာ ၎င်းအတွင်း တည်ရှိနေပေသည်။
၎င်းဧရာမမြွေကြီးနှင့် ဧရာမငါးမန်းကြီးတို့သည် ထိုကမ္ဘာ၏ ရေခဲတောင်ထိပ်က အပိုင်းအစမျှသာ ဖြစ်နိုင်ပေသည်။
၎င်းတွင် ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများစွာ ရှိနေနိုင်လေသည်။
ဧရာမမြွေကြီးနှင့် ဧရာမငါးမန်းကြီး၏ အကြောင်း အင်တာနက်နှင့် ဖိုရမ်တို့တွင် ဆွေးနွေးနေကြစဉ် နိုင်ငံအသီးသီးမှ ဇီဝဗေဒသုတေသနဌာနများသည် ဆူညံနေခဲ့၏။
.....