← Chapters

ပါမောက္ခ ဟူးဒေးလ်ဗီ

Vol. 11 Ch. 154

ပါမောက္ခ ဟူးဒေးလ်ဗီ

Vol. 11 Ch. 154

ဖန့်ရန် ထပ်မံကျော်ကြားလာခဲ့သည်။

သူ့ကို အင်တာနက်၊ တီဗီနှင့် သတင်းစာ စသည်တို့မှာ မြင်တွေ့နိုင်ပြီး လူတွေကလည်း သူ့အကြောင်းကို နေရာတိုင်းမှာ ပြောဆိုနေကြသည်။

ဤကာလတိုလေးအတွင်းမှာ သူသည် ကမ္ဘာ့ လူပြောအများဆုံး ကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။

သာမန်လူတွေအပြင် ဇီဝဗေဒပညာရှင်များနှင့် သိပ္ပံပညာရှင်များသည် ဧရာမမြွေကြီးအကြောင်း ဆူညံစွာဖြင့် ဆွေးနွေးရင်း အပြိုင်အဆိုင် ငြင်းခုံနေကြသည်။

သူတို့ ငြင်းခုန်နေကြသည်မှာ ထိုအလွန်ကြီးမားသော ဧရာမမြွေကြီး၏ မျိုးစိတ်အကြောင်း ဖြစ်သည်။

၎င်း၏ အသွင်အပြင်အရ မြွေဟောက်တစ်ကောင်ဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသော်လည်း မည်သူကမှ မြွေဟောက်လို့ မထင်ကြပေ။

၎င်းသည်က မြွေကြီး၏ ကိုယ်ထည်သည် သွယ်လျခြင်းမရှိဘဲ အလွန်ထူထဲပြီး အမြီးသည် တိုတောင်းနေသောကြောင့် ဖြစ်သည်။

ဤတွင် မေးစရာရှိလာသည်မှာ ၎င်းသည် မည်သည့် မြွေမျိုးနွယ်ဝင် ဖြစ်သနည်း။

လူအချို့သည် ရှာဖွေတွေ့ရှိ၍ မှတ်သားထားခဲ့သော မြွေမျိုးစိတ်များထဲတွင် ရှာဖွေခဲ့သော်လည်း ၎င်းမြွေကြီးနှင့် တူညီသောမျိုးစိတ်ကို ရှာမတွေ့ခဲ့ပေ။

ထိုမြွေကြီးသည် အလုံးစုံမည်းနက်နေပြီး အရောင်အဆင်းလည်း လုံးဝမရှိပေ။ ၎င်း၏ တစ်ကိုယ်လုံးသည် လုံးဝကို မည်းနက်နေခြင်း ဖြစ်သည်။

၎င်း၏ ကြီးမားသော ကိုယ်ထည်သည် အလွန်ထိတ်လန့်စရာကောင်းပြီး Titanoboa (ရှေးဟောင်းမြွေ) သည်ပင် ၎င်း၏ ရှေ့မှောက်တွင် ကြောင်ရှေ့က ကြွက်ငယ်သဖွယ် ဖြစ်နေပေမည်။

သူတို့ ငြင်းခုန်ကြရသည့် အကြောင်းရင်းသည် ၎င်းမြွေကြီးသည် လူသိများသော မျိုးစိတ်များ၏ မျိုးကွဲ ဖြစ်သည်လား။ အသစ်ပေါ်ပေါက်လာသော မျိုးစိတ်ဖြစ်သည်လားတို့ ဖြစ်၏။

ရက်အနည်းငယ်ကြာ ငြင်းခုံလာပြီးနောက် တိုးတက်မှု လုံးဝမရှိခဲ့ဘဲ နောက်ဆုံးတွင် ၎င်းမြွေကြီးကို ယာယီအနေဖြင့် မျိုးစိတ်အသစ်တစ်ခုအဖြစ် သတ်မှတ်ရန် သဘောတူညီနိုင်ခဲ့ကြသည်။

ထို့ကြောင့် အားလုံးသည် ၎င်းအတွက် လုံးဝဆန်းသစ်သော မျိုးခွဲတစ်ခု ဖန်တီးသတ်မှတ်ရန် အဆိုပြုခဲ့ကြသည်။

အားလုံးသည် ထိုအဆိုပြုချက်ကို အတည်ပြုခဲ့ကြပြီး ဆွေးနွေးပြီးကြနောက် ဖန့်ရန် အတွက် သိပ္ပံနည်းကျ အမည်တစ်ခု ရရှိလာခဲ့သည်။

ထိုသည်က ဧရာမပင်လယ်မြွေ (Giant Sea Serpent) ဟူသော နာမည်ပင်။

ဤကာလအတွင်း ဖန့်ရန်အကြောင်း အပါအဝင် ကြီးမားသော ငါးမန်းကြီးအကြောင်းကိုလည်း မကြာခဏဆွေးနွေးခဲ့ကြသည်။

၎င်း၏ အသွင်အပြင်သည် အမှန်တကယ်အားဖြင့် အလွန်ထိတ်လန့်ဖွယ်ကောင်းပေ၏။

သို့သော် ကံမကောင်းစွာဖြင့် ၎င်းပေါ်လာပြီးပြီးချင်းမှာတင် ဧရာမမြွေကြီးက သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ရှုံးနိမ့်ခဲ့သူ ဖြစ်သောကြောင့် ၎င်း၏ ကျော်ကြားမှုသည် ဖန့်ရန်နှင့် ယှဉ်နိုင်ခြင်းမရှိသော်လည်း ဤသည်က အင်တာနက်ပေါ်တွင်သာ ဖြစ်သည်။ ဇီဝဗေဒပညာရှင်များ အတွက်မူ ၎င်းငါးမန်းကြီးသည်လည်း ကျေနပ်ဖွယ်ကောင်းသော ဆွေးနွေးမှုတစ်ခု ဖြစ်သည်။

ယခင်က အားလုံးသည် ဝေလငါးမန်သည် အကြီးဆုံးငါးမန်းဟု ထင်ခဲ့ကြသည်။ သို့သော် အလျား (၄၀) မီတာကျော်ပြီး ကြောက်စရာအလွန်ကောင်းသော ဧရာမငါးမန်းကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

ပညာရှင်များသည် ဂရစ်ဗစ် ကမ်းခြေသို့ လက်တွေ့စစ်ဆေးရန် လူများစေလွှတ်ခဲ့သော်လည်း ရလဒ်မှာ စိတ်ပျက်စရာ ကောင်းပေသည်။

သူတို့သည် ဧရာမငါးမန်းကြီး၏ အကြေးခွံတစ်ခုရရှိခဲ့သော်လည်း (DNA) ထုတ်ယူ၍ မရနိုင်သော်ကြောင့် ၎င်းငါးမန်းသည် မည်သည့်မျိုးနွယ်ဝင် ဖြစ်သည်အား မခန့်မှန်းနိုင်ခဲ့ပေ။

ထိုဧရာမငါးမန်းကြီးအတွက်လည်း ပညာရှင်များသည် သိပ္ပံနည်းကျအမည်တစ်ခု ပေးခဲ့ပေသည်။

ထိုနာမည်က Grass Titan ငါးမန် ဟူ၍ပင်။

ဤတွင် ၎င်းသတ္တဝါကြီးနှစ်ကောင်၏ ရုတ်တရက်ပေါ်ထွက်လာခြင်းကြောင့် စိတ်လှုပ်ရှားနေသူများအပြင် ၎င်းတို့၏ ရေကြောင်း လုပ်ငန်းများအပေါ် ကျရောက်လာမည့် ခြိမ်းခြောက်မှုကို စိုးရိမ်နေသူများလည်းရှိပေသည်။

အချို့လူများက ထိုစိုးရိမ်မှုများက အခြေအမြစ်မရှိဟု ထင်မြင်ကြပေသည်။ လူများစွာ ကြာမြင့်လှသော အရင်အချိန်ကတည်းက သင်္ဘောများကို စီးနင်းခဲ့ကြပြီး ထိုအချိန်တွေက ၎င်းသတ္တဝါကြီးများသည် အဘယ့်ကြောင့် မပေါ်ပေါက်ခဲ့ရသနည်းဟု ပြောကြလေသည်။

၎င်းသတ္တဝါကြီးများသာ အလွန်ရန်လိုခဲ့ပါလျှင် ရေအောက်သို့ သင်္ဘောများစွာ နစ်မြုပ်ခဲ့ပြီ ဖြစ်ပေလိမ့်မည်။

ထိုငြင်းခုံမှုများကို တုံ့ပြန်သည့်အနေဖြင့် ငါးဖမ်းသင်္ဘော အများစုမှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ၎င်းသတ္တဝါကြီးများကြောင့် ဘယ်သင်္ဘောမှ မနစ်မြုပ်ခဲ့ကြောင်း ခိုင်မာသော သက်သေ အထောက်အထားများ ရှိသည်လားဟု တန်ပြန်ပြောဆိုကြသည်။

ဤအတောအတွင်း အင်တာနက်နှင့် ဖိုရမ်ပေါ်သို့ တောင်းဆိုမှုများ မြင့်တက်လာသည်။ ၎င်းသည် ဧရာမမြွေကြီးကို ဖမ်းဆီးရန် လူများစွာက ဆူညံစွာ တောင်းဆိုနေကြခြင်းသာ ဖြစ်၏။

၎င်းသည် သမုဒ္ဒရာကနေ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး အလွန်အန္တရယ်များပေသည်။

သူတို့၏ တောင်းဆိုမှုက ၎င်းကို ဖမ်းဆီးရန်ဖြစ်ပြီး ထိုအခါမှသာ ၎င်းအန္တရာယ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။

သို့သော် ထိုကဲ့သို့ တောင်းဆိုမှုကို လူထုက လက်မခံကြပေ။ ၎င်းဖမ်းဆီးမှုသည် မြွေကြီးအား သတ်ဖြတ်မူများ ပြုလုပ်စေနိုင်ပြီး ထိုအရာအား ဘယ်သူမှ မမြင်လိုကြပေ။

လူအများ အင်တာနက်နှင့် ဖိုရမ်ပေါ်တွင် ထိုအကြောင်းအား အပြင်းအထန်ဆွေးနွေးနေကြစဉ် ဧရာမမြွေကြီးသည် အစိမ်းပင်လယ်ပြင်မှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

သူသည် သူ့အား လူတွေသိသွားမှာကို မကြောက်လန့်ခဲ့ပေ။

သူသည် ရေအနက်ပိုင်းကြီးတွင် နေထိုင်ခြင်းဖြစ်သောကြောင့် သူ့ကိုဘယ်သူမှ လွယ်လွယ်ကူကူဖြင့် ထိခိုက်အောင် တော်ရုံ လုပ်နိုင်မည် မဟုတ်ပေ။ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာထဲတွင် သူ့ကိုရှာဖွေရန် အလွန်ခက်ခဲမည်ဆိုတာကို ထည့်ပြောစရာပင် လိုမည်မထင်ပေ။

အစိမ်းရောင်ပင်လယ်ပြင်မှ သူထွက်ခွာလာသည့် အကြောင်းရင်းသည် ဧရာမငါးမန်းကြီးကို စားပြီးနောက် ဆော်လမွန်ငါးအုပ်တစ်အုပ်ကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

သူသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာ လိုက်လံဖမ်းဆီးခဲ့ပြီး အစိမ်းရောင်ပင်လယ်ပြင်မှ ထွက်ခွာလာခြင်းမှာလည်း မတော်တဆဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။

သူလက်ရှိ ရောက်နေသော ပင်လယ်ပြင်၏ အမည်ကိုမူ သူသိရှိခြင်း မရှိပေ။

ဤအတောအတွင်း သူ၏ ဂုဏ်သတင်းရမှတ်သည် သန်း (၅၀၀) ကျော်အထိ မြင့်တက်လာခဲ့ပြီး ကျွမ်းကျင်မှုရမှတ် (၁၀) မှတ်လည်း ရရှိလာခဲ့သည်။

၎င်းသည် ဖန့်ရန်အတွက် အလွန်အံ့အားသင့်စရာပင် ဖြစ်သည်။

ယခင်က သူ၏ ဂုဏ်သတင်းရမှတ်သည် (၁၀) ဆတိုးလာမှသာ ကျွမ်းကျင်မှုရမှတ်များ ရရှိခဲ့သောကြောင့် နောက်တစ်ကြိမ် ကျွမ်းကျင်မှုရမှတ်များရရှိရန် သူ၏ ဂုဏ်သတင်းရမှတ် (၁) ဘီလီယံရောက်မှသာ ကျွမ်းကျင်မှုရမှတ် ရရှိလိမ့်မည်ဟု သူထင်ခဲ့သည်။

ယခုတော့ သူ၏ အမြင်မှာ မှားယွင်းနေခဲ့ပုံရသည်။

ဤသည်မှာ အံ့အားသင့်စရာ ကောင်းသော်လည်း သူနှစ်ချိုက်ဆဲ ဖြစ်သည်။ သူသည် ယခုအချိန်တွင် အလွန်ကြီးမားနေပြီ ဖြစ်သော်လည်း ကျွမ်းကျင်မှုရမှတ်များ လိုအပ်နေဆဲ ဖြစ်သည်။

ကျွမ်းကျင်မှုရမှတ် (၁၀) မှတ်ရရှိပြီးနောက် စုစုပေါင်း (၁၈) မှတ်ဖြစ်သွားခဲ့ပြီး လျင်မြန်သော ကုသမှု စွမ်းရည်ကို အဆင့်မြှင့်ရန် သူမတွန့်ဆုတ်ခဲ့ပေ။

ထိုသို့ပြုလုပ်ပြီးနောက် ၎င်းစွမ်းရည်သည် (၄) ကြိမ် အဆင့်မြှင့်တင်ပြီးပြီဖြစ်ကာ (၄/၅) ဖြစ်သွားခဲ့သည်။

"စွမ်းရည်အသစ်တွေ ဘယ်တော့မှ ပြန်လည် ဆန်းသစ်မလဲ မသိဘူး..."

သံမဏိကိုယ်ထည်နှင့် လျင်မြန်သော ကုသမှုစွမ်းရည်တို့ ပေါ်ပေါက်လာပြီးနောက် စွမ်းရည်အသစ်များ ထပ်မံပေါ်မလာခဲ့သေးပေ။

သူ့တွင် အရိပ်လေ ဆိုသော စွမ်းရည်တစ်ခု ကျန်ရှိနေသော်လည်း ၎င်းကို တစ်ကြိမ်တစ်ခါမျှ အသက်မသွင်းခဲ့ပေ။ သို့သော် ၎င်းစွမ်းရည်သည် အသုံးမဝင်ဟု သူမခံစားရချေ။

ထိုအစား ၎င်းစွမ်းရည်သည် ထွက်ပြေးရာတွင် အလွန်အသုံးဝင်၏။

ယခုအချိန်တွင် သာမန်သေနတ်များနှင့် ကျည်ဆန်များသည် သူ့ကို မခြိမ်းခြောက်မနိုင်တော့ သော်လည်း ဒုံးကျည်များနှင့် အလားတူလက်နတ်များမှာ သူ့အသက်ကို ခြိမ်းခြောက်နိုင်သေးသည်။

ထိုလက်နက်များမှာ အလွန်မြန်ဆန်၏။

သူသာ ဒုံးကျည်ထက် ပိုမိုမြန်ဆန်မည်ဆိုလျှင် ၎င်းတို့၏ ခြိမ်းခြောက်နိုင်စွမ်းမှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။

ဖန့်ရန်က သူသည် ဤကမ္ဘာတွင် ကောင်းကင်ထက်က ကြယ်တစ်ပွင့်ဖြစ်လာခဲ့လျှင် သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်ရှိသူများ ရှိလိမ့်မည်ကို နားလည်ထားသည်။

သူသည် ၎င်းတို့အတွက် ရိုင်းစိုင်းကြမ်းတမ်းသော သားရဲတိရစ္ဆာန်တစ်ကောင်သာ ဖြစ်ပြီး ရှားပါးသည်မှာ မှန်သော်လည်း ၎င်းတို့အတွက် တိရစ္ဆာန်တစ်ကောင်က တိရိစ္ဆာန်တစ်ကောင်ပင် ဖြစ်သည်။

လူသားများအတွက် သူ၏ တည်ရှိမှုသည် အလွန်ထူးဆန်းပေ၏။ တစ်စုံတစ်ယောက်သည် သူ့ကို သုတေသနပြုလုပ်ရန် ဖမ်းဆီးလိုမည်မှာ သေချာပေသည်။

ကံမကောင်းစွာဖြင့် ဖန့်ရန်၏ စိုးရိမ်မှုများမှာ အလွန်မှန်ကန်နေခဲ့သည်။

...

"ပါမောက္ခ ဟူးဒေးလ်ဗီ သင့်တောင်းဆိုချက်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ..."

ရုံးခန်းတစ်ခုတွင် အသားမည်းမည်း လူငယ်တစ်ယောက်က သူ့ရှေ့ရှိ အဖိုးအိုအား အစီရင်ခံစာ တင်ပြနေသည်။

"ဂြိုလ်တုတွေနဲ့ ဧရာမမြွေကြီးရဲ့ သဲလွန်စတွေကို ရှာဖွေခဲ့ပြီးပါပြီ။ သူက အခုဆို အစိမ်းရောင်ပင်လယ်ထဲမှာ မရှိတော့ပါဘူး"

"ရာဒိုအော် ပင်လယ်ကွေ့ရဲ့ ရေပြင်မှာ သူရဲ့ သဲလွန်စတွေ ရှာတွေ့ခဲ့ပါတယ်။ စစ်တပ်က ဂြိုလ်တုတွေကို သုံးပြီး အဲ့ဒီပင်လယ်ပြင် နယ်မြေတစ်ဝိုက်ကို နီးကပ်စွာ စောင့်ကြည့်နေပါတယ်။ သူ့ရဲ့ တည်နေရာကို အတည်ပြုပြီးတာနဲ့ ချက်ချင်းပဲ လူတွေစေလွှတ်ပြီး ဖမ်းဆီးခိုင်းလိုက်မှာပါ..."

"ဟား ဟား ဟား... ကောင်းပြီ! ကောင်းပြီ!"

ပါမောက္ခ ဟူးဒေးလ်ဗီက ရယ်မောလိုက်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေပုံရ၏။

ထိုဧရာမမြွေကြီးသည် ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသော သတ္တဝါကြီးဖြစ်နေမည်ဆိုလျှင် ၎င်း၏ သုတေသနတန်ဖိုးမှာ အလွန်ကြီးမားမည် မဟုတ်သော်လည်း ယခုအခါတွင် အခြားသော ဧရာမငါးမန်းကြီးတစ်ကောင်လည်း ရှိနေသောကြောင့် အခြေအနေသည် ပြောင်းလဲသွားခဲ့၏။

ယူဂန်ဒါမြက်ခင်းပြင်ဒေသတွင် ထွက်ပေါ်လာခဲ့သော ဧရာမမြွေကြီးနှင့် ပေါင်းလိုက်လျှင် ယခုအချိန်ထိဆို ဧရာမသတ္တဝါကြီး (၃) ကောင်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။

ရှုထောင့်တစ်ခုမှ ကြည့်လိုက်လျှင် ၎င်းသတ္တဝါကြီးများ၏ ဤမျှကြီးမားလာရခြင်းသည် မျိုးရိုးဗီဇပြောင်းလဲမှု တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ အခြားသော လျှို့ဝှက်ချက်များ ရှိနိုင်နေပေသည်။

၎င်းသည် သူ၏ အမြင်သာဖြစ်သော်လည်း သူ့အား အလွန်ဆွဲဆောင်နိုင်ပေသည်။ ထိုကြောင့်လည်း ဧရာမပင်လယ်မြွေကြီးကို ဖမ်းဆီးရန် လွှတ်တော်သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းထံတွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှီနေမည်လားဆိုတာ သူသိချင်မိသည်။

ကံကောင်းထောက်မစွာဖြင့် လွှတ်တော်က သူ၏ တောင်းဆိုချက်ကို သဘောတူခဲ့ပေသည်။

သူသာ ဧရာမပင်လယ်မြွေကြီးမှ တစ်စုံတစ်ခုကိုသာ သုတေသနပြုလုပ်နိုင်ခဲ့လျှင် လူသားမျိုးနွယ်အတွက် ကြီးမားသော တိုးတက်မှုကို ဖြစ်စေနိုင်ပြီး သူ့ကို သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားမည်မှာ သေချာပေသည်။

ပါမောက္ခ ဟူးဒေးလ်ဗစ်သည် ရုံးခန်းအတွင်းဝယ် စိတ်လှုပ်ရှားစွာဖြင့် ဂနာမငြမ်ဖြစ်နေပြီး သူ၏ အနာဂတ်ကျော်ကြားမှုအတွက် တွေးတောရင်း အိပ်မက်မက်နေပေသည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုအား သတိရသွားပြီး အသားမည်းသည့် လူငယ်လေးဘက်သို့ လှည့်လိုက်သည်။

"နားထောင် လေနာ..."

သူသည် ခေါင်းမော့ပြီး နှာခေါင်းပေါ်ရှိ မျက်မှန်ကို တစ်ချက်ဖိတွန်းလိုက်သည်။

"စစ်တပ်က လူတွေကို သေချာသတိပေးလိုက်ပါ။ ဧရာမပင်လယ်မြွေကို အရှင်လတ်လတ် ဖမ်းလာဖို့။ ရှင်နေတဲ့မြွေက သေနေတဲ့မြွေထက် သုတေသနပြုလုပ်ရာမှာ အများကြီးအသုံးဝင်တယ်လို့ ပြောလိုက်..."

"ဟုတ်ကဲ့ ပါမောက္ခ ဟူးဒေးလ်ဗီ ခင်ဗျာ။ သင့်စကားကို ကျွန်တော် ပြန်ပြောလိုက်ပါ့မယ်..."

အသားမည်းသည့် လူငယ်က ဂရုတစိုက်ခေါင်းညိတ်ပြလိုက်ပြီးနောက် သူသည် ရုံးခန်းမှ ထွက်ခွာသွားခဲ့သည်။

.....

All Chapters