အနောက်ကမ္ဘာ၏ အမျက်
Vol. 6 Ch. 555
တန်ဘရောင်းတွမ်
သို့မဟုတ် ...
အင်္ဂလန်၏ တော်ဝင်အမတ်၊ စပိန် နိုင်ငံခြားရေး လက်ထောက် ဝန်ကြီး ...။
သူသည် ဥရောပ ဟူသော မြေကိုသာ ကိုယ်စားပြုသူ မဟုတ်ပေ။ ဥရောပ၏ အာဏာနှင့် ဂုဏ်တည်း ဟူသော ကြီးမားသည့် ဝန်ပိုးကိုပါ သယ်ဆောင်လာသူ ဖြစ်သည်။
သူ့အား ကမ္ဘာပေါ်မှ မည်သည့် ပညာရှင်မဆို ထိရဲမည် မဟုတ်ချေ။
ဥရောပ အင်အားကြီး နိုင်ငံများ၏ အမြင်၌ နဂါးခန်းမ၊ ဟောင်ဂိုဏ်း အစရှိသည့် အဖွဲ့အစည်းများသည် ပုရွက်ဆိတ်သာသာသာ ရှိသည်။ သူတို့သည် အမေရိကန်က လွဲလျှင် သူတို့ကိုယ် သူတို့ ကမ္ဘာအား ဒုတိယ စိုးမိုးသူများ အဖြစ် သတ်မှတ်ထားကြသည်။
"မစ္စတာ ချန်းပေ့ရွှမ်း ... ခင်ဗျား ဘာလုပ်လိုက် သလဲ ဆိုတာရော ခင်ဗျား သိပါရဲ့လား ..."
ဥရောပ ကိုယ်စားလှယ် အဖွဲ့၏ ဒုတိယ ကိုယ်စားလှယ် ကလိုနီက ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်၏။
"ခင်ဗျား မစ္စတာ တန်ဘရောင်းတွမ်ကို သတ်လိုက်တာက ဥရောပကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ ... အဲဒါက စစ်ပွဲကို လက်ယပ်ခေါ်လိုက်တယ် ဆိုတာ ခင်ဗျား သိသင့်တယ် ..."
"ဟမ့် ... မင်းတို့က ချချင်တယ် ဆိုလည်း ချကြတာပေါ့ကွာ ..."
ချန်းဖန်သည် အင်္ကျီလက်ကို ခါကာ လှည့်ထွက် လာခဲ့တော့၏။
***
တန်ဘရောင်းတွမ်၏ သေဆုံးမှု သတင်းက ဥရောပ အထက်တန်း အလွှာသို့ လျင်မြန်စွာ ရောက်ရှိသွား၏။
ထိုအရာက အတိအလင်း စိန်ခေါ်ခြင်း ဖြစ်သည်။ လေးစားမှု ကင်းမဲ့ခြင်း ဖြစ်သည်။
"ငါတို့ရဲ့ ရန်သူဟောင်း ဆိုဗီယက်တောင် ငါတို့ ကိုယ်စားလှယ်ကို မသတ်ရဲဘူး ... ချန်းပေ့ရွှမ်း ဆိုတဲ့ ကောင်က ဥရောပကို စိန်ခေါ်ချင် နေတာပဲ ... သူ့ကို စစ်တပ်နှင့် နင်းချေပစ်ရမယ် ..."
စပိန် ကာကွယ်ရေး ဝန်ကြီးက စားပွဲအား ရိုက်ရင်း ဒေါသတကြီး ဆိုလိုက်သည်။
သူ့နည်းတူပင် အခြားသော နိုင်ငံ အကြီးအကဲများ သည်လည်း မှုန်ကုပ် နေကြသည်။ ချန်းပေ့ရွှမ်းသည် စပိန် တစ်နိုင်ငံတည်းကိုသာ စော်ကားခဲ့ခြင်း မဟုတ်ချေ။
ဥရောပ နိုင်ငံ အားလုံး အပေါ်၌ လေးစားမှု ကင်းမဲ့ခဲ့ခြင်း ဖြစ်သည်။
အီတလီ ဗိုလ်မှူးကြီး ဂျော်ဂျီယိုဝုဒ်က မျက်မှောင်ကြုတ်ရင်း ...
"တန်ဘရောင်းတွမ်က ဆင်ခြင်မှု သိပ်မရှိဘူး ... သူ့အနေနဲ့ သူ့ရဲ့ အဆင့်က နိုင်ငံငယ် တစ်ခုရဲ့ ခေါင်းဆောင်လောက်တောင် မရှိဘူး ဆိုတာ သဘောပေါက် သင့်တယ် ... သူ့ရဲ့ သေဆုံးမှုက သူ ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ် ..."
"မင်း ..."
စပိန် ကာကွယ်ရေး ဝန်ကြီးက ဂျော်ဂျီယိုဝုဒ်အား ဒေါသတကြီး ကြည့်ရင်း လက်သီးဖြင့် ထိုးရန် ကြိုးစားလိုက်သည်။
"တော်လောက်ပြီ ..."
ဗိုလ်ချုပ်နော့ဒ်က စားပွဲကို ခေါက်ရင်း မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။
"အခု သေသွားတဲ့ မစ္စတာ ဘရောင်းတွမ်က ဥရောပ တစ်ခုလုံးကို ကိုယ်စားပြုတယ် ... ကျုပ်တို့ ချန်းပေ့ရွှမ်းကို လွှတ်မပေးနိုင်တော့ဘူး ... စစ်တပ်ကို သုံးပြီး သူ့ကို တိုက်ခိုက်ဖို့ ကျုပ် သဘောတူတယ် ..."
"ငါလည်း သဘောတူတယ် ..."
စပိန် ကာကွယ်ရေး ဝန်ကြီးက ဒုတိယမြောက် သဘောတူလိုက်သည်။
"သဘောတူတယ် ..."
"သဘောတူတယ် ..."
"သဘောတူတယ် ..."
ဂျာမန်၊ ပြင်သစ်၊ ဩစတြီးယား တို့ကလည်း ထောက်ခံ လိုက်ကြသည်။
ဂျော်ဂျီယိုဝုဒ်က လက်ကို မြှောက်ရင်း အဆို တစ်ခုကို တင်သွင်းလိုက်သည်။
"ကျုပ် အမြင် ပြောရမယ် ဆိုရင် ချန်းပေ့ရွှမ်း ဥရောပကို ဝင်လာမှ တိုက်သင့်တယ် ထင်တယ် ... နောက်ပြီး သူ့ကို ဒုတိယအကြိမ် သတိပေးမှု တစ်ခု လုပ်သင့်တယ်"
သို့သော်လည်း အခြားလူများက ဂျော်ဂျီယိုဝုဒ်၏ အဆိုကို တိုက်ရိုက်ပင် ပယ်ချကြသည်။
သူတို့က ဥရောပ၏ စစ်တပ်များကို ဟန်ဂေရီ၊ ဘူဂေးရီးယား တစ်လျှောက်ရှိ မြေထဲပင်လယ် ကမ်းရိုးတန်း တစ်လျှောက်တွင် တပ်ဆွဲထားရန် အမိန့်ပေးသည်။ မြေထဲပင်လယ်မှ ချန်းပေ့ရွှမ်း ပေါ်လာသည်နှင့် ခွင့်ပြုချက် မလိုပဲ တိုက်ရိုက် သတ်ရန် ညွှန်ကြားသည်။
တစ်ချိန်တည်းတွင်ပင် ဥရောပ ယူနီယံရ အမေရိကန်ကို စစ်ကူပေးရန် တောင်းဆိုသည်။ အမေရိကန်ကလည်း ချက်ချင်းပင် သဘောတူသည်။ ပန်တဂွန်သည် ချန်းဖန် မည်မျှ အစွမ်းထက်ကြောင်း ကြည့်လိုသည်။
"ချန်းပေ့ရွှမ်းက ပေါ့တီ ဆိပ်ကမ်း ဟေတန် ဟော်တယ်မှာ ရှိနေတုံးပဲတဲ့ ..."
"ချန်းပေ့ရွှမ်းက အိုလက်နဲ့ စေ့စပ် ဆွေးနွေး နေတယ် ..."
"ယူရိုဖိုက်တာ မုန်တိုင်း လေယာဉ်တွေ မြေထဲပင်လယ်ကို ရောက်ပါပြီ ..."
အင်္ဂလန်၏ ဗိုလ်ချုပ်နော့ဒ်က အမိန့်ပေးသည်။
"မြေထဲပင်လယ်ရေတပ်ဖွဲ့ကို တစ်ချိန်လုံး ကင်းလှည့်နေဖို့ ပြောလိုက် ... နောက်ပြီး သူတို့ကို အချိန်မရွေး ပစ်ခွင့်ပါ ပေးထား ..."
***
ဩစတြီးယား နိုင်ငံ၊ ရှေးဟောင်း ရဲတိုက် တစ်ခု အတွင်းတွင် ...
လူလေးယောက်သည် ဇိမ်ခံ ဆိုဖာကြီးများ ပေါ်တွင် အေးဆေး သက်သာစွာ ထိုင်၍ ဝိုင်သောက် နေကြသည်။
"မစ္စတာ ဒမွန် ... ဥရောပက ချန်းပေ့ရွှမ်းကို ဥရောပကို ဝင်ခွင့် မပြုတော့ဘူး ..."
အသက်လတ် လူဖြူ တစ်ဦးက ဝိုင်ခွက်ကို လှုပ်ယမ်းရင်း ဆိုလိုက်သည်။
သူနှင့်ဒမွန် အပြင် အခန်း အတွင်း၌ အခြား လူနှစ်ယောက်လည်း ရှိ၏။ တစ်ယောက်သည် ဖြူရော်ကာ ရုပ်ဆိုးသော လူတစ်ယောက် ဖြစ်ပြီး အခြား တစ်ယောက်မှာ ဝတ်စုံနက်ဝတ် အဘိုးအို တစ်ယောက် ဖြစ်သည်။
သူတို့ သုံးယောက်ကား ကျော်ကြားသည့် တန်ခိုးရှင်များ ဖြစ်သည့်အပြင် ဥရောပ မြောက်အောက် အဖွဲ့အစည်း သုံးခု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
"ဆန်ဒရို ... ရှေ့ဟောင်းရဲတိုက်၏ မဟာ မှော်ဆရာ ..."
"အာသာ ... ပင်လယ် နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် ..."
"နော့လန် ... အမှောင်ကောင်စီ ခေါင်းဆောင် ..."
ရှေးဟောင်းရဲတိုက်၊ ပင်လယ်နတ်ဘုရားဂိုဏ်း၊ အမှောင်ကောင်စီ ...။
ထိုအဖွဲ့အစည်း သုံးခုသည် နှစ်ထောင်ချီ သမိုင်းကြောင်း ရှိပြီး ဥရောပ၏ သက်တမ်း အရှည်ဆုံး အဖွဲ့အစည်းများ ဖြစ်ကြသည်။ သူတို့တွင် မရေမတွက်နိုင်သော အထွတ်အထိပ် ပညာရှင်များ အပြင် တန်ခိုးရှင် အဆင့် များစွာလည်း ရှိသည်။ ထို့ကြောင့်ပင် ဥရောပ နိုင်ငံများသည် သူတို့ကို မထိရဲကြခြင်း ဖြစ်သည်။
"အာသာ ... သူငယ်ချင်းလေး ... မင်းလည်း ချန်းပေ့ရွှမ်းရဲ့ အစွမ်းအစကို သိတာပဲ ... ဥရောပ စစ်တပ်တွေ သူ့ကို တိုက်ခိုက်နိုင်ပါ့မလား ..."
ဒမွန်က ခေါင်းကို ခါရင်း ဆိုလိုက်သည်။
"တန်ခိုးရှင် ထိပ်ဆုံး အဆင့် ခုနစ်ယောက်က အရှေ့တိုင်းရဲ့ အကြီးမားဆုံး အင်အားပဲ ... ဒါပေမဲ့ သူ့ဆီမှာ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလိုက်ရတယ် ... ငါက အင်အားကို အကုန် ထုတ်သုံးပြီး မတိုက်ခိုက်ခဲ့ဘူး ဆိုပေမဲ့လည်း အစွမ်းကုန် တိုက်ခိုက်ရင်တောင် သူ့ကို နိုင်ဖို့ မဖြစ်နိုင်ဘူး ..."
"မစ္စတာဒမွန် ... ခင်ဗျားက ချန်းပေ့ရွှမ်းကို အကြောက်လွန် နေတာလား ... ဒါမှမဟုတ် အိပ်ပျော်နေတာလား ... ခေတ်မီ စစ်တပ် နည်းပညာတွေကို ခင်ဗျား မသိဘူးပဲ ..."
အာသာက ပြုံးရင်း ဒမွန်ကို ဗီဒီယို တစ်ခု ပြလိုက်သည်။
ဗီဒီယိုတွင် ...
အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် လူတစ်ဦးသည် တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းဖြင့် ပြေးလွှားနေ၏။
သူ၏ ဝတ်စုံသည် ကျည်ကို ကာပေးနိုင်သည်။ ထို့အပြင် တင့်ကားနှင့် ထိပ်တိုက် တွေ့သည့် အခါ၌ပင် ပေါက်ပြဲသွားခြင်း မရှိချေ။ ထိုလူက ဝတ်စုံ၏ အားကိုးဖြင့် တင့်ကားများကိုပင် မှောက် ပစ်နိုင်စွမ်း ရှိသည်။
"ဒါက ..."
ဗီဒီယိုအား ကြည့်ရင်း ဒမွန် အနည်းငယ် စိတ်ဝင်စား သွား၏။
ထိုသံချပ်ကာသည် ခေတ်မီ နည်းပညာကို သုံးကာ ထုတ်လုပ်ထားသည့် ဝတ်စုံ တစ်ခု ဖြစ်သည်။ အကယ်၍ ထိုဝတ်စုံဝတ် လူတစ်ရာခန့်နှင့် ရင်ဆိုင်ရပါက ဒမွန် အတွက်ပင် လွယ်ကူမည် မဟုတ်ချေ။
"ဒါက ပင်လယ်နတ်ဘုရား အဖွဲ့ရဲ့ ဟိုလိုဂရပ်ဖစ် ဝတ်စုံလို့ ခေါ်တယ် ... ရင်းမြစ် ရှားပါးလွန်းတဲ့ အတွက် ဝတ်စုံကို ပမာဏ အမြောက်အမြား မထုတ်နိုင်သေးဘူး ... ဒါဇင် ဂဏန်းလောက်ပဲ ထုတ်နိုင်သေးတယ် ..."
အာသာက ရှင်းပြလိုက်သည်။
"အမေရိကန်မှာတော့ ပျံသန်းခြင်း စနစ်ပါတဲ့ ဝတ်စုံတောင် ထုတ်နိုင်နေပြီလို့ သတင်း ရတယ် ... အိုင်းရွန်းမန်းရဲ့ ဝတ်စုံ လိုမျိုးပေါ့ ..."
အာသာက ပြောရင်း အခြား ဗီဒီယို တစ်ခုကို ပြလိုက်သည်။
ထိုဗီဒီယိုတွင်မူ ... စစ်သား အုပ်စုက ခေတ်မီ ရိုင်ဖယ်များကို ကိုင်ကာ စတီးပြားများကို ပေါက်အောင် ပစ်ခတ်နေသည်ကို မှတ်တမ်း တင်ထားသည်။
ထို့အပြင် တစ်ဆယ် ကီလိုမီတာ အကွာမှ အသံထက် မြန်သော လောင်ချာကို ဖျက်ဆီး ပစ်နိုင်သည့် လေဆာ အမြောက်ငယ်များလည်း ပါဝင်၏
"ဒီလက်နက်တွေကို စမ်းသပ်ခန်းထဲက ထုတ်ပြီး ကတည်းက တစ်ခါမှ မသုံးခဲ့ဖူးဘူး... ကမ္ဘာကြီးက ငြိမ်းချမ်းနေတာ အချိန် ကြာခဲ့ပြီလေ ... အမေရိကန်မှာတော့ ကျုပ်တို့ထက် တစ်ဆင့်မြင့်ရဲ့ လက်နက်တွေ ရှိမှာ သေချာတယ် ..."
အာသာက ပြောသည်။
ဒမွန်ကမူ ငြိမ်သက်နေ၏။
သူသည် တန်ခိုးရှင် အဆင့် ဖြစ်သည့်တိုင် ထို လက်နက်များထဲမှ အချို့သည် သူ၏ အသက်ကို ခြိမ်းခြောက် နေနိုင်ဆဲ ဖြစ်သည်။
"နောက်ပြီး ... အင်္ဂလန်ရဲ့ သွေးမျိုးဆက် တပ်ဖွဲ့ကလည်း အရမ်းကို ကြောက်ဖို့ ကောင်းတယ်တဲ့ ..."
ဆန်ဒရိုကလည်း ဝင်ရောက် ပြောလိုက်သည်။
"အင်း ... ကောင်းတယ် ..."
ဒမွန်၏ မျက်လုံးများက စိတ်သက်သာရာ ရဟန် အနည်းငယ် မှေးစင်းသွားသည်။
"ချန်းပေ့ရွှမ်း ... မင်းအတွက် ဥရောပရဲ့ ကြိုဆိုမှုကို မင်း တွေးထားမိမှာ မဟုတ်ဘူးလို့ ငါလောင်းရဲတယ် ..."
***
"မစ္စတာချန်း ... ခင်ဗျား လုပ်ပုံက မောက်မာလွန်းတယ် ... ဥရောပ နိုင်ငံတွေ အားလုံးပေါင်းရဲ့ အင်အားက ရုရှားထက်တောင် ပိုသာတယ်နော် ... နောက်ပြီး သူတို့ရဲ့ စစ် နည်းပညာကလည်း အရမ်းကို ရှေ့ရောက်နေပြီ ..."
အိုလက်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ငါ့ဘဝ တစ်ခုလုံးမှာ ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး ... အခုလည်း မကြောက်ဘူး ... နောက်လည်း ကြောက်မှာ မဟုတ်ဘူး ..."
ချန်းဖန်က အနည်းငယ် ပြုံးရင်း အနောက် အရပ်သို့ ကြည့်လိုက်သည်။
"ငါ့လမ်းမှာ ဝင်ရှုပ်တဲ့ ဘယ်သူမဆို ငါ့ရန်သူ ... ရန်သူတွေကို သတ်ပစ်ရမှာက ငါ့တာဝန်ပဲ ..."
"ဂရုစိုက်ပါ မစ္စတာချန်း ... ပြင်သစ် ကာကွယ်ရေး တပ်မတော်က အဆင့်လွန် နည်းပညာ ဝတ်စုံတွေကို တီထွင်ပြီးတော့ ပင်လယ် နတ်ဘုရား အဖွဲ့ ဖွဲ့စည်းထားတယ် ... နောက်ပြီး အင်္ဂလန် ထောက်လှမ်းရေးကလည်း သွေးမျိုးဆက်တွေကို ပုံတူပွားပြီး သွေးမျိုးဆက် စစ်သည် တပ်ဖွဲ့ဖွဲ့ထားတယ် ... အဲဒီ တပ်ဖွဲ့တွေရဲ့ စွမ်းအားက ရုရှား သွေးဝံပုလွေ တပ်ဖွဲ့နဲ့တောင် ယှဉ်နိုင်တယ် ..."
အိုလက်က သတိပေးလိုက်သည်။
ချန်းဖန်သည် အိုလက်အား သတင်း ရင်းမြစ်ကို မမေးခဲ့ချေ။
ရုရှားသည် နိုင်ငံကြီး ဖြစ်သည်။ သူတို့တွင် တိကျခိုင်လုံသော အဆက်အသွယ်များ ရှိရမည်။
ထို့နောက် ချန်းဖန်သည် အိုလက်နှင့် နာတာရှာတို့ကို နှုတ်ဆက်ကာ မြေထဲပင်လယ်ဆီသို့ ဦးတည်လိုက်တော့၏။
***
မြေထဲပင်လယ် ...
ကောင်းကင်တွင် များစွာသော တိုက်လေယာဉ်များ ပျံသန်းနေကာ ကင်းလှည့်နေကြ၏။ ထို့အပြင် နိုင်ငံများစွာ၏ ဂြိုဟ်တုများသည်လည်း မြေထဲပင်လယ်ဘက်သို့ လှည့်ကာ စစ်ဆေးနေကြသည်။
ကမ်းရိုးတန်း တစ်လျှောက်တွင်မူ များစွာသော စစ်တပ်များ စုစည်းကာ ချန်းဖန်အား အသင့် စောင့်ဆိုင်း နေကြ၏။
"ချန်းပေ့ရွှမ်း စလှုပ်ရှားနေပြီ ... သူ ယူရိုအေးရှား နယ်စပ်ကို ဖြတ်ကျော် လာနေပြီ ... တိုက်ခိုက်ဖို့ ခွင့်ပြုချက် တောင်းပါတယ် ..."
"ခွင့်ပြုတယ် ... အခု စစ်ဆင်ရေးကို တန်ခိုးရှင် သတ်ဖြတ်ခြင်း စစ်ဆင်ရေးလို့ ခေါ်မယ် ..."
"လောင်ချာတွေ အသင့်ပြင် ..."
ရေဒီယိုမှ တစ်ဆင့် အတိပြုချက်များ ရယူပြီးနောက် အသံထက်မြန်သော လောင်ချာများသည် အသင့် အနေအထား ပြင်ဆင်ကာ မြေထဲပင်လယ်ရှိရာသို့ ထိုးချိန် လိုက်ကြ၏။
တိုက်ပွဲကား စတင်ချေတော့မည်။
***