← Chapters

ပင်လယ်မြွေကြီးကို ဖမ်းဆီးခြင်း

Vol. 11 Ch. 155

ပင်လယ်မြွေကြီးကို ဖမ်းဆီးခြင်း

Vol. 11 Ch. 155

ပင်လယ်ကမ်းခြေအနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင်...

အရာရှိများ စတုရန်းပုံ အဆောက်အအုံတစ်ခုထဲမှ ထွက်လာကြသည်။

သူတို့အားလုံးပေါင်း ဆယ်ယောက်ရှိသည်။ လူကိုးယောက်သည် အထူးပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး၊ ကျန်တစ်ယောက်သည် သာမန်စစ်ဝတ်စုံကို ဝတ်ထားကာ မျဥ်းလိုင်းတစ်ခု၏ အလယ်တွင် တည်ငြိမ်စွာ ရပ်နေသည်။

သူသည် ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။

"ချာလီ၊ သေချာသတိထားလုပ်ပါ။ ဒီမြွေကြီးကို ထိခိုက်အောင် မလုပ်မိစေနဲ့ နို့မဟုတ်ရင် သိပ္ပံပညာရှင်အိုကြီးတွေ ငါ့မျက်နှာကို တံတွေးနဲ့ ဝိုင်းထွေးကြလိမ့်မယ်"

ခေါင်းဆောင်က သူ့ဘေးနားရှိ လူတစ်ယောက်ကို ပြုံးရယ်ရင်း ပြောလိုက်ပြီး၊ ကျန်ကိုးယောက်စလုံး၏ ပခုံးကို ပုတ်ကာ အားပေးစကား ဆိုသည်။

"သွားကြတော့! ဒီဧရာမမြွေကြီး ပင်လယ်ထဲ ပြန်မဝင်ခင် သူ့ကို ထိန်းချုပ်နိုင်ဖို့လိုတယ်"

"စခန်းကနေ မင်းတို့ကို အချိန်နဲ့ တစ်ပြေးညီ အချက်အလက်တွေ ပို့ပေးလိမ့်မယ်။ သူ့ကို ဖမ်းပြီးရင်း ဘိုလီ ပင်လယ်ထဲ ခေါ်သွားပြီး အဲ့ဒီက စစ်သင်္ဘောတွေကို အပ်နှံပါ"

"နားလည်ပါပြီ ဆာ!"

စစ်သားကိုးယောက်သည် သူတို့ခေါင်းဆောင်ကို အလေးပြုလိုက်ကြပြီး၊ ရဟတ်ယာဉ်သုံးစီးထဲသို့ တစ်စီးလျှင် သုံးယောက်နှုန်းဖြင့် တက်သွားကြသည်။

ရဟတ်ယာဉ်ပေါ်သို့ တက်ပြီးနောက်၊ စစ်သားများသည် ခေါင်းဆောင်ထံသို့ လက်ဟန်ခြေဟန်ဖြင့် နှုတ်ဆက်ကြသည်။

ထို့နောက် ရဟတ်ယာဉ်၏ အင်ဂျင်သံသည် ဟိန်းဟောက်လာ၏။

ဝီး ဝီး ဝီး

ရဟတ်ယာဉ်၏ ဒလက်များသည် အရှိန်ပြင်းစွာ လည်ပတ်လာပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို လေထဲပျံ့လွင့်စင်သွားစေသည်။

မျဉ်းကြောင်းပေါ်တွင် ရပ်နေသော ခေါင်းဆောင်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး၊ သူ၏ တပ်သားများကို အာရုံစိုက်ကြည့်နေသည်။

သူ၏ မျက်စိအောက်တွင် ရဟတ်ယာဉ်သုံးစီးသည် တဖြည်းဖြည်း မြင့်တက်လာပြီး ပျံသန်းပျောက်ကွယ်သွားခဲ့၏။

...

ဖန့်ရန်သည် ရေအောက် တစ်နေရာတွင် ဖြည်ညင်းစွာ ကူးခတ်နေလေသည်။

ကိုယ်ထည် ကြီးမားမှုကြောင့် သူသည် ရေအောက်အနက် (၁၀) မီတာတွင် ရှိနေသော်လည်း ရေမျက်နှာပြင်ပေါ်ကနေ အရိပ်ရှည်ကြီးအား မြင်တွေ့နိုင်ပေသည်။

သူသည် သဲကန္တာရကျွန်းပေါ်ကနေ ထွက်ခွာလာပြီး ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤကာလတိုလေးအတွင်း သူသည် မိုင် (၃၀၀) ကျော် ဖြတ်သန်းလာခဲ့ပြီး၊ ထိုလမ်းတစ်လျှောက်မှာလည်း သူသည် ကြုံဆုံရာ ကမ်းခြေတိုင်းသို့ အကြိမ်ကြိမ်သွားရောက်ကာ အမဲလိုက်ခဲ့သည်။

သို့သော် သူသည် သေးငယ်သော သတ္တဝါများကို ဖမ်းရန်အတွက် အချိန်မဖြုန်းဘဲ အရွယ်အစားကြီးမားသော သတ္တဝါများကိုသာ ဦးစားပေးဖမ်းခဲ့သည်။

၎င်းတို့သည် မိကျောင်း၊ ကျားသစ်၊ ခြင်္သေ့၊ ဆင်နှင့် သစ်ကုလားအုတ်များပင် ဖြစ်သည်။

သူ၏ စနစ်အမှတ်သည် (၁၀၀၀၀၀) ကျော်သွားပြီး (၂၀၀၀၀၀) အထိပင် တိုးလာခဲ့သည်။

ထို့အပြင် သူ၏ ဂုဏ်သတင်းရမှတ်သည် အဆမတန်မြင့်တက်လာခဲ့ကာ သန်း (၅၀၀) ကျော်ကနေ သန်း (၆၀၀) နီးပါးရှိလာခဲ့သည်။

သူအား အာရုံစိုက်မိစေသည့်တစ်ခုမှာ ဖော်ပြချက်က လုပ်ငန်းစဉ်ဇယားအနောက်က အကဲဖြတ်ချက် ဖြစ်သည်။

ဂုဏ်သတင်းရမှတ်သည် သန်း ၁၀၀ သို့ရောက်ချိန်တွင် ၎င်းက အဆင့် (A) သို့ ရောက်ရှိခဲ့ပြီး၊ ယခု သန်း (၅၀၀) သို့ ရောက်သောအခါ (S) အဆင့်ဖြစ်သွားခဲ့သည်။

ဤလုပ်ငန်းအဆင့်သည် မည်သည့်အရာနှင့် သက်ဆိုင်သည်ကို သူမသိသော်လည် အဆင့်မြင့်လေ ပိုကောင်းလေ ဖြစ်မှန်းတော့သူသိသည်။

ဖန့်ရန်သည် ဂုဏ်သတင်းရမှတ်ကို ကြည့်နေရာမှ အာရုံပြောင်းလိုက်ပြီး ရေမျက်နှာပြင်ပေါ်သို့ ခေါင်းထုတ်လိုက်သည်။

ဖလု...

ဖန့်ရန် ရေမျက်နှာပြင်ပေါ်သို့ ခေါင်းထုတ်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

သူယခုရှိနေသော မြစ်ရေသည် အလွန်ငြိမ်သက်ပြီး တဖြည်းဖြည်း မြစ်အနံကျယ်လာသည်ကို သတိထားမိသည်။

ကြည့်ရသည်မှာ သူသည် ပင်လယ်ပြင်နှင့် အလွန်နီးကပ်နေခဲ့ပြီ ဖြစ်ရမည်။

ဖန့်ရန် စိတ်လှုပ်ရှားသွားသည်။ သူသည် ရေအောက်သို့ ပြန်ငုတ်ကာ အမြီးကို အားပြုပြီး ရှေ့သို့ အလျင်အမြန် ကူးခတ်သွားသည်။

သို့သော် (၁၀) ကီလိုမီတာခန့် ကူးခတ်လာပြီးနောက် သူရုတ်တရက် ရပ်လိုက်သည်။

သူ၏ အထက်တွင် ကျယ်လောင်သော အသံများ ကြားလာရသည်။

သူကြည့်လိုက်သည်တွင် ရဟတ်ယာဉ်သုံးစီးသည် သူနှင့် လျင်မြန်စွာ နီးကပ်လာနေသည်ကို တွေ့လိုက်ရသည်။

"ရဟတ်ယာဉ်"

ဖန့်ရန် အံ့အားသင့်သွားသည်။

"သူတို့က ဖြတ်သွားဖြတ်လာလား။ ငါ့ကိုဖမ်းဖို့လား..."

ဖန့်ရန် ရေအောက်အနက်ပိုင်းတွင် ပုန်းခိုရန် စဉ်းစားမိလိုက်သည်။

သို့သော် သူသည် ယခုမြစ်ထဲတွင် ရှိနေခြင်းဖြစ်ပြီး ပင်လယ်ပြင်နှင့် နီးလာသော်လည်း ရေအနက်သည် သိပ်မများပေ။

ထို့အပြင် ဤလူများသည် သူ့ကိုဖမ်းရန် လာသည်ဆိုလျှင် အထူးကိရိယာများ ပါလာမည်မှာ သေချာပေသည်။

ဤကြောင့် သူသည် ပုန်းနေလို့မရနိုင်ပေ။

အတွေးများပြီးနောက် ဖန့်ရန်သည် ပုန်းနေမည့် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ပေါ်တင်ပဲ ကူးခတ်နေလိုက်သည်။

"ချာလီ...၊ ဂြိုဟ်တုပုံရိပ်တွေကို မင်းဆီပို့ပေးလိုက်ပြီ။ မြစ်ထဲက အရိပ်ကို မင်းမြင်ရလား"

စစ်စခန်းမှ ခေါင်းဆောင်၏ အသံသည် ချာလီ၏ နားကြပ်ထဲမှ ကြားလာရသည်။

ချာလီသည် ရဟတ်ယာဉ်ကို ထိန်းချုပ်နေစဉ် သူ့ရှေ့က ရေဒါကိရိယာကို ကြည့်နေသည်။

ခေါင်းဆောင်ဖြစ်သူ၏ အသံကို ကြားလိုက်ချိန်တွင် သူက ချက်ချင်း ပြန်ဖြေသည်။

"မြင်ပါတယ်။ ဆာ..."

သူ့ရှေ့တွင် ရေဒါမျက်နှာပြင်တွင် မြစ်ကြီးတစ်စင်း၏ ပုံရိပ်နှင့် ၎င်း၏ အလယ်တွင် အရိပ်ရှည်ကြီး တစ်ခု ထင်ဟပ်နေသည်။

"အိုကေ။ ယောင်္ကျားတွေ၊ အဆင်သင့်ဖြစ်ပြီလား။ လုပ်ငန်းစကြမယ်"

ချာလီသည် ရဟတ်ယာဉ်ကို မြစ်အထက်တွင် ဝဲပျံနေစေသည်။ ယခု သူတို့သည် သူတို့၏ မျက်စိဖြင့် ရေအောက်က အရိပ်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရပြီ ဖြစ်သည်။

"ဒီသတ္တဝါကြီးက တကယ့်ကို ကြီးမားတာပဲ..."

ချာလီ ဘေးရှိ လူတစ်ယောက်က ပြောလိုက်သည်။

"ကြည့်ရတာ ဒီဧရာမမြွေကြီးက ရဟတ်ယာဉ်အသံကို လုံးဝ မကြောက်ဘူးနဲ့ တူတယ်"

ချာလီသည် နားကြပ်ကို ဖိနှိပ်ကာ အချက်ပြလိုက်သည်။

"ရော်ဂျာနဲ့ ဒန်၊ ငါတို့တွေက ဒီဧရာမမြွေကြီးကို မေ့ဆေးသေနတ်နဲ့ ပစ်ပြီး လှုပ်မရအောင် မေ့ဆေးပေးမယ်။ မင်းတို့အလုပ်က သူ့ကို အဆင်သင့်ပြုလုပ်ထားတဲ့ ပိုက်ကွန်နဲ့ ချည်နှောင်ဖို့ပဲ နားလည်လား..."

"နားလည်ပါတယ်"

"နားလည်ပါတယ်"

နားကြပ်ထဲမှ အသံများ ကြားလိုက်ရသော ချာလီသည် နှုတ်ခမ်းကို လျှာနဲ့ လျက်လိုက်ပြီး၊ ရဟတ်ယာဉ်ကို နိမ့်တင်းသွားအောင် ထိန်းချုပ်လိုက်သည်။

ထို့နောက် သူသည် ရဟတ်ယာဉ် အနောက်ဘက်က လူတစ်ယောက်ကို လှမ်းပြောလိုက်သည်။

"ဂျွန်... မင်း အဆင်သင့်ဖြစ်ပြီလား။ ငါတို့ စလုပ်ကြရအောင်"

"အိုကေ"

အနက်ရောင် ဝတ်စုံအား ဝတ်ထားသော လူငယ်လေး ဂျွန်သည် မေ့ဆေးသေနတ်ကို ကိုင်ပြီး၊ ရဟတ်ယာဉ်၏ အနောက်တံခါးပေါက်ဆီ သွားလိုက်သည်။

သူသည် ခါးတွင် လုံခြုံရေးကြိုးကို စည်းနှောင်ပြီးနောက် ခဏအတွင်း အသင့်ဖွင့်ထားသော တံခါးပေါက်ဆီသို့ ရောက်သွား၏။

သူသည် သူ့လက်ထဲက မေ့ဆေးသေနတ်ဖြင့် ရေအောက်က အရိပ်ကြီးကို ထိမှန်အောင် ပစ်ဖို့ပြင်လိုက်သည်။

"ချာလီ... အောက်ကို နည်းနည်းလေး နိမ့်ပေးပါ"

မေ့ဆေးသေနတ်ဖြင့် ပစ်ဖို့ပြင်နေသည့် ဂျွန်က ချာလီကို ပြောလိုက်သည်။

ထိုအချိန်တွင် ရဟတ်ယာဉ်က ရေမျက်နှာပြင်နှင့် (၇) မီတာ (၈) မီတာခန့်တွင် ရှိနေခြင်း ဖြစ်သည်။

ရဟတ်ယာဉ်၏ ဒလက်များက ထွက်ပေါ်လာသော လေတိုက်ခတ်မှုကြောင့် ရေမျက်နှာပြင်ပေါ်တွင် ရေလှိုင်းငယ်များ ဖြစ်ပေါ်လာသည်။

ဂျွန်သည် နေရာအသွင်အပြင်နှင့် အကွာအဝေး သင့်တော်သည်ဟု ခံစားမိလိုက်ပြီး သူ၏ မျက်ခုံးကို ကျဉ်းလိုက်ကာ မေ့ဆေးသေနတ်ဖြင့် ပစ်လိုက်သည်။

ဘနြ်း!

ကြီးမားသော ဆေးထိုးအပ်တစ်ခုသည် သေနတ်မှ ထွက်ခွာသွားပြီး၊ ရေအောက်ရှိ အရိပ်ကြီးဆီသို့ တည့်တည့်တိုးဝင်သွားသည်။

ဂျွန်သည် ဧရာမမြွေကြီး၏ အမြီးပိုင်းကို ပစ်လိုက်ခြင်းဖြစ်ကာ ဆေးထိုးအပ်၏ ထိုးဖောက်အားပြင်းသွားလျှင် မတော်တဆ သေဆုံးမှုမဖြစ်ပွားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

"ဟမ်"

ဖန့်ရန်သည် သူ့အထက်ပိုင်းက ရဟတ်ယာဉ်တွေအား အာရုံစိုက်နေစဉ် ဂျွန်၏ တိုက်ခိုက်မှုက ကျရောက်လာသည်။

သူသည် ၎င်းအား သတိပြုမိသော်လည်း ရှောင်တိမ်းရန် မကြိုးစားလိုက်ပေ။ ဖန့်ရန်သည် သူ့ကိုယ်ခန္ဓာ၏ ခုခံနိုင်စွမ်းကို ယုံကြည်နေသည်။

ကလန်း!

ဆေးထိုးအပ်သည် သူ၏ ခိုင်မာသော အကြေးခွံတစ်ခုအား ထိမှန်သွားပြီး၊ ကြွက်သားတချို့ကို အနည်းငယ်မျှ တုန်ခါသွားစေသည်။

၎င်းဆေးထိုးအပ်သည် ရေအောက်ရှိ သွားလာနေသော သတ္တဝါများကို မေ့ဆေးပေးရန် အထူးပြုလုပ်ထားသောကြောင့် ရေဖိအားကို ခံနိုင်ရည် အားကောင်းပေသည်။

သို့သော် ဖန့်ရန်၏ အကြေးခွံသည် အရေပြားခုခံမှုနှင့် သံမဏိကိုယ်ထည်တို့၏ အထောက်အပံ့ဖြင့် အလွန်မာကျောနေခဲ့ပြီ ဖြစ်သည်။

သံမဏိကိုယ်ထည်သည် အဆင့်အမြင့်ဆုံးအပိုင်းသို့ ရောက်ရှိသွားပြီးနောက် သူ၏ ခုခံနိုင်စွမ်းသည် မယုံကြည်နိုင်လောက်အောင် မြင့်မားလာခဲ့သည်။

ရေဖိအားမရှိလျှင်ပင် ၎င်းမေ့ဆေးထိုးအပ်သည် သူ့အကာအကွယ်အား မချိုးဖောက်နိုင်ပေ။

ဖန့်ရန် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

၎င်းသည် ဒုတိယမြောက် ရဟတ်ယာဉ်အဖွဲ့ဖြစ်ပြီး၊ ပထမအဖွဲ့သည် သူ့ကို လေ့လာရန် လာခဲ့ခြင်းဖြစ်ကာ ဤအဖွဲ့မှာတော့ သူ့ကို ဖမ်းဆီးလိုနေသည်။

ဖန့်ရန်၏ စိတ်ထဲတွင် စိတ်ဆိုးလာခဲ့ပြီး ဒေါသလည်း ထွက်လာခဲ့သည်။

သို့သော် သူသည် ရှေ့သို့ဆက်သွားနေဆဲဖြစ်ပြီး ထိုလူများ၏ တိုက်ခိုက်မှုကို လုံးဝဂရုမစိုက်သလိုပင် ရှိနေသည်။

"ငါ လွဲသွားခဲ့တာလား..."

အရိပ်ကြီး ဆက်လက်ရွေ့လျားနေသည်ကို မြင်သော ဂျွန်သည် နဖူးကို တွန့်လိုက်ကာ သူပစ်လိုက်သော ဆေးထိုးအပ်များ လွဲသွားလေသလားဟု တွေးမိလိုက်သည်။

"ချာလီ၊ အောက်ကို နည်းနည်းလေး ဆင်းပါ"

ပြောနေရင်းက ဂျွန်သည် သူ၏ မေ့ဆေးသေနတ်ကို အောက်သို့ ပစ်ချလိုက်ပြီး၊ သူ၏ မျက်ဆံများသည် ကျဉ်းမြောင်းသွားကာ ကြောက်လန့်တကြား မျက်နှာအမူအရာဖြင့် အော်လိုက်သည်။

"ချာလီ!"

"အပေါ်တက်! အခုချက်ချင်း အပေါ်ပြန်တက်!"

"အမြန်ဆုံး ရဟတ်ယာဉ်ကို အပေါ်ပြန်ဆွဲတင်လိုက်!..."

"အခုချက်ချင်း!"

"မြန်မြန်လေးလုပ်!"

ဖူးးး

သူ၏ ကြောက်လန့်တကြား အော်သံအောက်တွင် ရေအောက်ရှိ အရိပ်ကြီးသည် ရေမျက်နှာပြင်ပေါ်သို့ အလျင်အမြန် တက်လာခဲ့ပြီး၊ ဧရာမမြွေကြီးသည် ပါးစပ်ကြီးကို ဟကာ ရဟတ်ယာဉ်ဆီသို့ ချဉ်းကပ်လာခဲ့သည်။

.....

All Chapters