← Chapters

သန္ဓေပြောင်း ရေဘဝဲကြီး

Vol. 12 Ch. 157

သန္ဓေပြောင်း ရေဘဝဲကြီး

Vol. 12 Ch. 157

ဖြစ်စဉ်မှာ ဤသို့ ဖြစ်သည်။

ကျော်ကြားသော မျဉ်လှည့်ပညာရှင်တစ်ယောက် ဦးဆောင်သည့် လူစုတစ်စုသည် အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းဒေသ၏ နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် သူတို့သည် အံ့ဖွယ်ရေအောက်ကမ္ဘာမှ လွတ်မြောက်ခြင်းဆိုသည့် မှော်ပညာကို ဖျော်ဖြေရန် စီစဉ်နေကြခြင်း ဖြစ်သည်။

ဖျော်ဖြေသူ၏ အမည်မှာ ဝီလီယံဆိုသူ ဖြစ်သည်။ သူသည် အဓိကအားဖြင့် ရေအောက်ကမ္ဘာမှ လွတ်မြောက်ခြင်း၊ လေထဲမှလွတ်မြောက်ခြင်းစသည့် အမျိုးမျိုးသော လွတ်မြောက်မှုဆိုင်ရာ လှည့်ကွက်များဖြင့် ဖျော်ဖြေလေ့ရှိပြီး အပြည်ပြည်ဆိုင်ရာတွင် အတော်အတန် ကျော်ကြားသူတစ်ဦး ဖြစ်သည်။

ဝီလီယံနှင့် သူ၏ အဖွဲ့အပြင် သတင်းထောက်အုပ်စုတစ်စုနှင့် အထူးဖိတ်ကြားထားသော ကံကောင်းသည့် ကြည့်ရှုသူအနည်းငယ်လည်း ရှိသည်။

ပြပွဲစတင်ချိန်တွင် ဝီလီယံ၏ အဖွဲ့သည် သံချေးတက်နေသော လှောင်အိမ်တစ်ခုကို ထုတ်ယူလာခဲ့သည်။ ထို့နောက် ဝီလီယံသည် သူ၏ လက်ထောက် ဂျင်းနီအား သူ့ကို ချည်နှောင်စေပြီး လှောင်အိမ်ထဲသို့ ထည့်ရန် ပြောဆိုခဲ့သည်။

ထိုနောက် ချက်ချင်းပင် ၎င်းလှောင်အိမ်ကို ကြိုးဖြင့် ချိတ်ဆွဲကာ ရေထဲသို့ ဖြည်းဖြည်းချင်း ချစေခဲ့သည်။

ထိုကဲ့သို့ ရေအောက်မှ လွတ်မြောက်သည့် အစီအစဉ်သည် အဓိကအားဖြင့် လူသား ကိုယ်ခန္ဓာ၏ ပျော့ပျောင်းမှုအပေါ် မူတည်လေသည်။ ဖျော်ဖြေသူသည် ချည်နှောင်မှုနှင့် သံလှောင်အိမ်မှ လွတ်မြောက်ရန်အတွက် လုံလောက်သော အတွေ့အကြုံနှင့် ပျော့ပျောင်းမှု ရှိရန်လိုအပ်သည်။

ဝီလီယံသည် ယခင်က အလားတူလွတ်မြောက်မှုဆိုင်ရာ လှည့်ကွက်များကို လုပ်ဆောင်ဖူးခဲ့သော်လည်း ၎င်းသည် လေထဲတွင်သာ ဖြစ်သည်။

ထိုအချိန်က သူ၏ လက်နှင့်ခြေများကို သံကြိုးများဖြင့်ချည်နှောင်ထားပြီး အိတ်တစ်လုံးထဲသို့ထည့်၍ သံလှောင်အိမ်ထဲတွင် ပိတ်ထားခဲ့သည်။

ထိုနောက် မီတာ (၅၀၀၀) အမြင့်တွင် ပျံသန်းနေသော လေယာဉ်ပျံပေါ်မှ တွန်းချခံခဲ့ရပြီး တစ်နာရီလျှင် (၂၄၀) ကီလိုမီတာ အမြန်နှုန်းဖြင့် ဒေါင်လိုက် ကျဆင်းသွားခဲ့သည်။ ထိုစဉ်က သူသည် လက်ကို သံကြိုးဖြင့် ချည်နှောင်ထားခံရပြီး ခေါင်းပေါ်တွင် အိတ်စွပ်ခံထားရကာ သံလှောင်အိမ်ထဲတွင် ရှိနေခဲ့သည်။

ထိုအရေးကြီးသော အချိန်ကာလတွင် သံကြိုးများကို ဖြေခြင်း၊ သံလှောင်အိမ်ကို ဖွင့်ခြင်းနှင့် လေထီးဖြင့်ဆင်းခြင်း တို့ကို (၄၅) စက္ကန့်နှင့် ပြုလုပ်နိုင်ခဲ့ပြီး ဘေးကင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။ သူသည် လွတ်မြောက်မှုဆိုသော အံ့ဖွယ်အဖြစ်အပျက်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ် အခြေအနေမှာ ပို၍ပင် အန္တရာယ်များသည်။ သူသည် မီတာ (၁၀၀) နီးပါးအနက်ရှိ ရေအောက်တွင် ရှိနေပြီး မယုံကြည်နိုင်လောက်အောင် များပြားသော ဖိအားကို ခံစားရပေမသည်။

ဤတစ်ကြိမ် လွတ်မြောက်မှုသည် အလွန်ခက်ခဲမည် ဖြစ်သော်လည်း ဝီလီယံသည် ထိုစိန်ခေါ်မှုကို နှစ်သက်ပေသည်။

လှောင်အိမ်ကို ရေအောက်သို့ချပြီးနောက် လူတိုင်းသည် စောင့်ဆိုင်းနေခဲ့ကြသည်။

ဤမျဉ်လှည့် ခရီးစဉ်သင်္ဘောပေါ်ရှိ လူအားလုံးသည် စိတ်လှုပ်ရှားနေခဲ့ကြသည်။

ဤလွတ်မြောက်မှုဆိုင်ရာ လှည့်ကွက်သည် အလွန်အန္တရာယ်များသည်။ ဝီလီယံသည် နက်ရှိုင်းသော ရေအောက်တွင် ရှိနေပြီး ကြီးမားသော ဖိအားဒဏ်ကို ခံစားရင်း သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ဆောင်ရပေမည်။ ထို့အပြင် သူသည် ဤအရာအားလုံးကို အသက်ရှူ အောင့်ထားရင်း လုပ်ဆောင်ရန်လိုအပ်သည်။ သူ၏ အချိန်ကို ကန့်သတ်ထားပြီး တစ်မိနစ်လို့ သတ်မှတ်ထားသည်။

အချိန်သည် တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်လာခဲ့၏။

ဆယ်စက္ကန့် နှစ်ဆယ်စက္ကန့် သုံးဆယ်စက္ကန့် တစ်မိနစ်! တစ်မိနစ်ခွဲ နှစ်မိနစ်!

ခရီးစဉ်သင်္ဘောပေါ်တွင် ဝီလီယံ၏ လက်ထောက် ဂျင်းနီသည် စိတ်ရှုပ်ထွေးနေခဲ့သည်။

သူတို့၏ ယခင်အစီအစဉ်အရ တစ်မိနစ်အကြာတွင် ဝီလီယံသည် ခရီးစဉ်သင်္ဘော၏ အခြားတစ်ဖက်မှ တက်လာပြီး လူအုပ်ကြားတွင် ဝင်ရောကာ ရုတ်တရက် နှုတ်ဆက်ရမည် ဖြစ်သည်။

ဤတွင် သူတစ်ယောက်တည်းသာမက သတင်းထောက်များနှင့် ကြည့်ရှုသူများပင် စိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်။

ဂျင်နီသည် ဆက်လက်မသီးခံနိုင်တော့ဘဲ သံလှောင်အိမ်ကို အမြန်ဆွဲတင်လိုက်ချိန်တွင် သူမြင်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။

သံလှောင်အိမ်သည် ဖွင့်လှစ်ခံထားရပြီး အတွင်း၌ ဝီလီယံ ရှိမနေပေ။

ဝီလီယံ သူတို့ကို နှောင့်ယှက်နေခြင်းပေလော?

ဤအတွေးသည် နေရာရှိ လူအများစု၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူတို့သည် ဝီလီယံကို လူအုပ်ထဲတွင် ရှာဖွေနေကြစဉ် လူအုပ်ကို အလွန်အမင်း ထိတ်လန့်စေသည့် အရာတစ်ခု ဖြစ်ပွားလာသည်။

ဧရာမ ရေဘဝဲလက်တံတစ်ခု ရေမျက်နှာပြင်ကို ဖောက်ထွက်လာခဲ့သည်။

ခရီးစဉ်သင်္ဘောပေါ်ရှိ လူများ၏ ထိတ်လန့်တကြား အော်ဟစ်သံများနှင့် ကြောက်ရွံ့စိတ်များ ပြည့်နေသော မျက်နှာများကြားတွင် ထိုဧရာမလက်တံသည် သင်္ဘောကို အပြင်းအထန် ရိုက်ချလာသည်။

ဗုန်း!

ခရီးစဉ်သင်္ဘောကြီးသည် အလယ်မှ နှစ်ပိုင်းကွဲသွားသည်။

"အား!!!"

"မဟုတ်ဘူး! မဖြစ်နိုင်ဘူး! ငါမသေချင်သေးဘူး!!"

ခရီးစဉ်သင်္ဘောပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်သံများ ပြည့်သွားချိန်တွင် နောက်ထပ် ဧရာမလက်တံတစ်ခု၏ ရိုက်ချလာမှုအပြီးတွင် ထိုအော်ဟစ်သံများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

မှန်ပေသည်။ ဤကမ္ဘာပေါ်ရှိ လူအားလုံးအတွက်တော့ ၎င်းဖြစ်ရပ်၏ ဖြစ်စဉ်မှာ ပဟေဠိတစ်ဖွယ် ဖြစ်သည်။

ထိုအချိန်က အချို့သော လူများသည် ရဲကိုဖုန်းခေါ်ဆိုခဲ့သော်လည်း သေဆုံးခြင်းမတိုင်မီ စကားအနည်းငယ်သာ ပြောနိုင်ခဲ့သည်။

"ရေနတ်ဆိုး၊ ရေနတ်ဆိုး"

ဤသည်မှာ ဖုန်းအကြောင်းကြားမှု ပြတ်တောက်သွားခြင်းမတိုင်မီ ရဲများကြားခဲ့ရသည့် နောက်ဆုံးသော စကားဖြစ်သည်။

ရဲသင်္ဘောများ ထိုနေရာသို့ ရောက်ရှိချိန်တွင် ခရီးစဉ်သင်္ဘော၏ အကြွင်းအကျန်များကိုသာ တွေ့ရှိခဲ့သည်။

ဤဖြစ်ရပ်သည် အင်တာနက်ပေါ်၌ နောက်ထပ် ဆူပူအုံးကြွမှုတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ ဝေလကျွန်းကို ထည့်သွင်း ရေတွက်လျှင် ဤသည်မှာ ဒုတိယမြောက် ရေနတ်ဆိုး၏ တိုက်ခိုက်မှု ဖြစ်သည်။

အမှန်တကယ်တော့ ဂျော်နီ၏ ရေငုပ်သင်္ဘော တိုက်ခိုက်ခံရသည့် အချိန်ကို ထည့်ရေတွက်မည်လျှင် ၎င်းသည် တတိယမြောက် ရေနတ်ဆိုး၏ တိုက်ခိုက်မှု ဖြစ်ရပ်သာ ဖြစ်ပေမည်။

သို့သော် ရေငုပ်သင်္ဘော၏ ကာကွယ်ရေးစွမ်းအားသည် အလွန်ကောင်းမွန်ပြီး သူတို့သည် ရေနတ်ဆိုးနှစ်ကောင် တိုက်ခိုက်နေသည့်အချိန်နှင့် တိုက်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် ရေနတ်ဆိုး၏ တိုက်ခိုက်ချက်များမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

မှန်ပေသည်၊ ဤဖြစ်ရပ်သုံးခုစလုံးတွင် ဧရာမပင်လယ်မြွေကြီးကို တရားခံအဖြစ် ညွှန်ဆိုပြနိုင်သည့် တိကျသော သက်သေအထောက်အထားများ မရှိပေ။

သို့သော် ထိုကဲ့သို့ အရာမျိုးအတွက်လည်း အထောက်အထား မလိုအပ်ပေ။

၎င်းဖြစ်ရပ်များသည် ရေနတ်ဆိုး တိုက်ခိုက်မှုကြောင့် မဟုတ်ပေလော...

ဧရာမပင်လယ်မြွေကြီးသည် ရေနတ်ဆိုးတစ်ကောင် ဖြစ်သည်နှင့်အညီ လူတိုင်းသည် ၎င်းအား ကြောက်ရွံ့လာကြသည်။

ယခင်က အင်တာနက်ပေါ်တွင် ဧရာမပင်လယ်မြွေကြီးကို ဖမ်းဆီးရန် အသံများ ရှိခဲ့သော်လည်း ကျယ်လောင်ခြင်း မရှိခဲ့ပေ။

သို့သော် သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်နှစ်ခုနှင့် လူအများအပြား သေဆုံးပြီးနောက် ၎င်းအသံသည် လျင်မြန်စွာ ကျယ်လောင်လာခဲ့သည်။

အင်တာနက်ပေါ်ရှိ လူအများစုသည် ဧရာမပင်လယ်မြွေကြီး၏ အန္တရာယ်အကြောင်း အော်ဟစ်ကြွေးကြော်နေကြသည်။

ထိုကာလအတွင်း နောက်ထပ်ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့ပေသည်။ ပထမဖြစ်ရပ်သည် ငါးဖမ်းသင်္ဘော နစ်မြုပ်မှုတစ်ခု ဖြစ်ပြီး ၎င်းသည် မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း လူထုထံသို့ အတိအကျ ပြန်လည်ပြောကြားခဲ့သည်။

သို့သော် ၎င်းဖြစ်ရပ်ကို သတင်းများတွင် ဖော်ပြပြီးနောက် လူများစွာသည် ၎င်းက ရေနတ်ဆိုးတိုက်ခိုက်မှုကြောင့်ဟု ထင်မြင်ခဲ့ကြသည်။

အခြားဖြစ်ရပ်တစ်ခုမှာတော့ ရေနတ်ဆိုးတိုက်ခိုက်မှုကြောင့်မှန်း အတည်ပြုခဲ့သည်။

ခရီးသွားဧည့်သည်များ ပြည့်နှက်နေသော သင်္ဘောတစ်စင်းသည် ဘီးလွီရေလက်ကြားကို ဖြတ်သန်းနေစဉ် သင်္ဘောအောက်ခြေကို ရေနတ်ဆိုးက တိုက်ခိုက်လာခဲ့သည်။ ထိုနေရာရှိလူများသည် သေဆုံးခြင်းမတိုင်မီ ၎င်းသတင်းကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့၏။

ခရီးသွား (၁၃၀) အနက် မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိပေ။

"ဒါက လူသတ်သမား မကောင်းဆိုးဝါးတစ်ကောင်ရဲ့ လက်ချက်ဆိုတာ မလွဲဧကန်ပဲ!"

ဤအဖြစ်အပျက်အပေါ် လူအများစု၏ အတွေးဖြစ်သည်။

ခန့်မှန်းခြေ တွက်ချက်မှု တစ်ခုအရဆို ဧရာမပင်လယ်မြွေကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ကတည်းက လူ (၄၀၀) ကျော်ကို သတ်ဖြတ်ခံခဲ့ရပြီ ဖြစ်သောကြောင့် ၎င်းကို လူသတ်မကောင်းဆိုးဝါးဟု ခေါ်ဆိုရန် အပြည့်အဝ သင့်တော်နေပေသည်။

လူအများ၏ အမြင်တွင် ဧရာမပင်လယ်မြွေကြီးသည် လွတ်လပ်စွာ လှည့်လည်သွားလာခွင့် မရှိသင့်ပေ။ ထိုအစား ၎င်းကို ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်သင့်လေသည်။

အချို့သော လူများတွင် ကွဲလွဲသော အမြင်များရှိသော်လည်း ၎င်းတို့၏ အသံများမှာ အင်တာနက်ပေါ်ရှိ လူအများ၏ အသံများကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

အမေရိကန် အစိုးရသည် ဧရာမပင်လယ်မြွေကြီးကို ဖမ်းဆီးရန် အထူးသဖြင့် ခိုင်မာစွာ ရပ်တည်ခဲ့ပြီး စစ်သင်္ဘောများနှင့် သိပ္ပံသင်္ဘောများစွာကို စေလွှတ်ခဲ့သည်။

ဖန့်ရန်သည် သူက အခြားသူများ၏ အပြစ်ကို သယ်ဆောင်ထားရပြီး ဖိအားပေးခံရတော့မည်ကို မသိခဲ့ပေ။

သူသည် လူသားများကို စားသုံးခြင်း မပြုပေ။ သူတို့သည် သူ့ကို တိုက်ခိုက်လာခြင်း မရှိလျှင် သူကလည်း သူတို့ကို တိုက်ခိုက်မည် မဟုတ်ပေ။ သမုဒ္ဒရာထဲတွင် အမဲလိုက်စရာ သားကောင် အများအပြားရှိသောကြောင့် သူတို့ကို တိုက်ခိုက်ရန် အကြောင်းမရှိချေ။

သူ၏ ခွန်အားနှင့် ဉာဏ်ရည်ဖြင့်ပင် လူသားများနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးကြောင်းလည်း သိထားသောကြောင့် သူတို့ကို အဓိပ္ပါယ်မဲ့ တိုက်ခိုက်ရန် အကြောင်းမရှိပေ။

သူသည် ယခင်ရှိရာနေရာနှင့် အလွန်ဝေးသောနေရာတွင် ရှိနေခဲ့သည်။ သူ၏ တွက်ချက်မှုအရဆို ယခုသူသည် အန္တာတိကတိုက်တွင် ရှိနေပေမည်။

သူထင်ထားခဲ့သည့်အတိုင်း ဤနေရာရှိ အမဲလိုက်စရာ သားကောင်များမှာ များပြားလှသည်။ ဖျံများနှင့် ပင်ဂွင်းငှက်များသည် အုပ်စုဖွဲ့ နေထိုင်ကြပြီး အတော်လေး ချစ်စရာကောင်းသော်လည်း ၎င်းတို့အား စားသုံးခြင်းကို ၎င်းက မတားဆီးနိုင်ပေ။

နှစ်လတာ အတွင်း ၎င်းနေရာတွင် စနစ်အမှတ် (၈၀၀၀၀၀) ကျော်ကို သူစုဆောင်းနိုင်ခဲ့သည်။

သူ၏ လက်ရှိ စုစုပေါင်း စနစ်အမှတ်က (၁.၂) သန်း ဖြစ်သည်။

ထိုကတည်းက ဖန့်ရန်သည် သူ၏ ဆင့်ကဲပြောင်းလဲခြင်းအတွက် သင့်လျော်သော ကျွန်းတစ်ကျွန်းကို ရှာဖွေနေခဲ့သည်။

သူသည် ပင်လယ်ထဲတွင် ဆင့်ကဲပြောင်းလဲရန် မရွေးချယ်ရခြင်းသည် အလွန်အန္တရာယ်များသောကြောင့် ဖြစ်၏။

ဤနှစ်လအတွင်း အန္တာတိကတိုက်၏ အနက်ရှိုင်းဆုံး နေရာတွင် နောက်ထပ် သန္ဓေပြောင်း သားရဲတစ်ကောင်နှင့် သူဆုံတွေ့ခဲ့သည်။

အကယ်၍ သူဆင့်ကဲပြောင်းလဲနေစဉ်အတွင်း သန္ဓေပြောင်းသားရဲတစ်ကောင် တိုက်ခိုက်လာလျှင် သူ၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်သည် ဖျက်သိမ်းရန် ဖိအားပေးခံရမည် ဖြစ်ပြီး သူစုဆောင်းထားသော စနစ်အမှတ်များကို အလဟဿ ဖြစ်စေပေမည်။

ကံကောင်းထောက်မစွာဖြင့် ကုန်းမြေပေါ်တွင် သန္ဓေပြောင်းသားရဲများ မရှိသေးပေ။

အနည်းဆုံးတော့ ၎င်းက လက်ရှိ အချိန်တွင် ဖြစ်သည်။

တစ်လကြာ လှည့်လည်ရှာဖွေပြီးနောက် ဖန့်ရန်သည် သင့်လျော်သော ကျွန်းတစ်ကျွန်းကို တွေ့ရှိလိုက်သည်။

၎င်းကျွန်းသည် နွားခေါင်းပုံသဏ္ဍာန်ရှိသည်။

၎င်းသည် အလယ်တွင် ဝန်းဝိုက်နေကာ ဘေးနှစ်ဖက်မှ ဆူးချွန်းသဖွယ် ကုန်းမြေနှစ်ခု ထိုးထွက်နေပြီး နွားဦးချိုကဲ့သို့ ဖြစ်နေခြင်း ဖြစ်၏။

၎င်းကျွန်းအား စစ်ဆေးပြီးနောက် ဖန့်ရန်သည် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေကာ သူ၏ ဆင့်ကဲပြောင်းလဲခြင်း စတင်ခဲ့သည်။

.....

All Chapters