စစ်သင်္ဘောနှင့် တိုက်ခိုက်ခြင်း
Vol. 6 Ch. 556
"ဟူး ..."
မြေထဲပင်လယ် ဥရောပ ပိုင်နက် အတွင်း ဝင်ရောက်လာသည်နှင့် လျင်မြန်စွာ တိုးဝင်လာသော လောင်ချာများကို ချန်းဖန် တွေ့လိုက်ရသည်။
ထိုလောင်ချာများသည် အသံထက်ပင် အကြိမ် အနည်းငယ် ပိုမို မြန်ဆန်သည်။ ထိုလောင်ချာများ၏ ပေါက်ကွဲအားသည် အလွန် ပြင်းထန်ရကား ချန်းဖန် ပင်လျှင် အဇူရာ သက်ရှည် ခန္ဓာဖြင့် တိုက်ရိုက် မတားဆီးဝံ့ချေ။
"ကလန့် ..."
ချန်းဖန်သည် ခါးရှိ ကျောက်မျက်အား ညင်သာစွာ ထိလိုက်၏။
"ကလန့် ..."
ရွှေရောင် အလင်းတစ်ခုသည် ဓား အားဖြည့်ခြင်း ကျောက်မျက်မှ ရုန်းထွက်ကာ အသံ၏ အမြန်နှုန်းဖြင့် ကောင်းကင်သို့ တက်သည်။
"ဘုန်း ..."
"ဘုန်း ..."
"ဘုန်း ..."
ပေါက်ကွဲသံများ အစဉ်လိုက် ထွက်ပေါ်လာ၏။ ထို့နောက် ပန်းပွင့် သဏ္ဌာန် မီးလုံးများ ကောင်းကင်၌ အစီအရီ ဖြစ်ပေါ်လာတော့သည်။
သိပ်မကြာခင်မှာပင် ယူရိုဖိုက်တာ လေယာဉ်များသည် ပတ်လည် လှည့်ကာ ချန်းဖန်ဆီသို့ ဒုံးကျည်များဖြင့် ပစ်ခတ်လိုက်ပြန်၏။
ထို တိုက်လေယာဉ်များသည် စတုတ္ထ မျိုးဆက် ဖြစ်ပြီး F-15 လေယာဉ်များထက် ပိုမို အဆင့် မြင့်၏။ လေတပ်ဖွဲ့သည် ချန်းဖန် F-15 လေယာဉ်များကို ဖျက်ချဖူးသည့် အကြောင်း ကြားဖူးဟန် ရသည်။ ထို့ကြောင့် ယူရိုဖိုက်တာ များသည် ချန်းဖန်နှင့် ကီလိုမီတာ ဒါဇင်ခန့် အကွာအဝေးတွင်သာ တစ်ချိန်လုံး ပျံသန်းနေ၏။
"ငါ့အကန့်အသတ်က တစ်ဆယ် ကီလိုမီတာလို့ ထင်နေတာလား ..."
ချန်းဖန်က အနည်းငယ် ပြုံး၍ ဓားပျံအား ဆက်လက် ထိန်းချုပ်လိုက်သည်။
"ဟူး ..."
အမတေ ဖြည့်တင်းခြင်း ဓားက ရွှေရောင် အလင်းတန်း တစ်ခုကို ချန်ရစ်၍ ကောင်းကင်၌ ပျံသန်း၏။
ထိုအရာက လျင်မြန်စွာပင် ယူရိုဖိုင်တာ လေယာဉ် တစ်စင်းပေါ်သို့ ကျရာ နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။
"သောက်ပြဿနာပဲ ... သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ငါတို့ မျှော်လင့်ထားတာထက် ပိုနေပြီ ..."
အခြား ပိုင်းလော့များ၏ စိုးရိမ်စိတ်က အထိတ်အထိပ် အထိ မြင့်တက်သွားသည်။ သူတို့က လေယာဉ်များအား ထိန်းချုပ်ကာ ချန်းဖန်နှင့် ဝေးနိုင်သမျှ ဝေးအောင် နောက်သို့ ဆုတ်လိုက်ကြ၏။
သို့သော်လည်း အမတေ ဖြည့်တင်းခြင်း ဓားကား အလွန်ပင် လျင်မြန်လွန်း၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ဓားသည် စက္ကန့်ပိုင်း အတွင်းမှာပင် ယူရိုဖိုက်တာ သုံးစင်းကို ဖျက်ချပစ်လိုက်၏။ သို့သော် အခြား လေယာဉ် နှစ်စင်းမှာမူ လွတ်မြောက်အောင် ဆုတ်ခွာနိုင်ခဲ့သည်။
ချန်းဖန်သည် စွမ်းအားကို အဆုံးထိ ထုတ်မသုံးလိုသောကြောင့် ဓားကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
***
ထိုအချိန် ဥရောပ ယူနီယံ၏ အမိန့်ပေး ခန်းမ အတွင်းရှိ လူများ အားလုံးကား ဆွံ့အ နေကြပြီ ဖြစ်သည်။ ချန်းဖန်၏ ခွန်အားနှင့် လုပ်နိုင်စွမ်းကို တွေ့ပြီးနောက် ဥရောပ ဗိုလ်ချုပ်များကား ရင်ခုန်လာခဲ့ကြသည်။
"သူ လေယာဉ်တွေကို ဖျက်ချခဲ့တဲ့ လက်နက်က ဓားပျံလို့ ခေါ်တယ် ... သူက အဲဒီ ဓားပျံကို လွန်ခဲ့တဲ့ သုံးနှစ်က ဂျပန်မှာ ပထမဦးဆုံး ထုတ်သုံးခဲ့တာ ... ဒါပေမဲ့ အခု ဓားပျံက အဲဒီတုန်းကထက် ပိုပြီး အစွမ်းထက် နေပုံပဲ ..."
ဗိုလ်ချုပ်နော့ဒ်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
စပိန် ကာကွယ်ရေး ဝန်ကြီးက အရေးပေါ် လေသံဖြင့် အမိန့်ပေးလိုက်၏။
"ရေတပ်ဖွဲ့ကို သူ့ကို တားဖို့ ပြောလိုက်စမ်း ... သူ နီးလာတဲ့အထိ မစောင့်နဲ့ ... ငါတို့ လေတပ် စစ်ကူ လိုတယ် ... သူ့ကို ပင်လယ်မှာပဲ ရအောင် တားထား ... လိုအပ်မယ် ထင်ရင် အကြီးမားဆုံး လက်နက်ကို အသုံးပြုခွင့် ပြုတယ် ..."
အင်္ဂလန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ အမေရိကန် စသည့် နိုင်ငံများသည် အာကာသထဲမှ ဂြိုဟ်တုများအား မြေထဲပင်လယ် ရှိရာသို့ ထိုးချိန်ထားကြ၏။ ထိုအရာက စစ်တပ်ကို စိန်ခေါ်ရဲသည့် ပထမဆုံး တန်ခိုးရှင် ဖြစ်သည်။
"ဘုန်း ..."
အမိန့်ရသည်နှင့် အင်္ဂလိပ်နှင့် ပြင်သစ် စစ်သင်္ဘောများ ဖြစ်ကြသော HMS ဂျုပီတာ၊ ဘရစ်တစ် ဖျက်ဆီးသူ တို့က စတင် ပစ်ခတ် လိုက်ကြသည်။
HMS ဂျူပီတာသည် ပစ်ခတ်မှု ထိန်းချုပ်ခြင်း စနစ် ပါရှိသည့် သင်္ဘောကြီး တစ်စင်း ဖြစ်ကာ ကီလိုမီတာ ငါးဆယ် အတွင်းရှိ မည်သည့် ပစ်မှတ်ကို မဆို တိုက်ခိုက်နိုင်စွမ်း ရှိသည်။
"ဟူး ... ဟူး ..."
HMS ဂျူပီတာထံမှ ဒုံးကျည်များသည် တိမ်များကို ဖြတ်သန်း၍ ချန်းဖန်ထံသို့ စုပြုံကာ တိုးဝင်ကြ၏။
"ဘုန်း ... ဘုန်း ..."
ထိုစဉ်မှာပင် အခြားသော စစ်သင်္ဘောများသည်လည်း စတင် ပစ်ခတ်၏။
တစ်ခဏ အတွင်းမှာပင် သေခြင်း တရားသည် မိုး သကဲ့သို့ ကောင်းကင်မှ ချန်းဖန် အပေါ် ရွာကျလာတော့သည်။
"ဟူး ... ဟူး ..."
လေတိုးသံ တစ်ခု ကောင်းကင်၌ ထွက်ပေါ်လာ၏။
ချန်းဖန်က အသံ လာရာသို့ ကြည့်လိုက်ရာ တစ်ဆယ် မီတာ ရှည်လျားသော လောင်ချာ တစ်ခုကို မြင်တွေ့ လိုက်ရသည်။ ထို လောင်ချာ၏ ဖြစ်တည်မှုက ချန်းဖန်ကိုပင် အန္တရာယ် အငွေ့အသက် ခံစားရစေသည်။
"ပယ်နယ် ထရိတ်တာ လက်နက်ကြီး ..."
ချန်းဖန်၏ မျက်နှာက ရုတ်တရက် လေးနက် သွား၏။
ပယ်နယ် ထရိတ်တာ လက်နက်ကြီးသည် တိကျ သေချာသော ပစ်မှတ်ကို တိုက်ခိုက်ရန် ဒီဇိုင်းဆွဲထားသည့် အမြောက် လက်နက်မျိုး ဖြစ်သည်။ ထိုအရာက မီတာ ငါးဆယ် ထူသော နံရံကိုပင် ဖျက်ဆီး ပစ်နိုင်စွမ်း ရှိ၏။
"ပျက်စီးစမ်း ..."
ချန်းဖန်က ဓားချီ အလင်း တစ်ခုကို လောင်ချာ ထံသို့ ပစ်လွှတ်ကာ ကောင်းကင်တွင်ပင် ပေါက်ကွဲစေလိုက်၏။
သို့သော်လည်း ထိုအရာက အစသာ ဖြစ်သည်။
"ဟူး ... ဟူး ..."
ဆူညံသံများနှင့် အတူ မရေမတွက်နိုင်သော ဒုံးကျည်များသည် အရပ်မျက်နှာ အသီးသီးမှ ချန်းဖန်ထံသို့ တိုးဝင်လာ၏။
တစ်ခဏမျှ အချိန် အတွင်းမှာပင် ချန်းဖန်ကား များစွာသော ဒုံးကျည်များ၏ ဝန်းရံမှု အောက်သို့ ကျရောက် သွားတော့၏။
"ချန်းပေ့ရွှမ်းတော့ ဒုက္ခပဲ ..."
အိုလက်က မြေထဲပင်လယ် ဘက်သို့ မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ဆိုလိုက်သည်။
သူကား တန်ခိုးရှင် အဆင့် ဖြစ်ရာ တိုက်ပွဲ တစ်ခုလုံးကို ပြတ်သားစွာ တွေ့မြင်နိုင်စွမ်း ရှိသူ ဖြစ်လေသည်။
"ဗိုလ်ချုပ် ... ကျွန်မတို့ သူ့ကို ကူညီသင့်လား ..."
နာတာရှာက စိတ်ပူစွာ မေးလိုက်သည်။
သူမသည် တိုက်ပွဲကို မြင်တွေ့နိုင်စွမ်း မရှိသော်လည်း ကြားရသော ကမ္ဘာ ပျက်မတတ် ပေါက်ကွဲသံများ အရ တိုက်ပွဲ အလွန် ပြင်းထန်နေကြောင်း ခန့်မှန်း နိုင်သည်။
ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုများ အကြား၌ ချန်းဖန် အသက်ရှင် လွတ်မြောက် နိုင်ပါမည်လော။
အသံထက် မြန်သော ဒုံးကျည်များသည် သာမန် ဒုံးကျည်များထက် ဆယ်ဆခန့် ပိုမို အစွမ်းထက်သည်။ ထိုဒုံးကျည် ပေါက်ကွဲမှုများက မည်သည့် တန်ခိုးရှင် အဆင့်ကိုမဆို သတ်ဖြတ်ပစ်နိုင်သည်။
"ဘုန်း ..."
ချန်းဖန်သည် အကာအကွယ် အစီအရင်ကို ဖန်တီးကာ ဓားပျံကို ထိန်းချုပ်၍ နီးကပ် လာသမျှ ဒုံးကျည်များကို ဖျက်ဆီးပစ်သည်။ ဓားပျံကို ဖြတ်သန်း၍ ရောက်လာသမျှ ဒုံးကျည်များသည်လည်း ချန်းဖန်၏ အကာအကွယ် အစီအရင်ကို ထိမှန်ကာ ပျက်စီးရသည်။
"ဘုန်း ..."
မြေထဲပင်လယ် တစ်ခုလုံးသည် ပေါက်ကွဲမှုများဖြင့် ဆူညံ နေတော့၏။
သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်သည်။ မရေမတွက်နိုင်သော ဒုံးကျည်ဆန်များသည် ချန်းဖန်ထံသို့ တစ်သုတ်ပြီး တစ်သုတ် ရောက်လာကာ ပစ်ခတ်ကြသည်။
ထိုအရာများက ပေါက်ကွဲမှု စုစုပေါင်းက ရေခဲ ဝံပုလွေ တောင်ကြားကို တိုက်ခိုင်ခဲ့သည့် ရုရှား နျူကလိယဗုံးထက်ပင် ပိုမို ပြင်းထန် နေသေး၏။
လေယာဉ်တင် သင်္ဘော တစ်စင်းပင်လျှင် ထိုမျှသော ဒုံးကျည်များ၏ တိုက်ခိုက်မှုကို ခံရပါက အပိုင်းပိုင်း အစစ ပေါက်ကွဲသံမြည်မှာ သေချာသည်။
"ငါတို့ လုပ်နိုင်ပြီဟေ့ ..."
အမိန့်ပေး ခန်းမ အတွင်းရှိ ဗိုလ်ချုပ်များက အောင်ပွဲခံ လိုက်ကြသည်။
စပိန် ကာကွယ်ရေး ဝန်ကြီးက ရေခဲ သေတ္တာကို ဖွင့်ကာ ရှန်ပိန် တစ်လုံးကို ထုန်ယူကာ ဖွင့်လိုက်သည်။
ဂျော်ဂျီယိုဝုဒ်မှာမူ ယခု အချိန်ထိ မျက်မှောင်ကြုတ် နေဆဲ ဖြစ်၏။ တန်ခိုးရှင် သတ်ဖြတ်ခြင်း စစ်ဆင်ရေးသည် ယခုမျှလောက် မလွယ်ကူ နိုင်ချေ။
ဂျော်ဂျီယိုဝုဒ်က ခေါင်းကို ခါရင်း ရေရွတ်လိုက်၏။
"ချန်းပေ့ရွှမ်းကို ငါတို့ အလွန်အကျွံ ခန့်မှန်းမိတာလား ..."
***
ပင်တဂွန် စစ်ဌာနချုပ် အတွင်း ...
စစ်ဝတ်စုံဝတ် အကြီးအကဲ တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ချန်းပေ့ရွှမ်း သေပြီလား ..."
အမေရိကန်သည် ချန်းဖန်၏ အန္တရာယ်ကို အမြဲတမ်း သတိထားခဲ့ကာ မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည်။ ထို ရန်သူ ဥရောပ၏ လက်အောက်၌ သေဆုံးသွားခြင်းက ယုံကြည် နိုင်စရာ မရှိချေ။
***
"ချန်းပေ့ရွှမ်းမှာ ဝှက်ဖဲတွေ အများကြီး ရှိသေးတယ် ... သူ့ကို အခုလို လွယ်လွယ်ကူကူ မသတ်နိုင်ဘူး ..."
ခွန်းလွန် အခြေစိုက် စခန်း အတွင်းရှိ ဒါရိုက်တာ ရှောင်က ခေါင်းကို ခါလိုက်သည်။ သူသည် မြေထဲပင်လယ် တိုက်ပွဲကို ဂြိုလ်တုမှ တစ်ဆင့် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
***
လူတိုင်းသည် စစ်ပွဲ အလှည့်အပြောင်း တစ်ခု တွေ့ရမည်ကို သေချာသည့် အလား စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။
ဥရောပသည် ခေတ်မီ အထူး လက်နက်များကို သုံးကာ တန်ခိုးရှင် အဆင့်များကို သတ်ဖြတ်ခဲ့ဖူးသည့် သမိုင်းကြောင်း ရှိသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းသည် ထိုမျှ လွယ်လွယ်ကူကူ သေနိုင်သည့် ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ချေ။
"ဘုန်း ..."
အားလုံး စောင့်ကြည့် နေစဉ်မှာပင် ရွှေရောင် ဝတ်စုံဝတ် လူငယ် တစ်ဦး၏ ပုံရိပ်သည် စခရင်ပေါ်၌ ပြန်လည် ထွက်ပေါ်လာ၏။
"ချန်းပေ့ရွှမ်း ..."
"သူ အခုထိ မသေသေးဘူးလား ..."
"ဘယ်လို ဖြစ်နိုင်မှာလဲ ..."
အမိန့်ပေး ခန်းမ အတွင်းရှိ ဥရောပ ဗိုလ်ချုပ်များကား ဆွံ့အ သွားကြတော့သည်။
"ခွမ်း ..."
စပိန် ကာကွယ်ရေး ဝန်ကြီး၏ လက်ထဲရှိ ရှန်ပိန် ပုလင်းသည် လွတ်ကျကာ ကွဲသွား၏။ သူ၏ မျက်နှာကား လုံးဝ ပုပ်သိုး နေချေပြီ ဖြစ်သည်။
အားလုံး၏ အံ့ဩနေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် အသံ၏ အမြန်နှုန်းကို ချိုးဖောက်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်မျဉ်း တစ်ကြောင်းကို ချန်ရစ်ကာ အနောက် အရပ်သို့ တစ်ဟုန်တည်း ပျံသန်း လာတော့၏။
"သောက်ဒုက္ခပဲ ... သူ လာနေပြီ ... HMS ဂျူပီတာကို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက် ..."
ဗိုလ်ချုပ်နော့ဒ်က အော်ဟစ် အမိန့်ပေးလိုက်သည်။
သို့သော်လည်း နောက်ကျ သွားချေပြီ။
ချန်းဖန်သည် ကီလိုမီတာ ဒါဇင်ခန့် အကွာအဝေးကို မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြတ်ကျော်ကာ တန် ငါးထောင် အလေးချိန် ရှိသော သင်္ဘောကြီး ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ရန်သူ ရောက်လာပြီ ..."
စစ်သားများက အော်ဟစ် သတိပေးရင်း သေနတ်များကို ဆွဲကိုင်ကာ ချန်းဖန်အား ပစ်ခတ် လိုက်ကြတော့သည်။
"သတ် ..."
ချန်းဖန်ထံမှ ဓားအလင်း တစ်ခု ထွက်ပေါ်လာကာ သင်္ဘောကြီးအား နှစ်ပိုင်း ဖြတ်လိုက်တော့၏။
သံမဏိများဖြင့် ဆောက်လုပ်ထားသော သင်္ဘောကြီးကား ဓားအလင်း၏ အောက်၌ ထောပတ် အလား ပိုင်းဖြတ် ခံရသည်။
"ဘုန်း ..."
HMS ဂျူပီတာသည် အလယ်မှ ပိုင်းပြတ်ကာ သမုဒ္ဒရာ အောက်ခြေသို့ ရောက်အောက် နစ်မြုပ် သွားတော့၏။
"ဟူး ..."
ချန်းဖန်၏ ခန္ဓာကိုယ်သည် မူလ နေရာမှ ပျောက်ကွယ်ကာ ကီလိုမီတာ အနည်းငယ် အကွာရှိ သင်္ဘောတစ်စင်း ဘေးတွင် ပြန်လည် ပေါ်လာခဲ့သည်။
သူကား မြေထဲပင်လယ်ရှိ အရာ အားလုံးကို ဖျက်ဆီး မပစ်ရမချင်း ရပ်တန့်မည့် သဘော မရှိချေ။
***