အန္တရာယ်နီးကပ်လာခြင်း
Vol. 12 Ch. 160
ရုံးခန်းတစ်ခု၏ ပြတင်းပေါက် အရှေ့တွင် သတ်လတ်ပိုင်းအရွယ် စစ်ဗိုလ်ကြီး မက်ဂွန်နာ အပြင်ဘက်ရှိ လှိုင်းလေငြမ်သက်နေသော ပင်လယ်ပြင်ကို စိုးရိမ်ပူပန်းနေသည့် မျက်နှာဖြင့် ငေးကြည့်နေသည်။
ဧရာမမြွေကြီး ရဟတ်ယာဉ်တစ်စီးကို ဖျက်ဆီးပြီး သူ့လက်အောက်ငယ်သား သုံးဦးကို သတ်ဖြတ်ခဲ့စဥ် ကတည်းက သူသည် ၎င်းကို အမြဲတမ်းရှာဖွေနေခဲ့၏။ သို့သော် သူတို့၏ ရှာဖွေရေးလုပ်ငန်းမှာ အောင်မြင်မှုမရှိသလောက် ဖြစ်နေသည်။
ယခုတော့ သူသည် ဤစစ်ဆင်ရေးကို ရပ်တန့်ရန် စဉ်းစားနေရလေသည်။ ပင်လယ်ပြင်တွင် ဧရာမ ပင်လယ်မြွေကြီးကို ရှာဖွေရန်မှာ အချိန်နှင့် ငွေကြေး အလွန်ကုန်ကျသောကြောင့် အထက်လူကြီးများက မကျေမနပ် စတင်ပြောဆိုလာကြသည်။
နောက်ထပ်ရက်အနည်းငယ်အတွင်း ရလဒ်အသစ်တစ်ခုသာ မရရှိခဲ့လျှင် စစ်ဆင်ရေးကို ရပ်တန့်ရတော့မည် ဖြစ်သည်။
သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့သည်။
ထိုဧရာမ ပင်လယ်မြွေကြီး၏ အလွန်ခိုင်မာသော ကာကွယ်နိုင်စွမ်းသည် သူနှင့် သူ၏ နိုင်ငံအတွက် အလွန်ဆွဲဆောင်မှု ရှိနေသည်။ အကယ်၍ သူတို့သာ ဧရာမ ပင်လယ်မြွေကြီး၏ အကြေးခွံတွေကို အခြေခံပြီး ကာကွယ်ရေးပစ္စည်းတစ်မျိုးကို သုတေသနပြုလုပ်နိုင်မည်ဆိုလျှင် သူတို့ နိုင်ငံ၏ စစ်အင်အားသည် အဆင့်တစ်ခု တိုးမြှင့်လာမည် ဖြစ်၏။
ထိုဧရာမ ပင်လယ်မြွေကြီး၏ ကာကွယ်ရေးစွမ်းအားသည် အလွန်အမင်းကောင်းမွန်လှသည်။ ရဟတ်ယာဉ်နှစ်စီး၏ သေနတ်များကို တစ်ပြိုင်နက်တည်း ခံနိုင်ရည်ရှိပြီး ဒဏ်ရာတစ်ခုမျှပင် မရခဲ့ပေ။ ထို့အပြင် ဤသေနတ်များတွင် သံချပ်ကာ ဖောက်ကျည်များကို တပ်ဆင်ထားပြီး တင့်ကားတစ်စီးကို အလွယ်တကူပင် အပေါက်စေ့အောင် ပစ်နိုင်ခြင်း ဖြစ်သည်။
ဒေါက်! ဒေါက်! ဒေါက်!
သူစဉ်းစားနေစဉ် တံခါးခေါက်သံက သူ့ကို သတိဝင်လာစေသည်။
"ဝင်လာခဲ့"
မက်ဂွန်နာသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
စစ်သားတစ်ယောက်သည် ရုံးခန်းတံခါးကို ဖွင့်ပြီး အတွင်းသို့ဝင်လာကာ တံခါးကို ပြန်ပိတ်လိုက်သည်။ သူသည် မက်ဂွန်နာအား စစ်အလေးပြုလိုက်ပြီး ဦးညွှတ်ကာ ပြုံးရယ်လျက် ပြောလိုက်သည်။
"ဗိုလ်ကြီး၊ ကျွန်တော်တို့ အဲ့ဒီမြွေကြီးအကြောင်း နောက်ဆုံးမှာ သတင်းရလာပါပြီ"
"မင်း ဘာပြောလိုက်တာလဲ"
မက်ဂွန်နာ အံ့အားသင့်သွားသည်။ သူထင်ထားသည်မှာ အထက်လူကြီးများက စိတ်မရှည်နိုင်တော့ဘဲ စစ်သားတစ်ယောက်ကို စေလွှတ်ကာ သူ့အား တွန်းအားပေးခြင်း ဖြစ်မည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဧရာမ မြွေကြီးနှင့်ပတ်သက်သော သတင်း ဖြစ်နေသည်။
"အသေးစိတ်ရှင်းပြပေး"
စစ်သားသည် မက်ဂွန်နာ ရှေ့သို့ ချဉ်းကပ်လာကာ သူအသင့် ယူဆောင်လာသော လက်ပ်တော့ကို စားပွဲပေါ်တင်ပြီး ဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။
"ဗိုလ်ကြီး၊ ဒါကို ကြည့်ပါအုံး"
မက်ဂွန်နာ ဗီဒီယိုကို အာရုံစိုက်ကြည့်ပြီးနောက် အံ့အားသင့်သွားသည်။
"ဗိုလ်ကြီး၊ ကျွန်တော်တို့ ဂြိုဟ်တုရဲ့ ခြေရာခံအချက်အလက်တွေအရ ဧရာမ ပင်လယ်မြွေကြီးက အစိမ်းရောင် ပင်လယ်ပြင်ဆီကို ဦးတည်ရွေ့လျားနေပါတယ်"
စစ်သားက ကွန်ပျူတာတွင် နောက်ထပ်အချက်အလက်များကို ရိုက်ထည့်လိုက်ပြီး ပုံတစ်ပုံကို ပြလိုက်သည်။
အနီရောင် အစက်တစ်စက်သည် တစ်နေရာမှ အခြားတစ်နေရာသို့ ရွေ့လျားနေသည့် မြေပုံတစ်ခု ဖြစ်သည်။
"စစ်သင်္ဘောတွေကို အခုချက်ချင်း စေလွှတ်လိုက်ပါ"
မက်ဂွန်နာက အသက်ပြင်းစွာ ရှူလိုက်ပြီး ပြောလိုက်သည်။
"ဒီတကြိမ်မှာတော့ ဒီဧရာမ မြွေကြီးကို ဖမ်းရမယ်"
"အမိန့်အတိုင်းပါ။ ဗိုလ်ကြီး!"
စစ်သားသည် သူ၏ ခေါင်းဆောင်အား နောက်တစ်ကြိမ် စစ်အလေးပြုပြီး ဦးညွှတ်ကာ ရုံးခန်းမှ ထွက်သွားသည်။
...
ဝေလငါးကို မျိုချပြီးနောက် ဖန့်ရန်သည် သူ၏ မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း အစိမ်းရောင် ပင်လယ်ဆီသို့ ဦးတည်ရွေ့လျားလာခဲ့သည်။ သူသည် ယခင်က သူမြင်ခဲ့သည့် ဂြိုလ်သားဆိုင်ရာ အပျက်အစီးများဆီသို့ ဦးတည်နေခဲ့သည်။
ယခင် သူသည် စဖင့်ရုပ်တု၏ 3D အမြင် ဖော်ပြချက်များကို ကြည့်ရှုခဲ့သော်လည်း ခေါင်းကိုက်လာခြင်းကြောင့် အပြည့်အဝ ကြည့်ရှုနိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန်က သူ၏ စိတ်စွမ်းအားသည် (ဝိညာဉ်စွမ်းအား) မလုံလောက်သေးမှန်း သူခန့်မှန်းမိခဲ့သည်။ ယခု သူသည် ထိုအရာကို အပြည့်အစုံ ကြည့်ဖို့အတွက် နောက်တစ်ကြိမ် ကြိုးစားလိုပေသည်။
ဤတကြိမ် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်သည် သူ့အား အချိန်သုံးလ ကြာမြင့်စေခဲ့သည်။
အစပိုင်းတွင် အရာအားလုံးသည် အဆင်ပြေချောမွေ့နေခဲ့၏။ သို့သော် သူမျှော်လင့်ထားခြင်းမရှိသည့် လူသားတို့သည့် သူ၏ ဆင့်ကဲဖြစ်စဉ်အတွင်း ကျွန်းပေါ်သို့ လူများရောက်ရှိလာခြင်း ဖြစ်သည်။
အရေးကြီးဆုံးမှာ ထိုလူတွေက သူ့ကို တွေ့သွားခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် ပြီးဆုံးခါနီး ဖြစ်နေခြင်းပင်။ ထိုတခဏအတွင်း ဆင့်ကဲဖြစ်စဉ် ပြီးဆုံးသွားပြီ သူသည်လည်း ထိုလူများကို ခြောက်လှန့်ကာ ထွက်ခွာလာခဲ့သည်။
ထို့အပြင် သူ၏ ဂုဏ်သတင်းရမှတ်သည် (၁) ဘီလီယံကျော်သွားပြီး ဒုတိယ မျိုးရိုးဗီဇပြောင်းလဲခြင်းကို ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ယခုအချိန်မှာ ၎င်းကို အသုံးမပြုနိုင်သေးပေ။ လက်ရှိ မျိုးရိုးဗီဇ၏ အကန့်အသတ်အထိ ရောက်သွားမှသာ ၎င်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဆင့်ကဲဖြစ်စဉ် ပြီးဆုံးပြီနောက် ဖန့်ရန်သည် ကျွမ်းကျင်မှုရမှတ် (၁၉) မှတ်ကို ရရှိခဲ့ပြီး ဂုဏ်သတင်းရမှတ် (၁) ဘီလီယံသို့ ရောက်ရှိသွားချိန်မှာလည်း ကျွမ်းကျင်မှုရမှတ် (၁၁) မှတ်ထပ်မံရရှိခဲ့ပေသည်။ ထိုကြောင့် ကျန်ရှိနေသော ကျွမ်းကျင်မှုရမှတ် (၃) မှတ်နှင့် စုစုပေါင်း ကျွမ်းကျင်မှုရမှတ် (၃၃) မှတ် ဖြစ်သွားခဲ့သည်။
သူသည် ကျွမ်းကျင်မှုရမှတ် (၁၅) မှတ်ကို အစာခြေမြန်ခြင်း စွမ်းရည်အား အမြင့်ဆုံး အဆင့်သို့ ရောက်ရှိရန် အသုံးပြုခဲ့ပြီး ကျန်ကျွမ်းကျင်မှုရမှတ်ဖြင့် အရိပ်လေ စွမ်းရည်ကို အဆင့် မြှင့်တင်ခဲ့သည်။ *(တချို့ စွမ်းရည်တွေက ဒီနေရာမှာ ရောထွေးသွားပါတယ်)*
အရိပ်လေ စွမ်းရည်ကို အဆင့်မြှင့်ပြီးနောက် ထိုစွမ်းရည်ကို စမ်းသပ်ကြည့်ရာတွင် သူအံ့အားသင့်သွားခဲ့ရသည်။
တစ်ကြိမ်တည်းသော အဆင့်မြှင့်တင်မှုဖြင့် အရိပ်လေ စွမ်းရည်သည် သူ၏ အမြန်နှုန်းကို အလွန်ကြောက်စရာကောင်းလောက်အောင် မြင့်တင်ပေးနိုင်ခဲ့သည်။
သူ၏ ခန့်မှန်းအရ အရိပ်လေ စွမ်းရည်ကို အသုံးပြုလိုက်လျှင် သူ၏ မြန်နှုန်းမှာ (၁) နာရီ (၄၀၀) ကီလိုမီတာထက် အနည်းငယ် ပိုမြန်လာမည် ဖြစ်သည်။
ထိုအမြန်နှုန်သည် ယခင်ထက် နှစ်ဆကျော် ပိုမြန်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤစွမ်းရည်တွင် သိသာထင်ရှားသော အားနည်းချက်တစ်ခုရှိ၏။ ၎င်းက စွမ်းအင် အလွန်အကျွံသုံးစွဲမှု ဖြစ်သည်။
ဤစွမ်းရည်ကို မိနစ် (၂၀) မျှ အသုံးပြုပြီးနောက် သူ၏ ခွန်အား အားလုံးကုန်ခမ်းသွားသကဲ့သို့ ခံစားရပေမည်။ ထိုအချိန်မှာ လှုပ်ရှားရန်ပင် အားရှိလိမ့်မည် မဟုတ်ပေ။ အချိန်ကြာမြင့်စွာ အနားယူပြီးမှသာ ပြန်လည်လှုပ်ရှားနိုင်လိမ့်မည်။
"ဒီစွမ်းရည်ကို တကယ်အသုံးချရဖို့ ရှိပါ့မလားပဲ..."
ဤစွမ်းရည်သည် သူ့အတွက် လတ်တလော အသုံးဝင်မည့်အရာမဟုတ်ပေ။ သူ၏ ပုံမှန်မြန်နှုန်းပင် ပင်လယ်ထဲရှိ အခြားသတ္တဝါအားလုံးထက် မြန်နေခဲ့ပြီ ဖြစ်သည်။ သို့သော် နောင်တချိန်တွင် ဤစွမ်းရည်သည် အသုံးဝင်လာနိုင်၏။
ထို့အပြင် ဤအကြိမ် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်သည် သူ၏ ခန္ဓာကိုယ်အရှည်ကို (၄၂) မီတာအထိ ဖြစ်စေပြီး အချင်းအား (၁.၅) မီတာအထိ ကြီးထွားစေကာ အလွန်ကြီးမားသော အသွင်သဏ္ဍာန်ဆောင်လာစေသည်။
ယခုအချိန်ကို ပြန်တွေးကြည့်သော် သူသည် အမြဲတမ်း ကြံ့ခိုင်သန်မာသော မြွေတစ်ကောင် ဖြစ်လိုခဲ့ခြင်းပင်။
သူသည် သူ၏ ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ဤအကြောင်းကို တွေးမိသော ဖန့်ရန်သည် မထိန်းချုပ်နိုင်ဘဲ ပြုံးလိုက်မိ၏။
ရုတ်တရက် ဖန့်ရန်သည် ရေထဲတွင် ထူးဆန်းသော လျှပ်စစ်သံလိုက်လှိုင်းတစ်ခုကို သတိထားမိလိုက်သည်။ တိရစ္ဆာန်များသည် လျှပ်စစ်သံလိုက်လှိုင်းများကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိပြီး ဖန့်ရန်လည်း ထိုနည်းတူပင် ဖြစ်သည်။
ဖန့်ရန်သည် ချက်ချင်းပင် ရေမျက်နှာပြင်ပေါ်သို့ ကူးတက်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ထိုအခါ သူသည် မဝေးလှသော နေရာက သင်္ဘောတစ်စီးကို သတိထားမိလိုက်သည်။
"ဒါက… စစ်သင်္ဘောပဲ"
စစ်သင်္ဘောကို မြင်လိုက်ရသော ဖန့်ရန်သည် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်၏။
ယခင် ရဟတ်ယာဉ်နှင့် ကြုံတွေ့စဉ်က ဖြစ်ပွားခဲ့သော အတွေ့အကြုံကြောင့် သူသည် စစ်သင်္ဘောအပါအဝင် မည်သည့် စစ်လက်နက်ကိုမဆို အလွန်သတိထားလာခဲ့သည်။
သူသည် ဝေးရာသို့ ပြေးရန် ကြိုးစားနေစဉ် သူ၏ကြွက်သားများသည် တင်းမာလာပြီး အရိပ်လေ စွမ်းရည်ကို ချက်ချင်းအသုံးပြုလိုက်သည်။
.....