← Chapters

ဧရာမ မြွေကြီး၏ တိုက်ခိုက်မှု

Vol. 12 Ch. 161

ဧရာမ မြွေကြီး၏ တိုက်ခိုက်မှု

Vol. 12 Ch. 161

ပလွတ်

ဖန့်ရန်၏ အရှိန်သည် အလွန်မြန်ဆန်ပြီး စက္ကန့်ပိုင်းအတွင်း ပင်လယ်ရေအောက် မီတာ (၁၀၀) ကျော်ကို ရောက်သွားခဲ့သည်။ သူသည် ထိုအနက်သို့ ရောက်သောအခါ သူသည် ဆက်မငုတ်တော့ဘဲ ရှေ့တည့်တည့် ကူးသွားခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် ဖန့်ရန်သည် ရေပြင်ကို ဖောက်ထွက်လာသော အသံတစ်ခုကို ကြားလိုက်ရ၏။ ထိုအသံသည် စစ်သင်္ဘောမှ ပစ်လွှတ်လိုက်သော လက်နက်တစ်ခုဖြစ်ပြီး ရေပြင်ကို ထိုးဖောက်ဝင်ရောက်လာသည့် အသံဖြစ်ကြောင်း သူသိသည်။

ထိုကျယ်လောင်သော အသံတွင် ခံစားရသည့် အန္တရာယ်အရိပ်အယောင်များအရ ၎င်းသည် တော်ပီဒိုဖြင့် တိုက်ခိုက်လိုက်ကြောင်း ဖန့်ရန် ခန့်မှန်းမိသည်။ တော်ပီဒိုတစ်စင်းသည် စစ်သင်္ဘောတစ်စီးကိုပင် အလွယ်တကူ နစ်မြုပ်စေနိုင်သည့် ဖျက်စီးနိုင်စွမ်း ရှိ၏။ အကယ်၍ ထိုလက်နက်သာ သူ့အပေါ်သို့ ကျရောက်လာခဲ့လျှင် မသေလျှင်ပင် ဒဏ်ရာ ပြင်းထန်စွာရနိုင်လေသည်။

"သောက်ခွေးကောင်တွေ"

ဖန့်ရန် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူသည် အဘယ်သူကိုမျှ မနှောင့်ယှက်ခဲ့ဘဲ သူ့ကို ဘာကြောင့် တိုက်ခိုက်နေကြသနည်း။ ဖန့်ရန် ပြန်တွေးကြည့်လိုက်ချိန်တွင် သူဖျက်ဆီးခဲ့သည့် ရဟတ်ယာဉ်ပေါ်တွင် ရေးဆွဲထားသည့် အလံကို သတိရလိုက်မိ၏။ အကယ်၍ သူမှတ်မိခြင်းသာ မှန်မည်လျှင် ထိုအလံပုံစံကိုလည်း ၎င်းစစ်သင်္ဘောပေါ်တွင်လည်း တူညီစွာ လွှင့်ထူးထားလေသည်။

"အမေရိကန်အလံလား။ သောက်ချီးထဲ ငါ့ကို အားနည်းတယ်လို့ ထင်နေကြတယ်ပေါ့။ "

သူသည် ဒေါသဖြင့် သွားကြိတ်လိုက်သည်။ ဤလူများသည် အကြောင်းမဲ့ နှစ်ကြိမ်တိုင်တိုင် သူ့ကို တိုက်ခိုက်နေသည်မှာ စိတ်ဆိုးဖွယ်ကောင်းလှသည်။ သူတို့အတွက် သူသည် တိရစ္ဆာန်တစ်ကောင်သာ ဖြစ်ပြီး သူ၏ အသက်သေခြင်းကို လုံးဝဂရုမစိုက်ကြပေ။

"ဒီအကြောင်း ငါမှတ်ထားမယ်။"

ဖန့်ရန်သည် ရှေ့သို့ အလျင်အမြန် ရေကူးသွားခဲ့ပြီး နောက်တွင် ရှည်လျားသော လှိုင်းတံပိုးကို ချန်ထားခဲ့သည်။

သူသည် အလျင်အမြန် ကူးခတ်နေသော်လည်း သူ၏ စိတ်သည် ကြည်လင်နေဆဲ ဖြစ်သည်။ သူသည် အနောက်မှ လိုက်လာသည့် တော်ပီဒို၏ အသံကို သေချာနားစွင့်နေကာ သူနှင့် တော်ပီဒိုကြား အကွာအဝေးကို ခန့်မှန်းနေသည်။

ရေစီးကြောင်း၏ အသံများအရ သူနှင့် တော်ပီဒိုကြား အကွာအဝေးသည် တဖြည်းဖြည်း ပိုမိုဝေးကွာလာနေခဲ့၏။ ဤသည်က ပုံမှန်ပင် ဖြစ်သည်။ ဖန့်ရန်၏ လက်ရှိအရှိန်သည် တစ်နာရီလျှင် ကီလိုမီတာ (၄၀၀) ကျော်ရှိပြီး ရေအောက်တွင် တော်ပီဒိုအတွက် သူ၏ ဤအမြန်နှုန်းကို လိုက်မီရန် အလွန်ခက်ခဲပေသည်။

တော်ပီဒို၏ ပစ်မှတ်ကို ခြေရာခံနိုင်သော အကြောင်းရင်းသည် ၎င်းတို့တွင် တပ်ဆင်ထားသော တည်နေရာ အချက်ပြစနစ်ကြောင့် ဖြစ်သည်။ ယင်းခြေရာခံနေသော အရာနှင့် တော်ပီဒိုကြား အကွာအဝေးသည် အလွန်ဝေးကွာသွားပါက ထိုစနစ်သည် အလုပ်လုပ်တော့မည် မဟုတ်ပေ။

ဖန့်ရန်သည် တော်ပီဒို ခြေရာခံနိုင်သည့် ပျမ်းမျှအကွာအဝေးသည် ကီလိုမီတာ (၁၀) ခန့်ရှိကြောင်း သိရှိထား၏။ သူ၏ လက်ရှိ အမြန်နှုန်းဖြင့် တော်ပီဒို လက်က လွတ်အောင် ပြေးရန်မှာ ခက်ခဲသည်တော့ မဟုတ်ပေ။

...

"ဘာဖြစ်တာလဲ။ တော်ပီဒိုက အခုထိ ပစ်မှတ်ကို မထိသေးဘူးလား"

စစ်သင်္ဘော၏ ညွှန်ကြားရေးအခန်းအတွင်း၌ မက်ဂွန်နာသည် နဖူးကျောရှုံကာ အံ့အားသင့်နေသည်။ ထိုဧရာမ ပင်လယ်မြွေကြီးကို တော်ပီဒိုသည် အဘယ့်ကြောင့် မဖြိုနိုင်သေးသည်အား သူနားမလည်နိုင် ဖြစ်နေသည်။

"ဗိုလ်ကြီး"

မက်ဂွန်နာ၏ ဘေးနားတွင် ရှိနေသော စစ်သားငယ်တစ်ဦးက သူအား ပြောလိုက်သည်။

"အံ့သြစရာသိပ်ကောင်းတယ်။ ကျွန်တော်တို့ရဲ့ တော်ပီဒိုက ဧရာမမြွေကြီးကို မမီသေးဘူး"

စစ်သားသည် အံ့အားသင့်နေသည့် မျက်နှာအမူအရာဖြင့် သူ့ရှေ့က စခရင်အား ညွှန်ပြသည်။ စခရင်ပေါ်တွင် အနီရောင် အစက်နှစ်စက်သည် ထင်ရှားစွာ ပေါ်နေသည်။ အစပိုင်းတွင် ၎င်းတို့သည် အတော်လေးနီးကပ်နေခဲ့သော်လည်း အချိန်ကုန်လာသည်နှင့်အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

မက်ဂွန်နာသည် မယုံကြည်နိုင်သည့် ဟန်ဖြင့် စခရင်ပေါ်ရှိ အစက်နှစ်စက်ကို ကြည့်နေသည်။ သူသည် အလွန်စိတ်ပျက်မိသည်။ ယခုအခါတွင် ထိုဧရာမမြွေကြီးကို မည်သို့ သတ်နိုင်တော့မည်နည်း။ ၎င်း၏ အမြန်နှုန်းသည် လုံးဝ မဖြစ်နိုင်လောက်အောင် မြန်ဆန်နေသည်။

အချိန်နှင့် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ပြီးနောက် သူတို့၏ ရလဒ်မှာ ရှုံးနိမ့်မှုသာ ဖြစ်တော့မည်လား။

"အမှိုက်ကောင်တွေ!"

မက်ဂွန်နာ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ လက်ရှိ အချိန်တွင် တော်ပီဒိုက ဧရာမ မြွေကြီးကို သတ်နိုင်သည့် လက်နက်ဖြစ်သော်လည်း ဤလက်နက်တွင် အလွန်ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။ ထိုအားနည်းချက်မှာ အမြန်နှုန်းနှင့် အကွာအဝေး ဖြစ်သည်။

တော်ပီဒိုသည် ဧရာမ မြွေကြီးကို လိုက်မမီနိုင်လျှင်ပင် ထိုဧရာမ မြွေကြီး ပင်ပန်းကာ အားနည်းစေလိမ့်မည်ဟု မျှော်လင့်ရတော့မည်။

ငါးမိနစ်ကြာသွားသော်လည်း အခြေအနေမှာ မပြောင်းလဲသေးပေ။ ဧရာမ မြွေကြီးနှင့် တော်ပီဒိုကြား အကွာအဝေးသည် ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။

နောက်ထပ် သုံးမိနစ်အကြာတွင် တော်ပီဒို၏ အနီရောင်အစက်လေးသည် ရပ်တန့်သွားပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။

"သွားပြီ"

မက်ဂွန်နာသည် လက်သီးကို အလိုလို ဆုပ်လိုက်မိပြီး နှာဖူးပေါ်တွင် သွေးပြန်ကြောများ ထင်းလာသည်။ ခဏအကြာတွင် အနီရောင် အစက်နှစ်စက်စလုံး ပျောက်ကွယ်သွားခဲ့၏။

ဤသည်မှာ တော်ပီဒိုသည် အလိုအလျောက် ဖျက်ဆီးမှု စနစ်ကို စတင်လိုက်ပြီ ဖြစ်ပြီး ပင်လယ်ထဲတွင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်ကာ ဧရာမ မြွေကြီး၏ တည်နေရာကို ထပ်မံပေးပို့နိုင်တော့မည် မဟုတ်ဟု ဆိုလိုလေသည်။

...

ကီလိုမီတာ (၂၀) ကျော် ဝေးကွာသော နေရာတွင် ဖန့်ရန်သည် ရွေ့လျားမှုကို ရပ်တန့်လိုက်သည်။ သူသည် စစ်သင်္ဘောရှိရာဘက်သို့ ကြည့်ကာ နက်နက်နဲနဲ တွေးတောလိုက်သည်။

ခဏအကြာတွင် သူ၏ မျက်နှာပေါ်မှာ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု၏ အရိပ်အရောင် ပေါ်လာခဲ့ပြီး ပင်လယ်အောက်ခြေသို့ ငုတ်ဆင်းသွားခဲ့သည်။

သူသည် သူတော်စင်တစ်ဦး မဟုတ်ပေ။ လူတွေ သူ့ကိုတိုက်ခိုက်လာမည်ဆိုလျှင် သူကလည်း ပြန်လည်တိုက်ခိုက်မည်သာ ဖြစ်သည်။

...

ဖန့်ရန်သည် ပင်လယ်အောက်ခြေ မီတာ (၄၀၀) အမြင့်တွင် ရပ်တန့်လိုက်ပြီး စစ်သင်္ဘောရှိရာဘက်သို့ တည့်တည့် ရေကူးလာခဲ့လိုက်သည်။

မိနစ်ဆယ်မိနစ်ခန့်အကြာတွင် သူသည် သူရှိခဲ့ဖူးသော နေရာသို့ ပြန်ရောက်လာခဲ့သည်။

သူ၏ အမြင်အာရုံအတွင်း စစ်သင်္ဘောသည် ဆက်လက်၍ ရှေ့သို့ ရွေ့လျားနေဆဲ ဖြစ်သည်။ ၎င်းတို့သည် သူ့အား လက်လျှော့သွားမည်ပုံ မပေါ်ပေ။

သူသည် ပိုမိုနက်ရှိုင်းစွာ ငုတ်ဆင်းလာပြီး စစ်သင်္ဘောဘက်သို့ ဖြည်းဖြည်းချင်း ကူးခတ်လာခဲ့လိုက်သည်။

မကြာမီ ဖန့်ရန် စစ်သင်္ဘော အောက်ဘက် ပင်လယ်ရေအနက် မီတာ (၅၀၀) သို့ ရောက်ရှိလာခဲ့သည်။

ချက်ချင်းပင် သူသည် အပေါ်သို့ အလျင်အမြန် တက်လာခဲ့သည်။ သူသည် အံ့ဖွယ်အမြန်နှုန်းဖြင့် အပေါ်သို့ ကူးခတ်လာခဲ့ပြီး စက္ကန့်ပိုင်းအတွင်း စစ်သင်္ဘောနှင့် မီတာ ၁၀၀ အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်တွင် စစ်သင်္ဘော၏ ညွှန်ကြားရေးခန်းအတွင်းရှိ စစ်သားတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

"ဗိုလ်ကြီး.. ဧရာမမြွေကြီး ပေါ်လာပြီ!"

"ဘာတွေဖြစ်နေတာလဲ..."

မက်ဂွန်နာ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု ပေါ်လာသည်။ သူက ထိုစစ်သားကို စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဘယ်မှာလဲ"

"အဲဒါက... ကျွန်တော်တို့ စစ်သင်္ဘောရဲ့ အောက်မှာရောက်နေပါတယ်"

ထိုစစ်သားငယ်၏ မျက်နှာပေါ်တွင် ကြောက်ရွံမှုအရိပ်အရောင်များ ဖြစ်ပေါ်နေသည်။

"သူဒီတည်နေရာက အရမ်းမြန်တဲ့နှုန်းနဲ့တက်လာနေပါတယ်"

"အမြန်ပြင်ခိုင်းလိုက် တော်ပီဒိုနဲ့ ဖြိုခွင်းပစ်ရမယ်..."

မက်ဂွန်နာက စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

"ဗိုလ်ကြီး အချိန်မီမှာ မဟုတ်တော့ပါဘူး..."

မက်ဂွန်နာ အနည်းငယ် စိတ်ရှုပ်သွားသည်။ ဘာလို့လဲ ဟု သူမေးမြန်းတော့မည့် အချိန်တွင် ရေပြင်ကို ဖြိုခွင်းလာသည့် အသံကို ကြားလိုက်ရသည်။

ဗုန်း...

ထိုအသံသည် အလွန်ကျယ်လောင်လှသောကြောင့် ထိန်းချုပ်ခန်းအတွင်းမှပင် သူကြားလိုက်ရသည်။

"ဘာဖြစ်သွားတာလဲ"

မက်ဂွန်နာ အံ့အားသင့်သွားပြီး တစ်စုံတစ်ရာကို တွေးမိလိုက်ကာ ချက်ချင်းပင် ထိန်းချုပ်ခန်းအတွင်းမှ ပြေးထွက်လာခဲ့သည်။

သူအပြင်သို့ရောက်ချိန်တွင် ရေပြင်အောက်မှ တိုးထွက်လာသော ဧရာမ သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုဧရာမ သတ္တဝါကြီးသည် စစ်သင်္ဘောနှင့် အမြင့်တူညီစွာ ရပ်ပြီး သူတို့ဘက်သို့ ကြည့်လာခဲ့သည်။

"ဒါက......"

စစ်သင်္ဘောပေါ်ရှိ စစ်သားများစွာ ထိုဧရာမ သတ္တဝါကြီးကို မြင်လိုက်ရချိန်တွင် ၎င်းတို့၏ မျက်နှာမှာ အကြီးအကျယ်ပြောင်းလဲသွားပြီး စစ်သင်္ဘောတစ်ခုလုံး ကျယ်လောင်သော အော်ဟစ်သံများနှင့် ကျိန်ဆဲသံများ ပြည့်နှက်သွားခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ?"

"မြွေကြီးပဲ... ဧရာမ ပင်လယ်မြွေကြီး"

"ဒီသတ္တဝါကြီး ဒီကို ဘယ်လိုရောက်လာတာလဲ"

စစ်သားများ၏ နှလုံးသားထဲတွင် ကြောက်ရွံခြင်းနှင့် ထိတ်လန့်ခြင်းတို့ ပြည့်နှက်နေခဲ့သည်။

ထိန်းချုပ်ခန်းအတွင်းမှ ပြေးထွက်လာသော မက်ဂွန်နာသည် ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

"အမြန်တိုက်ခိုက်ကြ... ဒီကောင်ကြီးကို ဒဏ်ရာရသွားအောင် လုပ်ရမယ်"

အော်ဟစ်နေစဉ် မက်ဂွန်နာ ဧရာမ မြွေကြီးကို အံ့အားသင့်စွာ ကြည့်မိလိုက်သည်။

"ဒီဧရာမ မြွေကြီးက အရင်ကထက် ပိုကြီးနေပါလား..."

သူသည် ယခင်က ယင်းဧရာမ မြွေကြီး၏ ဓာတ်ပုံများကို မြင်တွေ့ဖူးပြီး ယခုလောက် မကြီးမားကြောင်း သေချာပေသည်။ သို့သော် ယခုအချိန်သည် ဤအကြောင်းကို တွေးတောရန် အချိန်မဟုတ်ပေ။ မက်ဂွန်နာသည် ဤမေးခွန်းကို ဘေးဖယ်ထားရန်သာ တတ်နိုင်ပြီး လက်ရှိအခြေအနေကိုသာ အာရုံစိုက်ဖို့ပြင်နိုင်၏။

စစ်သင်္ဘောပေါ်ရှိ စစ်သားများသည် မက်ဂွန်နာ၏ အသံကို ကြားတဲ့အခါမှာ သတိဝင်လာကြသည်။ သူတို့သည် အကာအရံများနောက်သို့ ပြေးဝင်ကာ ဧရာမမြွကြီးကို စတင်ပစ်ခတ်ကြတော့သည်။

ဒတ်... ဒတ်... ဒတ်...

ဒတ်... ဒတ်... ဒတ်...

သေနတ်သံများနှင့်အတူ ကျည်ဆန်များစွာသည် ဧရာမ မြွေကြီး၏ အကြေးခွံသို့ ထိမှန်ကြသည်။ သို့သော် အသားနှင့်သွေးများ ပန်းထွက်လာရမည့်အစား မီးပွားများနှင့် သတ္တုချင်းထိခတ်သံများသာ ကြားလိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော စစ်သားများနှင့် မက်ဂွန်နာတို့ ထိတ်လန့်သွားကြသည်။

ဒါက ဘယ်လို သတ္တဝါမျိုးလဲဟ...

ဂူးး

စစ်သင်္ဘောပေါ်သို့ တက်လာသည့် ဖန့်ရန်သည် ကျည်ဆန်များ၏ ထိမှန်ခြင်းခံလိုက်ရသောကြောင့် ဒေါသထွက်လာခဲ့သည်။ သူသည် ဒေါသတကြီး ပါးစပ်ကို ဟကာ အလွန်ကျယ်လောင်စွာ အသံတိတ် ဟိန်းဟောက်လိုက်သည်။

သို့သော် သူ၏ စွမ်းအားနှင့် ကြောက်မက်ဖွယ် အသွင်အပြင်တို့သည် သူ့ရှေ့တွင် ရှိနေသော စစ်သားများကို ထိတ်လန့်သွားစေခဲ့သည်။

သူ၏ အသွင်အပြင်မှာလည်း အမှန်တကယ်ကို ကြောက်စရာကောင်းလှ၏။

အလျား (၄၀) မီတာနှင့် အချင်း (၁.၅) မီတာရှိသည့် ဧရာမ မြွေကြီးကို မြင်ချိန်တွင် လူအနည်းငယ်ကသာ တည်ငြမ်နိုင်ကြ၏။

ထိုဧရာမ မြွေကြီးသည် ၎င်း၏ ပါးစပ်ဟကာ ကြောက်မက်ဖွယ်ရာ သွားများကို ပြသနေသည်က ပို၍ပင် ကြောက်စရာကောင်းလှသည်။

အသံမဲ့ ဟိန်းဟောက်ပြီးနောက် ဖန့်ရန်သည် စစ်သင်္ဘောရှိ လူတိုင်းကို ပင်လယ်ထဲသို့ တွန်းချလိုက်သည်။

ထို့နောက် သူသည် သူ၏ အမြီးဖြင့် သင်္ဘော၏ ဘေးဘက်ကို ရစ်ပတ်လိုက်ကာ သူ၏ ကြီးမားသော ကြွက်သားအားဖြင့် ဆွဲရမ်းလိုက်သည်။ ထိုအခါ စစ်သင်္ဘောသည် ဟန်ချက်ပျက်ကာ ဘေးသို့ စောင်းသွားပြီး ရေပြင်ပေါ်သို့ လှဲကျသွားခဲ့၏။

ဤသည်က ဖန့်ရန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် စစ်သင်္ဘောတစ်စီးကို မှောက်ပစ်လိုက်ခြင်း ဖြစ်ပေသည်။

.....

All Chapters