← Chapters

အာကာသလမ်းကြောင်း

Vol. 12 Ch. 162

အာကာသလမ်းကြောင်း

Vol. 12 Ch. 162

ဗုန်း......

စစ်သင်္ဘောသည် ပင်လယ်ထဲသို့ နစ်မြုပ်လာပြီး လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။ သင်္ဘောပေါ်တွင် ကျန်ရှိနေသူများသည်လည်း လှိုင်းလုံးများ၏ ဒဏ်ကြောင့် ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့လေသည်။

စစ်သင်္ဘောပေါ်ရှိ စစ်သားများမှာ ရေကူးကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ထိုအချိန်မှာ သူတို့၏ ရေကူးကျွမ်းကျင်မှုက အသုံးမဝင် ဖြစ်သွားခဲ့သည်။

စစ်သင်္ဘော၏ နစ်မြုပ်မှုကြောင့် ရေအောက်ရေစီးကြောင်းများ ဖြစ်ပေါ်လာပြီး စစ်သားအချို့ ယင်းအတွင်းသို့ ဆွဲငင်ခံလိုက်ရသည်။ စစ်သားအချို့သည် ထိုဖြစ်စဥ်အတွင်း ရေမွန်ကုန်ကာ သတိလစ်ကုန်ကြ၏။

ဤဖြစ်ရပ်တွင် ထိုစစ်သင်္ဘောနှင့် ၎င်း၏ စစ်သားများသည် ကြီးမားသော ဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရလေသည်။

သို့သော် ဖန့်ရန်က သူတို့အား လုံးဝဂရုမစိုက်ပေ။ သူလုပ်စရာရှိသည့် တန်ပြန်ခြင်းအား ပြုလုပ်ပြီးနောက် ရေအောက်သို့ ငုတ်ဆင်းကာ ထိုနေရာနှင့် ဝေးရာသို့ ကူးနေခဲ့သည်။

"ဟမ့် ဒါက ငါ့ကိုလာစော်ကားတဲ့အတွက် ရလာတဲ့ အကျိုးဆက်ပဲ"

ဖန့်ရန် သူ့စိတ်ထဲတွင် နှာခေါင်းရှုံလိုက်သည်။ ထိုလူများ၏ အတွေးက ရယ်စရာကောင်းသည်ဟု သူခံစားမိသည်။

သူတို့၏ အတွေးများသည် ညံ့ဖျင်းလွန်းလှသည်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူ့ကို စိန်ခေါ်လာသူတိုင်း၏ အဆုံးသတ်သည် ကောင်းမွန်မည် မဟုတ်ပေ။

သူသည် ယခုအချိန်မှာ အတော်လေး အားကောင်းနေခဲ့ပြီ ဖြစ်သည်။ သူ့ကို ခြိမ်းခြောက်နိုင်သည့် လက်နက်အများအပြား ရှိနေသေးသော်လည်း သူ၏ ခုခံကာကွယ်နိုင်စွမ်း အလျင်နှင့် ပင်လယ်ကြီးတို့၏ သဘာဝ အကာအကွယ်တို့ကြောင့် သူ၏ ဘေးကင်းရေးမှာ အာမခံချက်ရှိပေသည်။

အမှန်တကယ်တော့ သူသည် သူ၏ ဤမြွေဘဝကို တိတ်တဆိတ် နေလိုပြီး နေ့စဉ်စားသောက်နိုင်ကာ ပုံမှန်လေး ကြီးထွားနိုင်ပြီး၊ တစ်နေ့မှာ သူ၏ မူလစကြဝဠာသို့ ပြန်လိုပေသည်။

သို့သော် သူသည် အခြားသူများကို မနှောက့်ယှက်ဘဲ ငြမ်သက်စွာနေထိုင်သည့်တိုင် တစ်နေ့တွင် တစ်စုံတစ်ဦးက သူ့ကို နှောင့်ယှက်လာမည်ကတော့ အမှန်ပင်ဖြစ်သည်။

ထို့အပြင် သူက အခြားသူများကို တိုက်ခိုက်ရန် မနှစ်သက်ပေ။

၎င်းတို့ကို မစားနိုင်လျှင် သူက ရှောင်ဖယ်နေမည်ဖြစ်ပြီး။ တစ်စုံတစ်ဦးက သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင်တော့ သူ့အနေနှင့် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်မည် ဖြစ်သည်။ ဤစိတ်ထားသည် အနည်းငယ် ကလေးဆန်ပြီး မိုက်မဲသည်ဟု ထင်ရသော်လည်း ဤသည်က သူ၏ ပင်ကိုစိတ်ရင်းပင် ဖြစ်သည်။

"ငါ ပိုပြီးအားကောင်းလာရမယ်။ ဘယ်သူပဲဖြစ်နေပါစေ ငါ့ကိုမြင်လိုက်တာနဲ့ ချက်ချင်း ထိတ်လန့်သွားပြီး ငါ့ကိုတိုက်ခိုက်ဖို့ သတ္တိမရှိတော့တဲ့ အဆင့်အထိ ရောက်အောင်လုပ်ရမယ်..."

၎င်းသည် သူ၏ ရည်မှန်းချက်ဖြစ်သော်လည်း ထိုအဆင့်အထိ ရောက်ရှိရန် သူမည်မျှကြီးထွားရမည်နည်း။

မီတာတစ်ရာလား

တစ်ကီလိုမီတာလား

ဒါမှမဟုတ် ဟိမဝန္တာတောင်တန်းကြီးလောက်လား

သို့သော် ထိုအဆင့်သို့ ရောက်ရှိရန် သူ့အတွက် အချိန်မည်မျှ လိုအပ်မည်နည်း။

ထိုအဆင့်သို့ ရောက်ရှိရန် လိုအပ်မည့် စနစ်အမှတ်သည် အလွန်အမင် များပြားပေလိမ့်မည်။

ဖန့်ရန်သည် အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိ၏။

ယခုမှ သူသည် မူလစကြဝဠာသို့ ပြန်မည့် နည်းလမ်းကို လုံးဝ မသိရှိသေးမှန်း သတိရမိ၏။ ဤသို့သာ ဆက်သွားနေမည်ဆိုလျှင် သူ့အိမ်သို့ပြန်ရန် နှစ်ပေါင်းမည်မျှကြာမည်ကို မည်သို့သိနိုင်မည်နည်း။

စိတ်ပျက်လက်ပျက်ဖြင့် ဖန့်ရန်သည် သူ၏ အရိပ်လေစွမ်းရည်ကို အသုံးမပြုတော့ဘဲ သူ၏ သာမန် အမြင့်ဆုံးအရှိန်ဖြင့် ရှေ့သို့ ကူးခတ်နေခဲ့သည်။

ဤသို့ဖြင့် သူသည် ဂြိုလ်သားယဉ်ကျေးမှု ရှိရာနေရာသို့ ရောက်ရှိလာပြီး အောက်ဘက်သို့ ဆင်းလာခဲ့လိုက်သည်။

ပင်လယ်အောက်ခြေ၏ အနက်ပိုင်းတွင် ဂြိုလ်သားယဉ်ကျေးမှု ပစ္စည်းအကြွင်းအကျန်များ ရှိနေပေသည်။

ပတ်ဝန်းကျင် ပင်လယ်ရေသည် တဖြည်းဖြည်း မှောင်မိုက်လာပြီး လုံးဝမှောင်မဲလာခဲ့သည်။ ခဏအကြာတွင် သူ၏ အရှေ့၌ အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။

"နောက်ဆုံးတော့ ရောက်ပြီ"

ဖန့်ရန် တီးတိုးရေရွတ်လိုက်ပြီး ထိုအလင်းရောင်ရှိရာသို့ တည့်တည့် ကူးခတ်လာခဲ့သည်။

ခဏအကြာ ညီညာဖြောင့်ဖြူးသော မြေပြင်ပေါ်တွင် အဆောက်အဦးများစွာ သူ့ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။

၎င်းတို့က ပိရမစ်များနှင့် စဖင့်ရုပ်တုများ ဖြစ်သည်။

ဖန့်ရန် သူ၏ အမြီးကို အနည်းငယ်လှုပ်လိုက်ကာ အကြီးဆုံး စဖင့်ရုပ်တု၏ အထက် မီတာ (၁၀၀) အကွာသို့ ကူးခတ်သွားလိုက်သည်။ ထိုအချိန် သူအရှေ့ ဆက်သွားတော့မည့် အချိန်တွင်.....

ရွီး

ထိုအကြီးဆုံး စဖင့်ရုပ်တု၏ မျက်လုံးမှ အဖြူရောင် လေဆာအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူနှင့် မဝေးလှသော နေရာတွင် ရပ်တန့်သွားကာ အချင်း မီတာ (၃၀) ကျော်ရှိသည့် ဝိုင်းဝန်းသော 3D သဏ္ဍာန် အလင်းစက်ဝိုင်းတစ်ခုကို ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန် ဖန့်ရန်၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ထိုအလင်းစက်ဝိုင်းအတွင်းမှ ဧရာမ သတ္တဝါတစ်ကောင် ကူးထွက်လာခဲ့သည်။

ထိုဧရာမသတ္တဝါကြီးသည် ဝေလငါးတစ်ကောင်နှင့် အလွန်ဆင်တူ၏။

၎င်းသည် ဝေလငါးဖြူနှင့် အလားသဏ္ဍာန်ဆင်တူပြီး ဦးခေါင်းသည် ကြီးမား၏။ သို့သော် ၎င်း၏ ပါးစပ်နှင့် သွားများသည် သာမန်ဝေလငါးတစ်ကောင်တွင် ရှိသင့်သည်ထက် ပိုကြီးကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဝိုင်းဝန်းသည့် အလင်းစက်ဝိုင်းထဲမှ ၎င်း၏ ဦးခေါင်းကြီးသည် ထွက်ပေါ်လာပြီးနောက် အသံတိတ်ဟိန်းဟောင်လိုက်သေး၏။

၎င်း၏ ကြီးမားသော ကိုယ်ခန္ဓာသည် အရူးအမူးလှုပ်ရှားကာ ထိုအလင်းစက်ဝိုင်းမှ အပြည့်အဝ ထွက်နိုင်ရန် ကြိုးစားနေခဲ့သည်။

ဖန့်ရန်သည် မဝေးလှသော အမှောင်ထုထဲမှ ဤအဖြစ်အမျက်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"ဒါက Melville ဝေလငါးလား။ ဒီဝေလငါးက မီဂါလိုဒွန်နဲ့ တန်းတူအဆင့်ရှိတယ်လို့ပြောကြတဲ့ ဝေလငါးလား"

စနစ်၏ အသိပေးချက်ကို ကြားပြီးနောက် ဖန့်ရန် အံ့အားသင့်သွားခဲ့သည်။ စနစ်ဆီက ရရှိသော အချက်အလက်များအရ ဤဝေလငါးကြီးသည် သန္ဓေပြောင်းသတ္တဝါတစ်ကောင် မဟုတ်ပေ။

သို့သော် ၎င်းသည် စနစ်အမှတ် (၄၀၀၀၀) တန်သည်က အံ့အားသင့်စရာပင် ဖြစ်၏။ အထူးသဖြင့် ၎င်း၏ အရွယ်အစားမှာ သာမန်ဝေလငါးဖြူနှင့် သိပ်မကွာသော အခါတွင် ဖြစ်သည်။

"ကြည့်ရတာ သန္ဓေပြောင်း အလင်းငါးနဲ့ သန္ဓေပြောင်း မီဂါလိုဒွန်တို့ကလည်း ဒီကနေ ထွက်လာကြတာကဲ ဖြစ်ရမယ်"

ဖန့်ရန် ရုတ်တရက် နားလည်သွားခဲ့သည်။

ဤအရာမှာ အမှန်ပင် ဖြစ်နိုင်လေသည်။

ဤသည်မှာ ဤကမ္ဘာရှိ လူသားများ ယခင်က ထိုမျိုးစိတ်နှစ်ခု၏ အထောက်အထားကို မတွေ့ရှိကြခြင်း၏ အကြောင်းရင်းလည်း ဖြစ်နိုင်ပေသည်။

ကြည့်ရသည်မှာ ၎င်းတို့သည် ထိုအလင်းစက်ဝိုင်းမှ မကြာသေးမီက ထွက်လာခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။

အမှန်တကယ်တော့ ၎င်းကို အလင်းစက်ဝိုင်းဟု ခေါ်ဆိုရမည့်အစား အာကာသလမ်းကြောင်းဟု ခေါ်ဆိုခြင်းက ပိုသင့်တော်ပေသည်။

ဤတွင် ဤအာကာသလမ်းကြောင်းက မည်သို့ဖြစ်ပေါ်လာခဲ့သနည်း။

၎င်းသည် ဂြိုလ်သားများ၏ လက်ရာပင် ဖြစ်နိုင်ပေသည်လား။

ဖန့်ရန် အတွေးနက်နေစဉ် Melville ဝေလငါးသည် နောက်ဆုံးမှာ အာကာသလမ်းကြောင်းက ထွက်လာနိုင်ခဲ့၏။ သို့သော် ၎င်းတွင် ပျော်ရွှင်ဖွယ်အချိန်ပင် မရလိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ ဦးခေါင်းအထက်တွင် ဧရာမ အရိပ်ကြီးတစ်ခု ကျရောက်လာခဲ့သောကြောင့် ဖြစ်သည်။

Melville ဝေလငါးသည် အလွန်ကြီးမားပြီး အလျား (၂၀) မီတာခန့် ရှိသော်လည်း ဖန့်ရန်နှင့် နှိုင်းယှဉ်လျှင် အရွယ်အစား အလွန်ကွာဟနေသေး၏။

ဖန့်ရန်သည် အလျား (၄၂) မီတာနှင့် အကျယ် (၁.၅) မီတာ ရှိပြီး သူ၏ အသွင်အပြင်မှာ ကြောက်စရာကောင်းလှ၏။

Melville ဝေလငါးသည် သူ၏ အထက်ရှိ ဧရာမ မြွေကြီးကို မြင်လိုက်ချိန်တွင် ချက်ချင်းပင် ထွက်ပြေးလေသည်။

သို့သော် Melville ဝေလငါးသည် ဖန့်ရန်ထက် အရွယ်အစား သေးငယ်သည့်အပြင် အလျင်နှုန်းလည်း နှေးကွေးသောကြောင့် စက္ကန့်အနည်းငယ်အကြာမှာ ဖန့်ရန်က ၎င်း၏ ဘေးသို့ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်သည် သူ၏ ကြီးမားသော ကြွက်သားအားကို အသုံးပြုကာ Melville ဝေလငါး၏ အရိုးများကို ကြေမွသွားစေလိုက်သည်။ ၎င်းကို သတ်ပြီးနောက် ဖန့်ရန်သည် ၎င်းကို မြိုချရန် အချိန်သိပ်မကြာခဲ့ပေ။

"ဒီအာကာသလမ်းကြောင်းရဲ့ တစ်ဖက်မှာ ရှေးဟောင်းသတ္တဝါတွေနဲ့ သန္ဓေပြောင်းသားရဲတွေ အများအပြားများ ရှိနေလားမသိဘူး"

အလင်းစက်ဝိုင်းကို အာရုံစိုက်ကြည့်ရှုရင်း ဖန့်ရန် စဉ်းစားနေခဲ့သည်။

လက်ရှိအခြေအနေအရ ယင်းအာကာသလမ်းကြောင်း၏ အခြားတစ်ဖက်တွင် အခြားကမ္ဘာတစ်ခု ရှိနေပုံပေါ်သည်။ ထို့အပြင် ၎င်းကမ္ဘာတွင် ဤအပြာရောင်ကမ္ဘာပေါ်တွင် ယခင်က ရှိခဲ့ဖူးသော ရှေးဟောင်းသတ္တဝါများထက် အများအပြား ရှိနေသည်။

ထို့အပြင် သန္ဓေပြောင်းသတ္တဝါများလည်း ရှိနေပုံပေါ်လေသည်။

"ငါသာ အဲ့ဒီကမ္ဘာသို့ ဝင်ရောက်သွားနိုင်မယ်ဆို ငါ့အတွက် စနစ်အမှတ်တွေ ရှာဖွေဖို့က ပြဿနာသိပ်မရှိတော့ဘူး"

ဖန့်ရန် တွေးမိလိုက်သည်။

Melville ဝေလငါးနှင့် အခြားသတ္တဝါများပင် ဤအာကာသလမ်းကြောင်းကို ဖြတ်သန်းနိုင်သည်ဆိုလျှင် သူသည်လည်း ထိုကမ္ဘာသို့ ဖြတ်သန်းသွားနိုင်မည်လား။

ဖန့်ရန်သည် စဖင့်ရုပ်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။ အံ့အားသင့်စရာ မလိုဘဲ ၎င်း၏ မျက်လုံးများမှ လေဆာတန်း ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ဝိုင်းစက်သော အလင်းစက်ဝိုင်းတစ်ခု (အလင်းမျှော်စင်တစ်ခု) ဖြစ်ပေါ်လာခဲ့သည်။

အလင်းစက်ဝိုင်းမတွင်း၌ ရုပ်ပုံများ စတင်ပေါ်ပေါက်လာခဲ့သည်။

ပထမဆုံး စတင်ပေါ်လာသည့် အရာမှာ ကျယ်ပြောသော သမုဒ္ဒရာတစ်ခု ဖြစ်သည်။ ထိုအချိန် မြင်ကွင်းသည် တဖြည်းဖြည်း ချဲ့ထွင်လာပြီး အမဲစက်တစ်ခု ပေါ်လာခဲ့သည်။

မြင်ကွင်းသည် ဆက်လက်ချဲ့ထွင်လာပြီး ၎င်းအမဲစက်၏ မူလပုံသဏ္ဍာန် ပေါ်လာခဲ့သည်။ ၎င်းသည် အမှန်တကယ်တော့ ဧရာမ ကျွန်းကြီးတစ်ကျွန်း ဖြစ်နေ၏။

"တကယ့်ကို ကြီးမားလိုက်တဲ့ ကျွန်းတစ်ကျွန်းပဲ"

ဖန့်ရန် တီးတိုးရေရွတ်လိုက်သည်။

သူမြင်နေရသော လက်ရှိ နေရာသည် ထိုကျွန်၏ ထောင့်တစ်ထောင့်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ထိုကျွန်းသည် အလွန်ကြီးမားပြီး သေးငယ်သော တိုက်ကြီးတစ်ခုနီးပါး ရှိ၏။

အလင်းစက်ဝိုင်းပေါ်တွင် သစ်တောကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအချိန် ၎င်းသစ်တောရှိ သစ်ပင်များ တုန်ခါလာခဲ့သည်။ ခဏအကြာ အလင်းစက်ဝိုင်းပေါ်တွင် ဧရာမ ဦးခေါင်းတစ်ခု ပေါ်လာခဲ့လေသည်။

ထိုဦးခေါင်းကြီးကို မြင်လိုက်ရသော ဖန့်ရန်၏ မျက်ဆန်များ ကျုံ့ဝင်သွားခဲ့သည်။

ထိုဧရာမသတ္တဝါကြီးသည် ခြေလှမ်းအနည်းငယ်ကို လှမ်းလာပြီးနောက် ၎င်း၏ ကိုယ်ခန္ဓာက အလင်းစက်ဝိုင်းအတွင်း အပြည့်အဝ ပေါ်လာခဲ့သည်။

၎င်းတွင် ခြေလက်အင်္ဂါ လေးခုအပြည့်အစုံ ရှိနေသော်လည်း ၎င်း၏ လက်များမှာ အနည်းငယ် သေးငယ်ပေသည်။

၎င်းသည် ထူထဲသော ခြေထောက်များဖြင့် လျှောက်နေခဲ့ပြီး ရှည်လျားကာ ထူထဲသည့် အမြီးတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ ၎င်းသည် ဟိန်းဟောင်နေပြီး အာဏာနှင့် ရက်စက်သည့် အသွင်သဏ္ဍာန်ကို သရုပ်ပြနေသလိုပင်။

"ဒါ... ဒါက ဒိုင်နိုဆော... တီရက်ဒိုင်နိုဆော"

ဖန့်ရန် ထိုတီရက်ဒိုင်နိုဆောကို အံ့အားသင့်စွာ ကြည့်မိလိုက်သည်။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မျိုးသုဉ်းပျောက်ကွယ်သွားသည့် သတ္တဝါတစ်ကောင် ရှင်သန်နေဆဲ ဖြစ်မည်ကို မည်သူမှ မျှော်လင့်ထားမည် မဟုတ်ပေ။

သို့သော် မီဂါလိုဒွန်နှင့် Melville ဝေလငါးတို့ကို တွေးကြည့်လိုက်လျှင် ဒိုင်နိုဆောများ ရှင်သန်နေဆဲ ဖြစ်သည်က အထူးအဆန်း မဟုတ်တော့ပေ။

ဟင်...

...

All Chapters