← Chapters

စတင်ကျူးကျော်လာခြင်း

Vol. 12 Ch. 163

စတင်ကျူးကျော်လာခြင်း

Vol. 12 Ch. 163

သူ၏ စိတ်အခြေအနေကို ထိန်းညှိပြီးနောက် ဖန့်ရန်သည် ၎င်းဒိုင်နိုဆောကို သေချာစစ်ဆေးလိုက်သည်။

ထိုတီရက်ဒိုင်နိုဆောသည် အမြင့် (၄) မီတာရှိပြီး မေးရိုးကြီးကာ ကြောက်စရာကောင်းသော မျက်နှာကို ပိုင်ဆိုင်ထား၏။

"ဒီဟာက တီရက်အစစ်ရဲ့ ပုံစံလား..."

ဖန့်ရန် ၎င်းဒိုင်နိုဆော၏ မျိုးစိတ်ကို ချက်ချင်းမှတ်မိသွားပေသည်။ ၎င်း၏ သွင်ပြင်လက္ခဏာများက အလွန်ထင်ရှားနေသောကြောင့်လည်း သူက မှတ်မိသွားခြင်း ဖြစ်သည်။

သူ၏ ယခင်ဘဝက ထိုတီရက်ဒိုင်နိုဆော၏ ရုပ်ရှင် (၃) ကားထက်မနည်း ကြည့်ဖူးပေသည်။

"တီရက်ဒိုင်နိုဆောဆိုတာ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး သားရဲတွေထဲက တစ်ကောင်ပဲဖြစ်တယ်..."

ဖန့်ရန် တီရက်ဒိုင်နိုဆော၏ အကြောင်းကို မှတ်မိပေသည်။ တီရက်ဒိုင်နိုဆောဆိုသည်မှာ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး အသားစားဒိုင်နိုဆောများထဲက တစ်ကောင်ဖြစ်ကြောင်း သူမှတ်မိသည်။

တီရက်ဒိုင်နိုဆောသည် အလွန်ကြောက်စရာကောင်းပြီး ကြမ်းကြုတ်သော်လည်း ထိုအတွက် ဖန့်ရန် စိတ်မပူပေ။ ၎င်းထက် သူ၏ အသွင်အပြင်သည် ယခုအခါမှာ ပိုကြောက်မက်ဖွယ်ကောင်းနေပြီး ခန္ဓာကိုယ်အလျားမှာလည်း ၎င်းထက် နှစ်ဆပိုရှည်ပေသည်။

ထို့အပြင် သူ့တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည့် စွမ်းရည်မျိုးစုံလည်း ရှိ၏။

"ဒီတီရက်ဒိုင်နိုဆောက စနစ်အမှတ် ဘယ်လောက်များ ရရှိနိုင်ပါလိမ့်"

သူသည် တီရက်ဒိုင်နိုဆောနှင့် တိုက်ရိုက်တွေ့ဆုံနေခြင်း မရှိသောကြောင့် စနစ်အသိပေးချက်ကို မရရှိနိုင်ပေ။ ထိုကြောင့် သူသည် ထိုတီရက်ဒိုင်နိုဆောကသည် စနစ်အမှတ် သောင်းချီပေးနိုင်လိမ့်မည်ဟုသာ ခန့်မှန်းနိုင်၏။

ထိုကျွန်းပေါ်တွင် တီရက်ဒိုင်နိုဆောပင် ရှိနေသောကြောင့် အခြားသော ဒိုင်နိုဆောများလည်း ရှိနေမည်မှာ သေချာပေသည်။ အဘယ့်ကြောင့်ဆိုသော် သေးငယ်သည့် တိရစ္ဆာန်များသည် ထိုကဲ့သို့ ကြီးမားသော သတ္တဝါကြီးများကို ထောက်ပံ့ပေးရန် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။

ဖန့်ရန်သည် အကြံအစည်တစ်ခုကို တွေးမိလိုက်သောကြောင့် အလွန်စိတ်လှုပ်ရှားသွားမိ၏။

သူသည် ထိုအာကာသလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ထိုနေရာရှိ သတ္တဝါများကို စားသုံးရန် သင့်ပေသလား။

သို့သော် ဖန့်ရန်သည် အာကာသလမ်းကြောင်းအတွင်း ဝင်ဖို့ အဆင်သင့်ဖြစ်နေချိန်တွင် တီရက်ဒိုင်နိုဆော၏ အနောက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာပြီး ၎င်းကို တိုက်ခိုက်လိုက်သည်။

"ဟောင်..."

တီရက်ဒိုင်နိုဆော ဟိန်းဟောင်လိုက်သည်။ သို့သော် ဖန့်ရန်က ၎င်း၏ အသံကို အခြားတစ်ဖက်တွင် ရှိနေသောကြောင့် မကြားရပေ။ ထိုအစား တီရက်ဒိုင်နိုဆော၏ ဟိန်းဟောင်နေသည်ကိုသာ မြင်နေရသည်။

ဖန့်ရန် တီရက်ဒိုင်နိုင်ဆော ထိတ်လန့်တကြား ရုန်းကန်ရင်း ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်နေရသည်။ သို့သော် သူ့ကို တိုက်ခိုက်လာသော သတ္တဝါကြီးဆီက လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။

ဧရာမသတ္တဝါကြီးသည် ၎င်း၏ ကြီးမားသော ဧရာမ ပါးစပ်ကိုဟကာ တီရက်ဒိုင်နိုဆော၏ လည်ပင်းကို ကိုက်ဖြတ်လိုက်သည်။

တီရက်ဒိုင်နိုဆောကို သတ်ဖြတ်ပြီးနောက် ထိုသတ္တဝါကြီးသည် အသံကျယ်ကျယ်နှင့် တစ်ချက်ဟိန်းဟောင်ကာ တီရက်ဒိုင်နိုဆော၏ အသားကို စားသုံးခြင်းအား စတင်လိုက်သည်။

တီရက်ဒိုင်နိုဆောသည် ရှေးဟောင်းခတ်၏ ကြောက်မက်ဖွယ်ရာကောင်းသော သားရဲတစ်ကောင် ဖြစ်သော်လည်း ထိုသတ္တဝါကြီး ရှေ့မှောက်က ထွက်ပြေးဖို့ မဖြစ်နိုင်ခဲ့ပေ။

"ဒါက ဘယ်လိုသတ္တဝါကြီးလဲ..."

ဖန့်ရန်သည် တီရက်ဒိုင်နိုဆော၏ အသားကို စားသုံးနေသော ဧရာမ သတ္တဝါကြီးကို ကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။ ထိုဧရာမ သတ္တဝါကြီးသည် အဘယ့်ကြောင့် သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းအတွင်းရှိ အာကာသထဲမှ ကျူးကျော်လာသော သတ္တဝါတစ်ကောင်နှင့် တူနေရသနည်း။

၎င်းသည် ကြီးမားကာ ဂေါ်ဇီလာတစ်ကောင်နှင့် ဆင်တူသော်လည်း သန္ဓေပြောင်းဂေါ်ဇီလာ မဟုတ်ပေ၊ ထိုအစား ၎င်းနှင့် ပုံပန်းသဏ္ဍာန် ဆင်တူခြင်းသာ ဖြစ်၏။

၎င်းသည် ဂေါ်ဇီလာနှင့် ဆင်တူကာ ခြေလက်အင်္ဂါ (၄) ခုရှိပြီး ၎င်း၏ ရှေ့ခြေလက်များသည် ထူထဲသော လက်သည်းများရှိ၏။ ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်တည်ဆောင်ပုံအရ ခြေထောက်များဖြင့်ပင် လမ်းလျှောက်နိုင်မည့်ပုံပေါ်ပေသည်။

ထို့အပြင် ၎င်းတွင် ထူထဲသော သံချေးရောင်နှင့် အကြေးခွံများ ရှိလေသည်။

၎င်းသည် အမြင့် (၅၀) မီတာခန့်ရှိပြီး အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သည်။ တီရက်ဒိုင်နိုဆောပင် ၎င်း၏ တိုက်ခိုက်လာမှုကို ကြိုမသိနိုင်ခဲ့ပေ။

တီရက်ဒိုင်နိုဆောကို သတ်ဖြတ်ပြီး မကြာမီတွင် ထိုသတ္တဝါကြီးသည် ၎င်း၏ အသားကို စားသုံးခြင်းမှာ ပြီးလုနီးပါး ဖြစ်သွားသည်။

ထိုအချိန်တွင် မြင်ကွင်းသည် ကျွန်းအနှံ့ ရွေ့လျားလာပြီး ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းများကို ပြသလာသည်။

ထိုကျွန်းအနှံ့တွင် ရှေးဟောင်းခေတ်က သတ္တဝါများဖြစ်သော ဒိုင်နိုဆော၊ ရှုးပျံများနှင့် ဧရာမ ပိုးကောင်များ အစရှိသော အံ့ဩဖွယ်ကောင်းစွာဖြင့် ရှိနေလေသည်။

သို့သော် ဤနေရာတွင် ရှေးဟောင်းသတ္တဝါများဖြစ်သော ဒိုင်နိုဆောများနှင့် အခြားသော သတ္တဝါများသည် အစာကွင်းဆက်၏ အနိမ့်တုံးတွင် ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤကိုင်ဂျူးများ၏ အစာသာ ဖြစ်သည်။

ဤနေရာတွင် ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်ဂျူးများအပြင် မတူညီကာ ကွဲပြားသော ကိုင်ဂျူးအကောင် (၂၀) ကျော်ကို သူမြင်လိုက်ရသည်။

တစ်ကောင်ချင်းစီသည် အနည်းဆုံး အမြင့် (၅၀) မီတာရှိကာ ခဏက အစောပိုင်း သူမြင်ခဲ့သော ဂေါ်ဇီလာနှင့် ဆင်တူသည့် ကိုင်ဂျူးမှာ ဤကျွန်းပေါ်ရှိ အားအနည်းဆုံးသာ ကိုင်ဂျူးများထဲမှ တစ်ကောင်သာ ဖြစ်သည်။

ဖန့်ရန်သည် တစ်နေရာအရောက်မှာ အလျား (၂၀၀) မီတာကျော်သည့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိုင်ဂျူးတစ်ကောင်ကိုပင် မြင်တွေ့ခဲ့ရ၏။ ၎င်းသည် အစာကွင်းစက်ထိတ်ဆုံးရှိ ဒိုင်နိုဆောတစ်ကောင်ကို ဆွဲယူကာ ယုန်သားစားနေသော ကျားတစ်ကောင်သဖွယ် စားသုံးနေခြင်း ဖြစ်သည်။ ၎င်းသည် ထိုအစာကွင်းစက် ထိတ်ဆုံးရှိ ဒိုင်နိုဆောကို နှစ်ကိုက်မျှဖြင့် အပြတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုအစာကွင်းစက်ရှိ အာဂျင်တီးနိုဆောရပ်သည် အကြီးဆုံးသော ဒိုင်နိုဆောအဖြစ် မှတ်တမ်းဝင်ထားခြင်း ဖြစ်သည်။ ၎င်း၏ အလေးချိန်သည် (၁၀၀) တန်အထိ ရှိနိုင်ပြီး အလျား (၃၀) မီတာအထိ ရှိနိုင်ကာ ခြေလှမ်းတစ်လှမ်းစီတိုင်းမှာ ပထဝီမြေကြီးကို တုန်ခါစေနိုင်သည်အထိ ခွန်အားကြီးသော သားရဲဖြစ်သည်။

သို့သော် ထိုသတ္တဝါကြီးသည် ၎င်းအာဂျင်တီးနိုဆောရပ်ကို အာလူးပူတီတစ်ခုလို စားသုံးလိုက်ခြင်း ဖြစ်သည်။

ဖန့်ရန်လည်း ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် အလွန်ထိတ်လန့်သွားခဲ့သည်။

ထိုကိုင်ဂျူးနှင့် လက်ရှိ သူ့အခြေနေအထားဖြင့် ရင်ဆိုင်မိခဲ့လျှင် သူ၏ မြင့်မားသော ကာကွယ်နိုင်စွမ်းဖြင့်ပင် ၎င်းရှေ့မှ ထွက်ပြေးဖို့သာ တတ်နိုင်ပေမည်။ ထို့အပြင် ထိုသတ္တဝါကြီး၏ ရှေ့မှောက်က ထွက်ပြေးဖို့ပင် အလွန်ခက်ခဲမည် ဖြစ်သည်။

(၂၀၀) မီတာအမြင့်ရှိသော ကိုင်ဂျူးသည်ပင် ဖန့်ရန်ကို ထိတ်လန့်စေခဲ့ပြီး နောက်တစ်ကောင်က သူ့ကို အလွန်အမင်း ကြောက်ရွံ့သွားစေခဲ့၏။ သူသည် (၁၀) စင်တီမီတာခန့်သာ ရှိသော မြွေသေးသေးလေးဘဝကပင် ထိုကြောက်ရွံမှုကို မခံစားခဲ့ရပေ။

၎င်းသည် ပင့်ကူနှင့်တူသော မယုံနိုင်လောက်အောင် ကြီးမားသည့် ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည် တောင်များထက်ပင် ကြီးမားကာ ၎င်း၏ ဝမ်းဗိုက်မှ အဖြူရောင်ကြိုးမျှင်နှင့် ဆင်တူသည့် တစ်ရှူးများ ထွက်နေပြီး ထိုတစ်ရှူးများ၏ အစွန်းတွင် ဥနှင့်ဆင်တူသော အရာများ ရှိနေသည်။ ၎င်းသည် ဥနှင့်တူပြီး ဖောက်ထွင်းမြင်ရကာ အတွင်းမှာ သန္ဓေသားလောင်းနှင့်တူသော သတ္တဝါများ ရှိနေသည်။

ထိုပင့်ကူနှင့်ဆင်တူသော သတ္တဝါကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ဖန့်ရန်အနေဖြင့် ၎င်း၏ အရွယ်အစားကိုပင် မှန်းဆနိုင်စွမ်းမရှိခဲ့ပေ။

သစ်တောအများအပြားသည် ၎င်း၏ ရှေ့မှောက်တွင် မြက်ပင်ငယ်များနှင့်ဆင်တူပြီး တောင်များသည် ၎င်းနှင့်ယှဉ်လိုက်လျှင် တောင်ကပုများသာ ဖြစ်သည်။ ၎င်းသည် ကီလိုမီတာများစွာ ရှည်လျားပြီး ကျွန်းတစ်ကျွန်းလုံးသည် ၎င်းအပိုင်အလား ထင်မှတ်ရသည်။

"ဒီကမ္ဘာကြီးတော့ ပြီးဆုံးသွားပြီ.."

ထိုသတ္တဝါကြီးကို မြင်ပြီးနောက် ဖန့်ရန်၏ စိတ်ထဲ၌ ထိုအတွေးများသာ ကျန်ရှိတော့သည်။

ဤနေရာသည် ဤအပြာရောင်ကမ္ဘာမြေ(ဂြိုလ်) နှင့် ထိုကမ္ဘာကို ဆက်သွယ်ထားသော အာကာသလမ်းကြောင်းတစ်ခု ဖြစ်မှန်း ထင်ရှားပေသည်။ ထိုဧရာမသတ္တဝါကြီးများသည် မည်သည့်အချိန်မဆို ဤနေရာသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်ပြီး ၎င်းတို့ရောက်ရှိလာလျှင် ဤကမ္ဘာရှိ လူသားများသည် ၎င်းတို့ကို တားဆီးနိုင်လိမ့်မည်ဟု သူမထင်ပေ။

"ငါအခု ဘာလုပ်ရမလဲ..."

ဖန့်ရန်က စဥ်းစားလိုက်သည်။

မူလက သူသည် ဤအာကာသလမ်းကြောင်းမှတစ်ဆင့် ထိုကမ္ဘာသို့ သွားမည့် အစီအစဉ်ရှိသော်လည်း ယခုတော့ သွားသင့် မသွားသင့်ပင် မသေချာတော့ပေ။

ထို့အပြင် သူသည် ထိုကျွန်းတစ်ခုလုံးကို မြင်ခဲ့ရခြင်းမဟုတ်ဘဲ နေရာအနည်းငယ်ကိုသာ မြင်ခဲ့ရခြင်း ဖြစ်သည်။ ထိုကျန်ရှိသော နေရာများတွင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော သတ္တဝါများ ပုန်းခိုနေခြင်း မရှိဟု မည်သူက သိနိုင်မည်နည်း။

အားလုံးထက် အရေးကြီးသည်မှာ ထိုကျွန်းသည် ဧရာမသမုဒ္ဒရာနှင့်ယှဥ်လျှင် သေးငယ်သော ကျွန်းတစ်ခုသာ ဖြစ်နေခြင်း ဖြစ်သည်။ ကျယ်ပြောသော ယင်းသမုဒ္ဒရာထဲတွင် ပိုမိုကြီးမားသော သတ္တဝါများ မည်မျှ ရှိနေဦးမည်ကို မည်သူသိနိုင်မည်နည်း။

သူ၏ လက်ရှိအရွယ်အစားနှင့် စွမ်းအားဖြင့်ဆို သူသည် ထိုနေရာတွင် သေးငယ်သော ပုရွယ်ဆိတ်တစ်ကောင်သာ ဖြစ်နိုင်ပေမည်။ အချိန်မရွေး သေဆုံးနိုင်သော ပုရွယ်ဆိတ်တစ်ကောင် ဖြစ်သည်။

အနည်းငယ်မျှ စဉ်းစားပြီးနောက် ဖန့်ရန်သည် ထိုအထဲဝင်မည့် စိတ်ကူးကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် နည်းဗျူဟာတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

၎င်းသည် အာကာသလမ်းကြောင်းအရှေ့တွင် စောင့်ကာ ထိုနေရာက ထွက်လာသည့် ဧရာမသတ္တဝါများကို တိုက်ခိုက်ရန်ဖြစ်သည်။

ထိုအခါ သူမတိုက်ခိုက်နိုင်သည့် ဧရာမသတ္တဝါတစ်ကောင် ပေါ်ထွက်လာလျှင် ချက်ချင်းထွက်ပြေးနိုင်မည် ဖြစ်သည်။

အာကာသလမ်းကြောင်းအတွင်းက သတ္တဝါများ ထွက်မလာသေးသည့် အချိန်တွင်တော့ အနီးအနားရှိ နေရာများသို့ သွားကာ သာမန်သားကောင်များကို ရှာဖွေမည် ဖြစ်သည်။

ဤသို့ဆုံးဖြတ်ပြီးနောက် ဖန့်ရန်သည် အာကာသလမ်းကြောင်းနှင့် သိပ်မနီးသောနေရာတွင် လှဲလျောင်းကာ အာကာသလမ်းကြောင်းအတွင်းမှ ဧရာမသတ္တဝါများ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

(၇) ရက်ကြာပြီးနောက် ဧရာမသတ္တဝါတစ်ကောင် အာကာသလမ်းကြောင်းမှ ရုန်းကန်ကာ ထွက်လာခဲ့သည်။ ၎င်းသည် သာမန် မက်ဂလိုဒွန်တစ်ကောင် ဖြစ်ပြီး ဖန့်ရန်လည်း ၎င်းကို တိုက်ခိုက်ကာ စားသုံးလိုက်သည်။

ထို့နောက် ရက်အနည်းငယ်အကြာတိုင်းတွင် ဧရာမသတ္တဝါများ တစ်ကောင်ပြီးတစ်ကောင် အာကာသလမ်းကြောင်းအတွင်းမှ ထွက်လာတတ်သည်။ ၎င်းတို့တွင် သာမန်ရှေးဟောင်းသတ္တဝါများနှင့် သန္ဓေပြောင်းသားရဲ(သတ္တဝါ)များ ပါဝင်၏။

တဖြည်းဖြည်း ဤဧရာမသတ္တဝါများ အာကာသလမ်းကြောင်းအတွင်းမှ မကြာခဏ ထွက်လာတတ်ကြောင်း ဖန့်ရန် သတိထားမိလာခဲ့သည်။ ဤသို့ဖြင့် ဧရာမသတ္တဝါတစ်ကောင် ထွက်လာပြီးနောက် နောက်တစ်ကောင် ထွက်လာသည့် အချိန်ကွာခြားမှုမှာ လျော့နည်းလာခဲ့သည်။

ဤသို့ဖြင့် တစ်လကျော်ကြာသွားပြီးနောက် သူ၏ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုအတွက် လုံလောက်သော စနစ်အမှတ်များ စုဆောင်းမိသွားသည်။

ထိုနောက် ဖန့်ရန် သဲကန္တာရကျွန်းတစ်ခုကို ရှာဖွေကာ သူ၏ အကြမ် (၂၀) မြောက် ဆင့်ကဲပြောင်းလဲမှုကို စတင်ခဲ့လေသည်။

ဖန့်ရန်သည် သူ၏ ဆင့်ကဲဖြစ်စဉ်ကို စတင်နေချိန်တွင် လူသားများက သူ့ကို ရှာဖွေနေခဲ့သည်။

ဧရာမပင်လယ်မြွေကြီး၏ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခြင်းသည် ၎င်းကို ရှာဖွေနေသူများကို စိုးရိမ်သောကရောက်စေခဲ့သည်။

အထူးသဖြင့် အမေရိကန်အစိုးရပင် ဖြစ်သည်။

အမေရိကန်အစိုးရသည် ဧရာမပင်လယ်မြွေကြီး သူတို့၏ စစ်သင်္ဘောတစ်စီးကို နှစ်မြှုပ်ပစ်ခဲ့ကြောင်း ကြားသိပြီးနောက် ၎င်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် သူတို့သည် ၎င်းကို မည်သည့်နေရာတွင် ရှာဖွေသည်ဖြစ်စေ ဧရာမပင်လယ်မြွေကြီးက လုံးဝပျောက်ဆုံးနေခဲ့သည်။

ထို့အပြင် ဧရာမပင်လယ်မြွေကြီးသည် တစ်ကောင်တည်းသော ပင်လယ်သတ္တဝါကြီး မဟုတ်ကြောင်း ယုံကြည်သူ များပြားလာစေနိုင်သော သင်္ဘောပျက်စီးမှု တစ်လအတွင်း (၅) ကြိမ် ဖြစ်ပွားခဲ့လေသည်။

ယင်းသင်္ဘောပျက်စီးမှု (၅) ကြိမ်တွင် (၂) ကြိမ်က တစ်နေ့တည်းတွင် ဖြစ်ပွားခဲ့သော်လည်း ၎င်းတို့သည် တစ်ခုနှင့် တစ်ခု ကီလိုမီတာ (၅၀၀၀) ကွာဝေးနေပေသည်။

ကံမကောင်းအကြောင်းမလှစွာဖြင့် ဧရာမပင်လယ်မြွေကြီးမှလွဲ၍ အခြားသော ဧရာမပင်လယ်သတ္တဝါကြီးများကို မည်သူမျှ သက်ရှိထင်ရှား မမြင်ဖူးကြပေ။

ကမ္ဘာကြီးတစ်ခုလုံး ဆူညံ့ပွက်လောရိုက်နေချိန်တွင် သင်္ဘောပျက်စီးမှု တစ်ခု နောက်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ဤသင်္ဘောပျက်စီးမှုသည် ကမ္ဘာတစ်ခုကို လှုပ်ခတ်သွားစေခဲ့ပြီး၊ ဒုတိယမြောက် ဧရာမပင်လယ်သတ္တဝါကြီးကို သက်ရှိထင်ရှား မြင်တွေ့ခဲ့ရသည်။

.....

All Chapters