ရုတ်တရက် ဖိတ်ကြားခြင်း(၂)
Vol. 57 Ch. 842
ဖုန်းယွီ တုံ့ဆိုင်းသွားသည်။ CPPCC ၏ အမျိုးသား ကော်မတီအဖွဲ့ဝင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူး များစွာ ရှိကာ အသက်အရွယ် ငယ်လွန်း၍ မဟုတ်ပါက သူ့ကို မဟာလူသာလီ နောက်ပေါက် အဖြစ် သဘောထားနိုင်ပြီး CPPCC ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။
သို့ရာတွင် ဖုန်းယွီသည် ငယ်လွန်းကာ CPPCC အဖွဲ့ဝင် ဖြစ်လာပါက လူအများ သတိထားမိသွားကြ ပေလိမ့်မည်။ သူသည် နောက် (၂)နှစ်လောက်ထိ နှိမ့်ချ နေချင်သေးသည်။ သူသွားလေရာသို့ သတင်းထောက်များ လိုက်နေသည် ကို မလိုချင်ချေ။ ဖုန်းယွီ၏ အောင်မြင်မှုများသည် မဟာလူသားလီနှင့် ကမ္ဘာပေါ်ရှိ အခြားထိပ်တန်း သူဌေးကြီးများ ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။
ဖုန်းယွီ ယခင်ဘဝ၌ လက်ရှိအသက်အရွယ်ဝန်းကျင် သန်းကြွယ်သူဌေး မာ့ခ်ဇူကာဘတ်ကိုသာ သိပေသည်။ ဖုန်းယွီသည် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းများမှ သူ၏ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ခဲ့သူဖြစ်ပြီး တစ်ကမ္ဘာလုံးမှ သူ့ကို သတိပြုမိကြပေလိမ့်မည်။
အချိန်တိုင်း နေရာတိုင်း လူအများသူ့ကို စောင့်ကြည့်နေပါက စိတ်တိုရပေလိမ့်မည်။
“ဒါရိုက်တာဖုန်း ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ကျုပ်အရမ်းငယ်သေးတယ်.. နောက်(၂)နှစ် လောက်ဆိုရင် ကျုပ်ပါလို့ရမယ်.. ဒါပေမယ့် တိုင်ပြည်က လိုအပ်ရင်တော့ အသင့်ရှိနေမှာပါ.. တိုင်းပြည်အတွက်ဆို ကျုပ်ငွေတွေအားလုံး စွန့်လွှတ်နိုင်တယ်..”
ဖုန်းယွီ၏ အဆက်အသွယ်များအရ သူသည် ငွေအားလုံး စွန့်လွှတ်လိုက်လျှင်ပင် ပြန်ရောက်သည်နှင့် ချေးငွေ အလွယ်တကူ ရနိုင်ပေသည်။
ဒါရိုက်တာဖုန်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ.. မင်းဆုံးဖြတ်ချက်ကို ငါလေးစားတယ်.. အခုတော့ နောက်ကျနေပြီမို့ ငါပြန်မှရမယ်.. မင်းကို အဖျော်ယမကာ လုပ်ငန်း အဖွဲ့အစည်းအတွက် အဖြေတစ်ခုပေးမယ်.. နိုင်ငံတော်အတွက် အလှူငွေတွေ ထည့်ဝင် ထားသူတွေကို ပစ်မထားပါဘူးကွာ..”
ဒါရိုက်တာ ဖုန်းအား ပြန်ပို့ပြီးနောက် ဖုန်းယွီသည် လေနှင့်မိုး အဆောက်ဦးသို့ ပြန်လာလိုက်သည်။ တရုတ်နိုင်ငံသို့ ပြန်လာသည်မှာ အဖျော်ယမကာလုပ်ငန်း အသင်း၏ ပြဿနာများ ဖြေရှင်ရန်ဖြစ်သည်။ နိုင်ငံရပ်ခြား အမှတ်တံဆိပ် ကြီးများနှင့် တိုက်ခိုက်နေချိန်တွင် မိမိ မွေးရပ်မြေ၌ နောက်ကျော ဓားထိုးခံရခြင်းမျိုး မမြင်လိုချေ။
ဖုန်းယွီသည် ထိုထိုင်ဝမ်ကုမ္ပဏီ (၂)ခုနှင့် ဆက်ဆံရာတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ နည်းလမ်းများကို အသုံးချရ ပေလိမ့်မည်။
တုံကြီးသည် ဖုန်းယွီ၏ အဓိကပြိုင်ဘက်များထဲမှ တစ်ယောက်ဖြစ်သည်။ တုံကြီးသည် Carrfour နှင့် တုံကြီး Carrfour ကုန်တိုက်များ စတင်ရန် ပူးပေါင်းထားသည့် လက်လီ စတိုးဆိုင်များ ရှိကာ ဖက်စပ်လုပ်ငန်း၏ ရှယ်ယာ (၄၀)ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ထိုင်ဟွာ ကုန်တိုက်သည် ထိုင်ဝမ်ဈေးကွက်သို့ ဝင်ရောက်မှု တားမြစ်ကာ Carrfour သည် တရုတ်ဈေးကွက်ကို ပစ်မှတ်ထားရန် ထိုကုမ္ပဏီကို အသုံးချနေပေသည်။
တုံကြီးသည် ထိုင်ဝမ်၌ နို့လက်ဖက်ရည်ကိုလည်း ထုတ်လုပ်သည်။ ထိုင်ဝမ်ရှိ နို့လက်ဖက်ရည်ဆိုင်များတွင် သုံးနေကျ နို့မှုန့်အများစုကို တုံကြီးမှ ထုတ်လုပ်ထားသည်။ ဂျယ်လီ၊ နို့ထွက်ပစ္စည်းများနှင့် ဝက်ပေါင်ခြောက်များ လည်း ထုတ်လုပ်သည်။ ၎င်းတို့သည် ထိုင်ဝမ်တွင် ထိပ်တန်း အစားအစာ ထုတ်လုပ်သူဖြစ်ပြီး ဝမ်ဝမ် အုပ်စုထက် အားကောင်းပေသည်။
ကျောက်ချင်းရှန်သည် အသင့်စား ခေါက်ဆွဲလုပ်ငန်းသို့ ဝင်ရောက်ချင်ပြီး ပိုင်တာ့စန်းသည်လည်း အသင့်စား ခေါက်ဆွဲများ ထုတ်လုပ်ရန် စိတ်ကူးနေပေသည်။ ထို ထိုင်ဝမ်ကုမ္ပဏီ(၂)ခုအား နှိမ်နင်းခြင်းသည် တရုတ်ကုမ္ပဏီ များအတွက် အခွင့်ကောင်းတစ်ခု ဖြစ်စေပေသည်။
ပထမတွင် ဖုန်းယွီသည် ကျောက်ချင်းရှန်အား အခြားကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် ထိုင်ဝမ်ကုမ္ပဏီ (၂)ခုထဲမှ တစ်ခုကို ရွေးခိုင်းသေးသည်။ ယခုမူ ထိုကုမ္ပဏီ(၂)ခုနှင့် ခွာပြဲကာ ၎င်းတို့ကို နှိမ်နင်းကာ တရုတ်နိုင်ငံ၏ ပြည်တွင်း အမှတ်တံဆိပ် ဖော်ဆောင်ရတော့ပေမည်။
အသင့်စား ခေါက်ဆွဲအတွက် ခေါက်ဆွဲဖွဲ့စည်းပုံနှင့် ဟင်းခတ်အမွှေးအကြိုင် (၂)မျိုးပါဝင်ပေသည်။ လက်ရှိ တရုတ်နိုင်ငံ၏ အသင့်စား ခေါက်ဆွဲများတွင် အရသာ သိပ်မများချေ။ ဖုန်းယွီသည် ကျောက်ချင်းရှန်မှာ ပင်လယ်စာ ကဲ့သို့ အရသာအမျိုးမျိုး ထုတ်လုပ်ရန် သို့တည်းမဟုတ် ခေါက်ဆွဲအသားကို သေချာ အာရုံစိုက်ရန် အကြံပေးလိုက် သည်။ ဂျပန်နှင့် ကိုရီးယားတို့သည် အကောင်းဆုံး အသင့်စား ခေါက်ဆွဲနည်းပညာများ ရှိပြီး ထိုင်းနှင့် ဗီယက်နမ် တို့မှာ သူ့နောက်တွင်ရှိပေသည်။ ခေါက်ဆွဲခြောက်များ၏ အသွင်အပြင်ကြောင့် တရုတ်နိုင်ငံ၏ အသင့်စား ခေါက်ဆွဲ များသည် ထိုနိုင်ငံများထက် နောက်ကျနေပေသည်။
အသင့်စား ခေါက်ဆွဲများအပြင် ကစီဓာတ်ပါဝင်သည့် အသင့်စား ခေါက်ဆွဲများလည်း ရှိသေးသည်။ လီဟဟ၌ ငွေ အလွယ်တကူ ရှာနိုင်ရန် ရွေးချယ်စရာ များစွာရှိပေသည်။
ဖုန်းယွီ၏ ဘဝတွင် လူကြိုက်များသည့် ခေါက်ဆွဲခြောက် တံဆိပ်ပေါင်း (၁၀)ခုကျော် ရှိကာ ထိုတံဆိပ်များအားလုံး အမြတ်အစွန်း များပေသည်။ သို့ရာတွင် ကောင်းရှစ်ဖူနှင့် တုံကြီး အမှတ်တံဆိပ် အသင့်စား ခေါက်ဆွဲများသည် ရောင်းအား အကောင်းဆုံးဖြစ်ပြီး အမြတ်အများဆုံး ရလိုက်ကြသည်။
အခြားသော ခေါက်ဆွဲခြောက် အမှတ်တံဆိပ်များအပြင် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုသည် ၎င်းတို့၏ အမှတ်တံဆိပ်နှင့် ဖြန့်ဖြူးရေးလမ်းကြောင်းများမှာ အကြောင်းအရင်းတစ်ခုဖြစ်နေသည်။ လီဟဟအတွက်မူ အမှတ်တံဆိပ် သိမြင်မှုသည် တရုတ်နိုင်ငံရှိ တုံကြီးနှင့် ကောင်းရှစ်ဖူတို့ထက် မြင့်မားသဖြင့် ဤသည်မှာ ပြဿနာမဟုတ်ချေ။
**********
ကျူးရှန်ယင် သူ့ရုံးခန်းသို့ ပြန်ရောက်ပြီးနောက် တုံကြီးသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။ သို့ရာတွင် တစ်ဖက်မှ ဖုန်းမကိုင်မီ စည်းကမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ သူ့ရုံးခန်းအတွင်း ဝင်လာကာ..
“ကျူးရှန်ယင် အခု မင်းကို စုံစမ်းစစ်ဆေးဖို့အတွက် ငါတို့နဲ့ လိုက်ခဲ့ပါ..”
ကျူးရှန်ယင် ဖုန်းလက်ကိုင်အား ပြန်ချလိုက်သည်။ လာဘ်ပေးလာဘ်ယူမှုနှင့် အဖမ်းခံရသည်လော။
ကျူးရှန်ယင် ဖုန်းခေါ်သည်ကို လက်ခံရလိုက်သည်နှင့် တုံကြီးအဖွဲ့သည်လည်း ချက်ချင်း လုပ်စရာရှိသည်များ လုပ်ရတော့သည်။ ၎င်းတို့သည် အပြစ်ရှိကြောင်း ဝန်ခံရန် အဖျော်ယမကာ အသင်းသို့ ဆက်သွယ်ခဲ့ပြီး ကောင်းရှစ်ဖူ သည် အရာအားလုံးကို နောက်ကွယ်မှ စီစဉ်သူဖြစ်ကြောင်း ထွက်ဆိုသွားသည်။ လျော်ကြေးငွေ အကြေပေးဆောင် ကာ မဟာမိတ်အဖွဲ့အတွင်း ဆက်လက် ပါဝင်ချင်ပေသည်။
တုံကြီးမှာ လျော်ကြေးများ အပြည့်အဝ မပေးလိုချေ။ အထိုင်ချရန် ကုန်ကျစရိတ်များ ကာမိစေရေးအတွက် အဆက်အသွယ်များသုံး၍ ကြိုးစားဆဲဖြစ်ကာ ပြုပြင်ပါမည်ဟု ကတိပေးခဲ့သည်။ လျော်ကြေးငွေ ပေးရန်မလိုဟု မျှော်လင့်ကာ ထပ်မံလုပ်မိပါက လျော်ကြေး(၂)ဆပေးမည်ဟု ကတိထပ်ပေးပြန်သည်။
ကောင်းရှစ်ဖူသည် တုံကြီးမှ နောက်ကျော်ကို ဓားဖြင့်ထိုးကြောင်း သိလိုက်ရသဖြင့် အံ့ဩသွားသည်။ မဟာမိတ် အဖွဲ့အား ဆန့်ကျင်ရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူထားပြီး တိတ်တိတ်လေး ခွာသွားသည်။ မိမိအပေါ် အပြစ်အားလုံး တွန်းပို့နေသည်လော။ မည်သို့လုပ်ရန် ကြိုးစားနေသနည်း။
ယခုအချိန်တွင် ကုမ္ပဏီ(၂)ခုစလုံးသည် ကျူးရှန်ယင်၏ လာဘ်ပေးလာဘ်ယူမှု ကိစ္စနှင့် ပတ်သက်၍ တာဝန်ခံများ၏ အကောင့်များ တင်ပြရန် အကြောင်းကြားစာ ရလိုက်ကြသည်။
ကုမ္ပဏီ(၂)ခု၏ တာဝန်ခံများ ထိတ်လန့်သွားတော့သည်။ ဥက္ကဋ္ဌကျူးအား လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းထားသည် လော။ လွန်ခဲ့သည့် (၂)ရက်ခန့်က အဆက်အသွယ်ပြတ်သွားသည်မှာ အံ့ဩစရာ မရှိတော့ချေ။
ထိုကုမ္ပဏီ(၂)ခုအတွက် ဆွေးနွေးလိုသည့် အခြားသော အစိုးရ အရာရှိများ ချက်ချင်း နှုတ်ဆိတ်သွားတော့သည်။ ကျူးရှန်ယင် အဖမ်းခံရခြင်းသည် လျှို့ဝှက်ချက် မဟုတ်ချေ။ ထိုထိုင်ဝမ်ကုမ္ပဏီ(၂)ခုနှင့် ပူးပေါင်းရန်မှာ အန္တရာယ် များလွန်းပေသည်။
ကုမ္ပဏီ(၂)ခုအတွက် ရှင်းပြရန် နည်းလမ်း မရှိတော့ချေ။ လူမိုက် ကျူးရှန်ယင်သည် လာဘ်ပေးလာဘ်ယူမှု အထောက်အထားများ သိမ်းဆည်းရမိခဲ့ပြီးဖြစ်၍ ထိုကုမ္ပဏီ(၂)ခုမှာ ငြင်းဆန်၍ မရချေ။ သို့အတွက် ကုမ္ပဏီ(၂)ခု စလုံးမှ ဒဏ်ငွေ အများအပြား ချမှတ်ခံရပြီး ထိုအဖြစ်အပျက်ကို CCTV သတင်းပိုင်း၌ပင် ဖော်ပြခဲ့ပေသည်။
ထိုကုမ္ပဏီ(၂)ခု၏ အမှတ်တံဆိပ် ပုံရိပ် ညှိုးနွမ်းသွားချေသည်။ ဖြန့်ဖြူးသူအားလုံးသည် ၎င်းတို့၏ ကုန်ပစ္ဏည်းများကို ပြန်လည် ပေးသွင်းချင်နေကြသဖြင့် ထိုင်ဝမ်ကုမ္ပဏီများသည် ထိုကိစ္စတည်ငြိမ်စေရန် ငွေအမြောက်အများ ပေးချေ လိုက်ရသည်။ သို့ရာတွင် နောက်လတွင် အမှာစာများ သိသိသာသာ ကျဆင်းသွားကြောင်း သိလိုက်ကြရသည်။
ထိုင်ဝမ်ကုမ္ပဏီများကို ဆန့်ကျင်သည့် ဆောင်းပါးများသည်လည်း စာဆောင်အသီးသီးသတွင် စတင်ပေါ်လာပြီး ၎င်းတို့၏ အမြတ်အစွန်းအပေါ် သက်ရောက်မှု သိသာလွန်းလှသည်။
ဖုန်းယွီသည် နောက်ကွယ်မှ လှုပ်ရှားနေသူ တစ်ယောက်ဖြစ်ပြီး ဖြန့်ဖြူးသူများအား ကုန်ပစ္စည်းများ ပြန်အပ်ရန် လမ်းကြောင်းပေးခဲ့သူဖြစ်သည်။ ထိုဖြန့်ဖြူးသူ အများစုမှာ ထိုင်ဝမ်ကုန်သွယ်ရေးမှ ကာလရှည် လုပ်ဖော် ကိုင်ဖက်များ မဟုတ်ပေလော။
ဖုန်းယွီသည် ဖြန့်ဖြူးသူများအား ထိုအမှတ်တံဆိပ်(၂)ခု ရောင်းချခြင်းကို ရပ်တန့်ရန် မပြောခဲ့ချေ။ ၎င်းတို့အတွက် ဒုက္ခများ ဖန်တီးပေးရန်သာ ပြောခဲ့သည်။ သို့အတွက် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုမှာ ရောင်းအား ကျဆင်းသွားသော်လည်း ဖြန့်ဖြူးသူများအတွက် ထိခိုက်မှု မရှိချေ။ ထိုင်ဝမ်ကုမ္ပဏီ (၂)ခုမှာမူ ဆုံးရှုံးမှုများ ခံစားနေကြရပေပြီ။
ထိုင်ဝမ်ကုမ္ပဏီ(၂)ခုမှာ နောက်ဆုံးတွင် ဖုန်းယွီ၏ ပြင်းထန်ထိရောက်သော နည်းဗျူဟာများကို မြင်လိုက်ရ တော့သည်။ ဤသည်က ပေါင်းစပ် တိုက်ခိုက်မှုဖြစ်ပြီး လက်တုန့်ပြန်ရန် နည်းလမ်း မရှိချေ။ ဆုံးဖြတ်ချက်မှား တစ်ခု၏ တန်ပြန်ရလဒ်မှာ ဖြေရှင်းရန် ခက်ခဲလွန်းလှပေသည်။ ကုမ္ပဏီများသည် ထိုင်ဝမ်အစိုးရအား အကူအညီ တောင်းရန် ကြိုးစားခဲ့သော်လည်း ပထမဆုံး အမှားလုပ်ထားသူများ ၎င်းတို့ပင်။ အစိုးရဘက်မှ ကူညီရန် နည်းလမ်း မရှိချေ။
ဖုန်းယွီသည် အားလုံးကို သူ့စွမ်းအားများ ပြခဲ့သည်။ မိမိနှင့် အတူ အလုပ်လုပ်ပါ။ အတူတကွ ငွေရှာကြမည်။ နောက်ကွယ်၌ လှည့်ကွက် သေးသေးလေး လုပ်လာလျှင်ပင် သေကြောင်းကြံသကဲ့သို့ ဖြစ်သွားပေမည်။
ထိုအဖြစ်အပျက် ဖြစ်ပြီးနောက် မဟာမိတ်အဖွဲ့၏ ပေါင်းစည်းမှု ပိုကောင်းလာကာ ဖုန်းယွီသည် အခြားကုမ္ပဏီများ ကို ကိုင်တွယ်ရန် ပို၍ လွယ်ကူသွားသည်။ ထိုကုမ္ပဏီ(၂)ခုကို ထုတ်ပယ်ပြီးနောက် စင်များမှ လွတ်သွားသည့် နေရာများကို အခြားအမှတ်တံဆိပ်များအား သာတူညီမျှ ခွဲဝေပေးခဲ့သည်။
အချိန် ကုန်ဆုံးမှု မြန်လှသဖြင့် အိုလံပစ် အားကစားပွဲများ စတင်တော့ပေမည်။
--------**$$^$$**--------