← Chapters

ရှက်စရာအတိ ဖွင့်ပွဲအခမ်းအနား

Vol. 57 Ch. 843

ရှက်စရာအတိ ဖွင့်ပွဲအခမ်းအနား

Vol. 57 Ch. 843

“ကြိုဆိုပါတယ် အဖွဲ့ခေါင်းဆောင်မာ.. ခင်ဗျား အတ္တလန္တာမှာ တစ်ခုခု လိုရင် ကျုပ်ကို ပြောပါ..”

ဖုန်းယွီသည် တရုတ်အိုလံပစ် အားကစားအဖွဲ့ခေါင်းဆောင်အား လက်ဆွဲနှုတ်ဆက်လိုက်သည်။

“မန်နေဂျာဖုန်း.. ငါ့ကို အဘိုးကြီးမာလို့ ခေါ်လို့ရပါတယ်ကွာ.. မင်းက ငါတို့ကို ကောင်းကောင်း ဂရုစိုက်ထားမှတော့ ထပ်ပြီး တောင်းဆိုစရာကို မရှိပါဘူးကွာ.. ငါတို့ အားကစားသမားတွေ အရမ်းကြီး သက်သာလွန်းသွားရင် မကောင်းဘူးကွ..”

မာထောင် သည်လည်း ဖုန်းယွီ၏လက်အား နွေးထွေးစွာ ခါရမ်းရင်း နှုတ်ဆက်လိုက်သည်။

အမေရိကန်သို့ မလာမီ မာထောင်၏ အထက်အရာရှိများမှ ပြဿနာ တစ်ခုခု ပေါ်ပါက ဖုန်းယွီနှင့် သွားတွေ့ရန် ညွှန်ကြားထားပြီး မန်နေဂျာဖုန်းအား မည်သို့မှ မစော်ကားမိစေရန် ညွှန်ကြားထားသည်။

“ဘယ်ပွဲက ဆုတံဆိပ်တွေရဖို့ အခွင့်အလမ်းများတယ်ဆိုတာ ကျုပ်ကို ပြောပေးပါ.. သူတို့ကို အားပေးဖို့ တရုတ်ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ကျုပ်စီစဉ်လို့ရအောင်လေ..”

ကျန်းလီပေါင်မှ ထောက်ခံသူများအဖြစ် တရုတ်ပြည်ပကျောင်းသားများကို အကြံပြုထားပြီး တရုတ် အလုပ်သမား များမှာလည်း ဖုန်းယွီ၏ ကုမ္ပဏီများမှ ဖြစ်သည်။ ထိုပွဲအတွက် လက်မှတ်များကို ဝန်ထမ်းများအား အကျိုးခံစားခွင့် အဖြစ်ပေးထားပေသည်။

အားပေးသူများအားလုံး စပွန်ဆာ လက်တိုအင်္ကျီနှင့် ဦးထုပ်ဝတ်ဆင်ရပေမည်။ လေနှင့်မိုး၊ လီဟဟ၊ စောင်ကျင်း၊ ကျန်းလီပေါင် စသည်ဖြင့် တံဆိပ်များ ရိုက်နှိပ်ထားပေသည်။ စာလုံးကြီးများဖြင့် ရေးသားထားသည့် ‘China’ ဟူသော စာတန်းလည်း ပါဝင်ပေသည်။

သို့အတါက် တရုတ် အားကစားသမားများသည် ၎င်းတို့၏ အမာခံ ပရိသတ်များကို အလွယ်တကူတွေ့မြင်နိုင်ကာ တစ်ချိန်တည်း မှာပင် ထိုအမှတ်တံဆိပ်များကို ကြော်ငြာပြီးသား ဖြစ်သွားပေမည်။ ပရိတ်သတ်များမှာမူ ၎င်းတို့၏ အားကစားသမားများ သူတို့ရှေ့တွင် အိုလံပစ် ရွှေတံဆိပ်များ ဆွတ်ခူးနေကြသည်ကို တွေ့မြင်ရသည့်အတွက် စိတ်လှုပ်ရှားနေကြပေသည်။ ၎င်းတို့ တစ်သက်တာ ထိုသို့သော အခွင့်အရေးမျိုး မရခဲ့ကြချေ။ ပေကျင်းသည် (၂၀၀၀)ပြည့်နှစ် အိုလံပစ် အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း မည်သူ ကြိုသိနိုင်မည်နည်း။

“ကျေးဇူးအများကြီး တင်ပါတယ်ဗျာ.. ကိုယ့်နိုင်ငံသားအချင်းချင်း အားပေးနေမှန်းသိရင် ပိုကောင်းတာပေါ့.. ဒီနှစ် အိုလံပစ် အားကစားပြိုင်ပွဲက နှစ်(၁၀၀)ပြည့်လဲ ဖြစ်နေတာဆိုတော့ အမှတ်တရ ဖြစ်မှာပါ.. ဖွင့်ပွဲ အခမ်းအနား ကိုက ခမ်းနားကြီးကျယ်လောက်မယ်..”

ဖုန်းယွီ၏ အမူအရာ ထူးဆန်းသွားသည်။ ဖွင့်ပွဲအခမ်းအနားအတွက် မျှော်လင့်ချက် ကြီးကြီးမထားရန် မာထောင် အား ပြောပြချင်ပေသည်။ ယခုနှစ် ဖွင့်ပွဲအခမ်းအနားမှာ (၂၀၁၂)ခုနှစ် လန်ဒန် အားကစားပွဲထက် အလွန် ဆိုးရွားပေသည်။

“ဟား.. ဟား.. ဟား.. ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် နောင်ဆို တရုတ်နိုင်ငံက အိုလံပစ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်ဆိုရင် ဖွင့်ပွဲအခမ်းအနား ပိုတောင် ခမ်းနားလိမ့်မယ်လို့ ယုံကြည်ပါတယ်..”

“မန်နေဂျာဖုန်း.. ငါ့လူတွေ နေဖို့ထိုင်ဖို့ သွားပြီး နေရာချလိုက်အုံးမယ်.. ငါတို့ကို လာကြိုပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်..”

“ကောင်းပြီလေ.. ကျုပ်နဲ့ အတွင်းရေးမှူး ဖုန်းနံပါတ်တွေ ပေးထားမယ်.. တစ်ခုခုလိုရင် ကျုပ်တို့ကို ဖုန်းဆက်လိုက်ပေါ့..”

ရက်အနည်းငယ်ကြာပြီးနောက် အတ္တလန္တာ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပတော့သည်။

ဖုန်းယွီသည် ယခုနှစ် ဖွင့်ပွဲအခမ်းအနား အကြောင်း သိပြီးဖြစ်၍ မတက်ရောက်ခဲ့ချေ။ ဖွင့်ပွဲအခမ်းအနား စီစဉ်သူမှာ အတ္တလန္တာပြည်နယ်ဖြစ်ကြောင်း ကြားထားပြီး တိုင်းပြည်မှ သိပ်မကူညီခဲ့ချေ။ ဤသည်မှာ ပေကျင်း၊ ဧသင်၊ ဆိုးလ် အစရှိသည့် နိုင်ငံများနှင့် ကွဲပြားမှုပင်။

နောင်နှစ်များတွင် ပေကျင်း အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသည် အွန်လိုင်းပေါ်၌ ချီးမွမ်းမှု အများဆုံး ရရှိခဲ့ပြီး ၎င်းနောက်တွင် ဧသင်နှင့် ဆိုးလ်တို့ ဖြစ်သည်။ ဧသင်နှင့် ဆိုးလ် အိုလံပစ် အားကစားပွဲများမှလွဲ၍ အခြား(၃)နိုင်ငံ အကြောင်း လူသိပ်မပြောကြချေ။ အတ္တလန္တာ အားကစားပြိုင်ပွဲသည် အဆိုးရွားဆုံးအဆင့် သတ်မှတ်ခံလိုက်ရ သည်။

ဖုန်းယွီသည် ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်သည့်အခါ ဒေါသ ပေါက်ကွဲတော့သည်။ အမေရိကန် ရုပ်မြင်သံကြား မှတ်ချက်ပေးသူ တစ်ယောက်မှ..

“ကြည့်လိုက်အုံး.. မူးယစ်ဆေးဝါး သုံးနေတဲ့ အားကစားသမားအဖွဲ့တစ်ဖွဲ့ လျှောက်လာနေတယ်..”

ချက်ချင်းပင် ဖုန်းယွီသည် ရီလ်ဖာအား..

“အဲ့အချက်အလက်ပေးပြီး မနက်ဖြန် ရုပ်မြင်သံကြားမှာ တိုက်ရိုက်လွှင့်ပြီး တောင်းပန်ခိုင်းလိုက်..”

ဖုန်းယွီသည် ထိုရုပ်မြင်သံကြား မှတ်ချက်ပေးသူအား ဆုတ်ဖြဲပစ်ချင်နေသည်။

အမေရိကန်သည် စိတ်ကြွဆေးသုံးသည့် အားကစားသမား အများဆုံးနိုင်ငံဖြစ်ပြီး၊ သူ့နောက်တွင် ဂျပန်နိုင်ငံ ရှိပေသည်။ အချို့သော တရုတ်အားကစားသမားများသည် စိတ်ကြွဆေးသုံးသော်လည်း ကိန်းဂဏန်းအရ အမေရိကန်နှင့် ဂျပန်တို့ကို မယှဉ်နိုင်ချေ။

ဖုန်းယွီ၏ ယခင်ဘဝတွင် ဗစ်တာကောင့်သည် (၁၉၈၈)ခုနှစ် ဆိုးမြို့ အားကစားပွဲတော်မှစ၍ ရေကူး၊ ဂျူဒို၊ အလေးမ စသည်တို့တွင် ရလဒ်များ ပိုကောင်းစေရန် ဘယ်လ်ကိုမှ ထုတ်လုပ်သည့် အားကစား စိတ်ကြွဆေးအသစ် တစ်မျိုး အသုံးပြုလာသည်ဟု ဆိုပေသည်။

၎င်း၏ ဓာတ်ခွဲခန်းမှ တီထွင်လိုက်သည့် စိတ်ကြွဆေးသည် တတိယမျိုးဆက်အထိပင် အဆင့်မြှင့်တင်ထားပြီး ရှာဖွေ မတွေ့နိုင်ကြောင့် ပြောထားပေသည်။ ကမ္ဘာပေါ်ရှိ အားကစားသမား အများစုသည် စိတ်ကြွဆေးများ အသုံးပြုကြပြီး ထိုသို့ မသုံးပါက မည်သည့်အခါတွင်မှ အနိုင်ယူနိုင်မည် မဟုတ်ချေ။

(၂၀၀၃)ခုနှစ် ကမ္ဘာ့ချန်ယီယံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၁၀၀)ပြိုင်ပွဲ၌ စံချိန်မှာ (၁၀.၀၇)စက္ကန့်ဖြစ်ပြီး လွန်ခဲ့သော အနှစ်(၂၀)အတွင်း (၁၀)စက္ကန့်ကျော်အတွင်း မည်သူမျှ ကမ္ဘာ့ချန်ပီယံဆု မယူနိုင်ခဲ့ချေ။ ထိုအချိန်တွင် အားကစား သမားများသည် စိတ်ကြွဆေးများအတွက် သွေးစစ်မှု ခံယူရပေသည်။ ထိုစဉ်က စိတ်ကြွဆေးများကို သွေးစစ်ခြင်းဖြင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီး အားကစားသမား အများအပြားသည် အားကစားပွဲများမှ နုတ်ထွက်ရန် အကြောင်းပြချက် မျိုးစုံ သုံးခဲ့ကြသည်။

အားကစားသမားများက အစာအဆိပ်သင့်ခြင်း၊ ကြွက်တက်ခြင်း စသည်တို့ဖြစ်တတ်ကြောင်းဖြင့် သီးခြား တိုင်ကြားမှု မရှိခဲ့ချေ။ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံရပြီး နောင်အခါ ပြိုင်ပွဲများအတွက် ပိတ်ပင်ခံရခြင်းထက် ဤပြိုင်ပွဲ လက်လွှတ်ခံလိုက်မည်သာပင်။

ပြီးခဲ့သော အိုလံပစ် အားကစားပွဲများနှင့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲများတွင် အမေရိကန်သည် အရည်အချင်း မပြည့်မီသည့် အားကစားသမား အရေအတွက် အများဆုံး ရှိခဲ့ပြီး အဓိက အကြောင်းအရင်းမှာ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းပင် ဖြစ်သည်။ အမေရိကန် ဂန္တဝင် လူးဝစ်ပင်လျှင် စိတ်ကြွဆေး သောက်သုံးခဲ့ကြောင်း ဝန်ခံခဲ့ဖူးသည်။

ထိုသို့သောတိုင်းပြည်သည် တရုတ်နိုင်ငံအား လှောင်ပြောင်ရဲသည်လော။ ထိုဝေဖန်ဆရာသည် တိုက်ရိုက် ထုတ်လွှင့်မှုတွင်ပင် ပြောရဲနေသည်လော။ ဤသည်က ခွဲခြားဆက်ဆံမှုပင်။

“သူဌေး.. ကျုပ် သူတို့ကို တစ်ရက်အတွင်း တရားဥပဒေအတိုင်းပဲ လုပ်မှရမယ်.. မဟုတ်ရင် ကြောက်ဖို့ကောင်းတယ် နော…”

“မင်းကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ဖို့ပြောလိုက်တာမဟုတ်ဘူးလား.. မင်းဘာလုပ်ရမယ်ဆိုပြီး သင်ပေးဖို့ မလိုဘူးမို့လား..”

ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် တရုတ်နိုင်ငံသားများသည်လည်း ဒေါသတကြီး ဖြစ်နေ ကြသည်။ ပွဲစီစဉ်သူများကို ချက်ချင်း တိုင်ကြားတော့သည်။ သို့တိုင်အောင် ပွဲစီစဉ်သူများမှ ဟာသအနေဖြင့်သာ သတ်မှတ်ထားကြသည်။ ၎င်းတို့သည် ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန တစ်ခုဖြစ်နေသဖြင့် ထိုရုပ်မြင်သံကြား ဝေဖန်ရေးသမားအား မည်သို့ဆက်သွယ်ရမည်ကို မသိကြချေ။ ပို၍ ရယ်စရာကောင်းသည်မှာ ယခုနှစ် အိုလံပစ် အားကစား ပြိုင်ပွဲအား ကိုကာကိုလာ အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများမှ စပွန်ဆာပေးထားခြင်းဖြစ်သည်။

တရုတ်ဝန်ထမ်းများသည် အခမ်းအနား ဆက်လက်ကျင်းပနေချိန်အတွင်း ရုပ်မြင်သံကြားဌာနသို့ ဆက်သွယ်ရန် ကြိုးစားနေကြပေသည်။ အခမ်းအနား ဖျော်ဖြေတင်ဆက်မှုများမှာလည်း ရယ်စရာ အလွန်ကောင်းနေပေသည်။

အခမ်းအနားအား အားကစားကွင်းကြီး တစ်ခုတွင် ပြုလုပ်ကျင်းပကာ ပွဲစီစဉ်သူများသည် ဟစ်ဟော့သမားများ ကိုပင် ဖျော်ဖြေခွင့် ပေးထားသည်လော။ စင်ပေါ်တွင် ကခုန်နေခြင်းအား မည်သူများ မြင်နိုင်မည်နည်း။ လူအားလုံးမှာ ဖန်သာပြင်ကြီးများကိုသာ အားထားကြည့်နေရသဖြင့် မိမိတို့ နေအိမ်တွင် ရုပ်မြင်သံကြား ကြည့်နေရ သကဲ့သို့သာပင်။

မီးပုံးပျံများမှာ ပို၍ပင် ရယ်စရာကောင်းနေသည်။ ထိုမီးပုံးပျံများ၏ ထူးခြားချက်မှာ မည်သည်နည်း။

မီးထွန်း အခမ်းအနား၌ ပွဲစီစဉ်သူများသည် လက်ဝှေ့ချန်ပီယံ မိုဟာမက်အလီအား ဂုဏ်ပြု ချီးမြှင့် ခဲ့ကြသည်။ လက်ရှိတွင် လူနာတစ်ယောက် ဖြစ်ကာ တုန်ရီသော လက်များဖြင့် မီးတုတ်ကိုင်ထားသည်။ သမိုင်းတလျှောက် အကောင်းဆုံး အားကစားသမားအဖြစ် ချီးကျူးခံခဲ့ရသည်။ သို့တိုင်အောင် လက်ဝှေ့ပွဲကြည့်ရှုခြင်း၊ သို့တည်းမဟုတ် လက်ဝှေ့ပွဲ ကြိုက်နှစ်သက်သူ မည်မျှ ရှိသနည်း။ အမေရိကန် တစ်ယောက်ဖြစ်၍ ချွေးချယ်ခံရခြင်း ဖြစ်နိုင်ပေသည်။

ဖျော်ဖြေပွဲကျင်းပသည့် နေရာ၌ ပစ်ကပ်ကား (၃၀) မည်သို့ ရောက်နေသနည်း။ ဤသည်က မော်တော်ကား ပြိုင်ပွဲ တစ်ခုလော။ ကြော်ငြာဝင်ငွေရရှိရန် ပွဲစီစဉ်သူများ တတ်နိုင်သမျှ လုပ်ထားခြင်းပင်။

ယခုနှစ် ဖွင့်ပွဲအခမ်းအနားတွင် အထူးအဆန်း မရှိသကဲ့သို့ တိုက်ရိုက်ကြည့်ရှုသူများပင် အိပ်ပျော်သွားကြသည်။ လူတိုင်း စိတ်ပျက်ခဲ့ရပေသည်။

အခမ်းအနား ပြီးဆုံးသည်နှင့် ဖုန်းယွီသည် မာထောင်ထံမှ ဖုန်းလက်ခံရလိုက်သည်။

“မန်နေဂျာဖုန်း.. ကျုပ်များ အနှောက်အယှက် ပေးမိပြီလား..”

“အဆင်ပြေပါတယ်ဗျာ.. ဖွင့်ပွဲအခမ်းအနားမှာ ရုပ်မြင်သံကြား သုံးသပ်သူ အကြောင်း ပြောမလိုလား.”

“ဟုတ်တယ်ဗျ.. ဘယ်လိုပြောရမလဲ… သူကို တိုင်ချင်တယ်ဗျာ.. ဒါပေမယ့် ကော်မတီက ရှုပ်နေတယ်.. ပွဲစီစဉ်သူ တွေက ဘယ်သူ တာဝန်ယူထားမှန်းတောင် မသိသေးဘူး..”

“အဘိုးကြီးမာ.. အဲ့အတွက် စိတ်မပူနဲ့.. မနက်ဖြန် အဲ့ ရုပ်မြင်သံကြား သုံးသပ်သူ တောင်းပန်တာ တွေ့ရလိမ့်မယ်..”

“မန်နေဂျာဖုန်း.. ကျုပ်လဲ တတ်နိုင်တာဆိုလို့ သံရုံးကို ဆက်သွယ်ယုံပဲ တတ်နိုင်တယ်.. သူတို့ ကူညီမယ် ထင်တာပဲ..”

မာထောင်အနေဖြင့် ထိုကိစ္စကိုင်တွယ်ရန်မှာ ဖုန်းယွီအတွက် ကြီးမားလွန်းနေသည်ဟု ယူဆထားသည်။

ဖုန်းယွီ ပြန်ရှင်းပြမနေဘဲ ဖုန်းချပြီးနောက် ရီလ်ဖာအား ဖုန်းဆက်လိုက်သည်။

--------**$$^$$**--------

All Chapters