ဒီကိစ္စ မပြီးသေးဘူး
Vol. 57 Ch. 844
ရီဖာသည် ရုပ်မြင်သံကြား သုံးသပ်သူ၏ အချက်အလက်များဖြင့် ဖုန်းယွီထံ သွားလိုက်သည်။ ပုဂ္ဂလိက ရုပ်မြင်သံကြား ဌာနတစ်ခုအတွက် အလုပ်လုပ် နေသူဖြစ်ပြီး ထိုဌာန၏ ရှယ်ယာရျင် တစ်ယောက်မှာ ပေါအယ်လန် ဖြစ်သည်။
ပေါလ်သည် ထိုရုပ်မြင်သံကြားဌာန၌ ရှယ်ယာများ ရှိနေသည်လော။ ဆိုလိုသည်မှာ ထိုရုပ်မြင်သံကြားဌာနသည် အလွန်ဩဇာညောင်းပေသည်. သို့ရာတွင် ဘီလ်ဂိတ်ကိုယ်တိုင် ထိုဌာန၌ ရှယ်ယာများ ရှိနေလျှင်ပင် ဖုန်းယွီအနေဖြင့် ထိုကိစ္စကို အလွတ်မပေးနိုင်ချေ။ ဖုန်းယွီသည် ထိုကိစ္စနှင့် ပတ်သက်၍ ပေါလ်နှင့် မကင်းကြောင်း ယုံကြည် ထားသည်။
“သူဌေး.. ကျုပ်တို့ အဲ့လူကို ဖမ်းထားပြီး မနက်ဖြန် ထုတ်လွှင့်မှုမှာ တောင်းပန်ဖို့ သဘောတူထားပြီ.. ကျုပ်တို့တွေ ရုပ်မြင်သံကြားလိုင်းကို လိုက်အုံးမှာလား..”
အမေရိကန်နိုင်ငံတွင် လက်နက်ပိုင်ဆိုင်မှုမျာကို ကန့်သတ်ချက်မထားသည့်အပြင် တစ်ယောက်ယောက်ကို ခြိမ်းခြောက်ရန် လွယ်ကူပေသည်။ ရီလ်ဖာသည် မနက်ဖြန် ထိုလူမှ သူ့မှတ်ချက်အတွက် မတောင်းပန်ပါက ပြင်းထန်သည့် အကျိုးဆက်များ ရှိလာမည်ဖြစ်ကြောင်း လိုလူအား အသိပေးလိုက်ယုံသာပင်။ ဤသည်ကပင် ကြောက်ဒူးတုန်သွားရန် လုံလောက်ပေသည်။
ဖုန်းယွီအတွက်မူ ထိုသို့ တောင်းပန်ရုံနှင့် မလုံလောက်ချေ။ ဖုန်းယွီသည် ရုပ်မြင်သံကြားဌာန၏ ထိပ်တန်း စီမံခန့်ခွဲ သူများကိုယ်တိုင် အများသိအောင် တောင်းပန်စေချင်ပေသည်။
“အဲ့ ရုပ်မြင်သံကြားဌာနက စာရင်းဝင်ထားလား..”
“မဝင်သေးဘူး.. စာရင်းသွင်းလျှောက်ထားတုန်းပဲ..”
စာရင်းသွင်းရန် လျောက်ထားသည်လော။ အဆင်ပြေပေသည်။ သို့ဆိုပါက လွယ်ကူသွားပေလိမ့်မည်။ စာရင်း မသွင်းနိုင်ဘဲ အစုရှယ်ယာရှင်များအားလုံ ငွေကြေး ဆုံးရှုံးစေရပေမည်။ ၎င်းတို့၏ ဝန်ထမ်းများအား ပြောချင်တာ ပြောခွင့်ပေးထားရဲအုံမည်လော ဆိုသည်ကို စောင့်ကြည့်ရပေအုံးမည်။
“အဲ့ ရုပ်မြင်သံကြား အကြီးအကဲကို သွားပြောလိုက်.. မနက်ဖြန် ရုပ်မြင်သံကြားမှာ တောင်းပန်တာ မြင်ချင်တယ်.. အဲ့လိုမှမဟုတ်ရင် သူတို့ ရုပ်မြင်သံကြားဌာန စာရင်းသွင်းဖို့ မစဉ်းစားနဲ့တော့လို့..”
နောက်တစ်နေ့ နံနက် ဖုန်းယွီထံ ဖုန်းတစ်ကော ဝင်လာသည်။
“ဟယ်လို ပေါလ်… မင်း ရုပ်မြင်သံကြားဌာနက တောင်းပန်တော့မလား..”
ဖုန်းယွီသည် ပေါလ်အား အခြားမလိုအပ်သည်များ ထပ်မပြောရန် တားလိုက်သည်။
“ဖုန်း.. အဲ့အဖြစ်အပျက်က မတော်တဆမှု တစ်ခုပဲကိုကွာ.. ရုပ်မြင်သံကြား သုံးသပ်သူကို ဘယ်ကုမ္ပဏီကမှ အဲ့ပြောခိုင်တာ မရှိဘူးဆိုတာ ငါအာမခံတယ်.. အဲ့ သုံးသပ်သူကို ဒီနေ့ တောင်းပန်ခိုင်းပြီး ထောင်ထဲ ပို့လိုက်ပါ့မယ်.. ဒီကိစ္စ အဲ့နည်းနဲ့ ဖြေရှင်းလို့ ရမလား..”
ပေါလ်သည် ပြီးခဲ့သည့်နှစ်တွင် ထိုရုပ်မြင်သံကြားဌာန၌ ရင်းနှီးမြုပ်နှံရန် သူ့ရှယ်ယာများကို အခြားသော မီဒီယာအုပ်စုတွင် ရောင်းချခဲ့ကာ ဤဌာနသည် ယခုနှစ်တွင် စာရင်းသွင်းရန် စီစဉ်ခဲ့သည်။ စာရင်းသွင်းပြီးပါက ပေါလ်သည် ထိုဌာန၏ ရှယ်ယာများမှ အကျိုးအမြတ် များစွာ ရရှိပေလိမ့်မည်။
သို့ရာတွင် ဌာန၏ ရုပ်မြင်သံကြား မှတ်ချက်ပေးသူသည် မလျော်ကန်သည့် စကားတစ်ခုခု ပြောခဲ့ကြောင်း ပေါလ် သိသည့်အချိန်တွင် ဖုန်းယွီကိုယ်တိုင် ထိုကိစ္စ ကိုင်တွယ်နေသဖြင့် ထိတ်လန့်သွားသည်။ ဌာနအား တရားစွဲပါက စာရင်းမသွင်းနိုင်တော့ပဲ ထိုရင်းနှီးမြုပ်နှံမှုများပင် နစ်နာသွားပေလိမ့်မည်၊
ပေါလ်၏ ပြောစကားများကို ဖုန်းယွီ မကျေနပ်ချေ။ ထိုကိစ္စအတွက် မှတ်ချက်ပေး ဝေဖန်သူမှ တောင်းပန်ကာ အလုပ်ထုတ်ပစ်ယုံဖြင့် ပြီးရမည်လော။ ဆုတောင်းလေ။
ရုပ်မြင်သံကြားဌာနမှ တောင်းပန်မည် မဟုတ်ဘဲ ပွဲစီစဉ်သူမှ ထိုရုပ်မြင်သံကြားဌာနအား ငှားရမ်းသူဖြစ်၍ အများပြည်သူသို့ တောင်းပန်ရပေလိမ့်မည်။
အမေရိကန်၌ ယခုနှစ် အိုလံပစ် အားကစားပွဲ ကျင်းပရေး ကော်မတီရှိပေသည်။ ပူးပေါင်းစီစဉ်သူများနှင့် ကန်ထရိုက်ခွဲများပါဝင်သည့် အစိုးရမဟုတ်သော ကော်မတီတစ်ခုဖြစ်ပေသည်။
အိုလံပစ်အားကစားပွဲတော်အတွက် ပုဂ္ဂလိက ဌာနသို့ မည်သည့်အတွက် လွှဲပြောင်း ပေးခဲ့သနည်း။ ငွေအတွက်သာ ဖြစ်ရပေလိမ့်မည်။
ယခုနှစ် အိုလံပစ် အားကစားပွဲသည် စီးပွားရေးဆန်လွန်းကာ အိုလံပစ်ကျေးရွာရှိ ဝန်ထမ်းများနှင့် အားကစား သမားများအတွက် တည်းခိုစရိတ်နှင့် အစားအသောက်မှလွဲ၍ ကျန်ဝန်ဆောင်မှုများ ပေးရန် လိုအပ်နေသေးသည်။
လန်ဒန် အားကစား ပြိုင်ပွဲ၌ပင် ကွန်ဒုံးများ အခမဲ့ ပေးဝေခဲ့သေးသည်။ ယခု ကော်မတီ ဆိုးရွားလွန်းလှသည်။
ထို့အပြင် ထိုပွဲများသည် အမေရိကန် အားကစားသမားများ အသာစီးရရန် စီစဉ်ထားသည်။ မာရသွန်ပြိုင်ပွဲကဲ့သို့ ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရန် မျှော်လင့်ချက်မရှိသည့် အားကစားသမားများအား နေ့လယ်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။
နေပူပူအောက်တွင် အပြေးပြိုင်ပွဲ၌ မည်သူများ ရလဒ်ကောင်းကောင်း ရနိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ အားကစားသမားများနှင့် ကန်ထရိုက်တာများ စိတ်တိုင်းကျရေးသာ ဦးစားပေး ဆောင်ရွက်ထားသည်။ အခြားနိုင်ငံများအတွက် တရားမျှတမှု မရှိမရှိ ဂရုမစိုက်ချေ။
ပွဲဖြစ်မြောက်ရေး ကော်မတီတွင် မီဒီယာသူဌေးများ၊ မြေယာသူဌေးများ၊ အားကစားလုပ်ငန်းရှင်ကြီးများ၊ အစား အသောက်လုပ်ငန်းရှင်များ၊ လေလံကုမ္ပဏီများ၊ ထီကုမ္ပဏီများ စသည်ဖြင့် ပါဝင်ပေသည်။ ၎င်းတို့အားလုံးသည် အကျိုးအမြတ် မြင့်မြင့်မားမား ရရှိရေးအတွက်သာ ရင်းနှီးမြုပ်နှံမှု တစ်ခုပြုလုပ်ခြင်းဟု မှတ်ယူထားပေသည်။
ဤပွဲသည် ကမ္ဘာပေါ်၌ အထူးခြားဆုံး အားကစားပွဲတစ်ပွဲ ဖြစ်သင့်သော်လည်း ယခုမူ စီးပွားရှာပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။ စီးပွားရေးသမားများသည် ဤပွဲမှ အကျိုးအမြတ် မြင့်မားစွာ ရခဲ့ပြီး (၁၀)နှစ်တစ်ကြိမ် ဖြစ်လျှင်ပင် ရင်းနှီးမြုပ်နှံကာ အကျိုးအမြတ် ရိတ်သိမ်းနိုင်သည့် အခွင့်အရေးကြီး ဖြစ်နေပေသည်။
ယနေ့ အဖြစ်အပျက်မှ အများအပြား သင်ယူနိုင်သော်လည်း အခြားသူများ လိုက်မလုပ်သင့်သည့် ကိစ္စများ ရှိနေပေ သေးသည်။ ဥပမာအားဖြင့် ရုပ်မြင်သံကြား အဆင့်သတ်မှတ်ချက် မြှင့်တင်ရန်အတွက် အခြားနိုင်ငံများကို အသေရေဖျက်ခြင်းမျိုးပင်။ ဤသည်က ကိုယ့်သင်္ချိုင်းကိုယ် တူးနေခြင်းပင်။
“ရုပ်မြင်သံကြားဌာန တာဝန်ခံကြီးပေါလ်ရေ.. လူသိရှင်ကြား တောင်းပန်မှ ရမယ်.. အဲ့လိုမှမဟုတ်ရင်တော့ အဲ့ဌာန ဘယ်တော့မှ စာရင်းသွင်းနိုင်တော့မှ မဟုတ်တော့ဘူး.. သူတို့အမှားအတွက် ပြန်ပေးဆပ်ရမျာပဲလေ..”
“ဖုန်း.. ငါ့ကို မျက်နှာနဲ့ ဒီပြဿနာ သေးသွားအောင် လုပ်ပေးလို့မရဘူးလား..”
“ငါသာ မင်းနေရာမှာဆိုရင် အဲ့ရုပ်မြင်သံကြားဌာနရဲ့ ရှယ်ယာတွေ တတ်နိုင်သမျှ အမြန်ဆုံး ရောင်းထုတ်ပစ်လိုက် မှာပဲ.. အဲ့ ရုပ်မြင်သံကြားဌာန ဒေဝါလီခံရလိမ့်မယ်..”
ပေါလ်သည် ဖုန်းယွီမှာ ဤမျှအထိ ဒေါသထွက်ကာ ထိုကုမ္ပဏီကို ဒေဝါလီခံအောင် လုပ်လိမ့်မည်ဟု မျှော်လင့် မထားချေ။ သို့ရာတွင် ဖုန်းယွီ မည်သည့်အတွက် ထိုသို့ လုပ်နိုင်သည်ဟု ထင်ရသနည်း။ ငွေကြေး ချမ်းသာခြင်း။ မိမိသည် ပို၍ ချမ်းသာပေသည်။ သို့ရာတွင် ဖုန်းယွီ၏ လေသံအရ ထိုကိစ္စ အလွန်လေးနက်ကြောင်း သိနေပြန်သည်။
“ဖုန်း.. ငါတို့ စောင့်ကြည့်ရမှာပေါ့..”
ပေါလ်သည် ဖုန်းချပြီးနောက် သူ့ဘေးနားရှိ လူအနည်းငယ်ကို ခေါင်းခါပြလိုက်ရင်း..
“သူ ဒီကိစ္စ လျှော်မပေးချင်ဘူး.. မိုက္ခရိုဆော့မှာတုန်းကဆို ကျုပ်တို့တွေ စည်းကမ်း မရှိဘူးလို့တောင် အရင်က ပြောဖူးသေးတယ်..”
ဖုန်းယွီမှ ရုပ်မြင်သံကြားဌာနက ဒေဝါလီခံစေရမည် ဟူသော စကားကိုမူ ပေါလ် ထုတ်မပြောချေ။ ထိုသို့ ပြောလိုက်ပါက သူ၏ ရှယ်ယာများကို မည်သူမှ ဝယ်ယူမည် မဟုတ်တော့ချေ။ ယခုမူ ရုပ်မြင်သံကြားဌာနသည် ပွဲများစွာအတွက် တိုက်ရိုက်ထုတ်လွှင့်ခွင့် ပိုင်ဆိုင်ထားသဖြင့် အလွန်အကျိုးအမြတ် ရှိပေသည်။ သူသည် ဌာနရှိ သူ့ရှယ်ယာများ ရောင်းထုတ်ပစ်ရန် ဆင်ခြေခိုင်ခိုင်တစ်ခု စဉ်းစားရပေမည်။
ဖုန်းယွီသည် ရုပ်မြင်သံကြားဌာနအား ဒေဝါလီခံအောင်လုပ်ရန် နည်းလမ်းရှိမရှိကို ပေါလ်ဂရုမစိုက်သော်လည်း ဌာန၏ ဂုဏ်သိက္ခာ ထိခိုက်စေပေသည်။ ရှယ်ယာရှင်များ၏ ပံ့ပိုးမှုကြောင့် သူသိထားသဖြင့် ဖုန်းယွီသည် ဌာနကို ဒေဝါလီခံအောင် လုပ်နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ဖုန်းယွီနှင့် တိုက်ပွဲမှာ နှစ်ဖက်ရှုံး ရှုံးရမည့် အနေအထားပင်။
ဖုန်းယွီသည် နယူးယောက်ရှိ အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ယူခဲ့ပြီး ရုရှားသူဌေးကြီး တစ်ယောက်နှင့် ရင်းနှီးသည်ဟု ပေါလ်အနေဖြင့် ကြားဖူးထားသည်။ ထိုရုရှားမှာ ကုန်သွယ်မှုနှင့် သတ္ထုတွင်းထွက် သူဌေးကြီး တစ်ယောက်ဖြစ်ကြောင်း သိထားကာ ဖုန်းယွီအား ကူညီပါက ဌာန၏ ပျက်စီးမှု ပြင်းထန်ပေလိမ့်မည်။
မိမိအနေဖြင့် ဘီလ်အား ဖျန်ဖြေသူအဖြစ် ဆောင်ရွက်စေနိုင်သည်။ ရုပ်မြင်သံကြား ဌာန၏ ရှယ်ယာများ ရောင်းပြီးမှ သူနှင့် စကားပြောရပေမည်။
ဖုန်းယွီသည် ပေါလ်အား ဌာနမှ ရှယ်ယာများ ရောင်းချရန် ရည်ရွယ်ချက်ရှိရှိပြောခဲ့ခြင်းပင်။ ထိုနည်းဖြင့် ရုပ်မြင်သံကြားဌာန၏ ကျရှုံးမှုကို အရှိန်မြှင့်ရန် ပေါလ်၏ ရှယ်ယာများ ရောင်းခြင်းကို အသုံးချရပေလိမ့်မည်။
မွန်းလွဲပိုင်းတွင် ရုပ်မြင်သံကြား ဝေဖန်ရေးသမားမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ၏ မှတ်ချက်များအတွက် တောင်းပံခဲ့ပြီး ရုပ်မြင်သံကြားဌာနမှ ထိုလူကို ထုတ်ပယ်မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ထိုအဖြစ်အပျက် ပြေလည် သွားသည့်ပုံမျိုးပင်။
“မန်နေဂျာဖုန်း.. မင်း အရမ်း ပေါက်ရောက်တာပဲ.. အဲ့ဝေဖန်ရေးဆရာ တောင်းပန်သွားတယ်.. တရုတ်အိုလံပစ် အဖွဲ့ကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်..”
မာထောင် ဝမ်းသာနေပေသည်။ အစက ထိုဝေဖန်ရေးသမားကို သံရုံးမှ တောင်းပန်ခိုင်သည်ဟု ထင်လိုက် မိသေးသည်။ သို့ရာတွင် သံရုံးသို့ ဖုန်းဆက်ကြည့်သည့်အခါ ရုပ်မြင်သံကြားဌာနကို အဆက်အသွယ် မလုပ်ခဲ့ ကြောင်း ပြောလာလေသည်။
“အဘိုးကြီးမာ.. အတ္တလန္တာမှာ ဘာပြဿနာပဲရှိရှိ ကျုပ်ဆီလာဖို့ ပြောထားတယ်လေ.. ဒီကိစ္စ ပြေလည်သွား ပုံရပေမယ့် ဒါအဆုံးသတ် မဟုတ်သေးဘူး..”
မာထောင်အနေဖြင့် ထိုသို့သော တောင်းပန်မှုဖြင့် ကျေနပ်သော်လည်း ဖုန်းယွီမှာမူ မခံချိမခံသာ ဖြစ်နေဆဲပင်။ ထိုမှတ်ချက်ကြောင့် တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေကာ ထိုမှတ်ချက်ပေးသူ တစ်ယောက်တည်း တောင်းပန်မှုဖြင့် မည်သို့ ဖြေရှင်နိုင်မည်နည်း။ ထိုဝေဖန်ရေးဆရာကို တရားစွဲလျှင်ပင် ဖုန်းယွီ ကျေနပ်နိုင်မည် မဟုတ်ချေ။
ရုပ်မြင်သံကြားဌာနမှ ယခုထိ မတောင်းပန်သေးဘူးလော။ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ယခုထိ မတောင်းပန် သေးဘူးလော။
ကောင်းပြီလေ.. ဤကိစ္စ ဤမျှဖြင့် ပြီးသွားမည် မဟုတ်ချေ။
--------**$$^$$**--------