← Chapters

ခွဲခြားဆက်ဆံမှုကြောင့် တရားစွဲခြင်း

Vol. 57 Ch. 846

ခွဲခြားဆက်ဆံမှုကြောင့် တရားစွဲခြင်း

Vol. 57 Ch. 846

“အမျိုးသမီး တာဝေး အပြေးပြိုင်ပွဲမှာ အရှေ့တိုင်းသမင် လွှမ်းမိုးထားပါတယ်.. ဝမ်ကျင်းရှန် ဟာဆိုရင်ဖြင့် မီတာ(၅၀၀၀) နဲ့ (၁၀၀၀၀) ပြိုင်ပွဲ (၂)ခုစလုံး ပထမရထားတဲ့အပြင် စံချိန်တွေလဲ ချိုးဖျက်နိုင်ခဲ့ပါတယ်..”

မီဒီယာများအားလုံး ဝမ်ကျင်းရှန်အကြောင်း သတင်းတင်နေကြသည်။ အခြားပွဲများမှ ရွှေတံဆိပ်ရှင်များသတင်းများ ကိုလည်း တင်ပြနေကြသည့်တိုင် ပွဲ(၂)ပွဲ စံချိန်ချိုးထားသည့် ဝမ်ကျင်းရှန်နှင့် နှိုင်းယှဉ်ပါက သတင်းဟု ပြောရန်ပင် မထိုက်တန်တော့ချေ။

စာမျက်နှာများပေါ်ရှိ ဝမ်ကျင်းရှန်၏ ပုံရိပ်များသည် ပန်းဝင်နေပုံ သို့တည်းမဟုတ် တရုတ်အလံဖြင့် လမ်းများပေါ် ပြေးလွှားနေပုံများမဟုတ်ချေ။ ပြိုင်ပွဲအပြီး တွေ့ဆုံမေးမြန်းနေပုံ ဖြစ်သည်။ တွေ့ဆုံမေးမြန်းနေစဉ် ဝမ်ကျင်းရှန် သည် ကားတစ်စီးဘေးန၌ ရပ်နေပေသည်။

ဝမ်ကျင်းရှန်သည် ရွှေတံဆိပ်(၂)ခုရထားကာ လမ်းကြမ်းယာဉ်တစ်စီးအား မှီ၍ ရပ်နေသည်။

လူအများစုသည် ထိုမော်တော်ကား၏ အမှတ်တံဆိပ်ကို သတိထားမိလိုက်ကြသည်။

စာဖတ်သူများ သတင်းစဉ်ကို လှန်ကြည့်သည့်အခါ တရုတ်အားပေးသူများအကြောင်း ဓါတ်ပုံများဖြင့် ဆောင်းပါး တစ်ပုဒ်တွေ့လိုက်ရသည်။ ပုံများအတွင်းမှ တစ်ပုံသည် စာဖတ်သူများအား ယခင်စာမျက်နှာသို့ ပြန်လှန်မိစေသည် အထိပင်။

တရုတ် အားပေးသူများပေါ်ရှိ အမှတ်တံဆိပ်သည် ဝမ်ကျင်းရှန်မှီထားသည့် ကားမှ အမှတ်တံဆိပ်နှင့် အတူတူပင်။

***********

နောက်တစ်နေ့ သတင်းစာရွက်များတွင် စာမျက်နှာအပြည့် ကြော်ငြာတစ်ခု ပါဝင်လာသည်။ ထိုကြော်ငြာမှာ အိုလံပစ် သတင်းများအကြား ထင်ရှားနေသည်။

“စောင်ကျင်းမော်တာ…. အရှေ့တိုင်းသမင် မင်းရဲ့ခရီးဖော်လာပြီ.. အနိုင်ယူလို့မရတဲ့ အရှေ့တိုင်းသမင်..”

ပုံတစ်ပုံနှင့် ရိုးရှင်းသော ဆောင်ပုဒ်တစ်ခုသာ ပါဝင်သည့် စာမျက်နှာပြည့် ကြော်ငြာများသည် စာဖတ်သူများ၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေသည်။ ထိုကားနှင့် ပတ်သက်၍ မေးမြန်းရန် ဖော်ပြထားသည့် ဖုန်းနံပ်တ်သို့ ခေါ်ကြတော့သည်။

စောင်ကျင်းမော်တာသည် ဤကြော်ငြာ အစီအစဉ်တွင် များပြားစွာ ရင်းနှီးမြုပ်နှံထားသည်။ ငွေအများစုကို လက်ကမ်း စာရွက်များ၊ ဘတ်စ်ကားဂိတ်များ၊ ရုပ်မြင်သံကြား ကြော်ငြာများတွင် အသုံးပြုခဲ့သည်။ ဖုန်းယွီသည်လည်း ယခုနှစ်တွင် ငွေဆုံးရှုံးမည်ကို ပြင်ဆင်ထားသည်။ အမေရိကန် မော်တော်ကား ဈေးကွက်အတွင်း ဝင်ရောက်လိုခြင်းသာပင်။

ဖုန်းယွီသည် အရောင်းကိုယ်စားလှယ်များကို ဆက်သွယ်ထားသော်လည်း စောင်ကျင်းမှာ အမေရိကန်တွင် အမည်မသိ အမှတ်တံဆိပ် တစ်ခုဖြစ်သဖြင့် အရောင်းကိုယ်စားလှယ်များကို အပိုကြေး ပေးဆောင်ရမည် ဖြစ်သည်။ ကုန်သည်များသည် ထိုလမ်းကြမ်းမောင်းကားအတွက် ထူးထူးခြားခြား နာမည်တစ်ခုပေးရန် အကြံပြုကြသည်။

ဖုန်းယွီသည် တစ်ရက်ခန့်စဉ်းစားကာ နောက်ဆုံး၌ အရှေ့တိုင်းသမင်ကို ထိုကားမော်ဒယ်၏ အမည်အဖြစ် သုံးရန် ဆုံးဖြတ်ခဲ့ပြီး ဤသည်မှာ ကား၏ ထူးခြားသော လမ်းကြမ်းသွားနိုင်သည့် စွမ်းအားကို ကိုယ်စားပြုပေသည်။ တစ်ချိန်တည်းမှာပင် အရှေ့တိုင်းသမင် အမည်ပြောင်ရရှိထားသည့် ဝမ်ကျင်းရှန်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ရနိုင်ပေသည်။

ကုန်သည်များမှ အကြံပြုချက်တစ်ခု ထပ်ပေးခဲ့သည်။ ဖုန်းယွီအား သူ့ကားနှင့် အမျိုးအစားတူ အမှတ်တံဆိပ်များကို နှိုင်းယှဉ်ရန်ဖြစ်သည်။ ဤသည်က ကောင်းကွက်များကို ထုတ်နုတ်ပြသမည်ဖြစ်ပြီး ထိုသို့သော ကြော်ငြာမျိုးသည် အမေရိကန်၌ တရားဝင်ပေသည်။

ဥပမာဆိုပါက ကိုကာကိုလာတွင် ကလေးတစ်ဦးသည် ပက်ပ်စီ (၂)ဗူးဝယ်ပြီးနောက် ကုဒ်(၁)ဗူးဝယ်ရန် အရောင်းစက်သို့ လျှောက်သွားသည့် ကြော်ငြာတစ်ခုရှိသည်။ ထိုကြော်ငြာသည် ပက်ပ်စီနှင့် ကိုကာကိုလာ၏ အားသာချက်များကို ပြသရန်ဖြစ်သည်။ ပက်ပ်စီတင်ဆောင်လာသည့် ထရပ်ကားသည် ကိုကာကိုလာ တင်လာသည့် ထရပ်ကားကို ပွတ်မိသည့် ကြော်ငြာတစ်ခုနှင့် ပက်ပ်စီမှ ချက်ချင်း လက်တုံ့ပြန်ခဲ့သည်။

အရောင်းကိုယ်စားလှယ်များသည် အခြားအမှတ်တံဆိပ်များ၏ အမျိုးအစားတူ ယာဉ်များနှင့် နှိုင်းယှဉ်မှု ပြုလုပ်ခဲ့ သည်။ တစ်မျိုးမှာ အမေရိကန် Hummer ဖြစ်ကာ နောက်တစ်မျိုးမှာ တိုယိုတာ 4500 ဖြစ်သည်။ ထိုမော်ဒယ် (၂)မျိုးကို သက်တောင့်သက်သာရှိမှုနှင့် ဆီစားသက်သာမှုတို့တွင် နှိုင်းယှဉ်ရန် ရွေးချယ်ထားသည်။ ထို့နောက် လမ်းကြမ်း စွမ်းရည်များ နှိုင်းယှဉ်ပြရန် Cherokee ဂျစ်ကို ရွေးချယ်ခဲ့သည်။

အားလုံးသည် အစီအစဉ်အတိုင်းသွားနေကာ ကားဘေး၌ အရောင်းကိုယ်စားလှယ်များနှင့် မေးမြန်းသူ များစွာ ရှိနေပေသည်။ အချို့မှာမူ စိတ်ဝင်စားလာကာ ဝယ်ချင်နေကြသည်။ ကြော်ငြာအစီအစဉ် ဆက်လုပ်နေပါက ရောင်းအားတိုးလာပေလိမ့်မည်။ အမှတ်တံဆိပ် သတိထားမိမှုလည်း တိုးလာပေလိမ့်မည်။

ယခုမူ အမြင်ကွဲပြားမှု တစ်ခု ဖြစ်ပေါ်လာသည်။

“တရုတ်မှာ ဒီလိုကားကောင်းတွေ ထုတ်နိုင်ပါ့မလား.. တရုတ် မော်တော်ကား လုပ်ငန်းက အရမ်း ခေတ်နောက်ကျ နေတာလေ.. ဒီစောင်ကျင်း အရှေ့တိုင်းသမင်က ကြော်ငြာထဲကလောက် မကောင်းပါဘူး.. သတ်မှတ်ချက်တွေကလဲ ရွက်ပေါ်မှာ ကြည့်ကောင်းအောင် ထည့်ထားပြီး ကီလို(၅၀၀)လောက် မောင်းပြီးတာနဲ့ အင်ဂျင်ခွဲရရင် ဘယ်လို လုပ်ကြမလဲ..”

ဤမှတ်ချက်ကို ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှ ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုရုပ်မြင်သံကြားဌာနမှာ ဖုန်းယွီ ဒေဝါလီ ခံစေချင်သည့် ဌာနပင်။

**********

“သူဌေး.. အဲ့ရုပ်သံဌာနရဲ့ ရှယ်ယာရှင်တွေစာရင် ကျုပ်ရလာပြီ.. ဒီကိစ္စ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ သေချာတယ်..”

ရီလ်ဖာသည် ဖုန်းယွီထံ ဖိုင်တစ်ဖိုင်ပေးရင်း ပြောလိုက်သည်။ ဖုန်းယွီမှာ ဒေါသထွက်နေကာ ထိုရုပ်မြင်သာကြားကို ပစ်မှတ်ထားတော့မည်ဖြစ်ကြောင်း သူသိနေပေသည်။

ယခင်က ဖုန်းယွီမှာ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အလျင်စလို မရှိကြောင်း ပြောထားပေသည်။ ယခု ၎င်းတို့၏ သတင်းအချက်အလက်များ စုဆောင်ကာ ထိုဌာနကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာမည် ဖြစ်သည်။ သို့ရာတွင် ဖုန်းယွီမှာ ဤသတင်းအစီအစဉ် ပြီးဆုံးသည်အထိပင် မစောင့်နိုင်လောက်အောင် ဖြစ်နေပေပြီ။

ထိုအစီအစဉ်သည် စောင်ကျင်း အရှေ့တိုင်းသမင်အား ဝေဖန်သည့် တစ်ခုတည်းသော အစီအစဉ် မဟုတ်ချေ။ ဖုန်းယွီ၏ ကားမှ ချို့ယွင်းချက်များကို ချဲ့ကားကာ ထိုရုပ်သံဌာန၏ အစီအစဉ်များစွာတွင် အကြိမ်ကြိမ် ပြုလုပ်ကာ ဖန်တီးထားသေးသည်။ ဤသည်က ဖုန်းယွီအား ရည်ရွယ်ချက်ရှိရှိ စွနေခြင်းပင်။

“ဝီလ်ဆင်.. ငါမှာထားတာတွေ ပြင်ဆင်ထားပြီးပြီလား..”

ဖုန်းယွီ၏ မျက်လုံးများ ထောင့်ကပ်နေပြီး ဒေါသကို မထိန်းနိုင်အောင် ဖြစ်နေပေသည်။

“ကျုပ် ပြင်ဆင်ထားပြီးပါပြီ.. အဲ့ကောင်တွေကို အချိန်မရွေး တရားစွဲလို့ရတယ်.. လူမျိုးရေး ခွဲခြားဆက်ဆံမှုထိ အောင် အရှိန်မြှင့်လို့ရမယ်ဆိုတာ အာမခံတယ်.. ဒီကောင်တွေ ဒုက္ခရောက်ပြီ..”

အမေရိကန်တွင် လူမျိုးရေး ခွဲခြားဆက်ဆံမှုသည် အလွန်ကဲဆတ်ကာ အလေးအနက်ထားရမည့် ကိစ္စပင်။

ဝီလ်ဆင်သည် တရုတ်လူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် ရုပ်မြင်သံကြားဌာနကို တရားစွဲမည် ဖြစ်သည်။ ရလဒ်ကောင်းများ ရရှိရန် တရုတ်အားကစားသမားများသည် စိတ်ကြွဆေးများ သုံးစွဲသည်ဟု မည်သို့ ပြောနိုင်သနည်း။ ဤသည်က တရုတ်လူမျိုးများအပေါ် ခွဲခြားဆက်ဆံခြင်းပင်။

ဝမ်ကျင်းရှန်သည် မူးယစ်ဆေးဝါးစမ်းသပ်မှု အောင်မြင်ခဲ့သည့်အပြင် အိုလံပစ် အားကစားပြိုင်ပွဲ စံချိန်(၂)ခု ချိုးဖျက် နိုင်ခဲ့သည်။ ဤသည်ကပင် တရုတ်များ ဆုတံဆိပ် ဆွတ်ခူးနိုင်သည်ကို သက်သေပြပြီး ဖြစ်ပေသည်။

“ဒီ ရုပ်သံဌာနရဲ့ သူဌေးတွေအနေနဲ့ တစ်ချို့ကိစ္စတွေ ပြောချင်တိုင်းပြော၊ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ သိသွားစေရမယ်..”

ဖုန်းယွီ အမိန့်ပေးလိုက်ချေပြီ။ ထိုလူများ တောင်းဆိုခြင်းပင်။ နောက်ဆုံး အဖြစ်အပျက်ကြောင့် ဒေါသထွက်နေ ပေပြီ။ တစ်ဖက်မှ ရန်စနေပြီ မဟုတ်ပေလော။

“ဟုတ်ကဲ့သူဌေး.. တရားစွဲထားတဲ့ ကာလအတွင်း သူတို့အစီအစဉ်တွေ ရပ်ထားရမှာဆိုတော့ ကြော်ငြာရှင်တွေနဲ့ သူတို့ ပရိသတ်တွေကို ဝန်ဆောင်ခတွေအတွက် ပြန်ပြီး လျော်ကြေးပေးရလိမ့်မယ်ဆိုတာ ကျုပ်ရဲရဲကြီး အာမခံတယ်.. ကျုပ်တို့ လျော်ကြေးငွေ ရဖို့ မသေချာနိုင်ပေမယ့် သူတို့တွေ ဒုက္ခရောက်စေရမယ်..”

ဝီလ်ဆင် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ဝီလ်ဆင်သည် တရုတ်နိုင်ငံ၏ အိုလံပစ်အဖွဲ့မဟုတ်ဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုယ်စား ဌာနအားတရားစွဲခြင်း ဖြစ်သဖြင့် ရုပ်သံဌာနမှ လျော်ကြေးရရန် ခက်ခဲပေသည်။

တရုတ်အိုလံပစ်အဖွဲ့သည် ရုပ်သံဝေဖန်သုံးသပ်သူမှ တောင်းပန်ပြီး အလုပ်ထုတ်ခံရပြီးနောက် ကျေနပ်သွား ကြသည်။ ထိုကိစ္စအတွက် (၂)နိုင်ငံအကြား ဆက်ဆံရေးကို အနှောက်အယှက်ဖြစ်ကာ ထိခိုက်စေလိုခြင်း မရှိချေ။

ဖုန်းယွီသည် နိုင်ငံရေးပါနေသဖြင့် မာထောင်၏ စိတ်ကို မပြောင်းလဲနိုင်ချေ။ ဝင်မပါလိုပါက ရှိစေတော့။

“ကောင်းပြီ… ဆက်လုပ်လိုက်.. အဖြေ အမြန်ဆုံး မြင်ချင်တယ်..”

ပေါလ်သည် ထိုရုပ်သံဌာနနှင့်အတူ အရှုံးပေါ်လိမ့်မည်ဟု ဖုန်းယွီ ထင်လိုက်မိသည်။ ထိုလူ ဘဝင်ခိုက်လွန်းပေသည်။

**********

(၃)ရက်အကြာတွင် ထိုတရားစွဲဆိုခံရမှုကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့သည်။ တရုတ်အမျိုးသား တစ်ယောက် သည် တရုတ်နိုင်ငံသားများအပေါ် ခွဲခြားဆံကာ မှတ်ချက်ပေးခြင်းအတွက် **** ရုပ်သံဌာနအား တရားစွဲဆို ထားသည်။ ရှယ်ယာရှင်များထံမှ တောင်းပန်မှုနှင့် လျော်ကြေးငွေ ကန်ဒေါ်လာ (၁)မီလီယံ တောင်းဆိုထားသည်။

လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့် လျော်ကြေးငွေ ကန်ဒေါ်လာ(၁)သန်းအား လူအများ အလွယ်တကူ မှတ်မိသွားကြ သည်။ အမေရိကန် သမ္မတ ကလင်တန်ပင်လျှင် ထိုတရားစွဲဆိုမှုကို သတိပြုမိလိုက်သည်။ ထို့နောက် ပထမဆုံး တရားရုံး ကြားနာပွဲသို့ပင် တက်ရောက်ခဲ့သည်။

သမ္မတ ကလင်တန်သည် ထိုဖြစ်ရပ်မျိုးမှာ မလျော်ကန်သဖြင့် ချေမှုန်းရလိမ့်မည်ကို မျှော်လင့်မထားသော်လည်း တရုတ်မှ တရားစွဲပါက လူမျိုးရေး ခွဲခြားမှုအား ဖယ်ရှားပစ်လိုကြောင်း ကြေညာခဲ့သည့်အတိုင်း ဒဏ်ခံရ ပေလိမ့်မည်။

ရုပ်သံဌာနမှ လူများ၏ ဦးနှောက်အတွင်း ဘာများရှိနေကြသနည်း။

ဖုန်းယွီသည် ထိုကိစ္စ သတင်းဖြန့်ရန် သူ့လူများကို အသုံးချလိုက်သဖြင့် တစ်နိုင်ငံလုံး ထိုကိစ္စကို အာရုံစိုက်နေကြ တော့သည်။

--------**$$^$$**--------

All Chapters