← Chapters

ဒမွန်၏ ကြောက်လန့်မှု

Vol. 6 Ch. 557

ဒမွန်၏ ကြောက်လန့်မှု

Vol. 6 Ch. 557

ဥရောပ ယူနီယံတွင် အဓိက ရေကြောင်း တပ်မ သုံးခုရှိသည်။

ထိုသုံးခုမှာ မြေထဲပင်လယ် တပ်မ၊ မက်ဒီတာရေးနီးယန်း တပ်မနှင့် မြောက် အတ္တလန်တိတ် တပ်မတို့ ဖြစ်ကြသည်။

ထိုရေကြောင်း တပ်မကြီး သုံးခုတွင် မြောက် အတ္တလန်တိတ် တပ်မသည် အကြီးဆုံး ဖြစ်ကာ မြေထဲပင်လယ် တပ်မကား အသေးငယ်ဆုံး ဖြစ်သည်။ သို့တိုင်အောင် မြေထဲပင်လယ် တပ်မ၌ ဖျက်သင်္ဘော သုံးစင်း အပြင် အစောင့်အရှောက် သင်္ဘော ဒါဇင် ဝက်ခန့် ရှိ၏။

မြေထဲပင်လယ် တပ်မ၏ အဓိက တာဝန်မှာ ရုရှား၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန်သာ ဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံ နည်းပါးသော သင်္ဘော ကွန်မန်ဒါများသည် တကယ့် အရေးအကြောင်း ကြုံတွေ့ရချိန်၌ မည်သို့ လုပ်ရမည်မှန်း မသိကြတော့ချေ။

"ဘုန်း ..."

တန်ချိန် ခုနစ်ထောင်ခန့် လေးသော ဖျက်သင်္ဘော တစ်စင်းသည် ချန်းဖန်၏ ဓားချက် အောက်၌ နှစ်ပိုင်းပြတ်ကာ ပေါက်ကွဲ၏။

ဆယ်မိနစ် အတောအတွင်းမှာပင် ချန်းဖန်သည် ဖျက်သင်္ဘော နှစ်စင်းနှင့် အစောင့်အရှောက် သင်္ဘော လေးစင်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ စစ်သင်္ဘော တစ်စင်းလျှင် အနည်းဆုံး ဒေါ်လာ ဘီလျံနှင့် ချီကာ တန်သည်။

အသေးငယ်ဆုံး စစ်သင်္ဘော ပင်လျှင် မီတာ တစ်ရာခန့် အလျား ရှိကာ တောင်ငယ် တစ်လုံးခန့် လေးသည်။

သင်္ဘာ၏ ကိုယ်ထည် တစ်ခုလုံးသည်လည်း တင့်ကားများ၊ သံချပ်ကာ ကားများတွင် အသုံးပြုသည့် အဆင့်မြင့် သတ္တုများကိုသာ အသုံးပြု ထားခြင်း ဖြစ်သည်။ အမြောက် ကျည်ဆန်ဖြင့် တိုက်ရိုက် တိုက်ခိုက်ခံရပင်လျှင် သင်္ဘော နစ်မြုပ်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်သည် ထိုသင်္ဘောများကို ဓားအလင်း သက်သက်ဖြင့် ခုတ်ပိုင်းခဲ့သည်။ သင်္ဘာများကား သူ၏ တိုက်ခိုက်မှု တစ်ခုကိုပင် ခံနိုင်ရည် မရှိခဲ့ချေ။

"လေတပ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက် ... ရေတပ်မ တစ်ခုလုံး ပျက်စီးတဲ့ အထိ ငါတို့ စောင့်နေလို့ မရဘူး ..."

ဗိုလ်ချုပ်နော့ဒ်က အလောတကြီး အော်ဟစ်လိုက်၏။

မြေထဲပင်လယ် တပ်မရှိ သင်္ဘော တစ်ဝက်ခန့်သည် အင်္ဂလန် တော်ဝင် ရေတပ်မှ ဖြစ်သည်။ သင်္ဘော တစ်စင်းကို ဆုံးရှုံးရခြင်းက အင်္ဂလန် အတွက် အရင်းအနှီး ကြီးလွန်းသည်။

"ဟူး ... ဟူး ..."

ဒါဇင်ခန့် ရှိသော ဂျက်လေယာဉ်များသည် ကောင်းကင်၌ စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ်ကာ ချန်းဖန်အား ပစ်ခတ်လိုက်၏။

သူတို့သည် ချန်းဖန်ကို ထိခိုက်အောင် မလုပ်နိုင်ကြောင်း ကောင်းစွာ နားလည်ကြသည်။ သို့သော်လည်း သူတို့၏ ရည်ရွယ်ချက်က ချန်းဖန်အား နှေးကွေးအောင် လုပ်ရန်သာ ဖြစ်၏။

ချန်းဖန်၏ စိတ်ရှည်မှုများကား ဆုံးရှုံးကုန်ပြီ ဖြစ်သည်။ ရွှေရောင် မီးတောက် သံချပ်ကာ မရှိခဲ့ပါက အစောပိုင်းတွင်ပင် သူ ကြီးမားသော ဒဏ်ရာ ရနေလောက်ပြီ ဖြစ်သည်။

"ခေတ်မီ စစ်တပ်ရဲ့ အစွမ်းကို ငါ လျှော့တွက်မိတာပဲ ... ဒုံးကျည် တစ်ခုချင်းစီက သိပ် အစွမ်း မထက်ပေမဲ့ သူတို့ အားလုံး ပေါင်းလိုက်တဲ့ အခါမှာတော့ အရမ်းကို ကြောက်ဖို့ ကောင်းတယ် ... ငါ့ရဲ့ မူလ ဝိညာဉ် အဆင့် ခန္ဓာကိုယ်က အရမ်းကို အစွမ်းထက်တယ် ဆိုပေမဲ့ အမှောင် ဝံပုလွေတွေလို ပြိုင်ဘက်ကင်း ကုသနိုင်စွမ်း မရှိသေးတာ ခက်တယ် ..."

ချန်းဖန်က စိတ်ပျက်စွာ တွေးလိုက်မိသည်။

ထို့နောက် ချန်းဖန်သည် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်ကာ အသံထက် မြန်သော အမြန်နှုန်းကို ထုတ်ဖော်လိုက်၏။

ချန်းဖန်၏ အမြန်နှုန်းသည် ဒုံးကျည်များ မကပ်နိုင်သည့်အထိ မြန်ဆန်သည်။ သို့သော်လည်း သူ၏ အဆင့်ဖြင့် ထိုအမြန်နှုန်းကို အချိန်ပြည့် ထိန်းထားနိုင်စွမ်း မရှိသေးချေ။

"ဒီတိုက်ပွဲကို နာရီဝက် အတွင်း အဆုံးသတ်မှ ဖြစ်တော့မယ် ..."

ချန်းဖန်က ခန္ဓာကိုယ်ကို ဓားအလင်း၏ အစိတ်အပိုင်း တစ်ခု အဖြစ် ပြောင်းလဲ လိုက်သည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ထို ဓားအလင်းက အနီးရှိ အစောင့်အရှောက် သင်္ဘော တစ်စင်းထံ တိုးဝင်ကာ ထက်ဝက် ပိုင်းဖြတ်လိုက်သည်။

ထိုအချိန်မှာပင် အမိန့်ပေး ခန်းမ အတွင်းရှိ ဗိုလ်ချုပ်များက လေယာဉ်များကို ချန်းဖန်နှင့် ပိုမို နီးကပ်စွာ တိုးကပ်၍ ပစ်ခတ်ရန် အမိန့်ပေး၏။

"ဟူး ..."

တစ်ခဏ အတွင်းမှာပင် တိုက်လေယာဉ်များသည် အန္တရာယ်ဇုံကို ကျော်ဖြတ်ကာ ချန်းဖန်အား အနီးကပ် တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။

"မင်းတို့က သေချင် နေတာပဲ ... ငါ မင်းတို့ကို မသတ်ဘူးလို့ ထင်နေတာလား ..."

ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

သူက ဓားအားဖြည့် ကျောက်မျက်ကို ပုတ်ကာ ဓားကိုးချောင်းကို ဆင့်ခေါ်လိုက်၏။

ထို ဓားများသည် အမတေ ဖြည့်တင်းခြင်း ဓားနှင့် ယှဉ်နိုင်ခြင်း မရှိသော်လည်း အသံ၏ အမြန်နှုန်းကိုမူ ချိုးဖျက်နိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် သူတို့ အတွက် တိုက်လေယာဉ်များကို ဖျက်ရန်မှာ မခက်လှချေ။

"ဘာကြီးလဲဟ ..."

အမိန့်ပေးခန်းမ အတွင်းရှိ လူများသည် ဆွံ့အ သွားကြ၏။

သူတို့သည် ဓားတစ်ချောင်းကိုပင် တားနိုင်စွမ်း မရှိကြပေ။ ယခု ဓားကိုးချောင်း ထပ်မံ ပေါ်ထွက်လာ သူတို့ မည်ကဲ့သို့ လုပ်ရတော့မည်နည်း။

"နောက်ဆုတ် ... နောက်ဆုတ် ..."

လေယာဉ် ပိုင်းလော့များက အချင်းချင်း အော်ဟစ် သတိပေးကာ လေယာဉ်ကို ၁၈၀ ဒီဂရီ လှည့်လိုက်ကြ၏။

သို့သော်လည်း ဓားကိုးချောင်းကား သူတို့ထက် အဆများစွာ လျင်မြန်လွန်းသည်။

"ဘုန်း ..."

ပေါက်ကွဲသံနှင့်အတူ ကောင်းကင်၌  ကောင်းကင်၌ မီးလုံး ကိုးခု ဖြစ်ပေါ်လာ၏။

ချန်းဖန်ကား ယူရိုဖိုက်တာ လေယာဉ် ကိုးစင်းကို တစ်ဆယ် စက္ကန့် အတွင်းမှာပင် ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။

"သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကီလိုမီတာ နှစ်ဆယ်လောက်ပဲလို့ ထင်တာ ... သူ ငါတို့ကို အရူးလုပ်တာပဲ ... ငါတို့ ခုချက်ချင်း ဆုတ်မှ ဖြစ်မယ် ..."

အသက်ရှင် ကျန်ရစ်သော ပိုင်းလော့များက လေယာဉ်ကို အရှိန် အမြင့်ဆုံး အထိ တင်ကာ ချန်းဖန်နှင့် ဝေးနိုင်သမျှ ဝေးအောင် ပျံပြေးကြသည်။

ချန်းဖန်ကား ထိုလေတပ်ကို သင်ခန်းစာ ပေးရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုလေယာဉ်များကို အလွတ် မပေးတော့ချေ။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

အခြား ယူရိုဖိုက်တာ ကိုးစင်း ချန်းဖန်၏ လက်ချက်ဖြင့် ပေါက်ကွဲ သွားပြန်၏။

ချန်းဖန်သည် ကီလိုမီတာ ငါးဆယ် အတွင်း ပျံသန်းနေသော ယူရိုဖိုက်တာများကို ရနိုင်သလောက် ဖျက်ဆီးပစ်လိုက်၏။ တစ်ခဏ အတွင်းမှာပင် သူသည် စုစုပေါင်း ယူရိုဖိုက်တာ လေးဆယ်ခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်။

"..."

အမိန့်ပေး ခန်းမ အတွင်း၌ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေ၏။

စပိန်နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီး၊ ဩစတြီးယား ဗိုလ်ချုပ် ... သူတို့ အားလုံး၏ မျက်နှာများကား မည်းမှောင်နေပြီ ဖြစ်သည်။

ချန်းဖန်၏ နောက်ဆုံး တိုက်ခိုက်မှုက သူတို့အား အကြီးအကျယ် သွေးပျက်စေသည်။

သူသည် ကီလိုမီတာ ငါးဆယ် အတွင်းရှိ မည်သည့် ပစ်မှတ်ကို မဆို ဓားပျံဖြင့် ပစ်ဆီးခဲ့သည်။ ခေတ်မီ လက်နက်များတွင်ပင် တာဝေးပစ် ဒုံးကျည်များသာ ထိုသို့ စွမ်းဆောင်နိုင်၏။

လူတိုင်း၏ စောင့်ကြည့်မှု အောက်တွက်ပင် ချန်းဖန်သည် လက်ကျန် စစ် သင်္ဘောများကို ဖျက်ဆီးကာ အနောက် အရပ်သို့ ဆက်လက် ခရီးနှင်လာခဲ့၏။ သူကား အနောက်တွင် ကျန်ရစ်သည့် ပေါက်ကွဲမှုများကို လှည့်ပင် မကြည့်ခဲ့ချေ။

"လူကြီးမင်းတို့ ... ကျုပ်တို့ ဘာလုပ်ကြမလဲ ..."

ဗိုလ်ချုပ်နော့ဒ်က အသံကို အနည်းငယ် မြှင့်၍ မေးလိုက်၏။

"အဲဒီခွေးမသားကို နျူကလိယနဲ့ ချဗျာ ..."

ငယ်ရွယ်သော ကွန်မန်ဒါ တစ်ယောက်က စားပွဲကို ရိုက်ရင်း ဆိုလိုက်သည်။ သို့သော်လည်း သူ၏ အဆိုပြုချက်ကို အခြား ဥရောပ ခေါင်းဆောင်များက လျစ်လျူရှု ကြသည်။

နျူကလိယ လက်နက်ကို ထုတ်သုံးရန်မှာ ပြောသလောက် မလွယ်ကူသော အရာ ဖြစ်သည်။ အင်္ဂလန်၊ ပြင်သစ်၏ ဗိုလ်ချုပ်များ ပင်လျှင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် မလုပ်ရဲချေ။

"ပလန် A အလုပ် မဖြစ်တော့ ပလန် B ကို ထုတ်သုံးကြတာပေါ့ ... သူ့ကို သတ်ဖို့ အထူး တပ်ဖွဲ့တွေကို လွှတ်လိုက် ..."

ပြင်သစ် ဗိုလ်ချုပ်က အမိန့်ပေးလိုက်၏။

သို့သော်လည်း ဗိုလ်ချုပ်နော့ဒ်က ခေါင်းကို ခါရင်း တားလိုက်သည်။

"အမေရိကန်နဲ့ အရင် ဆက်သွယ် ကြည့်ရအောင် ... သူတို့ တရုတ်က တစ်ဆင့် ဆက်သွယ်ပြီး ချန်းပေ့ရွှမ်းနဲ့ ဆွေးနွေးဖို့ ကူညီနိုင်လိမ့်မယ်လို့ ကျုပ်ထင်တယ် ..."

အခြားသော ဗိုလ်ချုပ်၊ ဝန်ကြီးများကလည်း ခေါင်းညိတ်ကြသည်။

ထိုအခိုက်၌ ဂျော်ဂျီယိုဝုဒ်သည် ဘာမှ ဝင်မပြောပဲ တိတ်ဆိတ်စွာသာ ထိုင်နေခဲ့၏။

သူသည် ချန်းပေ့ရွှမ်းကို လွယ်ကူစွာ အနိုင်ယူ နိုင်မည်ဟု ယုံကြည်ခဲ့ကြသော ဗိုလ်ချုပ်များ၏ မျက်နှာပေါ်မှ မောက်မာသော အပြုံးမျအား မှတ်မိနေဆဲ ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ  မောက်မာသော စစ်ဗိုလ်ချုပ်များသည် သူတို့ အသက်ကို ချမ်းသာပေးရန် အတွက် ချန်းပေ့ရွှမ်းနှင့် စေ့စပ် ဆွေးနွေးလိုနေခဲ့၏။

"ခွန်အားက အရာရာကို ပြောင်းလဲနိုင်တယ် ... သူ့မှာသာ လုံလောက်တဲ့ ခွန်အား မရှိရင် ခုအချိန် ပင်လယ်ထဲမှာ ငါးစာ ဖြစ်နေလောက်ပြီ ..."

ဂျော်ဂျီယိုဝုဒ်က ရေရွတ်လိုက်၏။

***

ထိုအချိန်၌ ချန်းဖန်သည် မြေထဲပင်လယ် ကမ်းခြေ ရိုမေးနီးယားနိုင်ငံသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

သူသည် အသံထက်မြန်သော နှုန်းကို တစ်နာရီခန့် ထုတ်သုံးခဲ့ရသည့် အပြင် ဓားကိုလည်း အကြိမ်များစွာ ထုတ်ဖော်ခဲ့ရရာ ပင်ပန်းနေပြီ ဖြစ်သည်။

"တဖြည်းဖြည်း နီးလာပြီ ... ဒမွန်က ငါနဲ့ သိပ်မဝေးတော့ဘူး ..."

ချန်းဖန်က အနောက် အရပ် မိုးကုပ် စက်ဝိုင်းကို လှမ်းမျှော်ကြည့်လိုက်၏။

ချန်းဖန်၏ ပထမ ဦးစားပေးသည် ဒမွန်ကို သတ်ရန် ဖြစ်သည်။ ဥရောပ ယူနီယံကို အပြစ်ပေးရန်က ပထမ ဦးစားပေးကဲ့သို့ အရေး မကြီးလှချေ။

"ဒမွန် ... မင်းရဲ့ လူတွေက မင်းရဲ့ အသက်ကို မကယ်နိုင်ပါဘူး ... ဥရောပ ယူနီယံ တောင်မှပေါ့ ..."

ချန်းဖန်က ပြုံးရင်း ကိုယ်ပျောက် အစီအရင်ကို ခင်းကျင်းကာ အနောက် အရပ်သို့ ဦးတည် လိုက်၏။

ကိုယ်ပျောက် အစီအရင်သည် ချန်းဖန်၏ တည်ရှိမှုကို ဂြိုဟ်တုများမှပင် ဖုံးကွယ် ပေးနိုင်စွမ်း ရှိသည်။

ချန်းဖန်၏ ရုတ်တရက် ပျောက်ကွယ်သွားမှုက ဥရောပ ယူနီယံ ခေါင်းဆောင်များအား ချောက်ချား သွားစေ၏။ သူတို့ကား ချန်းဖန် ရုတ်တရက် သူတို့ နံဘေး၌ ပြန်ပေါ်လာကာ သတ်ဖြတ်မည်လား စိုးတထိတ်ထိတ် ဖြစ်နေကြတော့သည်။

ရိုမေးနီးယားနှင့် ဩစတြီးယား နိုင်ငံ နှစ်ခုကြားမှ အကွာအဝေးသည် ကီလိုမီတာ ထောင်ဂဏန်းခန့် ရှိ၏။ ချန်းဖန်သည် ထို အကွာအဝေးကို နှစ်နာရီ အတွင်း ပျံသန်း ဖြတ်ကျော် လာခဲ့သည်။

နောက်ဆုံးတွင် သူသည် ဩစတြီးယား ရှေးဟောင်း ရဲတိုက် တစ်ခုသို့ ရောက်လာခဲ့၏။

ထိုရဲတိုက်သည် ထူထပ်သော တောအုပ်ကြီး တစ်ခု၏ အလယ်တွင် ရှိပြီး လွန်ခဲ့သော နှစ်ထောင်ချီ၏ ဗိသုကာ လက်ရာများ ရှိသည်။ ထိုရဲတိုက်အား တွေ့မြင်လိုက်ရသည့် မည်သူမဆို စနိုးဝှိုက် မင်းသမီးလေး၏ မိထွေး နတ်ဆိုးမ နေထိုင်သော ရဲတိုက်ကြီးကို မြင်ယောင် မိကြမည် ဖြစ်သည်။

"ဒမွန်က အထဲမှာပဲ ..."

ချန်းဖန်၏ မျက်လုံး၌ သတ်ဖြတ်ခြင်း အလင်းရောင် တစ်ခု လက်သွား၏။

ထို့နောက် ချန်းဖန်က ရဲတိုက်၏ အပေါ်သို့ ပျံတက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒမွမ် ... ထွက်လာစမ်း ..."

သူ၏ အသံက မုန်တိုင်းတစ်ခု အလား ပျံ့နှံ့ကာ ရဲတိုက်နှင့် သစ်ပင်များကို တုန်ခါ သွားစေ၏။

"ဘုန်း ..."

ရဲတိုက် အတွင်းမှ သွေးရောင် တစ်ချက် လင်းလက်သွားကာ ကောင်းကင်သို့ ထိုးတက်၏။ အလင်းက ဒမွန် သဏ္ဌာန်သို့ ပြောင်းကာ ချန်းဖန်ကို ကြည့်သည်။

"ချန်းပေ့ရွှမ်း ... မင်း ရောက်လာပြီလား ..."

ဒမွန်၏ မျက်နှာ၌ အံ့အားသင့်ခြင်းများက စိုးမိုး၍ နေသည်။

သူသည် ချန်းဖန်အား မေ့လျော့၍ပင် နေ၏။ ချန်းပေ့ရွှမ်းအား ဥရောပ ယူနီယံ၏ တပ်တပ်များက တားဆီးနေရာ ရဲတိုက်သို့ ရောက်ရှိလာရန် အကြောင်း မရှိချေ။

"မဖြစ်နိုင်ဘူး ... မင်းက ပုံရိပ်ယောက် တစ်ခုပဲ ဖြစ်ရမယ် ... ဘယ်နည်းနဲ့မှ ချန်းပေ့ရွှမ်း အစစ် မဖြစ်နိုင်ဘူး ..."

ဒမွန်က ရေရွတ်သည်။

"ငရဲကို သွားမေးလိုက် ..."

ချန်းဖန်က ပြောရင်း ကျောက်မျက် အတွင်းမှ ဓားအလင်းကို ဆင့်ခေါ် လိုက်တော့၏။

***

All Chapters