ရုပ်သံထုတ်လွှင့်မှု ရပ်ထားလိုက်ရခြင်း
Vol. 57 Ch. 847
လက်ရှိအချိန်၌ ပေါလ်အယ်လန်သည် ရုပ်သံဌာနရှိ သူ့ရှယ်ယာများ ရောင်းချရန် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်နှင့် ညှိနှိုင်းနေသည်။ ဤရုပ်သံဌာနသည် အိုလံပစ် အားကစားပွဲများ ထုတ်လွှင့်ခွင့်နှင့် အခြားသော တိုက်ရိုက်ထုတ်လွှင့်ခြင်း အချို့ ရထားကာ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာသည်။ ပေါလ်အယ်လန်သည် သူ့ရှယ်ယာများ ရောင်းချနိုင်ပါက အမြတ်အစွန်းရရှိမည် ဖြစ်သည်။
ထိုညှိနှိုင်းမှု ကောင်းမွန်ခဲ့ကာ ဈေးနှုန်း အတက်အကျ နည်းငယ်သာ ရှိခဲ့သည်။ စာချုပ် ချုပ်ဆိုနေစဉ်အတွင်း ထိုလုပ်ငန်းရှင်၏ လက်ထောက်သည် သတင်းစာ တစ်စောင်နှင့်အတူ အခန်းအတွင်းသို့ ဝင်လာသည်။
ဆောင်းပါးအား ဖတ်ပြီးနောက် ထိုစီးပွားရေးသမားသည် ချက်ချင်း မတ်တတ်ထရပ်ကာ ပေါလ်အယ်လန်အား ဘုကြည့် ကြည့်၍..
“မစ္စတာအယ်လန်.. မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာရှင်တစ်ယောက်အနေနဲ့ မင်းကို တော်တော်လေးစားထားတာ.. ဒါပေမယ့် အခုတော့ မင်းငါ့ကို ဂျင်းထည့်ဖို့ ကြိုးစားလိုက်တာလား.. အဲ့ ရုပ်သံဌာနမှာ ပြဿနာကြီး တစ်ခုရှိနေတာ ဘာလို့ မပြောတာလဲ.. ဒီ ညှိနှိုင်းမှု ကိစ္စပြတ်သွားပြီ.. အဲ့ဌာနကရှယ်ယာတွေ ကျုပ်ဘယ်တော့မှ မဝယ်ဘူး..”
ပေါလ်အယ်လန် အံ့အားသင့်သွားကာ..
“ဌာနမှာ အဆင်မပြေတာလား.. ဘာကို ပြောချင်တာလဲ..”
“ဘာကိုပြောချင်တာလဲ သိချင်ရင် ကိုယ်တိုင်ဖတ်ကြည့်လိုက်..”
စာစောင်တစ်ခု စားပွဲပေါ် ပစ်ချပေးကာ ထွက်သွားတော့သည်။
ပေါလ်အယ်လန် စာစောင်ကို ကောက်ကိုင်ကာ ခေါင်းစီးကို ဖတ်လိုက်သည်။ ဌာနသည် လူမျိုးရေး ခွဲခြားဆံဆက်မှုဖြင့် တရားစွဲခံရကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်ခဲ့ရသည်။ မည်သည့်အတွက် ထိုသို့ဖြစ်သနည်း။
တရုတ် စီးပွားရေးသမား ဖုန်းယွီ ဖြစ်ရပေလိမ့်မည်။
လူယုတ်မာ ဖုန်းယွီသည် ထိုရုပ်မြင်သံကြား ဌာနကို ဒေဝါလီခံရန် ကြိုးစားနေပေသည်။ ပေါလ်သည် ဖုန်းယွီနှင့် စကားပြောယုံဖြင့် ပြီးသွားပြီဟု ထင်ထားခဲ့သည်။ ဖုန်းယွီသည် ထိုရုပ်သံဌာနကို မည်သည့်အတွက် ဤမျှအထိ စိတ်ထဲ ထည့်ထားသနည်း။ ထို့အပြင် ဖြစ်ရပ်ငယ်ကလေးမှ လူမျိုးရေးခွဲခြားဆက်ဆံခြင်းမျိုးအထိ မည်ကဲ့သို့ ကြီးထွားလာသနည်း။
အမေရိကန်တွင် လူမျိုးရေး ခွဲခြားဆက်ဆံမှု၌ ပါဝင်သည့် မည်သည့်ဌာနမဆို ၎င်းတို့၏ လုပ်ငန်းစဉ် ကျဆင်းသွား ပေလိမ့်မည်။ ထိုကိစ္စ အဆင်ပြေသည်အထိ ဖြေရှင်းသွားနိုင်မည်ဆိုလျှင်ပင် ဒုက္ခမျိုးစုံ ကျန်နေအုံးပေမည်။
မိမိ ထိုကိစ္စ၌ ပါဝင်၍မရချေ။ စောင့်ရပေမည်။ ဤသည်က အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပေသည်။
*************
“ဟေ့.. စောင်းပါး ဖတ်ပြီးသွားပြီလား.. မိုက္ခရိုဆော့ဖ်က ပေါလ်အယ်လင် ***** ရုပ်သံဌာနကို စိတ်ပျက်ပြီး အဲ့ဌာနက သူ့ရှယ်ယာတွေ ရောင်းချင်တယ်လို့ သတင်းထောက်တွေကို ပြောထားတယ်.. လူမျိုးရေး ခွဲခြား ဆက်ဆံမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်တဲ့..”
“အာ.. ပေါလ်အယ်လန်က အဲ့ရုပ်သံဌာနမှာ ရှယ်ယာတွေ တော်တော် များလား.. ခက်တာက အဲ့ ရုပ်သံ များလွန်းတယ်.. မူးယစ်ဆေးဝါးဆိုတာ အားကစားသမားတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်တာ တာဝန်မဲ့လွန်းမှတော့ ဒီလိုအတိုင်ခံရတာပေါ့.. အရှေ့တိုင်းသမင်က မူးယစ်ဆေးဝါး စမ်းသပ်မှု အောင်မြင်ပြီး ကမ္ဘာ့စံချိန်တင်ထားသူလေ.. သူ့အနေနဲ့ စိတ်ကြွဆေးဖြစ်ဖြစ် တခြားမူးယစ်ဆေးတွေ အားကိုးနေစရာမှ မလိုတာ..”
“ဒါတွေအကုန်လုံး ရုပ်သံဌာန အဓိကရှယ်ဘာရှင်ကစပြီး လူမည်းနဲ့ အာရှသားတွေကို ခွဲခြားဆက်ဆံတယ်လို့တောင် ပြောသံကြားလိုက်တယ်.. သူ့ရှေ့နေတွေတော့ ဒီကိစ္စ ဖြေရှင်းပေးနေကြတယ်.. ဒီတစ်ခါ သူပြေးလို့ မလွတ်နိုင်တော့ ဘူး.. သူ့ကို တရားစွဲတဲ့ တရုတ်လုပ်ငန်းရှင်က အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်လိုက်တဲ့သူပဲ.. ဟိုလူထက် ပိုချမ်းသာတယ်..”
**********
“အဲ့လူယုတ်မာတော့ကွာ.. သူ့စကားကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက မီဒီယာတွေ အမေရိကန်နဲ့ ပွဲဖြစ်မြောက်ရေး ကော်မတီကို မေးခွန်းထုတ်နေကြပြီ.. ဒီအတိုင်းသာဆို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်.. ပြည်ပ မီဒီယာတွေက ဒီနှစ်ပြိုင်ပွဲကို သမိုင်းမှာ အဆိုးဆုံးလို့တောင် ပြောနေကြပြီ..”
ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ယောက်မှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲ့ ရုပ်သံဌာနက အတ္တလန္တာ ဒေသတွင်း ရုပ်သံဌာနနဲ့ ဂြိုလ်တုဌာန တစ်ခုပဲ.. တစ်ခုခုတော့ လုပ်မှရမယ်..”
ငါတို့ ဘာလုပ်နိုင်မှာလဲ.. အဲ့အမှု စီရင်ချက်မချသေးခင်.. သူတို့မှာ အပြစ်မရှိကြောင်း သက်သေမပြနိုင်သေးဘူး.. အဲ့အမှုစလိုက်တာက ရုပ်သံ ဝေဖန်ရေးသမားဆိုတော့ အလုပ်ထုတ်ပစ်လိုက်ပြီ..”
နောက်တစ်ယောက်မှ ပြောပြန်သည်။
“အခုက မတူတော့ဘူး.. ရုပ်သံဝေဖန်ရေးဆရာ သူ့ဟာသူ ဒီလိုပြောရဲလိမ့်မယ်လို့ ဘယ်သူယုံမှာလဲ.. ပြောရဲရင်တောင် တစ်ခုခုတော့ လုပ်ရမှာပဲ.. ပြည်သူတွေ တည်ငြိမ်အောင် လုပ်ဖို့ မနေ့ကပဲ ပြည်နယ် အုပ်ချုပ်ရေးမှူက ဒီကိစ္စ ရှင်းမယ်တဲ့.. ဆန္ဒပြပွဲတွေက ကျုပ်တို့အတွက် အကြီးအကျယ် နစ်နာစေနိုင်တယ်နော်..”
ထို ပွဲစီစဉ်သူများသည် ပြိုင်ပွဲများအပေါ် အဆိုးမြင်မှု လွှမ်းမိုးခြင်းအား မည်သို့ ဖယ်ရှာရမည်ကို ဆွေးနွေးနေကြ ခြင်းပင်။ တရားမျှတမှုအတွက် လုပ်နေခြင်း မဟုတ်ချေ။ ၎င်းတို့ တွေးနေသည်မှာ အမြတ်များကိုသာပင်။ ထိုဖြစ်ရပ် ကြောင့် ဆန္ဒပြပွဲများ ဖြစ်လာကာ နိုင်ငံတော် ပုံရိပ် ညှိုးနွမ်းစေလိမ့်မည်ဟု မျှော်လင့်မထားချေ။
**********
ဖုန်းယွီသည် စာရွက်များအား ဖတ်ရင်း အံ့ဩသွားသည်။ တစ်ဖက်လို့ လှည့်ကြည့်ကာ..
“အဲ့ရုပ်သံဌာနကို အမြန်ဆုံး ရပ်ပစ်ဖို့ အမိန့်ထုတ်လိုက်တာလား.. မင်းတော်တော် ဉာဏ်ကောင်းတာပဲ..”
ဝီလ်ဆင် ခေါင်းညိတ်ပြကာ..
“သူဌေး.. ကျုပ်လုပ်လိုက်တာ အဲ့တစ်ခုထဲမဟုတ်ဘူး..”
တရားစွဲသည့် သတင်းထွက်ပေါ်လာပြီးနောက် ပေါအယ်လန်၏ ကြေငြာချက်တွင် ထိုဌာနသည် အာရှလူမျိုးများ အား ခွဲခြားဆက်ဆံခဲ့ကြောင်း သွယ်ဝိုက်၍ဝန်ခံခဲ့သည်။ ထို့နောက် ဌာန ကြော်ငြာရှင်များသည် ၎င်းတို့နှင့် စာချုပ်များ ရပ်ဆိုင်းလိုက်ရာ ဌာနသည် အကြီးအကျယ်ဆုံးရှုံးခဲ့ရသည်။ ထိုသို့သော လုပ်ဆောင်မှုကြီးပင်။
ပေါလ်အယ်လန်၏ ကြေငြာချက်သည် အကြောင်းအရင်း အစစ်အမှန် ဖြစ်နိုင်သည်။ သို့ရာတွင် ပေါလ်အယ်လန် မည်သည့်အတွက် ထိုသို့ လုပ်ခဲ့သနည်း။ မိမိအား ကူညီလိုက်ခြင်း မဟုတ်ပေလော။
ပေါအယ်လန်သည် အမြဲလိုလို ရုပ်သံဌာနတစ်ခု ပိုင်ဆိုင်ချင်ကြောင်း ရုတ်တရက် သတိရမိလိုက်သည်။ ဤသည်မှာ မိုက္ခရိုဆော့ဖ်၏ ထိပ်တန်း စီမံခန့်ခွဲသူများအကြား လျှို့ဝှက်ချက် မဟုတ်ချေ။ ယခု ထို့သို့ကြေငြာပြီးနောက် ရုပ်သံဌာန၏ တန်ဖိုးမှာ သိသိသာသာ ကျဆင်းသွားပြီး အခြားသော ရှယ်ယာရှင်များမှာ မိမိတို့ရှယ်ယာများအား အမြန်ဆုံး ရောင်းထွက်နိုင်ရေးအတွက် အပြေးအလွှား လုပ်ဆောင်နေကြတော့သည်။
ရုပ်သံဌာနသည် တရားစွဲခံရခြင်း သို့တည်းမဟုတ် အပြစ်မရှိပါက ဌာန၏ ဂုဏ်သိက္ခာသည် နောင်တစ်ချိန် ပြန်လည် ကောင်းမွန်လာနိုင်ပေသည်။ ပေါလ်အယ်လန်၏ အဆက်အသွယ်များကြောင့် ဌာန၏ ထုတ်လွှင့်မှုကို အလွယ်တကူ ဖြင့် ပြန်လည်စတင်နိုင်ပေသည်။
ဆိုလိုသည်မှာ ပေါလ်အယ်လန်သည် အဆင့်အတန်းမြင့်မားခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းပြချက် များဖြင့် ရပ်တည်နိုင်ပြီး ထိုဌာနအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဤအခွင့်အရေးကို အသုံးချနိုင် ပေသည်။ ဌာနကြီး နာမည်ပျက်သွားလျှင်ပင် ဝန်ထမ်းများအားလုံး ရှိနေသေးသည်။ သူသည် ဌာနအမည်ကိုပြောင်း ကာ ငွေရှာနိုင်ပေသည်။
ဖုန်းယွီ သူ့မေးစေ့ကို ပွတ်လိုက်သည်။ ခါမီဒါမာဆောင်သည်လည်း လူကြီးကစားစရာများနှင့် ထုတ်ကုန်များအတွက် ရုပ်သံဌာနတစ်ခု ဝယ်ချင်ကြောင်း ပြောခဲ့ဖူးပေသည်။ ထိုရုပ်သံဌာနသည် ဂြိုလ်တုလိုင်းတစ်ခုဖြစ်ပြီး သင့်လျော် လောက်သည်။
မည်သည့် အကြောင်းများ ရှိခဲ့သည်ဖြစ်စေ ထိုဌာနကို ဝယ်ယူပြီးပါက အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ ယခင်က ထိုဌာန၏ နာမည်ပျက်ခဲ့သည်မှာ အရေးမကြီးချေ။ ခါမီဒါမာဆောင်သည် ထိုဌာနအား အရွယ်ရောက်ပြီးသူ ချန်နယ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါက စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
နောင်တွင် ဆဋ္ဌမအာရုံ ရုပ်သံဌာနသည် ယခင်က ***** ရုပ်သံဌာနဖြစ်ပြီး အိုလံပစ် အားကစားပွဲအတွင်း ရုပ်သံ ဝေဖန်သုံးသပ်သူ၏ စကားတစ်ခွန်းကြောင့် ဒေဝါလီခံခဲ့ရသည်။ ထို့နောက် ဂျပန် အပြာမင်းသား ခါမီဒါ မာဆောင်မှ ဝယ်ယူလိုက်သည်။
ထိုသို့ တွေ့မြင်လိုက်ရပါက ဖုန်းယွီ အလွန်ပျော်ရွှင် ဝမ်းသာမိပေလိမ့်မည်။
ဖုန်းယွီသည် ခါမီဒါမာဆောင်အား ချက်ချင်း ဖုန်းခေါ်ကာ ထိုရုပ်သံဌာနအကြောင်း ပြောလိုက်သည်။
ခါမီဒါမာဆောင် စိတ်ဝင်စားသွားသည်။ ထိုရုပ်သံဌာနတွင် စက်ကိရိယာအားလုံး ပါရှိပြီး ဂြိုလ်တုလိုင်း တစ်ခု ဖြစ်သည်။ ထိုဌာန၏ တန်ဖိုးကျဆင်းသွားသော်လည်း ဆဋ္ဌမအာရုံကုမ္ပဏီအတွက် အရေးမပါချေ။ အမှန်တကယ်တွင် ဆဋ္ဌမအာရုံ ကုမ္ပဏီအတွက် ငွေကြေး အများအပြား သက်သာစေခြင်းပင်။
ထိုရုပ်သံဌာန၏ ထုတ်လွှင့်မှုကို ရပ်တန့်ရန် တွန်းအားပေးခံရသည့် သတင်းနှင့် အိုလံပစ် အားကစားပြိုင်ပွဲဝင် အဖွဲ့များပင် ထိုအကြောင်း သိခဲ့ကြသည်။ မာထောင်သည် ကျေးဇူးစကားပြောရန် ဖုန်းယွီအား ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းယွီသည် ထိုရုပ်သံဌာနသို့ တန်ဖိုးကြီးကြီး ပေးဆပ်စေသည်အထိ အစွမ်းထက်လိမ့်မည်ဟု မျှော်လင့်မထားမိချေ။
မာထောင် ဝမ်းသာနေပေသည်။ ထိုအခြေအမြစ်မရှိသည့် စကားများဖြင့် တရုတ်အားကစားသမားများအား နှိမ့်ချ ပြောရဲသည့် အခြား ရုပ်သံဌာနများ ရှိမရှိ စောင့်ကြည့်ချင်သေးသည်။
ထိုရုပ်သံဌာန၏ အစုရှယ်ယာရှင်များမှာ ကံမကောင်းကြချေ။ ထိုမိုက်မဲသည့် ရုပ်သံ ဝေဖန်ရေးဆရာကြောင့် ဆုံးရှုံးမှု ကြီးကြီး ခံစားလိုက်ရသည်။ ထို့အပြင် ဌာနရှယ်ယာရှင် တစ်ဦးအနေဖြင့် ပေါလ်အယ်လန်သည် အပြင်လူအား မည်သည့်အတွက် ကူညီနိုင်ရသနည်း။
ဆန္ဒပြကြသူ အယုတ်တမာများကြောင့်လည်း ပါပေသည်။ ထိုကိစ္စမှာ ၎င်းတို့နှင့် မည်သို့ သက်ဆိုင်သနည်း။ မည်သည့်အတွက် ဝင်ပါနေကြသနည်း။
ရှယ်ယာရှင်အနည်းငယ်မှာ အလွန်ထိတ်လန့်သွားပြီး ၎င်းတို့၏ ရှယ်ယာများကို ရသလောက်နှင့် ရောင်းချနိုင်ရေး အတွက် ဝယ်လကပ်များ စတင်ရှာဖွေကြတော့သည်။ လူမျိုးရေး ခွဲခြားမှုဟု တံဆိပ်ကပ်ခြင်းကို တားဆီးရန် ဆုံးရှုံးခံလိုစိတ်သာ ရှိနေကြသည်။
--------**$$^$$**--------