← Chapters

အဲ့နေရာကလွဲပြီး ဘယ်နေရာမဆို

Vol. 57 Ch. 848

အဲ့နေရာကလွဲပြီး ဘယ်နေရာမဆို

Vol. 57 Ch. 848

အိုလံပစ်အားကစားပွဲများ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဖုန်းယွီသည် ရုပ်သံဌာနကိစ္စများကို ကိုင်တွယ်ဖြေရှင်ရန် ခါမီဒါမာဆောင်ကို ပြောလိုက်သည်။

ယနေ့ ဖုန်းယွီသည် လီနကို ကြိုရန် အတ္တလန္တာလေဆိပ်သို့ သွားလိုက်သည်။ လီနသည် အမေရိကန်သို့ အမြဲလာချင် နေသဖြင့် လာရန်ပြောလိုက်ခြင်းပင်။ ကောင်းကင်နှင့် ငရဲကို ကိုယ်တိုင် ကြုံတွေ့စေချင်သည်။

နယူးယောက်ရှိ ပေကျင်းသားတစ်ယောက် ဤကဲ့သို့ ပြောဖူးသည်..

‘လူတစ်ယောက်ကို ချစ်မိပါက ကောင်းကင်ဘုံ၌ ခံစားသကဲ့သို့ ဖြစ်ရန် အမေရိကန်သို့ ပို့ပေးလိုက်ပါ.. လူတစ်ယောက်အား မုန်းတီးမိပါက ငရဲလောကကို ခံစားရန် အမေရိကန်သို့ ပို့ရန်ပင်..’

ထိုရုပ်သံဇာတ်လမ်းတွဲသည် တရုတ်နိုင်ငံတွင် နာမည်ကြီးကာ ကောင်းကင်ဘုံ၏ ခံစားချက်ကို ခံစားလိုသဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်ရန် တရုတ်အများအပြား မျှော်လင့်ခဲ့ကြသည်။

လေဆိပ်တွင် လီနသည် ခရီးဆောင်သေတ္တာကြီးတစ်လုံး ဆွဲလျှက် နေကာမျက်မှန်တပ်ထားသည်။ ဖုန်းယွီ ဝယ်ပေးထားသည့် အမှတ်တံဆိပ်ပါ အဝတ်အစားများကို ခြေဆုံးခေါင်းဆုံး ဆင်ယင်ထားသည်။

လီနသည် ဖုန်းယွီအား မြင်လိုက်သည်နှင့် ဖုန်းယွီရင်ခွင်ထဲ ပြေးသွားကာ ကိုယ်ရံတော်များမှာ ခရီးဆောင်အိတ် သယ်ပေးရန် အမြန်ပြေးသွားလိုက်ရသည်။ လူချမ်းသာများသည် ချစ်ရသူ ပြောင်းလဲနိုင်ပေသည်။

သက်တော်စောင့်များသည် မနှစ်က ရွှေရောင်ရုရှားမလေးနှင့် တွေ့ကာ ယခုနှစ်တွင် တရုတ်အလှမယ်။ မိမိတို့ အနေဖြင့်မူ မည်သည့်အချိန်တွင်မှ ထိုသို့ ခံစားနိုင်မည်နည်း။

“သွားရအောင်.. ငါ့အိမ်အရင်သွားပြီး အနားယူကြတာပေါ့.. နင်ကြည့်ချင်တဲ့ စားပွဲတင်တင်းနစ်က မနက်ဖြန်မှ..”

လီနသည် စားပွဲတင်တင်းနစ်ပွဲများ ကြည့်ရသည်ကို ကြိုက်ပေသည်။ တရုတ်အများစုသည် စားပွဲတင် တင်းနစ် ကစားခြင်းကို ကြိုက်တတ်ကြခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

“နင့်အိမ်….. နင်ဒီမှာ အိမ်ဝယ်ထားတယ်လား..”

အိုလံပစ် အားကစားပွဲ၏ ကြာမြင့်ချိန်မှာ တစ်လပင် မပြည့်ဘဲ ဤနေရာတွင် အိမ်တစ်လုံး ဝယ်ရန် လိုအပ် သည်လော။

“ဟုတ်တယ်.. နင်လာမယ်ဆိုတော့ ဟိုတယ်မှာ နေရတာ အဆင်မပြေဘူးလေ.. ငါတို့မှာ ကားသမားတွေ. ကိုယ်ရံ တော်တွေလဲ ရှိသေးတယ်.. နောက်မှ ဒီအိမ် ပြန်ရောင်းပစ်လို့ရတာပဲ..”

အိုလံပစ် အားကစားပွဲကြောင့် အတ္တလန္တာရှိ ဟိုတယ်ဈေးနှုန်းများ မြင့်မားနေပေသည်။ တစ်နှစ်ပတ်လုံး အိမ်ခွန်ပေးရသည်မှာ ဟိုတယ်တွင် (၂)ပတ်ခန့် နေရသည်ထက် ဈေးသက်သာပေသည်။ အိမ်ခြံမြေဈေးနှုန်းများမှာ ဆီးယက်တဲနှင့် နှိုင်းယှဉ်ပါက ဈေးမကြီးသဖြင့် အိမ်တစ်လုံး ဝယ်လိုက်ခြင်းက အလွန်ဈေးသက်သာပေသည်။

အိမ်သို့ပြန်ရောက်သည်နှင့် ဖုန်းယွီသည် လီနအား အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။ ပန်းမွေ့ယာ ရွှေကော်ဇော ပေါ်တွင် မြိုင်ထကပြီးနောက် လီနသည် ဖုန်းယွီ၏ လက်နှစ်ဖက်အား ကိုင်ကာ စိုးရိမ်တကြီးဖြင့်…

“နင်ဘာလို့ သက်တော်စောင့်တွေ အများကြီး ငှားထားတာလဲ.. အမေရိကန်က အရမ်းအန္တရာယ်များလို့လား.. နင် အရမ်းချမ်းသာနေပြီလေ.. နင့်ငွေတွေ နှစ်သက်လောက် သုံးရင်တောင် မကုန်နိုင်လောက်တော့ဘူး.. ဘာလို့ တရုတ် ပြည်ကို မပြန်တာလဲ..”

“ဒါက အိုလံပစ်အားကစားပွဲကြောင့်လေ.. ပတ်ဝန်းကျင်မှာ လူပိုများလာတယ်.. အဲ့ဒါကြောင့် ကိုယ်ရံတော်တွေ တိုးလိုက်တာ.. ပုံမှန်ဆို (၂)ယောက်လောက်ပါပဲ.. အမေရိကန်မှာ ချမ်းသာ ဆင်းရဲ လူတန်းစား ကွာဟချက် ကြီးတယ်.. အရမ်းဆင်းရဲတဲ့ မြို့တွေ.. အန္တရာယ်ရှိတဲ့ ခရိုင်တွေကို မသွားရင် ဘာမှ မဖြစ်ပါဘူး..”

လီနသည် ဖုန်းယွီနောက်မှ သက်တော်စောင့် (၈)ယောက်ပါလာသည်ကို တွေ့မြင်ကာ တုန်လှုပ်သွားကြောင်း သိလိုက်သည်။ သို့ရာတွင် ဖုန်းယွီသည် လေဆိပ်တွင် ကြိုဆိုရန်မဟုတ်ပါက သက်တော်စောင့် အရေအတွက် ထိုမျှ စီစဉ်ထားမည် မဟုတ်ချေ။ လီန တွေ့ကြုံရသည်မှာ ဖုန်းယွီ အမေရိကန်သို့ ပထမဆုံး လာစဉ်ကနှင့် အတူတူသာပင်။ လက်နက် ကန့်သတ်ချက်မရှိသည့် နိုင်ငံများသည် အန္တရာယ် ကြီးလှပေသည်။

“အမေရိကန်မှာလဲ ဆင်းရဲတဲ့ ခရိုင်တွေ ရှိတာပဲလား..”

လီန၏ မျက်လုံးများ ပြူးကျယ်ကာ အံ့ဩသွားသည်။

“ဒါပေါ့.. တစ်ချို့လူတွေဆို စားစရိတ်၊ ပညာရေးစရိတ် မတတ်နိုင်ကြဘူး.. အမေရိကန်က ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာလို့ ပြောကြပေမယ့် အရိုင်းဆန်တာတွေ ရှိတာပေါ့.. ဘာပဲဖြစ်ဖြစ် အဲ့ဆင်းရဲတဲ့ ခရိုင်တွေဆိုတာ အန္တရာယ်ရှိတဲ့နေရာတွေမို့ အနားလေးတောင် ယောင်လို့မသွားနဲ့.. သွားလည်သင့်တဲ့ နေရာတွေတော့ အများကြီး ရှိပါတယ်.. မနက်ဖြန် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကြည့်ပြီးရင် ခေါ်သွားပေးမယ်..”

ညနေပိုင်း၌ ဖုန်းယွီသည် လီနအတွက် ပြင်သစ်ရိုးရာ ညစာပြင်ဆင်ရန် မီချီလီစတား စားဖိုမှူးကို ငှားရမ်းခဲ့သည်။ သို့ရာတွင် ညစာနှင့်ပတ်သက်၍ လီန၏ အဆင့်သတ်မှတ်ချက်မှာမူ ဖုန်းယွီအတွက် ငိုလောက်စေသည်။

“အရသာရှိတယ်.. ဒါပေမယ့် ဟင်းတိုင်းမှာ အရမ်းနည်းနေတာ ဆိုးတယ်.. တစ်ကိုက်လေး ကိုက်လိုက်တာနဲ့ ပန်းကန် သိမ်းရမယ့်အဆင့် ရောက်သွားပြီ.. ပြီးတော့ အဲ့ဟင်းတွေလဲ မကြိုက်ပါဘူး.. ဒါ အနောက်တိုင်းက အကောင်းဆုံး အစားအစာတွေလား..”

“မဟုတ်ဘူး.. ဒါ ပြင်သစ် အစားအစာတွေ.. နင်မကြိုက်ရင် မနက်ဖြန် အီတလီ စာဖိုမှူး ခေါ်ပေးမယ်.. နင်ကြိုက်တာ ရွေးပြီး ပြင်ပေးမယ်လေ.. စားပွဲ ကျင့်ဝတ် ဘာညာ အားလုံး ဖယ်လိုက်တော့..”

ဖုန်းယွီသည် အနောက်တိုင်း စားပွဲအလေ့အထမှာ ထင်ပေါ်သည်ဟု ယူဆထားသည်။ အစပြုသူများအတွက် သင်တန်း တစ်ခုပြီးတစ်ခု တက်ရောက်ရမည်ကို မကြိုက်ချေ။ မိမိတို့ ညစာစားရာ၌ စားချင်သည်ကို စားပေမည်။ မည်သည့် စည်းကမ်းများကို လိုက်နာရမည်နည်း။

ယခုစားဖိုမှူးမှာ လီန၏ စိတ်ကျေနပ်မှု မရသဖြင့် ကျရှုံးသွားပေပြီ။ ထပ်ငှားမည် မဟုတ်တော့ချေ။

“သူဌေး.. ရီလ်ဖာ ရောက်နေပါတယ်..”

“သူ့ကို ပေးဝင်လိုက်..”

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ညစာစားချိန်အတွင်း ရီလ်ဖာ မည်သည့်အတွက် ရောက်လာခဲ့သနည်း။ တစ်ခုခု ဖြစ်နေသည်လော။

“သူဌေးက မစ္စတာ ခါမီဒါ ဟိုရုပ်သံဌာနရဲ့ ရှယ်ယာတွေ လျှို့ဝှက်ရယူဖို့ ကူညီပေးရမယ် ပြောထားသလိုပဲ မစ္စတာ အယ်လန်လဲ အဲ့လို လုပ်နေတယ်.. ဒီနေ့ မတော်တဆ တွေ့လိုက်ရတယ်..”

ရီလ်ဖာမှာ ထိုကိစ္စ ရှုတ်သွားပြီထင်ကာ ထိတ်လန့်သွားသည်။

သို့ရာတွင် ဖုန်းယွီ စိတ်မဝင်စားဘဲ လက်ဝှေ့ယမ်းပြကာ..

“ကောင်းပါတယ်.. သူလဲ အဲ့ဌာနကို ရအောင်ကြိုးစားနိုင်ရင် ကျုပ်တို့လဲ လုပ်နိုင်တာပေါ့.. ပြီးရင် အဲ့ရှယ်ယာတွေကို ဆဋ္ဌမအာရုံ ကုမ္ပဏီကို ရောင်းပေးသွားမယ်.. အို့.. သူဘာပြောသေးလဲ..”

ပေါလ်အယ်လန်သည် ရုပ်သံဌာန ရှယ်ယာများကို ရယူနေကြောင်း ဖုန်းယွီ စိတ်မဝင်စားချေ။ မည်သို့ပင် ဆိုစေကာမူ မိတ်ဆွေကောင်းများ မဟုတ်ကြချေ။

ဖုန်းယွီ ဒေါသမထွက်သဖြင့် ရီလ်ဖာ စိတ်သက်သာရာရသွားသည်။ အင်ပါယာစတိတ် အဆောက်အဦးတွင် ဖုန်းယွီ ပေးထားသည့် သူ့ရုံးခန်းအား မြင်ထားကာ သူတွေးထားသည်ထက်ပင် ပိုကောင်းနေပေသည်။ သူ့သူဌေးမှ ကောင်းကောင်း ဆက်ဆံခဲ့သဖြင့် စိတ်မပျက်စေလိုချေ။

“မစ္စတာ အယ်လန် ဘာမှမပြောပေမယ့် ကျုပ်ကိုတွေ့လိုက်ရတော့ သူအံ့ဩသွားတယ်.. ဒါပေမယ့် သူ့အမူအရာက မပျော်မရွှင် ဖြစ်သွားတယ်ဆိုတာ ပေါ်နေတယ်..”

“ကောင်းတယ်.. သူစိတ်ဆိုးတော့ရော ဘာဖြစ်မှာလဲ.. ဘယ်သူ ဂရုစိုက်မှာလဲ.. စားပြီးပြီလား.. မင်းအတွက် တစ်ခုခု ပြင်ဆင်ပေးဖို့ စာဖိုမှူး ခေါ်လိုက်မယ်..”

ဖုန်းယွီ ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။

ရီလ်ဖာ စာပွဲကို ကြည့်လိုက်ရာ ဖုန်းယွီရှေ့တွင် အချိုပွဲများ ရှိနေသည်။ ဖုန်းယွီသည် ညစာ ပြီးသွားပြီဖြစ်၍ ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။ ဖုန်းယွီနှင့်အတူ အမျိုးသမီးတစ်ယောက် ရှိကြောင်း သတိထားမိလိုက်သည်။

ထိုအမျိုးသမီးနှင့် ဖုန်းယွီသည် ချစ်ရည်ရွှန်းလဲ့စွာ အကြည့်ချင်း ဖလှယ်နေကြပေသည်။ ရီလ်ဖာ စိတ်ရှုတ်သွားသည်။ ဖုန်းဘွီသည် အနှီရုရှားမိန်းကလေးနှင့် လမ်းခွဲထားသည်ဟု သူမကြားခဲ့ရချေ။ ယခု တရုတ်မိန်းကလေးသည် ဘယ်က ရောက်လာသနည်း။

သူဌေးသည် မိန်းကလေး(၂)ယောက် တစ်ပြိုင်တည်း ထားထားသည်လော။

ရီလ်ဖာအနေဖြင့် ထိုသို့သော ဖြစ်စဉ်မျိုး ယခင်ကလည်း မြင်ဖူးထားပေသည်။

မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အခြေအနေမျိုး၌ ရီလ်ဖာအနေဖြင့် ဤနေရာ၌ ရှိနေရန် မသင့်တော်ချေ။ ပြောစရာ ရှိသည်များ အမြန်ဆုံးပြောကာ မိုက္ခရိုဆော့ဖ်သို့ ပြန်သွားလိုက်သည်။ မိုက္ခရိုဆော့ဖ်တွင် သူ့လူများအား လုပ်စရာ ရှိသည်များကို ဂရုစိုက်ရန် စီစဉ်ထားသော်လည်း သူကိုယ်တိုင် နံဘေးတွင် ရှိနေသည်က ပို၍ စိတ်ချရပေသည်။

ရီလ်ဖာ ထွက်သွားပြီးနောက် လီနသည် သတိကြီးကြီးပုံစံဖြင့်..

“ငါ နင့်အလုပ်တွေအတွက် အနှောက်အယှက် ဖြစ်နေလား..”

“ဒါက ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးပါပဲ.. အေးဆေးပါ.. နင် သွားချင်တဲ့ နေရာတွေများ ရှိရဲ့လား..”

ဖုန်းယွီ မေးလိုက်သည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီသည် ရုပ်သံဌာနတစ်ခု ဝယ်ယူရာ၌ ကူညီပေးခြင်းသည် သူ့အတွက် အမှန်တကယ် ကိစ္စသေးသေးလေး တစ်ခုသာပင်။

‘အိုလံပစ် ပန်းခြံ အရမ်းနာမည်ကြီးတယ်လို့ ငါကြားထားတယ်.. မနက်ဖြန် သွားကြည့်ရအောင်လေ..”

လီနသည် ထိုနေရာသို့ လည်ပတ်ချင်နေပေသည်။

ဖုန်းယွီသည် သူ့အသံကြားလိုက်သည်နှင့်..

“မရဘူး.. အဲ့နေရာကလွဲပြီး ဘယ်နေရာပဲ ဖြစ်ဖြစ် သွားလည်လို့ရတယ်..”

--------**$$^$$**--------

All Chapters