← Chapters

အိုလံပစ် အားကစားပြိုင်ပွဲအား ဗုံးပေါက်ကွဲခြင်း

Vol. 57 Ch. 849

အိုလံပစ် အားကစားပြိုင်ပွဲအား ဗုံးပေါက်ကွဲခြင်း

Vol. 57 Ch. 849

ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲသည် နှစ်တစ်ရာပြည့် ပွဲဖြစ်ခြင်း၊ ကမ္ဘာ့စံချိန်များ ချိုးဖျက်သွားခြင်းကြောင့် လူအများ သတိတရရှိနေပေသည်။ ထို့အပြင် အဖြစ်ဆိုး တစ်ခုကြောင့်ပင်။

ယခုနှစ် ပြိုင်ပွဲအတွက် ကန်‌ဒေါ်လာ သန်း(၂၂၀)ကျော် ရင်းနှီးမြုပ်နှံထားကာ ရဲအရာရှိ (၁၀၀၀၀)ကျော် တပ်ဖြန့် ထားသည်ဟု အမေရိကန်မှ အခိုင်အမာ ဆိုပေသည်။ သို့ရာတွင် လူ(၂)ဦးသေဆုံးကာ (၁၀၀)ကျော် ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်တစ်ခု ရှိပေသည်။

ထိုအဖြစ်ဆိုးကြီး၌ အများမေးငေါ့စရာ ဖြစ်ခဲ့သည်မှာ ဗုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်နေရာတွင် ရှိနေသည့် အရာရှိတစ်ယောက်မှာ ဗုံးကို မည်သို့ ရှင်းလင်းရမည်ကို မသိဘဲ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပိုက်ဖြင့် ပြုလုပ်ထားသည့် ဗုံးဖြစ်ပြီး ပိုက်အတွင်းမှ ထွက်လာသည့် အစများကြောင့် အရိုးနှင့် အရွတ်များ ပြင်းပြင်းထန်ထန် ပျက်စီးစေခဲ့သည်။

ဗုံးကို ရှာဖွေတွေ့ရှိကာ အိုလံပစ် ပန်းခြံရှိ ဝန်ထမ်းများနှင့် အရာရှိများသည် ထိုလူများကို အချိန်မီ မကယ်ထုတ်နိုင်ခဲ့ ချေ။ ပုံမှန်အားဖြင့် (၅)မိနစ် ဆိုသည်မှာ လူအများကို ကယ်ထုတ်ရန် လုံလောက်ပြီး အသေအပျောက် မရှိသင့်ချေ။

ရဲတပ်ဖွဲ့၏ အမှားအယင်းကြောင့် ပြည်သူများ မကျေနပ်နိုင်ကြချေ။ ဗုံးဖောက်ခွဲမှုတွင် သံသယဖြစ်သူအဖြစ် ရဲမှ ပန်းခြံဝန်ထမ်းကို ဖမ်းဆီးခဲ့သော်လည်း တစ်လအကြာတွင် ပြန်လွှတ်ပေးခဲ့ရသည်။

တရားခံအစစ်ကိုမူ နောက်ပြစ်မှုတစ်ခုကြောင့် (၇)နှစ်(၈)နှစ်ကြာမှသာ ဖမ်းဆီးနိုင်ခဲ့သည်။ ဖုန်းယွီနှင့် လူတော်တော်များများမှာ အဖမ်းခံရသည့် သံသယရှိသူမှာ ဟန်ပြသာဖြစ်ကြောင်း မှတ်ယူထားကြသည်။

ဖုန်းယွီအနေဖြင့် လီနကို ထိုသို့ အန္တရာယ်ရှိသည့် နေရာအား မည်သို့ သွားခွင့်ပြုနိုင်မည်နည်း။ ဗုံးပေါက်ကွဲသည့် အချိန်နှင့် ရက်အတိအကျကို မမှတ်မိသော်လည်း ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဖြစ်ကြောင်း သိထားပေသည်။ သို့အတွက် လီနအား ထိုနေရာသို့ သွားခွင့်မပေးခဲ့ချေ။

လီနသည် စိတ်ရှုတ်နေသည့် ဖုန်းယွီအားကြည့်ကာ..

“ဘာလို့ မသွားရတာလဲ.. ငါရောက်တုန်း ရောက်ခိုက် အိုလံပစ် ပန်းခြံလေးမှ သွားမလည်ရရင် အလဟသ ဖြစ်မသွားဘူးလား..”

“လူတွေ အရမ်းများတဲ့အပြင် မလုံခြုံဘူး.. အားလုံးကလဲ မင်းလိုပဲ ခရီးသွားတွေ ရှိလိမ့်ဆိုတဲ့ အတွေးမျိုးပဲ ရှိလိမ့်မယ်.. ပြိုင်ပွဲပြီးရင် ငါတို့အတူသွားလို့ရတယ်.. အဲ့အချိန်ကျ နင် နေချင်သလို နေလို့ရတယ်..”

ဖုန်းယွီ ဆင်ခြေပေးလိုက်သည်။

“ခက်တာက ပြိုင်ပွဲပြီးရင် ကျောင်းပြန်တက်ရတော့မယ်..”

လီန စိတ်ပျက်သွားသည်။ ဖုန်းယွီ သူ့ကို လိမ်မည်မထင်ချေ။ မိမိအား ဖုန်းယွီ မည်သည့်အခါတွင်မှ လိမ်မည် မဟုတ်ချေ။

ဖုန်းယွီ စတင်၍ ဂျင်းထည့်ရတော့သည်။

“ကဲပါ.. တခြား စိတ်ဝင်စားစရာနေရာတွေ လိုက်ပို့ပေးမယ်.. ပျော်စရာ ကောင်းရမယ်လို့ ကတိပေးတယ်.. ပန်းခြံထဲမှာ ရုပ်တု နည်းနည်းကလွဲပြီး ဘာမှမရှိပါဘူး.. အဲ့ဒါတွေ စိတ်ဝင်စားလို့လား.. တရုတ်က မဟာ တံတိုင်းကြီးကို ပထမဆုံးအကြိမ် သွားလည်တုန်းက မှတ်မိသေးလား.. တောင်ပေါ်မတက်ခင် တော့ စိတ်တွေ အရမ်းလှုပ်ရှားနေကြပေမယ့် ခဏနေတော့ ငြီးငွေ့လာရောလေ..”

“အဲ့ဒါတော့ဟုတ်တယ်.. ဒီကိစ္စ နောက်တစ်ခေါက် ထပ်ပြောရအောင်ဟာ.. အဲ့ပန်းခြံမှာ ရွှေတွေ ရှာလို့ရတယ်လို့ ကြားထားတယ်..”

“အဲ့ဒါကလဲ ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် မီဒီယာတွေက ချဲ့ကားပြော နေတာတွေပါ.. ရွှေတုံးရမယ်ဆိုရင်တောင် ဘယ်လောက် တန်ဖိုးရှိမှာလဲ.. နင့်အတွက် ရွှေတွေဝယ်ပြီး အရည်ကျုပေးမယ်.. နင် လိုက်ကောက်လို့ရအောင် မြေကြီးပေါ် ဖြန့်ကျဲထားပေးမယ်လေ..”

ဖုန်းယွီ ရွှတ်နောက်နောက် ဖြင့် ဆက်လက်၍..

“ကမ္ဘာလှည့် ခရီးသွားတွေေလည်ပတ်တဲ့ ရွှေတွင်းတွေမှာ တွေ့ရတဲ့ ရွှေတွေဆိုတာ အညစ်အကြေး များမှများပဲ.. အရောင်းမြှင့်တင်မှု ပုံစံမျိုး တစ်ခုပဲ.. ဘာနဲ့တူလဲဆိုတော့ ငါတို့ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးရဲ့ ဆောင်ပုဒ်လိုပဲ. ‘မဟာတံတိုင်းကို မရောက်ဖူးရင် သူရဲကောင်းမဟုတ်’ တဲ့.. မဟာတံတိုင်း ရောက်တော့ သူရဲကောင်းတစ်ယောက် ဖြစ်သွားရောလား.. အဲ့မှာ စိတ်ဝင်စားစရာ ဘာမှမရှိဘာဘူးဟာ.. ရှေးဟောင်းမြို့တွေကို သွားလည်လို့ ရတာပဲ..”

လီန မျက်လုံးပြူးပြကာ..

“နင်က ငါ့ရှေ့မှာ ရွှေတုံးတွေ ပစ်ချပြီး လိုက်ကောက်ခိုင်းမယ်ဆိုတာ ဘာသဘောလဲ.. ကောက်မနေဘူး..”

“ဒါပေါ့.. သူများတွေ ပစ်ချထားတဲ့ ရွှေတွေ ဘာလို့ကောက်ရမှာလဲ.. လိုလိုလားလား ရွေးခိုင်းမှာလေ..”

ဖုန်းယွီသည် လီန အိုလံပစ်ဥယျာဉ်သို့ သွားလည်ရန် မေ့သွားသည်အထိ လှည့်ပတ်ပြောကာ အိပ်ခန်းအတွင်း ပြန်လာတော့သည်။

*******

“မင်းဘာပေါလိုက်တယ်….. ကောင်းတယ်.. ငါသိတယ်.. ဟုတ်တယ်… ဘယ်လောက် ကုန်ကုန် ဂရုမစိုက်ဘူး.. ငါလိုချင်တာ အဖြေတစ်ခုပဲ…”

ဖုန်းယွီ ပြောဆိုနေသည်မှာ မြင်မကောင်းတော့သည့်အတွက် လီန ဝင်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ.. နင့်ကုမ္ပဏီမှာ တစ်ခုခု ဖြစ်နေလား.. နင်ပြန်ရတော့မျာလား.. ငါတို့ ထွက်လာတာလဲ ကြာနေပြီလေ..”

“ဒါ ငါ့ကုမ္ပဏီ ကိစ္စမဟုတ်ပါဘူးဟာ.. အိုလံပစ် ပန်းခြံထဲမှာ အဖြစ်အပျက် တစ်ခု ဖြစ်သွားတယ်.. ငါတို့ အဲ့ကို သွားမလည်တာ ကံကောင်းလို့..”

စကားအစချီကာ လီနအား မဖြစ်အပျက်အစုံ ပြောပြလိုက်သည်။

“နင်ပြောတာ မှန်တယ်.. လူထူထူနေရာတွေမှာ အရမ်းအန္တရာယ်များတယ်.. အဲ့ ဗုံးခွဲသမား ဘာတွေ တွေးနေလဲ မသိဘူး.. အဲ့လိုတွေလုပ်လို့ သူဘာရမှာလဲလို့..”

လီနမှာ ဖုန်းယွီ၏ အမျှော်အမြင် ကြီးမှုကို သဘောကျနေပေသည်။

အရိုးသားဆုံး ပြောရမည်ဆိုပါက ဖုန်းယွီသည်လည်း ထိုဗုံးခွဲသူ မည်သည်ကို တွေးနေမှန်း မသိချေ။ အမေရိကန် အစိုးရအား အရှက်ခွဲရန် ကြိုးစားသည်လည်း ဖြစ်နိုင်ပေသည်။ ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပါက အောင်မြင်ပေသည်။

ထို့အပြင် ထိုဗုံးခွဲသူသည် ဖုန်းယွီအား သွယ်ဝိုက်သောနည်းဖြင့် ကူညီခဲ့သေးသည်။ ပွဲဖြစ်မြောက်ရေး ကော်မတီ အရှက်ရကာ ဖုန်းယွီသည် ထိုအဖြစ်အပျက်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် အသုံးချနိုင်ပေသည်။

**********

အိုလံပစ် အားကစားပြိုင်ပွဲအား ကန်ထရိုက်တာများထံ ပြင်ပငွေကြေးစနစ်ဖြင့် ပေးထားသည်မှာ မမှန်ချေ။

အမေရိကန်သည် အကြိမ်(၁၀၀)မြောက် အိုလံပစ် အားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပရန် ဧသင်မြို့ထံမှ လုယူ နိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

အမေရိကန် အစိုးရသည် ပြိုင်ပွဲအတွင်း ဗုံးဖေါက်ခွဲခံရသည့် အဖြစ်အပျက်ကို သေချာ ရှင်းပြရပေလိမ့်မည်။

အကယ်၍ အမေရိကန်အစိုးရသည် လုံခြုံရေး မပေးနိုင်ပါက အိုလံပစ် အားကစားပြိုင်ပွဲကို မည်ကဲ့သို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်တော့မည်နည်း။

********

ကမ္ဘာတစ်ဝှမ်းရှိ ဂျာနယ်များ၏ ခေါင်းကြီးပိုင်းများတွင် အပျက်သဘောဆောင်သည့် သတင်းမျိုးစုံ ပေါ်လာသည်။ အိုလံပစ် အားကစား ပွဲတော်ကာလအတွင်း လူအများ၏ အာရုံစိုက်မှုမှာ ထိုအဖြစ်ဆိုးသို့ ရောက်ကုန်တော့သည်။

ဥရောပ နိုင်ငံများ၊ အထူးသဖြင့် ရုရှားနှင့် ဂရိနိုင်ငံတို့မှ ထိုအဖြစ်အပျက်ကို အများဆုံး သတင်းတင်ကြသည်။

အမေရိကန်၏ ဂုဏ်သိက္ခာကို တိုက်ခိုက်ရန် အခွင့်အရေးရတိုင်း ရုရှားသည် ပထမဆုံး စတင်ပေလိမ့်မည်။ အမေရိကန်သည်လည်း အခွင့်အရေးရပါက ရုရှားအား ပထမဆုံး ဝင်တိုက်ပေလိမ့်မည်။

ဂရိဆိုသည်မှ ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ လက်ခံကျင်းပရန် အမေကန်အား ရှုံးနိမ့်ခဲ့ရပြီး မပျော်မရွှင် ဖြစ်ခဲ့ရသည်။ ပထမဆုံးသော အိုလံပစ် အားကစားပြိုင်ပွဲကို ဂရိနိုင်ငံတွင် ကျင်းပခဲ့ပြီး ယခု အကြိမ်(၁၀၀)မြောက် အားကစား ပြိုင်ပွဲ ဖြစ်ပေသည်။ ဤသည်ကိုပင် အမေရိကန်သို့ ရှုံးနိမ့်ခဲ့ရသည်။

ယခုမူ ပြိုင်ပွဲများ လက်ခံကျင်းပကာ ရှုတ်ထွေးနေချေပြီ။

အခြားနိုင်ငံ အများအပြားမှာမူ ကြားနေဆဲဖြစ်ကာ အမေရိကန်အား မလှောင်ပြောင်ကြချေ။ ဝမ်းနည်းကြောင်းသာ ဖော်ပြကြသည်။

ဖုန်းယွီသည်လည်း ပွဲဖြစ်မြောက်ရေး ကော်မတီကို ဟာသတစ်ခုအဖြစ် ယူဆထားသည်။ လုံခြုံရေး ကောင်းပါက ဤသို့သော အဖြစ်အပျက်မျိုး မည်သို့ဖြစ်နိုင်မည်နည်း။ လူစုခွဲရန် (၅)မိနစ် အချိန်ရခဲ့သည့်တိုင် အသေအပျောက် များခဲ့ပေသည်။ တာဝန်ခံသည် ရှေ့သို့ထွက်လာကာ ထိုကိစ္စအတွက် အပြည့်အဝ တာဝန်ယူသင့်ပေသည်။

ဝမ်းနည်းခြင်း ဟူသည်မှာ အဘယ်သို့နည်း။ တရားခံအား မဖြစ်မနေ ဖမ်းရပေမည်။ အဖြစ်အပျက်ကြီး ပြီးဆုံးပြီး ဖြစ်သဖြင့် မည်သို့ပင် ဆောင်ရွက်စေကာမူ သေဆုံးပြီး အသက်(၂)သက်သည် မည်သည့်အခါတွင်မှ ပြန်ရတော့မည် မဟုတ်ချေ။

ထိုအချိန်တွင် အဖြစ်အပျက်အား သတင်းဆောင်းပါးတစ်ပုဒ် ရေးလိုက်သည်။

ဖုန်းယွီသည် သူ့လူများအား အတ္တလန္တာအစိုးရထံ စာတစ်စောင်ရေး၍ အိုလံပစ် အားကစားပွဲအတွင်း လုံခြုံရေး တိုးမြှင့်ထားရန် သတိပေးခဲ့သေးသည်။ ထိုစာကို လျစ်လျူရှုခဲ့ကြသဖြင့် အနှီဗုံးခွဲမှု ဖြစ်ပေါ်စေပေသည်။

ယခုအချိန်တွင် စာတွင်ပါဝင်သည့် အကြောင်းအရာများကို ဖော်ထုတ်ကာ အတ္တလန္တာအစိုးရ၊ အမေရိကန် အိုလန်ပစ် ကော်မတီ၊ အမေရိကန် အစိုးရတို့မှာ လူထု၏ ဒေါသပစ်မှတ် ဖြစ်လာတော့သည်။

လုံခြုံရေးတိုးမြှင့်ရန် တစ်စုံတစ်ယောက်မှ သတိပေးခဲ့သော်လည်း လျစ်လျူရှုခဲ့ကြသည်လော။ ဒုက္ခကို တောင်းဆိုကြသည်လော။

မည်သို့ပင်ဖြစ်စေ နောက်ဆက်တွဲ ဖြစ်ရပ်များမှာ ဖုန်းယွီ၏ ယခင်ဘဝနှင့် အတူတူသာပင်။ ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူအဖြစ် ဝန်ထမ်းတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ အမေရိကန်အစိုးရသည် ပြည်သူများအား တန်ဖိုးမထားဘဲ အသုံးချနေသည်လော။

ထိုကိစ္စနှင့်ပတ်သက်၍ ဗုံးခွဲမှုဖြင့် အဖမ်းခံရသည့် ဝန်ထမ်းမှာ တရားခံမဟုတ်ကြောင်း ဝီလ်ဆင်အား မီဒီယာမှတဆင့် သတင်းတင်ခိုင်းလိုက်သည်။ ရဲများ ရူးသွပ်သည်အထိ မလုပ်ခဲ့ပါက သံသယ တရားခံဖြစ်မည် မဟုတ်ချေ။ အကယ်၍ ထိုသံသယရှိသူသည် တရားခံအစစ်ဖြစ်ပါက ဗုံးဒဏ်ကို အမြင့်ဆုံးအဆင့်ထိ ဖန်တီးရန် နှုတ်ဆိတ်နေမည်သာပင်။ နောက်ဆုံးအချိန်၌ နောင်တရခဲ့ပါက ဗုံးပေါက်ကွဲမှုကို ရပ်တန့်စေနိုင်ကာ အသေ အပျောက် ရှိမည် မဟုတ်ချေ။ ထို့အပြင် ထိုဝန်ထမ်း၌ မည်သည့်ရည်ရွယ်ချက်မျိုးမှ ရှိမနေချေ။

ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းပေး အပ်ခြင်းနှင့်ပတ်သက်၍ ထပ်မံ ဆွေးနွေးကြတော့သည်။ အိုလံပစ် အားကစား ပြိုင်ပွဲကို အမေရိကန်မှ လုံလောက်စွာ လေးစားမှုမရှိဘဲ မည်သည့်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရသင့်သနည်း။

နောက်ကွယ်တွင် အများပြည်သူများ သတိမထားမိနိုင်သည့် ကိစ္စရပ်များ ရှိနေသည်လော။

--------**$$^$$**--------

All Chapters