ကလင်တန် တောင်းပန်ခြင်း
Vol. 57 Ch. 851
“အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဆမာရန်ချ်က ဒီနှစ် အိုလံပစ် အားကာစားပြိုင်ပွဲအတွက် လုံးဝ စိတ်ပျက်မိတယ်လို့ ပြောပါတယ်..”
“အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဆမာရန်ချ်က ဖမ်းထားတဲ့ သံသယရှိသူဟာ တရားခံ အစစ် မဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်..”
“FBI က လူမှားဖမ်းထားတယ်ဆိုတာ လူတိုင်း သိနေပါတယ်..”
“အခုဆို မီဒီယာတွေက မေးခွန်းထုတ်နေကြပါပြီ.. ဒီလို အန္တရာယ်ရှိတဲ့ အမေရိကန်နိုင်ငံက အိုလံပစ် အားကစား ပြိုင်ပွဲကို ဘယ်လိုမျိုးနဲ့ အိမ်ရှင်ဖြစ်နိုင်သလဲ..”
“သမ္မတ ကလင်တန်အနေနဲ့ FBI ကိစ္စကို မကြာခင် အဖြေပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်..”
**************
ဖုန်းယွီသည် ရှေ့မှသတင်းစာများကိုကြည့်ပြီးနောက် နံရံပေါ်မှ LCD TV မှ သတင်းတင်ဆက်မှုကို ကြည့်နေသည်။ သတင်းအားလုံးသည် အိုလံပစ် အားကစားပွဲနှင့် ဆက်စပ်နေကာ အများစုမှာ အိုလံပစ် ပန်းခြံတွင် ဗုံးကြဲခံရသည့် ဖြစ်ရပ်နှင့် ပတ်သက်နေပေသည်။
ဆမာရန်ချ်သည် ဒေါသဖြစ်လွန်းသဖြင့် ထိုစကားမျိုး ပြောသင့်ပေသည်။ ဤသည်မှာ အမေရိကန်အစိုးရအား ပုတ်ခတ်မှု တစ်ခုကဲ့သို့ပင်။ ထို ရုပ်သံဝေဖန်ရေးဆရာ ပြောပြီးသည်နှင့် ချက်ချင်း တာဝန်ယူခဲ့ပါက အားလုံးကို ခွင့်လွှတ်ပေးနိုင်ပေသည်။ အားလုံးမှ ထိုစကားကို လျစ်လျူရှုကာ ငွေရှာရန်သာ အာရုံစိုက်ဖို့ ရွေးချယ်ရေး မည်သူ တောင်းဆိုခဲ့သနည်း။ ဖုန်းယွီသည် ထိုအဖြစ်အပျက်ကြောင့် ကိစ္စတော်တော်များများ လုပ်ခဲ့သည်။ ကောလာဟလ များဖန်တီးရန် ဝီလ်ဆင်၏ လူများကိုသုံးကာ၊ ကီရီလန်ကိုသည်လည်း အမေရိကန် အစိုးရ၏ ဂုဏ်သိက္ခာညှိုးနွမ်း စေရန် ကူညီခဲ့သေးသည်။
ကီရီလန်ကိုသည် အမေရိကန်ကို နိုင်ငံတကာအလယ်၌ အရှက်ရစေမည့် အခွင့်အရေး လက်လွတ်မခံလိုသဖြင့် ထိုကဲ့သို့ လုပ်ပေးရန် စေတနာ့ဝန်ထမ်း လုပ်ခဲ့ခြင်းပင်။ ဗော့ကာ (၂)ပုလင်း၊ မိန်းမပျိုများဖြင့် ပျော်ရခြင်းထက် ပိုကောင်းပေသည်။
ကီရီလန်ကိုသည် ထိုကိစ္စကူညီရာ ရန်ရောပရှိ သူ့မိတ်ဆွေများကိုပင် ဆက်သွယ်ခဲ့သေးသည်။ သူ့မိတ်ဆွေများ မှာလည်း သက်ဆိုင်ရာ နိုင်ငံများတွင် ဩဇာညောင်းကာ အမေရိကန် အစိုးရကို ကန့်လန့်တိုက်ခဲ့ကြသည်။ အချို့လူများသည် ၎င်းတို့လုပ်လိုက်သည်ကို ထင်ရှားခြင်းမရှိဟုသာ ခံစားခဲ့ကြပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီသည် အမေရိကန်၏ အနာဂတ် အိုလံပစ် အားကစားပြိုင်ပွဲများ လက်ခံကျင်းပခွင့်ကို ပိတ်ပင်လိုကြသည်။
အိုလံပစ် အားကစားပြိုင်ပွဲများမှာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ တရားမျှတမှု၊ အပြန်အလှန် နားလည်နိုင်မှု များအပေါ် အလေးပေးထားခြင်း ဖြစ်၍ ထိုသို့ ဖြစ်လာစရာ မရှိကြောင်း လူတိုင်းသိပေသည်။ နိုင်ငံတကာ ကော်မတီ သည် မည်သည့်နိုင်ငံ၏ ပါဝင်မှုကိုမှ ပိတ်ပင်မည် မဟုတ်ချေ။
အိုလံပစ် အားကစားပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ခွဲခြားမှုမရှိဘဲ လူငယ်များကို အားကစားနည်းပညာဖြင့် လေ့ကျင့် သင်ကြားပေးကာ ငြိမ်းချမ်းသာယာလှပသည့် ကမ္ဘာကြီးကို တည်ဆောက်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
ဖုန်းယွီသည် ထိုကိစ္စအား အမေရိကန်ကို တိုက်ခိုက်ရန် အသုံးချခဲ့ပြီး အမေရိကန်သည် အခြားသူများကို ခွဲခြား ဆက်ဆံသည်မှာ ရုပ်သံဝေဖန်သူသည် ဥပမာတစ်ခုပင်။
အမေရိကန်သည် အိုလံပစ်အားကစားပွဲ၏ တန်ဖိုးနှင့် စိတ်ဓာတ်ကို ထိန်းသိမ်းရာ၌ ရိုးသားမှု ရှိပါသည်လော။ လူတစ်ယောက်ကို ဖမ်းဆီးကာ ဗုံးခွဲသူအဖြစ် သံသယရှိကြောင်း ကြေငြာခဲ့သည်။ ဤသည်မှာ ဖုံးကွယ်ရန် ကြိုးစားကြောင်း ထင်ရှားပေသည်။ အမေရိကန်သည် ငြိမ်းချမ်းရေး လိုလားသူလော။ ၎င်းတို့သည် လေယာဉ်တင် သင်္ဘောများ၊ နျူကလီးယားလက်နက်များစွာဖြင့် စစ်ပွဲများစတင်ခဲ့ပြီး နိုင်ငံများကို ကျူးကျော်လာပေသည်။
အိုလံပစ် အားကစားပြိုင်ပွဲကို အမေရိကန်အနေဖြင့် အိမ်ရှင်အဖြစ် မည်သို့ လက်ခံကျင်းပနိုင်သနည်း
အရိုးသားဆုံး ပြောရမည်ဆိုပါက ယခုနှစ် အိုလံပစ်အားကစား ပြိုင်ပွဲသည် အမှန်တကယ် ကျရှုံးခဲ့သည်။ ပွဲစီစဉ်သူများ ရှုတ်ထွေးနေခြင်း၊ လုံခြုံမှုမရှိခြင်း၊ စီးပွားဖြစ် ဆောင်ရွက်ခြင်း စသည် စသည်တို့ဖြင့်………..
*********************
ကလင်တန်သည် အဝေးထိန်းခလုပ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ မီဒီယာအားလုံးမှ အမေရိကန် အစိုးရနှင့် ဖြစ်မြောက်ရေး ကော်မတီကို ဝေဖန်နေကြပေသည်။ ထိုမတော်တဆမှု၌ အမေရိကန်သည် သားကောင်ပင်။
ထို့အပြင် အိုလံပစ် အားကစား ပြိုင်ပွဲများ ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး စံချိန်များစွာ ချိုးဖျက်ခဲ့ကြသည်။ နိုင်ငံ အများအပြားမှ ဆုတံဆိပ်များ ရခဲ့သော်လည်း ထိုအရာများကို မီဒီယာများမှ မည်သည့်အတွက် မဖော်ပြကြသနည်း။
နိုင်ငံငယ်လေးများပင် အမေရိကန်ကို ဝေဖန်ဝံ့ကြသည်လော။ မည်သည့်နေရာမှ သတ္တိများ ရလာကြသနည်း။
ယခုနှစ်သည် ကလင်တန်၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်ဖြစ်ပြီး နောက်ထပ် သက်တမ်းတိုးရန် မျှော်လင့် နေသည်။ သူ၏ ခေါင်းဆောင်မှုအပေါ် အမေရိကန်များ ယုံကြည်မှုရှိမှရပေမည်။ ဤသက်တမ်းအတွင်း အမေရိကန် စီးပွားရေးသည် ကောင်းကောင်းတိုးတက်လာသော်လည်း ယခုအဖြစ်အပျက် အမှားအတွက် ပြင်ဆင်ရန် မလုံလောက်ချေ။
မည်သို့ပင်ဖြစ်စေ အမေရိကန်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုဖြစ်ရပ်အတွက် ကလင်တန်မှာ ခိုကိုးရာမဲ့ ဖြစ်ခဲ့ရသည်။ လူအများအပြားမှ သံသယရှိသူကို ဖမ်းဆီးခြင်းအတွက် FBI မှ အကြောင်းပြချက် တောင်းဆိုနေကြသည်။
အမေရိကန်နိုင်ငံသားများပင် ဤသည်မှာ မတားဖမ်းဆီးမှုဟု ယူဆကြပြီး ထိုကိစ္စရှေ့ထွက်၍ ရင်မဆိုင်ပါက သက်တမ်းတိုးရန် မည်သို့ ဖြစ်နိုင်မည်နည်း။
ယခုအချိန်၌ ကလင်တန်၏ ထောက်ခံမှုနှုန်းမှာ ပထမဆုံးအကြိမ်အဖြစ် (၅၀)ရာခိုင်နှုန်းအောက် ကျဆင်းသွားသည် မှာ ကောင်းသော လက္ခဏာမဟုတ်ချေ။
ကလင်တန်၏ အကြံပေးပုဂ္ဂိုလ်မှ တောင်းပန်ရန် ပြင်ဆင်နေပြီး လူအများနှင့် ကမ္ဘာကို သိစေရမည်ဟု ပြောကြားခဲ့ သည်။ မဆိုင်သူအပေါ် အပြစ်ပုံချရေး တွန်းအားပေးခဲ့ရပြီး တာဝန်အပြည့်အဝ မယူနိုင်ချေ။
ကလင်တန်၏ အကြံပေးများသည် လူတစ်ယောက်အပေါ် အလဟစ ဖြစ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ နိုင်ငံရေး ပြိုင်ဘက် သမ္မတလောင်းတစ်ယောက်ဖြစ်သည့် Bob သည် အိုလံပစ်ပွဲစီစဉ်သူ တစ်ယောက်ဖြစ်သည့် ပက်ပ်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိကာ ရုပ်သံဌာန ဟောပြောပွဲတစ်ခုတွင် ပါဝင်ခဲ့သည်။
ဤသည်က ပြီးပြည့်စုံသော စကားစစ်ထိုးမှု တစ်ခုပင်။
*******************
ဖုန်းယွီသည် ရုပ်သံ၌ သမ္မတကလင်တန်သည် အမေရိကန်အစိုးရကိုယ်စား တောင်းပန်နေသည်ကို တွေ့မြင်ရသည့် အတွက် တုန်လှုပ်သွားခဲ့သည်။ ထို့အပြင် တရုန်နိုင်ငံအား ဆန့်ကျင်ခဲ့သော ရုပ်သံ ဝေဖန်သူ၏ မှတ်ချက်များ အတွက်လည်း တောင်းပန်ခဲ့သည်။
ဖုန်းယွီ၏ ယခင်ဘဝက အတ္တလန္တာပြည်နယ် ဘုရင်ခံမှ တောင်းပန်ခဲ့သည်။ ယခုဘဝ၌ ဤအဖြစ်အပျက်မှာ ယုတ္တိမတန်ချေ။
“ဖုန်းယွီ.. အဲ့ဒါ အမေရိကန် သမ္မတလား.. သူက ငါတို့နိုင်ငံကို တောင်းပန်နေတယ်လား..”
လီန အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်.. ဗုံးခွဲတဲ့ ဖြစ်စဉ်ကြောင့်ရယ်.. ရုပ်သံ ဝေဖန်သူရဲ့ မှတ်ချက်တွေအတွက် တောင်းပန်နေတာ.. ခဏနေအုံး.. သူ တခြားလူအပေါ် အပြစ်ပုံချနေတယ်..”
ဖုန်းယွီသည် အဖြစ်အပျက်ကို သတိပြုမိလိုက်သည်။ မည်သည်ကို တောင်းပန်သနည်း။ ကလင်တန်သည် သူ့ပြိုင်ဘက်ကို တိုက်ခိုက်ရန် ယခုအဖြစ်အပျက်ကို အသုံးချနေခြင်းပင်။
ကလင်တန်သည် Bob ကို အပြစ်တင်ခဲ့သည်။ ဤသည်က လှုပ်ရှားမှုကောင်း မဟုတ်သော်လည်း အသုံးဝင် ပေသည်။
ကလင်တန်၏ တောင်းပန်မှုအပြီးတွင် နိုင်ငံအများအပြားသည် အမေရိကန်အပေါ် ဝေဖန်မှုများအား ရပ်တန့်လိုက် ပြီး အမေရိကန်တွင်မူ Bob အား ဝိုင်း၍ လက်ညှိုးထိုးကာ အဖြစ်အပျက်၏ လက်မည်းကြီးအဖြစ် သတ်မှတ် လိုက်ကြသည်။
ဖုန်းယွီ သက်ပြင်းချလိုက်သည်။ ကလင်တန်၏ လှုပ်ရှားမှုသည် Bob ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ (၄)ကြိမ် မြောက် သမ္မတ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း၌ ကံမကောင်းချေ။ ယခင်(၃)ကြိမ် ကြိုးစားမှုမှာလည်း ကျရှုံးခဲ့ပြီး ယခုအကြိမ်တွင်လည်း မအောင်မြင်ခဲ့ချေ။
အကယ်၍ ဟီလာရီကလင်တန်သည် လုံလောက်သည့် တန်ပြန်မှုမရှိဘဲ Bob အား အပြစ်ပုံချပါက လာမည့် ရွေး ကောက်ပွဲတွင် ရှုံးနိမ့်သွားမည်ဖြစ်ပြီး သမိုင်းကြောင်း ပြောင်းလဲသွားပေလိမ့်မည်။
ဖုန်းယွီသည် စိတ်သက်သာရခြင်းနှင့်အတူ စိတ်ပျက်ခြင်းကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ ကမ္ဘာကြီး၏ အဖြစ်အပျက်များ ပြောင်းလဲသွားမည် မဟုတ်သဖြင့် စိတ်သက်သာရာရပြီး ယခင်ဘဝ မှတ်ဉာဏ်များကို အသုံးချနိုင် သေးသည်။ သို့ရာတွင် လူတစ်ယောက်အား သမ္မတ ဖြစ်ခွင့်ကို တားဆီးပိတ်ပင်သည့် အတွေ့အကြုံ မရနိုင်သည့် အတွက် စိတ်ပျက်မိသည်။
လက်ရှိဘဝ ကြွယ်ဝချမ်းသာမှုကြောင့် ကမ္ဘာကြီးသည် သမိုင်းကြောင်းအတိုင်း အတိအကျ မဟုတ်သော်လည်း အခြားလူများထက် ရှေ့ရေးအမြင် ပိုသာနေသဖြင့် ကမ္ဘာ့အချမ်းသာဆုံးသူ ဖြစ်လာနိုင်သေးသည်။
ဖုန်းယွီသည် ထိုဖြစ်ရပ်အတွက် ဒေါ်လာသန်း(၂၀)ကျော် အကုန်ကျခံ သုံးစွဲခဲ့သော်လည်း အမေရိကန်ကို အရှက်ခွဲ နိုင်ခဲ့သဖြင့် ထိုက်တန်သည်ဟု ခံစားရပေသည်။
--------**$$^$$**--------