← Chapters

ရုတ်တရက် ဖိတ်ကြားမှု

Vol. 57 Ch. 841

ရုတ်တရက် ဖိတ်ကြားမှု

Vol. 57 Ch. 841

“မေးတာဖြေစမ်း..”

ဒါရိုက်တာဖုန်း အော်လိုက်သည်။

ကျူးရှန်ယင် တုန်လှုပ်ကာ စကားမပြောနိုင်တော့ချေ။ ဒါရိုက်တာဖုန်း စိတ်မရှည်စွာ လက်ကာပြလိုက်သည်။ အစိုးရ အတွင်း စုန်းပြူးဝန်ထမ်း အများအပြား ရှိပေသည်။

“ပြန်တော့.. ငါတို့ဆီက ပြစ်ဒဏ်ကို စောင့်နေလိုက်..”

ဤသည်မှာ ကျူုးရှန်ယင်အတွက် စီရင်ချက်ဖြစ်ပြီး ကျူးရှန်ယင်မှာ အခန်းအတွင်းမှ ထွက်သွားတော့သည်။ သူသည် ကုမ္ပဏီ(၂)ခုနှင့် အဆက်အသွယ်များအားလုံး ဖြတ်လိုက်ကာ လာဘ်စားထားသည့် အထောက်အထား အားလုံး ဖျက်ပစ်လိုက်တော့သည်။

“ဒါရိုက်တာဖုန်း.. နောက်ထပ် အရေးကြီး ကိစ္စတစ်ခု ရှိသေးတယ်.. ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးသင့်တယ် ထင်တာပဲ..”

ဖုန်းယွီသည် ကျူးရှန်ယင် ကိစ္စပြတ်သွားပြီမှန်း သိပေသည်။ ထိုအဘိုးကြီး မသန့်ရှင်းသဖြင့် အညစ်အကြေးများ ပြောင်အောင် သန့်စင်ရပေမည်။ နောက်လာမည့် အသင်းဥက္ကဋ္ဌ မည်သူမည်လိမ့်မည်ကို သိချင်မိသည်။

“ဘာများလဲ..”

ဒါရိုက်တာဖုန်းသည် ဖုန်းယွီ၏ လေသံအရ အရေးကြီးကိစ္စတစ်ခုဖြစ်ကြောင်း ခံစားမိလိုက်သည်။

“လက်ရှိ ကျုပ်တို့နိုင်ငံမှာ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေက သာလွန်ထုတ်ကုန်တွေ ဖြစ်တဲ့အပြင် ပြည်တွင်း ထုတ်ကုန်တွေ နိမ့်ကျတယ်ဆိုတဲ့ အတွေးအခေါ် တစ်ခုရှိနေတယ်.. အဲ့အတွေးတွေက အရမ်းအန္တရာယ်များတဲ့ အပြင် တရုတ်ထုတ်ကုန်တွေကို ထောက်ပံ့ဖို့ဆိုတာ ပြည်သူတွေ အားပေးမှရမယ်.. ပြည်တွင်းမှာ ထုတ်တဲ့ ကုန်ပစ္စည်း အရည်အသေးတွေဟာ နိုင်ငံတကာ အဆင့်မှီသလောက် သွင်းကုန်တွေကတော့ အရမ်းကို ရယ်စရာ ကောင်းနေတာ..”

“ငါတို့ရဲ့ ထုတ်လုပ်မှု စံနှုန်းတွေဟာ နိုင်ငံတကာ စံနှုန်းအတိုင်း အဆင့်မီတယ်လို့ မင်းပြောနေတာလား..”

“သေချာ ထုတ်ထားတဲ့ ထုတ်ကုန်တွေဆို နိုင်ငံတကာ စံနှုန်းတောင် ကျော်နေသေးတယ်.. တစ်ချို့ထုတ်ကုန်တွေက တော့ ပမ်းမျှအောက် ရောက်နေတာပေါ့.. ဒါပေမယ့် တရုတ်နိုင်ငံကို ပမာဏ ကြီးကြီးမားမားနဲ့ ပြည်ပကို တင်ပို့ခွင့်ပေးမယ်ဆိုရင် ကျုပ်တို့ ထုတ်လုပ်မှုကဏ္ဍ ထိခိုက်လာလိမ့်မယ်.. အဲ့စက်ရုံတွေက သူတို့ ထုတ်ကုန်တွေကို မရောင်းဘဲ သူတို့နည်းပညာကို ဘယ်လိုမြှင့်တင်ပြီး ထုတ်ကုန်အသစ်တွေ ဘယ်လိုလုပ် တီထွင်နိုင်မှာလဲ..”

ဒါရိုက်တာဖုန်း မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီးဖြင့်..

“မင်းက တံခါးပိတ်ဝါဒ ကျင့်သုံးချင်နေတာလား.. ငါတို့တွေ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ရမှာလား..”

“အဲ့လိုမဟုတ်ဘူး.. ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ဖို့ မဟုတ်ဘူး.. အကာအကွယ်ပေးတဲ့ မူဝါဒတစ်ခု လိုချင်တာ.. ကုန်သွယ်မှုက ဆက်ရှိနေရအုံးမှာပဲ.. ပြည်တွင်းထုတ်ကုန်တွေကို ထောက်ပံ့ပေးပြီး အသုံးစရိတ် တိုးတာအောင် တွန်းအားပေးရမှာ.. အဲ့နည်းနဲ့ဆို ကျုပ်တို့ ပြည်တွင်း ကုမ္ပဏီတွေ ကြီးထွားဖို့အတွက် ရန်ပုံငွေ အလုံအလောက် ရှိသွားမယ်..”

“မင်းကုမ္ပဏီတွေကို ကာကွယ်ဖို့ ငါ့ကို လူမိုက်ငှားနေတာလား..”

ဖုန်းယွီ ရယ်မောရင်း ခေါင်းယမ်းပြကာ ဂုဏ်ယူစွာဖြင့်..

“ဒါရိုက်တာဖုန်း.. ကျုပ် ကုမ္ပဏီအားလုံး ထုတ်ကုန်တွေ ပြည်ပတင်ပို့နေပါပြီ.. အစိုးရဆီက အကာအကွယ် လိုအပ်မယ် ထင်နေတာလား..”

အခြားထုတ်ကုန်များ မဆိုထားနှင့် ဖုန်းယွီ၏ အညံ့ဆုံး ထုတ်ကုန်များ၊ အဖျော်ယမကာများပင် နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေပေသည်။ ရေငွေ့ထိန်းစက်၊ အရွက်မဲ့ ပန်ကာ၊ VCD စက်များသည် ကမ္ဘာပေါ်တွင် ဈေးကွက်ဝေစု အကြီးဆုံးကိုင်ထားပေသည်။

ဒါရိုက်တာဖုန်းသည် ဖုန်းယွီအနေဖြင့် အခြားကုမ္ပဏီများအတွက် ဤသို့လုပ်နေသည်ကို မယုံနိုင်သေးချေ။ ဖုန်းယွီသည် ငွေကြေးများ လှူနေသော်လည်း ငွေအများကြီးရကာ လှူဒါန်းမှုများမှာ သူ့ကုမ္ပဏီများ၏ တိုးတက်မှုနှင့် ဘဝကို မထိခိုက်ချေ။ အမြတ်အစွန်း ဤမျှ မများပြားပါက ထိုမျှသော ငွေများ လှူဒါန်းနိုင်မည်လော။

ထို့အပြင် ဖုန်းယွီ၏ ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် အခြေအနေ အလွန်ကောင်းပေသည်။ ကုမ္ပဏီများသည် ဈေးကွက်တွင် လက်ဝါးကြီးအုပ်ထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ စက်မှုလုပ်ငန်းတွင် အကောင်းဆုံး ဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုများသည် မတူသော်လည်း ကောင်းမွန်နေဆဲပင်။ ဖုန်းယွီသည် လုပ်ငန်းအသစ် အချို့၌ ရင်းနှီးမြုပ်နှံကာ အစိုးရထံမှ အကူအညီလိုအပ်နေသလောဟု တွေးမိလိုက်သည်။

“မန်နေဂျာဖုန်း.. မင်း ကုမ္ပဏီအသစ်မှာ ရင်းနှီးမြုပ်နှံထားလား.. မင်းလို ကြင်နာတတ်တဲ့ စွန့်ဦးတီထွင်သူ တစ်ယောက်ဟာ အစိုးရရဲ့ ဂရုစိုက်မှုနဲ့ ထိုက်တန်ပါတယ်..”

ဖုန်းယွီ စွံ့အသွားမိသည်။ အစိုးရထံမှ အခွင့်အရေးကောင်း တောင်းနေသည်ဟု ထင်မှတ်နေသည်လော။

ကာကွယ်ရေး မူဝါဒသည် ဖုန်းယွီ’ ကုမ္ပဏီများကို ပို၍ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီမည် ဖြစ်သည်။ ဥပမာအားဖြင့် ကြိုးမဲ့ဖုန်းများနှင့် လက်ကိုင်ဖုန်းများ ပို၍ မြန်ဆန်စွာ တိုးတက်လာမည် ဖြစ်ပြီး လက်ရှိတွင် ထိုထုတ်ကုန် (၂)ခုသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး မဟုတ်သေးချေ။

ကာကွယ်ရေး မူဝါဒများသည် တိုင်းပြည်နှင့်လူမျိုး အတွက် အကျိုးရှိပေလိမ့်မည်။ ဖုန်းယွီ၏ ယခင်ဘဝက တရုတ် သည် ထိုမူဝါဒကို အကောင်အထည်ဖော်ခဲ့သော်လည်း ရလဒ်များ မကောင်းခဲ့ချေ။ ဥပမာအားဖြင့် မော်တော်ကား ထုတ်လုပ်သည့် လုပ်ငန်းကို နိုင်ငံခြား အမှတ်တံဆိပ်များမှ သိမ်းပိုက်ခဲ့ပြီး လျှပ်စစ်၊ အဝတ်အထည် စသည်ဖြင့် ကဏ္ဍများသည် ပြည်ပ အမှတ်တံဆိပ်များ နောက်တွင် နောက်ကျ ကျန်ခဲ့သည်။

“ဒါရိုက်တာဖုန်း.. မင်း ငါ့စကားကို နားလည်မှုလွဲနေပြီ.. ငါတို့ နိုင်ငံက နောက်ဆုံးပေါ် နည်းပညာတွေမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ရှုံးနေတာ ငါသိတယ်.. ငါလဲ သေချာကို သိချင်နေတာ.. ဒါကြောင့် အဲ့နိုင်ငံတွေက နည်းပညာတစ်ချို့ ရဖို့ အမြတ်အစွန်း တော်တော်များများ စွန့်လိုက်ရတယ်.. အာရှက နိုင်ငံခြားကုမ္ပဏီတွေ သူတို့အမြတ်အစွန်း အလျော့ခံတာ တွေ့ဖူးလား.. အခု တရုတ်နဲ့ အဲ့နိုင်ငံတွေကြားက ကွာဟချက် ပိုကျယ်လာလိမ့်မယ်.. ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလို တရုတ်ဈေးကွက်ကို အသားတုံးကြီးလို သဘောထားကြတာ.. အားလုံးတော့ မဟုတ်ဘူးပေါ့ကွာ..”

“သူတို့တွေက လက်နက်တစ်ခုလို အသုံးချနေကြတာလား.. ဘာကို ပြောချင်တာလဲ..”

“ဥပမာ.. ဂျပန်ဆိုပါတော့.. သူတို့ရဲ့ စီးပွားရေး ဆုတ်ယုတ်နေပြီ.. ငါတို့နဲ့ ကုန်သွယ်မှု သဘောတူညီချက် လက်မှတ် မထိုးရင် အခြေအနေ ပိုဆိုးသွားလိမ့်မယ်.. ဂျပန်ကုမ္ပဏီတွေက ငါတို့နိုင်ငံကို ညစ်ညမ်းအောင် လုပ်ထားတော့ ဂျပန်အစိုးရဆီကနေ အကျိုးအမြတ် တော်တော်ရလိုက်တယ်.. ငါတို့ဆီ စွတ်အတင်းကို အရှုံးပေးလာတာ.. ဒါ့ကြောင့် ငါတို့နိုင်ငံကို အကာအကွယ်ပေးဖို့ ကုမ္ပဏီတွေကို အခွန်တိုးမြှင့်ရေး မူဝါဒ မြှင့်တင်လိုက်တာ.. ပြည်ပ ကုမ္ပဏီတွေ၊ ရွေးချယ်ထားတဲ့ စက်မှုလုပ်ငန်းတွေအတွက် အခွန်ထောက်ပံ့မှုတွေ ဖယ်လိုက်တာမျိုးပေါ့..”

ဖုန်းယွီသည်ပင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ အခွန်ပေးဆောင်မှုများကို ကင်းလွတ်ခဲ့သည်။ နိုင်ငံခြားကုမ္ပဏီ များသည် အခွန်ကင်းလွတ်ခွင့် (၃)နှစ်နှင့် အခွန်ထောက်ပံ့ကြေး (၂)နှစ်ကို မည်သည့်အတွက် ခံစားကြရသနည်း။ ဖက်စက်လုပ်ငန်းများတွင်ပင် ထောက်ပံ့ကြေးများ ရှိပေသည်။ သို့ရာတွင် တရုတ်ကုမ္ပဏီများသည် မည်သည့် အတွက် ထိုအကျိုးခံစားခွင့်များ မရနိုင်သနည်း။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန် လိုအပ်သော်လည်း ကန့်သတ်ချက်များ ရှိသင့်သည်။ တရုတ် နိုင်ငံသည် လစာများကို ဖိနှိပ်မည် ဖြစ်သဖြင့် ကမ္ဘာပေါ်မှ စက်ရုံကြီးတစ်ခုကဲ့သို့ အမြတ်အစွန်းများကို နိုင်ငံခြား ကုမ္ပဏီများမှ သိမ်းယူသွားပေလိမ့်မည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ ပြည်တွင်း ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်မည် ဖြစ်သည်။

“သွင်းကုန်ခွန်တွေ တိုးလိုက်ရင် ကုန်သွယ်ရေး စစ်ပွဲတွေ စတော့မှာပေါ့..”

ဒါရိုက်တာဖုန်းသည် ကုန်သွယ်ရေး စစ်ပွဲ စတင်သည်နှင့် ဆုံးရှုံးမှုများ သိသာထင်ရှားလာကာ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲဖြစ်၍ စိုးရိမ်ရသေးသည်။ ထိုစစ်ပွဲမျိုး မတတ်နိုင်သေးချေ။

“တစ်ချို့နိုင်ငံတွေကို ပစ်မှတ်ထားပြီး.. တစ်ချို့နိုင်ငံတွေကို ကူညီပေးလို့ရတယ်လေ.. ဘာပဲဖြစ်ဖြစ် ကျုပ်တို့နိုင်ငံက ကုန်ပစ္စည်းတွေ အများကြီး တင်ပို့နေပါတယ်.. ကုန်သွယ်ရေး စစ်ပွဲမှာ တစ်ဖက်နိုင်ငံက ကျုပ်တို့နဲ့ ယှဉ်ရင် ပိုပြီး ဆုံးရှုံးရလိမ့်မယ်.. ကျုပ်တို့က အဓိက စက်မှုလုပ်ငန်း၊ ထိပ်တန်း စက်မှုလုပ်ငန်းနဲ့ လူငယ် စက်မှုဇုံတွေကို ကာကွယ် ပေးရမယ်.. သံမဏိ၊ မော်တော်ကား ထုတ်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနဲ့ ဆက်သွယ်ရေး၊ ခရီး သွားလုပ်ငန်း အဲ့ဒါတွေမှာ သွင်းကုန်ခွန် တိုးမြှင့်ရမယ်.. တစ်ချိန်တည်းမှာပဲ ကျုပ်တို့ရဲ့ ထုတ်ကုန်အများစုက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်နေပြီ… ကျုပ်တို့လူမျိုးတွေ ပြည်တွင်းထုတ်ကုန် အရည်အသွေးကို သံသယ ဆက်ရှိ နေအုံးမယ်ဆိုရင်….”

ဖုန်းယွီ ပြောသွားသည်မှာ ယခု အစိုးရ ဆွေးနွေးနေသည့် အတိုင်းပင်။ တရုတ်နိုင်ငံသည် WTO သို့ တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်သင့်သည်ဟု လူအချို့မှ ယူဆကာ အနောက်နိုင်ငံများ၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်သွားမည် ဖြစ်သော်လည်း တရုတ်သည် ကုန်သွယ်မှုဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒများကို ဆက်လက် လုပ်ဆောင်သင့်သည်ဟု လူအချို့ ယူဆကြသည်။ တရုတ်နိုင်ငံသည် WTO သို့ ဝင်ရောက်ပြီးသည်နှင့် ပြည်တွင်း ထုတ်ကုန် အများအပြားသည် ပြည်ပနိုင်ငံများ၌ ယှဉ်ပြိုင်မှု ပြင်းထန်လာမည် ဖြစ်သည်။

အကာအကွယ်ပေးရေး မူဝါဒမပါဘဲ တရုတ်သည် WTO သို့ ဝင်ရောက်နိုင်ပေသည်။ အကာအကွယ်ပေးရေး မူဝါဒကို အကောင်အထည်ဖော်ပြီးနောက် အခြားနိုင်ငံများမှ တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိရန် ပံ့ပိုးပေးထားသည့် အတိုင်း တရုတ်နိုင်ငံအနြေဖင့် WTO သို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူလာပေလိမ့်မည်။ သွင်းကုန်ခွန် အလျှော့ချပြီး တရုတ်နှင့် နိုင်ငံတော်တော်များများ WTO သို့ ဝင်ချင်ကြပေသည်။

ဒါရိုက်တာဖုန်း ခေတ္တစဉ်းစားလိုက်သည်။

“ငါတို့လဲ အဲ့ဒါပဲ ဆွေးနွေးနေကြတာ.. ဘာပြောပြော စိတ်ဝင်စားဖို့ကောင်းတော့ နောက်လာမယ့် အစည်းအဝေးမှာ စီးပွားရေး ကဏ္ဍကို ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်.. အဲမှာ ဆွေးနွေးဖို့အတွက် စက်မှုလုပ်ငန်း အသီးသီးက လူတွေကို ဖိတ်ခေါ်လိုက်မယ်.. အမျိုးသား ကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ရော စိတ်ဝင်စားလား..”

--------**$$^$$**--------

All Chapters