← Chapters

ကမ္ဘာပေါ်တွင် ကြီးမားသော ပြောင်းလဲမှုများ

Vol. 12 Ch. 167

ကမ္ဘာပေါ်တွင် ကြီးမားသော ပြောင်းလဲမှုများ

Vol. 12 Ch. 167

အယ်ဆင်းနီမြို့၏ ရှေးဟောင်း သားရဲများ တိုက်ခိုက်ခံရသည့် သတင်းသည် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လူများစွာသည် ဤထိတ်လန့်ဖွယ်ရာ သတင်းကြောင့် အလွန်တုန်လှုပ်ခြောက်ခြားကုန်၏။

ရှေးဟောင်း သားရဲများ လူသားများကို တိုက်ခိုက်ခြင်းသည် အံ့သြစရာမကောင်းပေ။ သို့သော် အဘယ်ကြောင့် မအံသြရသည်ဆိုသော် ၎င်းက ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း မဟုတ်သောကြောင့် ဖြစ်၏။

သို့သော် ယခင်တိုက်ခိုက်မှုများအားလုံးသည် ပင်လယ်ပြင်မှာ သွားလာနေသော သင်္ဘောများကိုသာ ဖြစ်သည်။ အများဆုံး တိုက်ခိုက်လာလျှင်ပင် ကမ်းခြေရှိ လူအချို့ကိုသာ ဖြစ်ပေမည်။ သို့သော် ယခုအကြိမ်သည် ရှေးဟောင်း သားရဲအုပ်စုတစ်စု ကုန်းမြေပေါ်သို့ တက်ရောက်လာပြီး လူသားမြို့အား တိုက်ခိုက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ယခု ရုပ်မြင်သံကြားသတင်းများနှင့် အင်တာနက်ပေါ်ရှိ သတင်းများတွင် တင်ဆင်နေခဲ့ကြသည်က မိုဆာဆောရပ်စ် အုပ်စုတစ်စုသည် စူပါမိုဆာဆောရပ်စ် တစ်ကောင်၏ ဦးဆောင်မှုနောက်လိုက်ကာ ညအချိန်မှာ အယ်ဆင်းနီမြို့ကို တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာ၏ တွက်ချက်မှုအဆိုအရ ထိုသားရဲ၏ အလျားသည် (၁၅၂.၂၁) မီတာနှင့် အမြင့်မှာ (၃၆.၃၂) မီတာရှိကာ ၎င်းသည် ယခုအထိ တွေ့ရှိဖူးသမျှထဲတွင် အကြီးဆုံးသော ရှေးဟောင်း သားရဲတစ်ကောင် ဖြစ်သည်။

"ပါမောက္ခ အယ်ဆင်းနီက ဗီဒီယို ရောက်လာပါပြီ..."

ရုံးခန်းတစ်ခုတွင် ဟန်ချိုသည် သိုလှောင်ကိရိယာတစ်ခုကို ယူဆောင်လာကာ ထန်ရွှယ်ထံ လျှောက်လာခဲ့သည်။ ဆိုဖာပေါ်တွင် စာအုပ်တစ်အုပ်ကို ဖတ်နေသော ထန်ရွှယ်သည် ဟန်ချို၏ စကားကို ကြားချိန်တွင် စာအုပ်ကို ချလိုက်ကာ အမြန်ပြောလိုက်သည်။

"မြန်မြန်လေး ကွန်ပျူတာထဲ ထည့်ပြီးဖွင့်လိုက်.."

ဟန်ချိုသည် သိုလှောင်ရေး ကိရိယာကို ကွန်ပျူတာ၏ သိုလှောင်ရာအပေါက်ထဲသို့ ထိုးထည့်လိုက်သည်။ ထိုနောက် သူသည် မောက်စ်ကို အကြိမ်အနည်းငယ် နှိပ်ကာ ဗီဒီယိုတစ်ခုကို ရှာဖွေပြီးနောက် စတင်ကြည့်ရှုရန် ခလုတ်ကို နှိပ်လိုက်သည်။

ဤတွင် ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ လူများစွာ၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ထွက်ပြေးနေကြသည်။

၎င်းတို့နောက်တွင်တော့ ဧရာမသားရဲများစွာ ရှိနေခဲ့၏။ ထိုသားရဲများသည် လူများစွာ၏ အနောက်ကို လိုက်နေခဲ့ပြီး ၎င်းတို့၏ လမ်းတစ်လျှောက်တွင် ၎င်းဖြင့် မလွတ်ကင်းသည့် အဆောက်အအုံများကို ဝင်တိုက်ကာ ၎င်းတို့သွားရာလမ်းရှိ ကားများကို ပျက်စီးသွားစေသည်။ ထိုမြင်ကွင်းသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းပြီး လက်တွေ့နှင့် မသက်ဆိုင်သလို ဖြစ်နေသည်။ ၎င်းဗီဒီယိုသည် ရုပ်ရှင်တစ်ခုအတွင်းက ဇာတ်ဝင်ခန်းနှင့်ဆင်တူပြီး စံနှုန်းပြည့်ကာ ထူးခြားလေသည်။

ဟန်ချိုနှင့် ထန်ရွှယ်တို့ နှစ်ဦးသည် ထိုမြင်ကွင်းအား တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်ရှုနေကြသည်။ ထိုရှေးဟောင်း သားရဲများသည် လက်နက်မဲ့ သာမန်လူသားများအတွက် ကြောက်စရာကောင်းလွန်းပေ၏။

"ရှောင်လေး ဧရာမမိုဆာဆောရပ်စ်ရဲ့ ဗီဒီယိုရော ရှိသေးလား..."

ထန်ရွှယ်က အက်ကွဲသောလေသံဖြင့် မေးလိုက်၏။ သူသည် ခံစားရလွန်းသောကြောင့် မျက်လုံးအိမ်အတွင်း အနည်းငယ်သော မျက်ရည်များပင် ဝဲနေခဲ့လေသည်။ ထိုလူများသည် သူနှင့် နိုင်ငံခြင်းမတူသော်လည်း လူသားများပင် ဖြစ်သည်။

ထိုကဲ့သို့ ကြေကွဲဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့ရခြင်းသည် ကျောက်နှလုံးသားရှိသူကိုပင် ခံစားရခက်စေမည် ဖြစ်သည်။

မကြာမီသေးကဆိုလျှင် သူသည် အသက် (၄-၅) အရွယ်ခန့်ရှိမည့် မိန်းမငယ်လေးတစ်ယောက်သည် လမ်းမပေါ်တွင် ကူကယ်ရာမဲ့ ပြေးလွှားရင်း "မေမေ..မေမေ" ဟု ကျယ်လောင်စွာ အော်ခေါ်နေသည်ကို မြင်ခဲ့ရပေသည်။ သို့သော် နောက်တစ်ခဏတွင် မိုဆာဆောရပ်စ် တစ်ကောင်သည် မိန်းကလေးငယ်အား နှစ်ပိုင်းဖြတ်ကာ စားလိုက်သည်ကို တွေ့လိုက်ရသည်။

"ကောင်းပါပြီ ဆရာ"

ဟန်ချိုသည် တည်ကြည်စွာ ပြန်ဖြေလိုက်ပြီး ကွန်ပျူတာ၏ xxxxxဘားကို ပွတ်ဆွဲလိုက်ရာ ဖန်သားပြင်တွင် မယုံနိုင်လောက်အောင် ကြီးမားသော သားရဲကြီးတစ်ကောင် ပေါ်လာခဲ့၏။

"ဒါ အဲ့ဒါက..."

ထိုသားရဲကြီးကို ရုတ်တရက် မြင်လိုက်ရသော ထန်ရွှယ်သည် ပါမောက္ခအိုကြီးပင် ဖြစ်သော်ငြားလည်း ထိတ်လန့်သွားခဲ့သည်။ ထိုဧရာမသားရဲကြီးသည် အခြားသော မိုဆာဆောရပ်စ်များနှင့် အလွန်ဆင်တူပြီး ၎င်း၏ ရေယက်တောင်များကို ခြေထောက်ကဲ့သို့ အသုံးပြုကာ ဖြည်းညှင်းစွာ ရှေ့သို့ ရွေ့လျားနေသည်။ သို့သော် ၎င်း၏ အရွယ်အစားမှာ အလွန်ပင် ထိတ်လန့်စရာကောင်း၏။

ရိုက်ကူးထားသော မြင်ကွင်းတွင် စူပါမိုဆာဆောရပ်စ်သည် ဆယ်ထပ် အဆောက်အအုံတစ်ခု၏ ဘေးတွင် ရပ်နေခြင်း ဖြစ်သည်။ သို့သော် ထိုအဆောက်အအုံသည် ၎င်း၏ ပါးစပ်အထိသာ မြင့်လေသည်။ ထိုသားရဲကြီးက ဆယ်ထပ်အဆောက်အအုံထက်ပင် မြင့်နေသည်။

"ကွန်ပျူတာ တွက်ချက်မှုတွေအရ ဒီဧရာမ မိုဆာဆောရပ်စ် က အလျား ၁၅၂.၂၁ မီတာနဲ့ အမြင့် ၃၆.၃၂ မီတာ ရှိပါတယ်"

ဟန်ချိုက ထန်ရွှယ်ကို ညင်သာစွာ ပြောလိုက်သည်။ ထန်ရွှယ်သည် သူ့အား မည်သည်မှ ထက်မပြောတော့ဘဲ ထိုသားရဲကြီးများ မြို့အား ဖျက်ဆီးနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ရုတ်တရက် ရဟတ်ယာဉ်များစွာဟာ ဗီဒီယိုထဲတွင် ပေါ်လာပြီး စူပါမိုဆာဆောရပ်စ်ကို စတင်တိုက်ခိုက်ကြသည်။

"ဒတ်! ဒတ်! ဒတ်! ဒတ်!"

ရဟတ်ယာဉ်များသည် ၎င်းတို့၏ စက်သေနတ်များမှ ကျည်ဆံများစွာ ပစ်ခတ်လိုက်သော်လည်း ဖြစ်ပျက်လာခဲ့သည် မြင်ကွင်းက အံ့သြစရာကောင်းလွန်းလှ၏။

ထိုကျည်ဆံများသည် ဧရာမမိုဆာဆောရပ်စ်၏ အကြေးခွံများပေါ်သို့ ကျရောက်သွားချိန်တွင် မီးပွားများသာ ထွက်ပေါ်လာသည်။ ကျည်ဆံတစ်တောင့်မျှ ထိုသားရဲ၏ အကာအကွယ်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

၎င်းစူပါမိုဆာဆောရပ်စ်သည် ဂေါ်ဇီလာနှင့် အခြားရုပ်ရှင်များထဲက သားရဲများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။

"ဂါးး!!"

တိုက်ခိုက်ခံရခြင်းကြောင့် စူပါမိုဆာဆောရပ်စ်သည် နားကွဲမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ၎င်းသည် အပေါ်သို့ ခုန်တက်ကာ မီတာ (၁၀၀) ကျော်အမြင့်တွင် ရှိနေသော ရဟတ်ယာဉ်တစ်စီးကို ကိုက်ဖြတ်လိုက်သည်။

ကြီးမားသော ခန္ဓာကိုယ်၊ ကြီးစွာသော ခွန်အားဖြင့် အလွန်အမင်း ခုခံနိုင်စွမ်းရှိသော ဧရာမသားရဲသည် မြို့ထဲတွင် အဆောက်အအုံများစွာကို ဖျက်ဆီးပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။

ဗီဒီယိုသည် ဧရာမမိုဆာဆောရပ်စ် ၎င်း၏ နောက်လိုက်များနှင့် အယ်ဆင်းနီမြို့၏ လေးပုံတစ်ပုံခန့်ကို ဖျက်ဆီးပြီးခဲ့ပြီး ပင်လယ်ထဲသို့ ပြန်ဆင်းသွားခြင်းဖြင့် အဆုံးသတ်သွားသည်။ ဤဖြစ်စဥ်တွင် စူပါမိုဆာဆောရပ်စ်သည် အနည်းငယ်မျှသာ ဒဏ်ရာရခဲ့ပြီး ၎င်း၏ နောက်လိုက် မိုဆာဆောရပ်စ်များမှာ တစ်ကောင်မျှ မသေဆုံးခဲ့ပေ။

၎င်းဗီဒီယိုကို အစ၊ အဆုံးအထိ ကြည့်ပြီးနောက် ထန်ရွှယ် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ အချိန်တစ်ခုအကြာတွင် သူသည် ဆိုဖာသို့ ပြန်မှီလိုက်ပြီး မျက်ခုံးများကို ပွတ်သပ်လိုက်၏။ သူ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများက ထင်ဟပ်နေသည်။

သူတို့နှစ်ဦးစလုံး စကားမပြောဖြစ်ခဲ့ကြပေ။ ၎င်းဗီဒီယိုသည် သူတို့အပေါ် သက်ရောက်မှုများစွာ ရှိခဲ့ပေ၏။ အထူးသဖြင့် ပထမဆုံးအကြိမ် ကြည့်ရှုခြင်းဖြစ်သော ထန်ရွှယ်အပေါ်တွင် ဖြစ်သည်။

ယခင်က ရှေးဟောင်း သားရဲများ ရှိခဲ့ပေသည်။ ယခုတွင် ၎င်းအား အဆင့်မြှင့်ထားသကဲ့သို့ စူပါအမျိုးအစား ပေါ်လာခဲ့ပြန်၏။ ကျည်ဆံနှင့် လောင်ချာများကို မကြောက်သော ဤသားရဲသည် သဘာဝဘေး ကပ်ဘေးတစ်ခုနှင့်ပင် တူနေသည်။

ယခုအခါတွင် ဒုံးကျည်ကဲ့သို့ စွမ်းအားမြင့် လက်နက်များဖြင့်သာ ထိုသားရဲများကို တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။ သို့သော် ၎င်းဖြစ်ရပ်သည် လူဦးရေထူထပ်သော မြို့တစ်မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ စွမ်းအားမြင့် အပူလက်နက်ကို အလွယ်တကူ ပစ်လွှတ်ရန် မဖြစ်နိုင်ပေ။ ထိုအတွက် ထည့်သွင်းစဉ်းစားစရာများစွာ ရှိနေသည်။

ထန်ရွှယ်သည် ၎င်းစူပါမိုဆာဆောရပ်စ်က သမုဒ္ဒရာအတွင်းရှိ တစ်ကောင်တည်းသော သန္ဓေပြောင်း သားရဲဖြစ်လေမလားဟု စဉ်းစားနေခဲ့၏။ ၎င်းကဲ့သို့ သားရဲများ များစွာရှိနေလျှင် လူသားများအတွက် အခြေအနေက အလွန်ဆိုးရွားသွားမည် ဖြစ်သည်။

သူ၏ အတွေးများသည် အခြေအမြစ်မရှိသော စိတ်ကူးယဉ်မှုသာ ဖြစ်ပြီး ထိုစူပါမိုဆာဆောရပ်စ်သည် ကမ္ဘာတစ်ခုလုံးက တစ်ကောင်တည်းသော သန္ဓေပြောင်း သားရဲသာ ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။

ကံမကောင်းစွာဖြင့် သူ၏ ကြောက်ရွံ့မှုသည် စိတ်ကူးယဉ်မှုသက်သက်သာ မဟုတ်ခဲ့ပေ။ အမေရိကန်နိုင်ငံရှိ အယ်ဆင်းနီ မြို့ တိုက်ခိုက်ခံရပြီး မကြာမီတွင် စူပါမိုဆာဆောရပ်စ် ကဲ့သို့ ဧရာမသားရဲများစွာ ပင်လယ်ပြင်တွင် ထပ်မံတွေ့ရှိခဲ့ရသည်။

နိုင်ငံအသီးသီး၏ ကမ်းရိုးတန်းမြို့များ တိုက်ခိုက်ခံလာရသည်။

ဥပမာအားဖြင့် ရိုးအယ်ဘင်ပင် ဖြစ်သည်။ ထိုနိုင်ငံသည် အမေရိကန်နိုင်ငံထက်ပင် ဆိုးရွားစွာ ခံစားခဲ့ရသည်။ ၎င်းနိုင်ငံ၏ နယ်မြေတွင် ကျွန်းစုအချို့ရှိနေပြီး ထိုကျွန်းစုများသည် စူပါမိုဆာဆောရပ်စ် အဆင့်ရှိ သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများ၏ လုံးဝဖျက်ဆီးခြင်းကို ခံခဲ့ရပေသည်။

၎င်းသည် ရိုးအယ်ဘင်နိုင်ငံ၏ စစ်ရေးအင်အားသည် သိပ်မကောင်းခြင်းနှင့် ထိုကျွန်းစုများသည် အလွန်အလှမ်းဝေးကွာသော နေရာတွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။

ထိုကျွန်းစုများသည် တစ်ညအတွင်း ဖျက်ဆီးခံခဲ့ရပြီး ၎င်းကျွန်းများရှိ လူများ သေဆုံးသွားခဲ့၏။ ထိတ်လန့်စရာအကောင်းဆုံး အချက်မှာ ရိုဘယ်လ်နိုင်ငံ အနီးတွင် တွေ့ရသော ရှေးဟောင်း သားရဲများသည် ရာနှင့်ချီကာ အမေရိကန်နိုင်ငံတွင် တွေ့ရခြင်းထက် များစွာပိုနေခြင်းပင်။

ထိုသားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ ၎င်းတို့တွင် ခုခံတိုက်ခိုက်ရန် စွမ်းအားပင် မရှိခဲ့ကြပေ။ သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရသော နိုင်ငံသည် ဤနိုင်ငံတစ်ခုတည်း မဟုတ်ခဲ့ပေ။ ဂျပန်နိုင်ငံ၊ ဝင်ရိုးစွန်းဝက်ဝံနိုင်ငံ စသည့် ဟွာရှ အနီးရှိ နိုင်ငံများအားလုံး တိုက်ခိုက်ခံခဲ့ရပေသည်။

ထို့အပြင် ရှေးဟောင်းသားရဲများသည် ဟွာရှ၏ ကုန်းမြေပေါ်သို့ပင် တတ်လာခဲ့လေသည်။ သို့သော် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများနှင့် တိုက်ခိုက်လာသော ရှေးဟောင်း သားရဲများ များပြားခြင်း မရှိသောကြောင့် ထိခိုက်မှု အများအပြားမရှိဘဲ နှိမ်နင်းနိုင်ခဲ့၏။

ရှေးဟောင်း သားရဲများ၏ တိုက်ခိုက်မှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သက်ရောက်မှု မရှိခဲ့သော်လည်း လူသားများ၏ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ်တွင် ကြီးမားသော သက်ရောက်ခြင်းအား ဖြစ်ပေါ်စေခဲ့သည်။

ထိဖြစ်ရပ်များသည် နိုင်ငံတိုင်းလိုလို၏ စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။

...

လူသားကမ္ဘာ၏ ကြေကွဲဖွယ်ရာဖြစ်ရပ်များကို ဖန့်ရန် မသိပေ။ သူသည် အာကာသလမ်းကြောင်းနှင့် သိပ်မဝေးသော နေရာတွင် သားရဲတစ်ကောင် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ မကြာသေးမီက အာကာသလမ်းကြောင်းအတွင်းမှ ရှေးဟောင်း သားရဲများ အထွက်များလာပြီး သန္ဓေပြောင်း သားရဲများပင် အတွေ့များလာလေသည်။

ထိုကြောင့် ဖန့်ရန်သည် အာကာသလမ်းကြောင်း အနီးတွင် ဆက်နေဝံ့ခြင်း မရှိတော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်အကြာက သန္ဓေပြောင်း သားရဲတစ်ကောင်နှင့် သူတိုက်ခိုက်နေစဉ် နောက်ထပ် သန္ဓေပြောင်း သားရဲတစ်ကောင်သည် အာကာသလမ်းကြောင်းအတွင်းက ထွက်ပေါ်လာခဲ့လေသည်။

သန္ဓေပြောင်း သားရဲနှစ်ကောင်သည် သူ့အား ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

၎င်းအချိန်တွင် သူ၏ အခြေအနေသည် အသာစီးရနေရာမှ အနည်းငယ် အားနည်းသော အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် တတိယမြောက် သန္ဓေပြောင်း သားရဲတစ်ကောင် အာကာသလမ်းကြောင်းအတွင်းမှ နောက်ထက်ထွက်လာမည်ဆိုလျှင် သူ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ပြတ်သားစွာ ထွက်ပြေးခဲ့၏။ သူ၏ သာမာန်မဟုတ်သော အမြန်နှုန်းဖြင့် အရိပ်လေ စွမ်းရည်ကို အသက်မသွင်းခြင်းသည်ပင် ထိုသန္ဓေပြောင်း သားရဲနှစ်ကောင်သည် သူ၏ နောက်ကျောကို မြင်ဖို့ရန်မတတ်နိုင်ခဲ့ပေ။

ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် သူသည် အာကာသလမ်းကြောင်း၏ အနီးတွင် နေဝံ့ခြင်း မရှိတော့ပေ။

ယခုသူသည် ဂြိုလ်သားယဉ်ကျေးမှု အပျက်အစီးများ ရှိရာနှင့် (၃) ကီလိုမီတာခန့် ကွာဝေသော နေရာတွင် ရှိနေပေသည်။ ထိုနေရာတွင် အလင်းမရှိခြင်းကြောင့် ပတ်ဝန်းကျင် အခြေအနေကို သူ၏ အာရုံခံလျှာဖြင့်သာ ခံစားနိုင်လေသည်။

အာကာသလမ်းကြောင်းအတွင်းမှ ရှေးဟောင်း သားရဲများ ထွက်ပေါ်လာသည်နှင့်အမျှ ဖန့်ရန်၏ စနစ်အမှတ်များသည် အလွန်လျင်မြန်စွာ မြင့်တက်လာခဲ့၏။ ဤသို့ဖြင့် တစ်လခန့်အကြာတွင် သူ၏ (၂၁) ကြိမ်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို စတင်ရန် လုံလောက်သော စနစ်အမှတ်ကို ရရှိခဲ့လေသည်။

"ဒီတစ်ခါ စွမ်းရည်အသစ်တစ်ခုလောက်တော့ တကယ်လိုချင်တယ်"

အိပ်စက်ခြင်း မပြုမှီ ဖန့်ရန်၏ စိတ်ထဲ၌ အတွေးများဖြင့် ပြည့်နှက်နေခဲ့၏။

သန္ဓေပြောင်း သားရဲများသည် အရေအတွက် များပြားလာရုံသာမက ပိုမိုလည်း အားကောင်းလာခဲ့သည်။ သူသည် အတော်လေး အားကောင်းသော်လည်း တိုက်ခိုက်ရန်အတွက် သင့်လျော်သော စည်းစနစ်ကျသည့် နည်းလမ်းများ မရှိသေးပေ။

"တိုက်ခိုက်ရေးစွမ်းရည် ဖြစ်ရင် အကောင်းဆုံးပဲ"

ဖန့်ရန် အတွင်းစိတ်မှ တွေးတောနေစဉ် ပိုမို၍ အိပ်ငိုက်လာခဲ့သည်။ ခဏအကြာတွင် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ဟုတ်ပါသည်။ သူသည် ပတ်ဝန်းကျင်၏ လှုပ်ရှားမှုများကို ခံစားနိုင်သေးသည်။ သူ၏ မသိစိတ်က မည်သည့်အန္တရာယ်ကိုမဆို သိရှိနိုင်ပြီး သူ့ကို လျင်မြန်စွာ နိုးထစေနိုင်သည်။

ဖန့်ရန်သည် အချိန်အကြာကြီး အိပ်စက်ရန် ပြင်ဆင်ထားသော်လည်း ဤဆင့်ကဲပြောင်းလဲမှုသည် တစ်နှစ်အထိ ကြာမြင့်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့ပေ။

.....

All Chapters