← Chapters

ပင်လယ်ဘုရင် လေးပါး

Vol. 12 Ch. 168

ပင်လယ်ဘုရင် လေးပါး

Vol. 12 Ch. 168

အမေရိကန်နိုင်ငံတွင် ပေါ်လာခဲ့သော စူပါမိုဆာဆောရပ်စ်နှင့် ရိုးအယ်ဘင်တွင် ပေါ်လာခဲ့သော သန္ဓေပြောင်း ညံ့ တို့သည် ကမ္ဘာကြီးက ခေတ်သစ်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ဤခေတ်သစ်၏ အဓိကဇာတ်ကောင်များသည် လူသားများသာ မဟုတ်တော့ပေ။

လူသားတို့သည့် ၎င်းတို့၏ လုံခြုံရေးနှင့် ကမ္ဘာဂြိုလ်၏ အရှင်သခင်နေရာဖြစ်သော အဆင့်အတန်းဟာ ပြင်းထန်စွာ ခြိမ်းခြောက်ခံနေရသည်။

ယခုဆို မီဒီယာများ၏ အသည်းစွဲသည် ဧရာမပင်လယ်မြွေကြီး မဟုတ်တော့ပေ။ ၎င်းတို့အတွက် စူပါမိုဆာဆောရပ်စ်ပင် ဖြစ်စေ၊ သန္ဓေပြောင်း ညံ့ပင် ဖြစ်စေ ထည့်သွင်းဖော်ပြရန် ပိုကောင်းသော ခေါင်းစဉ်များ ဖြစ်လာသည်။

ထိုသားရဲနှစ်ကောင်သည် ဧရာမပင်လယ်မြွေကြီးထက် များစွာ ကြီးမားရုံသာမက ပို၍ပင် အန္တရာယ်များပေသည်။ ၎င်းသားရဲနှစ်ကောင်သည် မီတာ (၁၀၀) ကျော် အရွယ်အစားရှိပြီး ဧရာမပင်လယ်မြွေကြီးသည် မီတာ (၃၀) မျှသာ ရှည်လျား၏။

ဤလများတွင် ဧရာမပင်လယ်မြွေကြီးသည် အချိန်အတော်ကြာ မပေါ်ပေါက်လာခဲ့သော်လည်း ထိုသားရဲနှစ်ကောင်သည် နေ့စဉ်နှင့်အမျှ ဖြစ်ရပ်ဆိုးများအား ဖြစ်ပေါ်နေစေခဲ့သည်။

ကမ္ဘာကြီး၏ သမုဒ္ဒရာအားလုံးတွင် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲအသစ်များကို နေ့စဉ်နှင့်အမျှ တွေ့ရှိလာခဲသည်။ လူအများသည် ရှေးဟောင်း သားရဲများ၏ သတင်းကို အဆက်မပြတ် ကြားသိနေရခြင်းကြောင့် ထုံထိုင်းနေခဲ့ပြီ ဖြစ်သည်။

" ဒါနဲ့ သူတို့တွေ ရှေးဟောင်း သားရဲတစ်ကောင်ကို ထပ်တွေ့ပြီတဲ့..."

"အော်..."

ဤကဲ့သို့ စကားပြောဆို ဟန်သည် ညစာစားပွဲများတွင် အလွန်အတွေ့များလာခဲ့၏။ စူပါမိုဆာဆောရပ်စ်နှင့် သန္ဓေပြောင်း ညံ့ အပြင် အခြားသော သာမန်သန္ဓေပြောင်း သားရဲများကိုလည်း နေ့စဉ်နှင့်အမျှ တွေ့ရှိနေရခြင်းကြောင့် သာမာန်ရှေးဟောင်း သားရဲများသည် သိပ်မကျော်ကြားတော့ပေ။

ယခုထိတိုင် သာမန်ရှေးဟောင်း သားရဲများသည် ကုန်းမြေပေါ်သို့ တက်ရောက်ပြီး လူသားများကို တိုက်ခိုက်နိုင်စွမ်း မရှိကြသေးပေ။ ဤခေတ်သည် သားရဲခေတ် ဖြစ်သည်။ ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်းသွားသော သားရဲများသည် ပိုမို၍ ပေါ်လာနေသည်။

စူပါမိုဆာဆောရပ်စ်နှင့် ဗီဇပြောင်းလဲ သန္ဓေပြောင်း ညံ့ အပြင် ခန့်မှန်းခြေ အရွယ်အစားတူညီသည့် အခြားသားရဲနှစ်ကောင်ကိုလည်း လူသားများ တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲမှ တစ်ကောင်သည် သန္ဓေပြောင်း ရေဘဝဲကြီး (ဒဏ္ဍာရီလာ ခရာကန်။ ရေဘဝဲ သို့မဟုတ် ပြည်ကြီးငါးဟု အငြင်းပွားဖွယ် သတ်မှတ်ခံထားရသော သားရဲ ) ဖြစ်ပြီး၊ ၎င်း၏ လက်တံကိုးချောင်းသည် တစ်ချောင်းစီက မီတာ (၁၀၀) ကျော် ရှည်လျား၏။ ထို့အပြင် ၎င်း၏ ဦးခေါင်းသည် အချင်း မီတာ (၂၀) ကျော် ရှိသည်။

ဤသားရဲသည် စူပါမိုဆာဆောရပ်စ်နှင့် သန္ဓေပြောင်း ညံ့ ကဲ့သို့ လူသားများကို တိုက်ခိုက်ရသည်ကို နှစ်သက်သည်။

နောက်ဆုံးသော သားရဲသည် ဧရာမပင်လယ်လိပ်ကြီး ဖြစ်၏။ ၎င်း၏ အရွယ်အစားက ဧရာမသားရဲကြီး လေးကောင်ထဲတွင် အကြီးဆုံး ဖြစ်သည်။ ထိုဧရာမပင်လယ်လိပ်ကြီး၏ အလျားသည် မီတာ (၃၀၀) ကျော် ရှိပြီး ၎င်း၏ အချင်းမှာ မီတာ (၂၀၀) ကျော်သည်။

လူသားများသည် ၎င်းကို ပထမဆုံး တွေ့ရစဉ်က ရွေ့လျားနေသော ကျွန်းတစ်ကျွန်းဟု ထင်မှတ်ခဲ့ကြသည်။

ဧရာမသားရဲကြီး လေးကောင်ထဲတွင် ဧရာမပင်လယ်လိပ်ကြီး သည် အညင်သာဆုံး ဖြစ်ပြီး လူသားများကို တစ်ခါမျှ တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ ၎င်းသည် အလွန်ပင် ရှက်တတ်ပြီး ပုရွယ်ဆိတ်ကဲ့သို့ သေးငယ်သော လူသားများနှင့် ဆုံတွေ့လျှင် ၎င်း၏ ဦးခေါင်းကို အခွံထဲသို့ လျင်မြန်စွာ ပြန်လည်သွင်းကာ ပုန်းအောင်းတတ်သည်။

ဧရာမသားရဲကြီး လေးကောင်ကို ပင်လယ်ဘုရင် လေးပါးဟု လူသိများ၏။ ၎င်းတစ်ကောင်ချင်းစီသည် သမုဒ္ဒရာတစ်ခုစီကို သိမ်းပိုက်ထားကြသည်။

စူပါမိုဆာဆောရပ်စ်သည် အတ္တလန္တိတ်သမုဒ္ဒရာကို သိမ်းပိုက်ထားပြီး၊ ရေဘဝဲကြီးသည် ပစိဖိတ်သမုဒ္ဒရာကို သိမ်းပိုက်ထားကာ၊ သန္ဓေပြောင်း ညံ့ သည် အိန္ဒိယသမုဒ္ဒရာတွင် အဓိက လှုပ်ရှား၍၊ ဧရာမပင်လယ်လိပ်ကြီးက အာတိတ်သမုဒ္ဒရာမှ တစ်ခါမျှ ရွေ့လျားခြင်း မရှိပေ။

စတုတ္ထမြောက် သားရဲမှလွဲ၍ ကျန်သုံးကောင်သည် သတ်ဖြတ်ခြင်းကို နှစ်သတ်ကြသော နတ်ဆိုးများပင် ဖြစ်၏။ ၎င်းတို့သည် လူသားများကို တိုက်ခိုက်ရသည်ကို အထူးနှစ်သက်ပြီး ကုန်းမြေပေါ်သို့တက်ရောက်ကာ လူသားမြို့များကို တိုက်ခိုက်တတ်ကြသည်။

စူပါမိုဆာဆောရပ်စ်နှင့် သန္ဓေပြောင်း ညံ့ တို့ကဲ့သို့ ဧရာမရေဘဝဲကြီးသည်လည်း လူသားမြို့များကို တိုက်ခိုက်ရသည်ကို နှစ်သက်သည်။ ၎င်း၏ ပထမဆုံး ပစ်မှတ်သည် ကမ်းရိုးတန်းရှိ ဟွာရှက မြို့တစ်မြို့ ဖြစ်သည်။ သို့သော် ဧရာမရေဘဝဲကြီးသည် စူပါမိုဆာဆောရပ်စ်နှင့် သန္ဓေပြောင်း ညံ့ တို့ကဲ့သို့ ကံမကောင်းခဲ့ပေ။

၎င်းအချိန်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနီးပါးသည် ၎င်းတို့၏ ကမ်းရိုးတန်း ကာကွယ်ရေးအင်အားကို မြှင့်တင်ခဲ့ပြီ ဖြစ်ကာ ဟွာရှာလည်း အပါအဝင် ဖြစ်သည်။ ထိုကြောင့်လည်း သူတို့သည် နောက်ဆုံးတွင် ဧရာမရေဘဝဲကြီးကို ထိခိုက်မှု အနည်းဆုံးဖြင့် တွန်းလှန်နိုင်ခဲ့၏။

ထိုအချိန်က ဧရာမရေဘဝဲကြီး ကမ်းရိုးတန်းသို့ တက်ရောက်လာသည်နှင့် စစ်ဘက်သုံး ရဟတ်ယာဉ်များသည် ချက်ချင်းပင် တိုက်ခိုက်ခဲ့၏။ ထိုအချိန်က ဧရာမရေဘဝဲ၏ လက်တံများရှိ ခွန်အားနှင့် ပျော့ပြောင်းမှုတို့ကြောင့် ကျည်ဆံများသည် ပြန်လည်တွန်းကန်ထွက်သွားခဲ့သည်။ သို့သော် စစ်ဘက်သုံး ရဟတ်ယာဉ်များသည် အမြောက်များကို အသုံးပြုခဲ့သည်။

နောက်ဆုံးတွင် ဧရာမရေဘဝဲကြီးသည် ၎င်း၏ လက်တံတစ်ချောင်း ပျက်စီးသွားခဲ့ပြီး ခက်ခဲစွာ ထွက်ပြေးသွားခဲ့၏။

ပင်လယ်ဘုရင် လေးပါး ပေါ်ပေါက်လာပြီးနောက် မီဒီယာများ၏ ခေါင်းစီးသတင်းပိုင်းကို ၎င်းတို့က အချိန်တိုင်းလိုလို သိမ်းပိုက်ထားခဲ့သည်။ ဤသို့ဖြင့် သတင်းအများစုတွင် ရှေးဟောင်း သားရဲအသစ် တွေ့ရှိမှုအကြောင်း သို့မဟုတ် ပင်လယ်ဘုရင် လေးပါးထဲမှ တစ်ကောင်သည် သင်္ဘောတစ်စီး သို့မဟုတ် မည်သည့် ကျေးရွာတစ်ရွာကို တိုက်ခိုက်ခဲ့ခြင်း အကြောင်းများသာ ဖြစ်လာခဲ့သည်။

ဧရာမပင်လယ်မြွေကြီးနှင့် ပတ်သက်၍မူ မကြာခဏ ဖော်ပြခြင်းတော့ပေ။

ကမ္ဘာကြီးက ဧရာမပင်လယ်မြွေကြီးကို မေ့လုနီးပါး ဖြစ်နေချိန်တွင်ပင် အမေရိကန်စစ်တပ်ကတော့ ၎င်းကို စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ သူတို့သည် ဧရာမပင်လယ်မြွေကြီး၏ ခုခံကာကွယ်နိုင်စွမ်းကို ယုံကြည်နေဆဲဖြစ်သည်။

ကံမကောင်း အကြောင်းမလှစွာဖြင့် ဧရာမပင်လယ်မြွေကြီးသည် တစ်နှစ်ကျော် ကြာလာပြီ ဖြစ်သော်လည်း မပေါ်လာသေးပေ။ အင်တာနက်ပေါ်ရှိ လူအများစု ပြောဆိုသည့်အတိုင်း ဧရာမပင်လယ်မြွေကြီး သေဆုံးသွားပြီလားဟုပင် သူတို့ တွေးမိကြ၏။

မကြာခင်က သူတို့သည် စူပါမိုဆာဆောရပ်စ်၏ အကြေးခွံအချို့ကို ရရှိခဲ့သည်။ ထိုသားရဲသည် ဧရာမပင်လယ်မြွေကြီးကဲ့သို့ ခိုင်မာသော အကာကွယ် ရှိ၏။ ၎င်းသည် စူပါမိုဆာဆောရပ်စ် အယ်ဆင်းနီကို ပထမဆုံးအကြိမ် တိုက်ခိုက်လာစဉ်က အနည်းငယ် ဒဏ်ရာရရှိစေခဲ့သည်။ မှန်ပေ၏။ ၎င်းသည် ၎င်း၏ ဧရာမအရွယ်အစားနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော ဒဏ်ရာသာ ဖြစ်သည်။

သို့သော် သူတို့ ၎င်းထံမှ အကြေးခွံအချို့ကို ရရှိခဲ့ရာ ထိုသည်ကပင် နိုင်ငံ၏ ထိပ်တန်းအရာရှိများကို နှစ်သိမ့်မှု အနည်းငယ် ပေးနိုင်ခဲ့သည်။ ထိုအချိန်က သူတို့သည် ထိုအကြေးခွံတွေအား အထူးဌာနတစ်ခုသို့ ခွဲခြမ်းစိတ်ဖြာရန် ပေးပို့ခဲ့သည်။

သို့သော် ရလဒ်မှာ စိတ်ပျက်စရာသာ ဖြစ်ခဲ့သည်။

သုတေသနပြုခြင်းမှ ရလာသော ရလဒ်သည် ၎င်းအကြေးခွံများက ကယ်လ်ဆီယမ်နှင့် အခြားသော သာမန် ဒြပ်စင်များဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်ဟု ဖြစ်သည်။ ၎င်း၏ မြင့်မားသော အကာအကွယ်ပေးနိုင်ခြင်းသည် ၎င်းက ၎င်း၏ မြင့်မားသော သိပ်သည်းဆကြောင့်သာ ဖြစ်နေသည်။

သူတို့နိုင်ငံ၏ စစ်ရေးအင်အားကို တိုးမြှင့်ပေးနိုင်မည့် အရာတစ်ခုခုကို လေ့လာနိုင်ဖို့ မျှော်လင့်ခဲ့ကြသူများမှာ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ပြီး ဧရာမပင်လယ်မြွေကြီးကို ဖမ်းဆီးရန် ခိုင်မာစွာ ဆုံးဖြတ်ခဲ့သူများပင် လှောင်ပြောင်ခြင်း ခံခဲ့ရ၏။ အကြောင်းမှာ သူတို့သည် ရဟတ်ယာဉ်တစ်စီးနှင့် စစ်သင်္ဘောတစ်စီးကို ဆုံးရှုံးခဲ့ရတာတောင် ၎င်းကို ဖမ်းဆီးနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

မိုဆာဆောရပ်စ်၏ အကြေးခွံများကို ကြည့်ခြင်းအားဖြင့် ဧရာမပင်လယ်မြွေကြီး၏ အကြေးခွံသည်လည်း အတူတူပင် ဖြစ်နိုင်လေသည်။

သို့သော် အချို့သော သူများက ဧရာမပင်လယ်မြွေကြီး၏ ခုခံကာကွယ်နိုင်စွမ်းသည် စူပါမိုဆာဆောရပ်စ်ထက်ပင် ပိုမိုမြင့်မားသောကြောင့် တစ်စုံတစ်ရာ ကွာခြားမှု ရှိနိုင်သည်ဟု အငြင်းပွားခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုရသော် ဧရာမပင်လယ်မြွေကြီးကို စက်သေနတ်များနှင့် သံချပ်ကာဖောက် ကျည်ဆန် တပ်ဆင်ထားသော စနိုက်ပါရိုင်ဖယ်များဖြင့်ပင် ထိခိုက်စေနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်၏။

သို့သော် စူပါမိုဆာဆောရပ်စ်သည် ထိုလက်နက်များကို အလုံးဆုံး မခုခံနိုင်ပေ။ ဧရာမပင်လယ်မြွေကြီး၏ နောက်ထပ်ထူးခြားသော အချက်မှာ စစ်သင်္ဘောတစ်စီးကို နှစ်မြုပ်နိုင်ခြင်းပင် ဖြစ်သည်။

၎င်းသည် ထိုသို့ဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ပါသနည်း။

ဤအငြင်းပွားမှုတွင် အချို့သော ထောက်ခံမှုများ ရရှိခဲ့သော်လည်း စစ်တပ်ခေါင်းဆောင်များကမူ ၎င်းကို အလေးအနက်မထားပေ။ ၎င်းတို့ ဧရာမပင်လယ်မြွေကြီးကို ဆက်လက်ရှာဖွေခြင်း မပြုတော့ခြင်းကပင် ထိုအချက်ကို သက်သေပြနေခဲ့သည်။

၎င်းတို့သည် စူပါမိုဆာဆောရပ်စ်နှင့် အခြားသန္ဓေပြောင်း ရှေးဟောင်း သားရဲများအပေါ် အာရုံစိုက်နေကြ၏။ အယ်ဆင်းနီမြို့ကို တိုက်ခိုက်ပြီးနောက် စူပါမိုဆာဆောရပ်စ်သည် အချို့ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့် ယခင်ကဲ့သို့ ပွင့်ပွင့်လင်းလင်းနှင့် လူသားမြို့များကို မတိုက်ခိုက်တော့ပေ။ ယခုအချိန်တွင် ၎င်းက ပင်လယ်ခရီးသွားလာသော သင်္ဘောများကိုသာ အဓိကထား တိုက်ခိုက်လာသည်။

သို့သော် ၎င်းက မြို့များကို တိုက်ခိုက်ခြင်းအား လက်လျှော့ခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ၎င်းက ကုန်းမြေပေါ်သို့ တက်လာကာ ကမ်းရိုးတန်းမြို့များကို တိုက်ခိုက်တတ်သော်လည်း လမ်းတစ်လမ်း၊ နှစ်လမ်းခန့်သာ ဖျက်ဆီးပြီး လျင်မြန်စွာ ထွက်ပြေးသွားတတ်၏။

ဧရာမရေဘဝဲကြီးသည်လည်း ထိုနည်းတူပင် ဖြစ်ပြီး ဟွာရှနှင့် ပြောက်ကျားစစ် ဆင်နွှဲနေကာ ပြဿနာများစွာ ရှာနေခဲ့သည်။

အချိန်သည် နေ့စဉ်နှင့်အမျှ ကုန်လွန်လာခဲ့ပြီး သမုဒ္ဒရာအတွင်းက ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများလည်း ပိုမိုများပြားလာခဲ့သည်။ မူလက စည်ကားခဲ့သော ငါးဖမ်းလုပ်ငန်းများနှင့် ပင်လယ်ရေကြောင်း ခရီးသွားလာရေးလုပ်ငန်းများလည်း တိတ်ဆိတ်လာခဲ့သည်။

ကြီးမားသော ခရီးသည်တင်သင်္ဘောများသည် သာမာန်သင်္ဘောများထက် ပိုမိုလုံခြုံသော်လည်း မည်သူမျှ သူတို့၏ အသက်ဖြင့် စမ်းကြည့်ဝံ့ခြင်း မရှိတော့ပေ။

ဤသို့ဖြင့် ငွေကြေးအနည်းငယ် ရှိသူများသည် လေယာဉ်ဖြင့်သာ သွားလာရန် ရွေးချယ်လာကြ၏။ ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်၍မူ ပင်လယ်ထဲသို့ လှေငယ်ဖြင့် သွားခြင်းသည်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားနားတော့ဘဲ ကြီးမားသော လှေများပင်လျှင် အလွန်အန္တရာယ်များလာခဲ့သည်။

ဤခေတ်သစ်တွင် ပင်လယ်နှင့် နီးစပ်သော လူအနည်းငယ်သာ ရေလုပ်ငန်း လုပ်ကိုင်ရန် သတ္တိရှိကြတော့သည်။

...

အဝေးတစ်နေရာ။

အိန္ဒိယသမုဒ္ဒရာတွင် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းရှိပြီး ၎င်း၏ ထူထဲသော တောနက်ကြီးထဲက ရုတ်တရက် သစ်ပင်များ၏ ကျိုးကျေသံများ ထွက်ပေါ်လာသည်။

ဗုန်း! ခရက်! ခရက်!

ဤသည်မှာ သစ်သားများ ကွဲအက်နေသော အသံပင် ဖြစ်သည်။

မြေမှုန့်နှင့် ဖုန်မှုန့်များ ကျဆင်းလာပြီး ဧရာမသားရဲကြီးတစ်ကောင် မြေပြင်ပေါ်သို့ တိုးထွက်လာသည်။

၎င်းသည် အမည်းရောင် အဆင်းရှိသော အကြေးခွံများ ပိုင်ဆိုင်သော ဧရာမမြွေကြီးတစ်ကောင်ပင် ဖြစ်၏။ ၎င်းထရပ်လာချိန်တွင် ရွှံ့ဂဲနှင့် ဖုန်မှုန့်အပြင် အခြားသော သစ်မြစ်အစိတ်အပိုင်းများ ကျဆင်းသွားပြီး အလင်းပြန်နိုင်သည့် အကြေးခွံများ ပေါ်လာခဲ့သည်။

တစ်နှစ်ကြာပြီး နောက်ဆုံးမှာ သူ၏ ဆင့်ကဲပြောင်းလဲမှုဟာ ပြီးဆုံးသွားခဲ့သည်။

သူ၏ ခေါင်းကို ငုံ့ကြည့်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်က များစွာ ကြီးမားလာကြောင်း ဖန့်ရန် သတိပြုမိသည်။ သူ့မျက်လုံးများ တောက်ပနေပြီး စိတ်ထဲကနေ တွေးတောလိုက်သည်။

"စနစ် ငါ့ရဲ့ အချက်အလက်ဇယားကို ပြပါ..."

.....

All Chapters