မိုးကြိုးဒိုမိန် (နယ်မြေ)
Vol. 12 Ch. 169
အချက်အလက်ပြဇယား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖန့်ရန်သည် အချက်အလက်ပြဇယား၏ ထိပ်တွင် အသိပေးချက်နှစ်ခုရှိနေမှန်း ချက်ချင်း သတိပြုမိလိုက်သည်။
[ဒင်! လက်ခံသူ၏ ၂၁ ကြိမ်မြောက် ဆင့်ကဲပြောင်းလဲမှု ပြီးစီးသွားပြီ ဖြစ်သည်။ လက်ခံသူ၏ လက်ရှိအဆင့်သည် ၂၂ ဖြစ်သည်။ လက်ခံသူသည် ဆုလာဘ်အဖြစ် ကျွမ်းကျင်မှုရမှတ် ၂၁ ကို ရရှိသည်။]
[ဒင်! လက်ခံသူသည် လိုအပ်ချက်များ ပြည့်မီသွားပြီ ဖြစ်သည်။ စွမ်းရည်အသစ်များ ရရှိနိုင်သည်။ ၎င်းတို့အား ကြည့်ရှုလိုပါသလား။]
စနစ်၏ အသိပေးချက်နှစ်ခုကို ကြည့်ပြီးချိန်တွင် ဖန့်ရန်သည် ခနမျှ မင်သက်သွားခဲ့သော်လည်း ချက်ချင်းပင် ပျော်ရွှင်သွားခဲ့၏။
စွမ်းရည်အသစ်တွေကို သူရရှိနိုင်ပြီ ဖြစ်သည်။
"စနစ် စွမ်းရည်အသစ်တွေကို ငါကြည့်ချင်တယ်.."
သူ၏ စိတ်ထဲမှ အချက်အလက်ပြဇယားသည် တဏမျှ တောက်ပသွားပြီး စွမ်းရည်အသစ်များ ပေါ်လာခဲ့သည်။
[မိုးကြိုးဒိုမိန် (နယ်မြေ) : (တက်ကြွမှု စွမ်းရည်) - ဧရိယာအတိုင်းအတာ တစ်ခုအတွင်း လျှပ်စစ်ဓာတ်နှင့် လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်နိုင်ပြီး ထိန်းချုပ်နိုင်စွမ်း ရှိသည်။
အဆင့်မြင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မှုရမှတ် - ၂၀ မှတ်
လက်ရှိအဆင့် - ၀/၅]
[အိုဗာကလော့ တုန်ခါမှု (ကြိမ်နှုန်းမြင့် အသံလှိုင်း) : (တက်ကြွမှု စွမ်းရည်) - ပြိုင်ဘက်ကို တိုက်ခိုက်ရန် ကြိမ်နှုန်းမြင့် အသံလှိုင်းကို ထုတ်လွှတ်နိုင်သည်။ သားရဲ အမျိုးမျိုး ထုတ်လွှင့်သော သဘာဝကြိမ်နှုန်းကို ထောက်လှမ်းနိုင်စွမ်း ရှိသည်။ ၎င်းတို့အား ဖျက်ဆီးရန် ကြိမ်နှုန်းမြင့် တုန်ခါလှိုင်းများ ဖန်တီးနိုင်သည်။
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မှုရမှတ် - ၂၀ မှတ်
လက်ရှိအဆင့် - ၀/၅]
စွမ်းရည် ဖော်ပြချက်များကို ဖတ်ပြီးနောက် ဖန့်ရန် အတော်လေး စိတ်လှုပ်ရှားသွားသည်။
သူမျှော်လင့်နေသော စွမ်းရည်အသစ်များ ပေါ်လာပြီဖြစ်၏။ ထို့အပြင် ၎င်းတို့က တိုက်ခိုက်မှု စွမ်းရည်များ ဖြစ်သည်။
စွမ်းရည်အသစ်များ ပေါ်လာရန်အတွက် လိုအပ်ချက်များ ရှိသည်ကို ဖန့်ရန် သေချာနေခဲ့ပြီဖြစ်၏။
ဤစွမ်းရည်နှစ်ခုစလုံးသည် အတော်လေး အစွမ်းထက်ပုံမည့်ပုံပင်။ တစ်ခုက ရန်သူအများအပြားကို ရှင်းလင်းနိုင်သော ဧရိယာသက်ရောက်မှုအမျိုးအစား စွမ်းရည်ဖြစ်ပြီး ကျန်တစ်ခုက အစွမ်းထက်ရန်သူကို ရင်ဆိုင်ရန်အတွက် အသုံးပြုသည့် အဝေးသုံး စွမ်းရည် ဖြစ်သည်။
ဤစွမ်းရည်နှစ်ခုသည် သူယခင် ရရှိခဲ့သော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မှုများနှင့် မတူညီဘဲ သူ့စိတ်ထဲက စိတ်ကူးယဥ် စွမ်းရည်များနှင့် အနည်းငယ် ဆင်တူလာပြီ ဖြစ်သည်။ သို့သော် ဤစွမ်းရည်နှစ်ခုသည် အသက်သွင်း အသုံးပြုနိုင်ရန်အတွက်ပင် ကျွမ်းကျင်မှုရမှတ် ၂၀ စီ လိုအပ်၏။ သူ၏ လက်ရှိ ကျွမ်းကျင်မှုရမှတ်ဖြင့်ဆို စွမ်းရည်တစ်ခုတည်းကိုသာ အသက်သွင်းနိုင်ပေမည်။ (TN/အသက်သွင်း - (အတူတူဘဲ) အဆင့်မြှင့် - မှ စတင်အသုံးပြုနိုင်မှာပါ)
ထိုကြောင့် ဖန့်ရန်သည် အနည်းငယ် စိတ်ပျက်သွားပြီး ပြောလိုက်၏။
"စနစ်... မိုးကြိုးဒိုမိန် (နယ်မြေ) စွမ်းရည်ကို အသက်သွင်းပါ.."
မိုးကြိုးဒိုမိန် (နယ်မြေ) စွမ်းရည်သည် ရန်သူများစွာအား ရင်ဆိုင်ရာတွင် အသုံးပြုနိုင်သည်။ ၎င်းသည် ဧရိယာအကျိုးသက်ရောက်မှုရှိသော စွမ်းရည်အမျိုးအစားဖြစ်ကာ လျှပ်စစ်သံလိုက်လှိုင်းများက အလွန်အသုံးဝင်၏။ ၎င်းနှင့်ဆို လူသားများ၏ ရေဒါများနှင့် အခြားသော ရှာဖွေရေး ကိရိယာများသည် သူ့အပေါ်အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။ ထို့အပြင် ၎င်းနှင့်ဆို လူသားများ၏ လက်နက်၊ ယန္တရားများကို နှောင့်ယှက်နိုင်စွမ်းလည်း ရှိလာမည် ဖြစ်သည်။
၎င်းစွမ်းရည်အား အသက်သွင်းပြီးနောက် ဖန့်ရန်သည် သူ၏ ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုများကို ချက်ချင်း သတိပြုမိလိုက်သည်။
အဓိကအားဖြင့် သူ၏ အကြေးခွံများသည် ပြောင်းလဲမှုအများဆုံး ဖြစ်၏။ ဖန့်ရန်သည် သူ၏ အကြေးခွံတွေက ဘက်ထရီကဲ့သို့ ဖြစ်လာပြီး လျှပ်စစ်ဓာတ်အား သိုလှောင်လာနိုင်သည်ကို ခံစားမိခဲ့သည်။ ထို့အပြင် ၎င်းတို့ကနေ လျှပ်စစ်ဓာတ်အား အချိန်မရွေး ထုတ်လွှတ်နိုင်မှန်း သိရှိခဲ့၏။
ယခုအချိန်တွင် သူ၏ အကြေးခွံတွေက နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲပြီး သိုလှောင်နိုင်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အကြေးခွံတွေဟာ ဆိုလာပြားသဖွယ် ဖြစ်သွားခဲ့ပြီ ဖြစ်၏။
"ငါက အခုချိန်မှာ ဆီလီကွန်အခြေခံ သက်ရှိများ ဖြစ်သွားပြီလား..." (ဆိုလာပြားရဲ့ အစိတ်အပိုင်းအများစုက ဆီလီကွန် (Silicon) နဲ့ လုပ်ထားတာပါ)
သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းက ပြောင်းလဲမှုများကို ခံစားရင်း ဖန့်ရန် တွေးမိလိုက်သည်။
လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်နိုင်သော သားရဲအချို့ ရှိသော်လည်း မည်သည့်သားရဲမျှ နေရောင်ခြည် စွမ်းအင်အား လျှပ်စစ်အဖြစ် ပြောင်းလဲနိုင်စွမ်း မရှိပေ။
"အခုပဲ ဒီစွမ်းရည်အသစ်ကို စမ်းကြည့်ချင်လာပြီ.."
ဖန့်ရန် စိတ်အားထက်သန်စွာ တွေးမိလိုက်၏။ သူသည် ချက်ချင်းပင် ပင်လယ်ထဲသို့ ငုပ်လျှိုးကာ မိုးကြိုးဒိုမိန် (နယ်မြေ) စွမ်းရည်ကို စမ်းကြည့်လိုပေသည်။ သို့သော် ဖန့်ရန်သည် သူ၏ စိတ်အားထက်သန်မှုအာ ထိန်းချုပ်ထားခဲ့၏။
သူ့တွင် လုပ်စရာအချို့ရှိနေသေးသည်။
"စနစ် ငါ့ရဲ့ အချက်အလက်ပြဇယားကို ပြပါ..."
အချက်အလက်ပြဇယားကွက်အပေါ်ရှိ စကားလုံးများသည် လင်းလက်သွားခဲ့ပြီး ပြောင်းလဲသွားခဲ့၏။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၂၂
စနစ်အမှတ် : ၆၃၂၀ / ၂၅၀၀၀၀၀
ကျွမ်းကျင်မှုရမှတ် : ၂၄
ကိုယ်ထည်အရှည် : ၆၀ မီတာ
အချင်း : ၂ မီတာ
ခွန်အား : ၅၀၀၀
ခုခံနိုင်စွမ်း : ၁၁၅၀
အမြန်နှုန်း : ၂၆၀
တက်ကြွမှု : ၃၈၀
စိတ်ဝိညာဉ် : ၂၃၀
ရုပ်ပိုင်းဆိုင်ရာ ခွန်အား : ၂၈၀
စွမ်းရည် : အရိပ်လေ (၁/၅)၊ မိုးကြိုးဒိုမိန် (နယ်မြေ) (၁/၅)၊ အိုဗာကလော့ တုန်ခါမှု (၀/၅) အမြင့်ဆုံးသော စွမ်းရည်များအား ဖုံးကွယ်ထားသည်]
"အချင်း နှစ်မီတာ.."
ဖန့်ရန် သူ့ခန္ဓာကိုယ်ကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ လက်ရှိပုံပန်းသဏ္ဍာန်သည် အလွန်ကြောက်စရာကောင်းနေ၏။
အချင်း (၂) မီတာသည် တံခါးတစ်ချပ်ထက်ပင် ပိုကြီးပြီး အလျားမှာ မီတာ (၆၀) ရှိသည်။ ၎င်းသည် သာမာန် အဆောက်အအုံ ၂၀ နှင့် ညီမျှ၏။
သူ၏ အချက်အလက်များနှင့် စွမ်းရည်အသစ်များကို စစ်ဆေးပြီးနောက် ဖန့်ရန် စိတ်ကျေနပ်သွားသည်။
ထိုနောက် သူသည် ပင်လယ်ထဲသို့ တန်းဆင်းသွားခဲ့ပြီး ရေနေသားရဲအချို့ပေါ် သူ၏ စွမ်းရည်အသစ်ကို စမ်းသပ်ရန် အသင့်ဖြစ်နေသည်။
ပင်လယ်ထဲသို့ ရောက်သွားသည်နှင့် ဖန့်ရန် အံ့အားသင့်သွားသည်။ သူ၏ အာရုံခံစားမှုသည် ယခင်ကထက် များစွာပို၍ အားကောင်းနေသည်။
ယခင်က အမှောင်ထဲတွင် ပုန်းအောင်းနေသော သားရဲများကို ထောက်လှမ်းရန်အတွက် သူ၏ လျှာကို အားကိုးခဲ့ရသော်လည်း ယခုတော့ ထိုသို့လုပ်ရန် မလိုတော့ပေ။
သက်ရှိများမှ ထုတ်လွှတ်နေသော လျှပ်စစ်သံလိုက်လှိုင်းများကို သူခံစားမိနေခဲ့သည်။ ရိုးရှင်းစွာဆိုရသော် သက်ရှိများမှ သဘာဝအတိုင်းထုတ်လွှင့်နေသော လျှပ်စစ်သံလိုက်လှိုင်းများသည် သူ့အတွက် အလွန်အမင်း ထိလွယ်ရှလွယ် ဖြစ်နေခြင်း ဖြစ်၏။
သူသည် လျှပ်စစ်သံလိုက်လှိုင်းများမှတစ်ဆင့် သူနှင့် အခြားသက်ရှိများ၏ အကွာအဝေးကို ထောက်လှမ်းနိုင်နေရုံသာမက ၎င်းတို့၏ အရွယ်အစား၊ အရေအတွက်နှင့် စသည်တို့ကိုပါ ဆုံးဖြတ်နိုင်နေခဲ့သည်။
ပင်လယ်ထဲသို့ ရောက်ပြီး မကြာမီတွင် ဖန့်ရန်သည် သာမာန်ထက် ထူးခြားသော လျှပ်စစ်သံလိုက်လှိုင်းတစ်ခုကို ခံစားမိခဲ့ပြီး၊ ထိုနေရာသို့ ချက်ချင်းပင် ကူးခတ်သွားခဲ့၏။
များမကြာမီ သူ့အရှေ့တွင် ကူးခတ်နေသော ဧရာမသားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
"လျှပ်စစ်သံလိုက်လှိုင်းနဲ့ ထောက်လှမ်းတာက တကယ်ကောင်းတာပဲ.."
ဖန့်ရန် သူ့ရှေ့မှ သားရဲတစ်ကောင် ကူးခတ်နေသည်ကို မြင်ပြီးနောက် သူ၏ အရှိန်အာ မြှင့်လိုက်သည်။ တဖြည်းဖြည်း ၎င်းသားရဲ၏ ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။
"မိုဆာဆောရပ်စ်.."
၎င်းသားရဲကို မြင်ချိန်တွင် ဖန့်ရန် စိတ်ထဲ၌ အမည်တစ်ခုက ချက်ချင်း ပေါ်လာသည်။ သူသည် Jurassic Park ကားကို ကြည့်ဖူးသောကြောင့် ၎င်းသားရဲအား ချက်ချင်း မှတ်မိသွားခဲ့သည်။
[ပစ်မှတ် - မိုဆာဆောရပ်စ်၊ တွားသွားသတ္တဝါ၊ အသားစား၊ စနစ်အမှတ် ၄၀၀၀၀ မှတ် ရရှိနိုင်သည်]
၎င်းသည် မိုဆာဆောရပ်စ် အမှန်ပင်။
၎င်းသားရဲသည် အလျား မီတာ ၂၀ ခန့် ရှိ၏။ ၎င်းကြည့်ရသည်မှာ အစာရှာနေပုံပေါ်သည် ဘေးပတ်လယ် ပတ်ဝန်းကျင်ကို ကြည့်နေရင်း ကူးခတ်နေခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းခေါင်းလှည့်လိုက်ချိန်တွင် အနောက်ကနေ ချဉ်းကပ်လာသော ဖန့်ရန်ကို တွေ့လိုက်ရသည်။
ဖန့်ရန်၏ ခန္ဓာကိုယ် အရွယ်အစားသည် သူ့ထက်များစွာပို ကြီးမားသောကြောင့် ၎င်းသားရဲသည် ချက်ချင်းပင် ထွက်ပြေးလေသည်။
ပထမဆုံးသားကောင်ကို မြင်တွေ့ရခြင်း ဖြစ်သောကြောင့် ဖန့်ရန်သည် ၎င်းအား အလွတ်ပေးမည် မဟုတ်ပေ။ သူသည် ၎င်းကို လျင်မြန်စွာ လိုက်ဖမ်း၏။ လျင်မြန်လှသော အမြန်နှုန်းကြောင့် ၎င်းသားရဲအား အချိန်တိုအတွင်းပင် လိုက်မီသွားသည်။
မိုဆာဆောရပ်စ်နှင့် မီတာ (၂၀) ခန့် အကွာအဝေးသို့ ရောက်ချိန်တွင် ဖန့်ရန်က သူ၏ မိုးကြိုးဒိုမိန် (နယ်မြေ) စွမ်းရည်ကို အသက်သွင်းလိုက်သည်။
သူ့အကြေးခွံများစွာရဲ့ မျက်နှာပြင်မှာ အပြာရောင် လျှပ်စီးကြောင်းများ ထလာပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ့ရှေ့မှ မိုဆာဆောရပ်စ်ကို ထိသွားသည်။
Buzz! Buzz!
လျှပ်စီးကြောင်းများ မိုဆာဆောရပ်စ်ကို ထိသွားသည်နှင့် ၎င်းက တုန်ခါသွား၏။
မိုဆာဆောရပ်စ်သည် အလွန်ပြင်းထန်သော နာကျင်မှုအား ခံစားနေရပုံဖြင့် ရူးသွပ်စွာ ရုန်းကန်နေပြီး ရွေ့လျားနိုင်ခြင်းပင် မရှိတော့ပေ။ တခဏအကြာတွင် ၎င်း၏ လှုပ်ရှားရုန်းကန်မှုဟာ ရပ်တန့်သွားပြီး ရေအောက်သို့ နစ်မြုပ်သွားခဲ့သည်။
မိုဆာဆောရပ်စ်သည် ချက်ချင်းကြီး သေဆုံးမသွားသော်လည်း သေခြင်းတရားနှင့် မဝေးတော့ပေ။ ဖန့်ရန်သည် ၎င်းဆီ ကူးခတ်သွားပြီး ပင်လယ်မျက်နှာပြင်သို့ ဆွဲတင်ကာ စားသုံးလိုက်၏။
"နောက်ထပ် နည်းနည်းလေးသာ ပိုနီးနေခဲ့မယ်ဆို ဒီမိုဆာဆောရပ်စ် ချက်ချင်းသေသွားလောက်တယ်..."
ဖန့်ရန် တွေးတောလိုက်သည်။ စားသောက်ပွဲကြီး ပြီးဆုံးပြီနောက် ကျပန်း ဦးတည်ရာတစ်ခုကို ရွေးချယ်ကာ ခရီးဆက်ခဲ့သည်။
သူသည် သားကောင်များအား သီသန့် ရှာဖွေရန် မလိုအပ်တော့ပေ။ ယခုအခါတွင် သမုဒ္ဒရာတစ်ခုလုံးမှာ ရှေးဟောင်း သားရဲ အများအပြား ရှိနေပြီး၊ တကူးတက လိုက်မရှာလျှင်ပင် သူ့အတွက် သားကောင်အား တွေ့ဆုံနိုင်သည်။
သူ့အနေဖြင့် အာကာသလမ်းကြောင်းအရှေ့တွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။
ဤသို့ဖြင့် ဖန့်ရန်သည် ရှေ့သို့ ဆက်လက် ရွေ့လျားနေခဲ့ပြီး ရှေးဟောင်း သားရဲများကို ဖမ်းဆီးကာ သူ၏ စွမ်းရည်အသစ်ရဲ့ အစွမ်းကို စမ်းသပ်နေခဲ့သည်။
တစ်လခန့်အကြာတွင် ဖန့်ရန်သည် သူ မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မသိတော့ပေ။
ဖန့်ရန်သည် သူက ပင်လယ်ဘုရင် လေးပါးထဲက တစ်ကောင်သော သားရဲ၏ နယ်မြေဖြစ်သော ပစိဖိတ်သမုဒ္ဒရာသို့ ရောက်ရှိနေမှန်း သိမနေခဲ့ပေ။
တစ်နေ့။
ဖန့်ရန်သည် ထူးဆန်းသော လျှပ်စစ်သံလိုက်လှိုင်းတစ်ခုကို ခံစားမိခဲ့ပြီး။ ၎င်းဆီသို့ ကူးခတ်သွားရာ ဧရာမသားရဲကြီးတစ်ကောင်အား တွေ့လိုက်ရသည်။
"ဧရာမရေဘဝဲကြီးပါလား။ ကြည့်ရတာ ရင်းနှီးနေသလိုပဲ..."
.....