← Chapters

သူ့ကို မင်း သတ်လို့ မရဘူး

Vol. 6 Ch. 559

သူ့ကို မင်း သတ်လို့ မရဘူး

Vol. 6 Ch. 559

အနက်ရောင် အရိပ်က ချန်းဖန်၏ ကမ္ဘာ တုန်လောက်သော ဓားချက်ကို လက်တစ်ဖက်တည်းဖြင့် ပိတ်ဆို့လိုက်၏။

ချန်းဖန်၏ ဓားချက်သည့် ရှေးဟောင်းရဲတိုက်၏ အကာအကွယ် အစီအရင်ကိုပင် ထက်ဝက် ပိုင်းဖြတ် ပစ်နိုင်ခဲ့သော ဓားချက် ဖြစ်သည်။ ထိုကဲ့သို့သော ဓားချက်ကို လက်တစ်ဖက်တည်းဖြင့် တားဆီးရန်မှာ လီချန်းရှန့်၊ လင်းရှု့မင်တို့ပင် တတ်နိုင်မည် မဟုတ်ချေ။

"ဘုန်း ..."

ဓားအလင်းက အနက်ရောင် အရိပ်၏ လက်နှင့် ထိတွေ့ရာ အပိုင်းပိုင်း အစစ ပျက်စီး၏။

ထို့အတူ လူရိပ်၏ လက်သည်လည်း အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသည်။ သို့သော်လည်း တစ်ခဏ အတွင်းမှာပင် လူရိပ်၏ လက်က အကောင်း ပကတိ ဖြန်လည် ဖြစ်ပေါ်လာသည်။

"မင်းက  ... ဘယ်သူလဲ ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း လူရိပ်ကို ကြည့်လိုက်၏။

လူရိပ်ကား အသက်လတ် အရွယ်ခန့် ရှိသော ယောက်ျား တစ်ဦး ဖြစ်ကာ ဥရောပ အထက်တန်းစား လူကြီးလူကောင်း ဆန်ဆန် ဝတ်ဆင်ထား၏။ သူ၏ ရုပ်ရည်က အလွန်အမင်း ခန့်ညားကာ သူ၏ မျက်လုံးများ၏ အမှောင်လောက၏ အရှင်သခင် အလား တဖျတ်ဖျတ် တောက်ပနေ၏။

သူ၏ ခန္ဓာကိုယ်တွင်မူ သမုဒ္ဒရာအလား နက်ရှိုင်းသည့် အမှောင်စွမ်းအားက ဖြာထွက်နေသည်။ ချန်းဖန်သည် ထိုသူကို ရင်ဆိုင်ရသည်က မြေကမ္ဘာအဆင့် တစ်ယောက်ကို မြင်တွေ့ရသည့် အလား ခံစားနေရ၏။

"အမှောင်မြို့စား ..."

အာသာက လူလတ်ပိုင်း လူကြီးကို ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူသည် ထိုပုဂ္ဂိုလ်ကို တွေ့ရမည်ဟု မျှော်လင့်ထားပုံ မရချေ။

"ဘုရင်က အဲလီဇဘက်ရဲ့ အမှောင်မြို့စား ... တွေ့ရတာ တကယ်ပဲ ဂုဏ်ယူမိပါတယ် ..."

အာသာက ဦးညွှတ်လိုက်သည်။

"မင်းက အင်္ဂလန်ရဲ့ အစောင့်အရှောက်လား ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

တရုတ်၏ အစောင့်အရှောက်သည် ရဲ့ချင်စန်း ဖြစ်ကာ ရုရှား၏ အစောင့်အရှောက်သည် အိုလက် ဖြစ်သည်။ ထိုကဲ့သို့ပင် အင်အားကြီး နိုင်ငံများ၌ ကိုယ်ပိုင် အစောင့်အရှောက်များ ရှိကြသည်။

ဗြိတိသျှ အင်ယာပါသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ကမ္ဘာအား စိုးမိုးခဲ့ကာ နေမဝင် အင်ပါယာဟုပင် အမည်တွင်ခဲ့သည်။ ထိုကဲ့သို့ အစဉ်အလာ ကြီးမားသော နိုင်ငံကြီး၏ လျှို့ဝှက် အင်အားသည် မည်မျှအထိ ကြီးမားမည်မှာ ခန့်မှန်း၍ မရနိုင်သောအရာ ဖြစ်၏။

"လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က အင်္ဂလန်ရဲ့ အစောင့်အရှောက်လို့ ဆိုနိုင်ပါတယ် ..."

အမှောင်မြို့စားက ဖြည်းညင်းစွာ ဖြေလိုက်၏။

သူ လိမ်ညာနေခြင်း မဟုတ်ကြောင်း ချန်းဖန် ကောင်းစွာ သိသည်။ ချန်းဖန် အနေဖြင့် သူ၏ ခန္ဓာကိုယ် အတွင်း၌ စီးဆင်းနေသော နှစ်ရာချီ အမှောင် စွမ်းအားကို ခံစားခဲ့ပြီး ဖြစ်၏။

ချန်းဖန်က အမှောင်မြို့စား၏ လက်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်၏။

"သန့်စင်တဲ့ သွေးမျိုးဆက် ... မဟုတ်သေးဘူး ... မင်းသာ သန့်စင်တဲ့ သွေးမျိုးဆက် ဖြစ်မယ်ဆို မင်းလက်က အခုလို ဒဏ်ရာ ရမှာ မဟုတ်ဘူး ... မင်းက သွေးရောပဲ ဖြစ်ရမယ် ..."

သွေးရော ဆိုသည်မှာ အဘယ်နည်း။

သွေးရော ဆိုသည်မှာ အဖေ သို့မဟုတ် အမေ သန့်စင်သော သွေးမျိုးဆက် တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူတို့သည် သန့်စင်သော သွေးမျိုးဆက်များ ကဲ့သို့ အစွမ်း မထက်သည့်တိုင် လူသား မျိုးဆက် အတွက် ကြောက်ဖို့ကောင်းနေဆဲ ဖြစ်၏။

"မစ္စတာချန်းက အရှေ့တိုင်းမှာ တကယ် နာမည် ကျော်ကြားထိုက် ပါပေတယ် ... သွေးမျိုးဆက်တွေ အကြောင်းတောင် သိနေတာပဲ ..."

အမှောင်မြို့စားသည် အနည်းငယ် အံ့ဩသွားပုံ ရ၏။

"သွေးမျိုးဆက်တွေက အရမ်း အသက်ရှည်တယ် ... သာမန် တန်ခိုးရှင်တွေ နှစ်တစ်ရာ့ငါးဆယ်လောက် နေနိုင်ရင် အဆင့်တူ သွေးမျိုးဆက်တွေက နှစ်တစ်ထောင်လောက် နေနိုင်ကြတယ် ... မင်းက သွေးရော ဆိုတော့ အနှစ် သုံးရာလောက် နေနိုင်တာ မဆန်းပါဘူး ..."

ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်၏။

"ကမ္ဘာပေါ်မှာ သွေးမျိုးဆက်တွေ ရှိနေဦးမယ်လို့ မထင်ခဲ့မိဘူး ... ဘာပဲဖြစ်ဖြစ်လေ ထားလိုက်ပါ ... မင်းက ငါ့ကို တားချင်နေတာလား ...  မင်း မပြောနဲ့ သန့်စင်တဲ့ သွေးမျိုးဆက် တစ်ယောက် လာရင်တောင် ငါ့ကို မတားနိုင်ဘူး ..."

ထိုစကားအား ကြားသည်နှင့် ဒမွန်က အော်ဟစ် ပြောလိုက်သည်။

"အန်ကယ် ... အဲဒီခွေးမသားက ကျွန်တော့်ကို သတ်ဖို့ တရုတ်ကနေ ဥရောပ အထိ လိုက်လာတာ ... နော့လန်နဲ့ ဆန်ဒရိုတို့လည်း သေပြီ ... သူက ကောင်းကင် တံခါးနဲ့ ပတ်သက်နေတဲ့ တန်ခိုးရှင် တစ်ယောက် ဖြစ်နိုင်တယ် ... အန်ကယ် သူ့ကို သတ်မှ ဖြစ်မှာနော် ..."

"ပါးစပ် ပိတ်ထားစမ်း ..."

အမှောင်မြို့စားက ဒမွန်ဘက်သို့ လှည့်ကာ ဆူငေါက်လိုက်၏။ ထို့နောက် သူက ချန်းဖန် ဘက်သို့ လေးနက်သော အမူအရာဖြင့် လှည့်လိုက်သည်။

"မစ္စတာ ချန်းပေ့ရွှမ်း ... ခင်ဗျားက အရှေ့တိုင်းရဲ့ ပြိုင်ဘက်ကင်း တန်ခိုးရှင် ဆိုတာ ကျုပ်သိပါတယ် ... ဒါပေမဲ့ ခင်ဗျား သူ့ကို သတ်လို့ မရဘူး ... ဘာလို့လဲ ဆိုတော့ သူက ကျုပ်တို့ သခင်ကြီးကနေ ဆင်းသက်လာတဲ့ တိုက်ရိုက် မျိုးဆက် ဖြစ်နေလို့ပဲ ..."

"အပြန်အလှန် အနေနဲ့ ကျုပ်တို့ ဘက်ကနေ မြေကမ္ဘာ အဆင့် ရတနာတွေ လျှို့ဝှက် ကျင့်စဉ်တွေ တော်ဝင် ရတနာတွေ ပေးနိုင်ပါတယ် ..."

အမှောင်မြို့စားက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။

အမှောင်မြို့စားက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

အင်္ဂလန်ကား ကမ္ဘာကို ရာစုနှစ်နှင့် ချီ၍ လွှမ်းမိုးခဲ့သူ ဖြစ်သည်။ ဗြိတိသျှ တော်ဝင် နန်းတော်တွင် ရတနာများ မည်မျှ ပုံအောနေမည် ဖြစ်ကြောင်း သူတို့သာ သိနိုင်၏။

"ဘေးကိုဖယ် ... မဖယ်ရင် မင်းကိုပါ သတ်မယ် ..."

ချန်းဖန်က အေးစက်စွာ ဆိုလိုက်သည်။

မြေကမ္ဘာ အဆင့် ရတနာ မဆိုထားနှင့် ကျင့်ကြံခြင်း လောက၏ တန်ခိုးရှင် အဆင့် လက်နက်ပင်လျှင် သူ့အား ဒမွန်ကို လွှတ်ပေးရန် ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

"ဆရာ ... ခင်ဗျားအနေနဲ့ အမှောင် မြို့စားရဲ့ အစစ်အမှန် ပုံရိပ်ကို သိသင့်တယ်လို့ ထင်ပါတယ် ..."

ပင်လယ်နတ်ဘုရား ဂိုဏ်း၏ ဂိုဏ်းချုပ် အာသာက ဝင်ရောက် ပြောလိုက်သည်။

"အမှောင်မြို့စားက လွန်ခဲ့တဲ့ နှစ်သုံးရာလောက် ကတည်းက အင်္ဂလန်ကို စောင့်ရှောက်ခဲ့တဲ့ တန်ခိုးရှင်ပါ ... တန်ခိုးရှင် အဆင့် ကိုးယောက်ပေါင်းတောင် သူ့ကို မတားဆီးနိုင်ဘူး ... သူက လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့သူပါ ..."

"ပြောတာ များနေပြီ ..."

ချန်းဖန်က အာသာတို့၏ အချိန်ဆွဲမှုကို နားလည်သည့် အလား နှာခေါင်းရှုံ့၍ ဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက ချင်ချင်းပင် ဒမွန် ရှိရာသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်သည်။

အမှောက်မြို့စားသည် မည်မျှပင် အစွမ်းထက်၍ မည်သို့သော သတ္တဝါပင် ဖြစ်စေကာမူ ချန်းဖန်အား တားဆီးနိုင်မည် မဟုတ်ချေ။ သူသည် ဒမွန်အား ရအောင် သတ်မည် ဖြစ်သည်။

"မင်း လုပ်ရဲတယ်ပေါ့ ..."

အမှောင်မြို့စားက အော်ဟစ်ရင်း လက်ဝါးအား ဆန့်ထုတ်လိုက်၏။

"ဘုန်း ..."

ထိုလက်ဝါးမှ အမှောင် စွမ်းအင်များ ဖြာထွက်ကာ လက်ဝါး သဏ္ဌာန်သို့ ဖွဲ့စည်း၍ ချန်းဖန်၏ ဓားအား တားဆီးသည်။

"ဘုန်း ..."

အနောက်ရောင် လက်ဝါးနှင့် ဓားအလင်းသည် လေထုတွင်ပင် ပေါက်ကွဲသည်။ စွမ်းအား လှိုင်းများ အဖြစ် ဖြာထွက်ကာ ပတ်ဝန်းကျင်ရှိ အရာရာအား ရိုက်ခတ်၏။ အာသာနှင့် ဒမွန်တို့ပင် ထိုလှိုင်း၏ ရိုက်ခတ်မှု၌ နောက်သို့ ဆုတ်ရသည်။

"မင်းက တကယ့်ကို သွေးရောပဲ ... သန့်စင်တဲ့ သွေးမျိုးဆက် မဟုတ်ဘူး ..."

ချန်းဖန်က ရေရွတ်ရင်း ဓားချီကို နှစ်ဆယ် မီတာ အထိ ရောက်အောင် ထုတ်လွှတ်လိုက်၏။ ထိုတိုက်ခိုက်မှုကား လင်းရှု့မင်၊ လီချန်းရှန့်တို့ကို တိုက်ခိုက်ခဲ့သည့်ဓား သကဲ့သို့ အစွမ်းထက်နေခဲ့သည်။

"မင်းတို့ သွားနှင့် ... ငါ သူ့ကို တားထားမယ် ..."

ချန်းဖန်၏ ဓားကို ကြည့်၍ အမှောင်မြို့စား၏ အမူအရာက လေးနက်လာ၏။

"ဟူး ..."

သူက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ သွေး အရိပ် ငါးခုအဖြစ် ခွဲလိုက်သည်။ ထို သွေးအရိပ် ငါးခုစလုံးက အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ တိုးဝင်လာသော ဓားအား ခုတ်ပိုင်းလိုက်၏။

"ဘုန်း ..."

နျူကလိယဗုံး ပေါက်ကွဲသည့်အလား ကမ္ဘာပျက်မတတ် တုန်ခါမှုက ကောင်းကင်၌ ဖြစ်ပေါ်လာ၏။ ထိုတုန်ခါမှုတွက် ရဲတိုက် ပြိုကျသလို မြေကြီးတွင်လည်း အပေါက်ကြီး ဖြစ်ပေါ်လာသည်။

သို့သော်လည်း ဒမွန်နှင့် အာသာတို့ကမူ ထိုတုန်ခါမှု၏ အင်အားကို ယူဆောင်ကာ အဝေးသို့ ထွက်ပြေး၏။

"မင်းတို့ ဘယ်ကို သွားမလို့လဲ ..."

ချန်းဖန်က ဓားကို ရွှေရောင်အလင်း တစ်ခုအသွင် ပေါင်းစည်းကာ ဒမွန် ရှိရာသို့ ပစ်ခတ်လိုက်၏။

သို့သော်လည်း လမ်းခုလတ်၌ သတ္တုကျည်များက ဓားအလင်းကို လာရောက် ရိုက်ခတ်သည်။ ထိုကျည်များအား အထူးထုတ် သံချပ်ကာ အမြောက်များမှ ဖြစ်ရာ ပစ်မှတ်အား တိကျအောင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။

"ဘုန်း ..."

အမြောက် ကျည်ဆန်များ၏ တိုက်ခိုက်မှုတွင် ချန်းဖန်၏ ဓားပျံသည် အနည်းငယ် တုန်ခါလာ လမ်းကြောင်း လွဲသွား၏။

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်၍ စစ်ဆေးလိုက်ရာ အနက်ရောက် ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်သား တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။ သူတို့၏ လက်ထဲတွင်မူ အမြောက် အသေးစား လက်နက်ငယ်များ ဆွဲကိုင်ထား၏။

"ချန်းပေ့ရွှမ်း ... ငါတို့ ဒီနေရာကို ပိတ်ထားလိုက်ပြီ ... မင်း အညံ့ခံပါ ..."

အမှောင်မြို့စားက ချန်းဖန်အား ကြည့်ကာ ဆိုလိုက်၏။

"သူတို့တွေက ပြင်သစ် စစ်တပ်ရဲ့ အထူးစစ်သားတွေ ... နောက်ပြီး သူတို့ တစ်ယောက်ချင်းစီက စစ်တပ်ကြီး တစ်ခုနဲ့ ညီမျှတယ် ... သူတို့ ကိုင်ထားတဲ့ လက်နက်တိုင်းကလည်း တန်ခိုးရှင် အဆင့်ကိုတောင် သတ်ဖြတ်နိုင်တဲ့ အထူး လက်နက်တွေလို့ ဆိုနိုင်တယ် ..."

"နောက်ပြီး ငါကိုယ်တိုင် လေ့ကျင့် ပေးထားတဲ့ သွေးမျိုးဆက် ငါးဆယ့် သုံးယောက်လည်း ရှိသေးတယ် ... သူတို့က သေမျိုး နတ်ဘုရား အဆင့်ကိုတောင် သတ်နိုင်တဲ့ လေဆာ လက်နက်တွေနဲ့ မင်းကို ဝန်းရံပြီးပြီ ... မင်းအနေနဲ့ ဒီက ထွက်မယ်လို့ ကတိပေးရင် ငါတို့ဘက်က လွှတ်ပေးမယ် ဘယ်လိုလဲ ..."

အမှောင်မြို့စားကား အနောက်တိုင်း အမှောင် ကမ္ဘာကို နှစ်သုံးရာ တိုင်တိုင် စိုးမိုးခဲ့သူ ဖြစ်သည်။

သူသည် တိုက်ပွဲ တစ်ခုကို မည်သည့် အခါကမျှ လက်လွတ်စပယ် မတိုက်ခိုက်ပေ။ သေချာ အစီအစဉ် ဆွဲပြီး အနိုင်ရရန် သေချာမှ တိုက်ခိုက်တတ်သူ ဖြစ်သည်။

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားရာ သူ့အား ဝန်းရံနေသည့် လူများကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် အဝေး တစ်နေရာရှိ ကောင်းကင်တွင် ရပ်ကာ ပြုံးနေသော သွေးမိစ္ဆာ ဒမွန်ကိုလည်း တွေ့ရသည်။ သူကား ချန်းဖန် အညံ့ခံမည်ဟု ကျိန်းသေ ယုံကြည်နေပုံ ရသည်။

"ဟားဟား ... မင်းက ငါ့ကို ခြိမ်းခြောက် နေတာလား ..."

ချန်းဖန်က ရယ်မောလိုက်သည်။

"သွေးမျိုးဆက်ရဲ့ တန်ခိုးရှင် သခင်ကြီးတောင် ငါ့ကို အဲဒီလို မခြိမ်းခြောက်ရဲဘူးကွ ..."

"ကလန့် ..."

ရုတ်တရက် ချန်းဖန်၏ နဖူးမှ ဓားတစ်လက် ထွက်ပေါ်လာကာ ဒမွန် ရှိရာ အရပ်သို့ ဦးတည် ပျံသန်း သွားတော့၏။

"ကောင်းကင် အမတေဓား ..."

***

All Chapters